
မန္တလေးတိုင်း၊
မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော်
အရှင်ဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ (မစိုးရိမ်)) ဟာ ၂၀၁၂ မတ်လကုန်ပိုင်းက
ရန်ကုန်မြို့ကို ကြွရောက်လာခဲ့ကာ သံဃာတော်၊ သီလရှင်နဲ့ ပြည်သူအများအား
တရားရေအေး တိုက်ကျွေးခဲ့သလို အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား
မိသားစုအား တွေ့ဆုံ အားပေးစကား ပြောကြားခြင်း၊ ၂၀၀၇ သံဃာ့အရေးအခင်းတွင်
စစ်တပ်က အင်အားသုံး ဖမ်းဆီးခြင်း ခံရတဲ့ ရန်ကုန်တိုင်း၊
တောင်ဥက္ကလာပမြို့နယ်၊ ငွေကြာရံ ကျောင်းတိုက်ဆရာတော်နဲ့ သံဃာတော်များအား
ဖူးမြှော် တွေ့ဆုံခြင်း၊ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ တွေ့ဆုံခြင်းများ
ပြုလုပ်ခဲ့ပါတယ်။
တရားဟော ဓမ္မကထိကတဦးဖြစ်ပြီး တရားနာပရိသတ် အထူးနှစ်ခြိုက်တဲ့ ဆရာတော်
အရှင်ဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ (မစိုးရိမ်)) က သူ့ရဲ့ တရားပွဲအတွင်း
ဘုရားနိပတ်တော်လာ အကြောင်းအရာများနဲ့ ဆက်စပ်လျက်
နိုင်ငံရေးအကျဉ်းသားများအား စေလွှတ်သင့်ကြောင်း ဟောပြောခဲ့သလို
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က လာရောက် ဖူးမြှော်ခဲ့စဉ်မှာလည်း
နိုင်ငံရေး အကျဉ်းသားများကိစ္စနဲ့ တိုင်းသူပြည်သားများရဲ့ အရေးကိစ္စများနဲ့
ပတ်သက်ပြီး မိန့်ကြားခဲ့ကြောင်း သတင်းရရှိပါတယ်။










ယနေ့မြန်မာမှ ကူးယူသည်။

Leave a comment