မသေချာ ခြင်းတွေ နဲ့ မနက်ဖြန်

ကောင်လေးက သူ့ချစ်သူကောင်မလေးဆီ sms ပို့လိုက်တယ် … Boy ။ ။ Hi Baby!! .. နေကောင်းရဲ့လား?? ငါတော့ ဒီနေ့ အရမ်းပျော်နေတယ်!! Girl ။ ။ နေဦး, ခဏနေမှ sms ပို့ရအောင် … ငါဒီမှာ Thesis အတွက် ခေါင်းရှုပ်နေလို့ Boy ။ ။ အဲ့ဒါကို နောက်မှလုပ်လို့မရဘူးလား? ငါ နင့်ကို အရမ်းလွမ်းနေလို့ … Girl ။ ။ မရဘူး … ဒါကို အပြီးလုပ်ရမှာ … Boy ။ ။ ကျေးဇူးပြုပြီး တောင်းဆိုတာပါ … ဒါကို နင် နောက်နေ့ပြီးအောင် လုပ်နိုင်မှာပါ … Girl ။ ။ ဘာလဲ?? နင်က ငါ့အခြေအနေကို နားလည်မပေးတော့ဘူးလား … ငါ့မှာလည်း ငါ့ဘ၀နဲ့ငါရှိသေးတယ် … အခုလောလောဆယ်တော့ ငါတယောက်ထဲ နေပါရစေ … SMS ဆက်မပို့နဲ့တော့ … ဒါဘဲ!! Boy ။ ။ Sorry Baby … I love you … အရမ်းချစ်တယ် … နောက်မှပဲ SMS ထပ်ပို့လိုက်တော့မယ်နော် …Bye ------------------------------------------------------------ Boy ။ ။ ည ရှစ်နာရီ ရှိနေပီ … ငါနင့်ဆီ SMS မပို့ဘဲ အကြာကြီး မနေနိုင်ဘူး … ငါနင်နဲ့ စကားတွေပြောချင်တယ် … Boy ။ ။ ငါ့ SMS တွေ Reply ပြန်မလုပ်ဘူးနော်...
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ယခု တစ်ကြိမ်နဲ့ဆိုရင် (၇) ကြိမ်တိုင်တိုင်ရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ခရီးစဉ် (၆) ကြိမ်နဲ့ ပတ်သက်ပြီး ကင်တားနားက ဘက်လိုက်ကြောင်း ဝေဖန်သံများ မြန်မာလူထုအကြားမှာ သိသိသာသာ ကြားလာရပါတယ်။ ရခိုင်အရေးအခင်း ဖြစ်ပြီး မကြာခင် ကင်တားနား ရောက်ရှိလာရာ ရခိုင်ဒုက္ခသည်များကို မတွေ့ဘဲ ဘင်္ဂါလီဒုက္ခသည်များနှင့်သာသီးခြားတွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် သတင်းစာရှင်းလင်းပွဲ လုပ်ချိန်မှာ ဗုဒ္ဓဘာသာဝင် ရခိုင်လူထုကို လူဆိုးလူမိုက်များအဖြစ် တစ်ဖက်သက် ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂါလီဟု မသုံးနှုံးဘဲ ရိုဟင်ဂျာ ဟု သုံးစွဲခဲ့ပါတယ်။ကင်တားနားရဲ့ ဘက်လိုက်မှုတွေကို ဒေသခံရခိုင်တိုင်းရင်းသားတွေက ကိုယ်တွေ့ခံစားရသူတွေ ဖြစ်လို့ အသိဆုံးဖြစ်ပါတယ်။ ပဋိပက္ခကြောင့် ဒုက္ခရောက်ချိန်မှာ...
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

(မ.......) တစ်ယောက် လမ်းလျှောက်ရင်းဖြင့် လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် ၁၀ နာရီ ထိုးပြီဖြစ်သဖြင့် ဆေးကဒ်အတွင်းမှ လက်ကျန် ဆေးတစ်လုံးကို ထုတ်သောက်လိုက်သည်။ ဆေးနှစ်လုံးသာ ပါသည့် ဆေးကဒ်က ကုန်သွားပြီဖြစ်သဖြင့် လွှင့်ပစ်လိုက်တော့သည်။ သူမသောက်လိုက်သည့် ဆေးသည် ပျိုရွယ်သူ များအကြား အသိများသည့် Ecee2 ဟု ခေါ်သော သန္ဓေ တားဆေးဖြစ်သည်။ ထိုဆေးကို အရေးပေါ်သန္ဓေ တားဆေးအဖြစ် လူသိများပြီး လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်းသောက်ပါက ကိုယ်ဝန်မရပေ။ မနေ့ည ၁၀ နာရီက ပထမဆေး တစ်လုံးကို သောက်ပြီးပြီဖြစ် သည့် အတွက် နောက် ၁၂ နာရီအကြာ မနက် ၁၀ နာရီတွင် ထိုဆေးကို သူမသောက်  လိုက်ခြင်းဖြစ်သည်။ ယမန်နေ့ နေ့လယ်ပိုင်းကတော့ သူမနှင့် သူမ၏ ချစ်သူတို့ ယနေ့ခေတ်တွင် လက်မထပ်မီ လိင်ဆက်ဆံခြင်း ကိစ္စကလည်း မဆန်းတော့ပြီဖြစ်သည်။ "ရည်းစားဖြစ်ပြီး ၃ လလောက်ကြာရင် အဲ့ဒီ ကိစ္စက သူ့အလိုလို ပါလာတော့ပါပဲ။ ဒါကို ရည်းစားထားဖူးတဲ့ လူတိုင်း သိပါတယ်" ရည်းစား ၇ ယောက်ထားဖူးသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက လိင်ကိစ္စကို...
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့၏ ၁၅ ကြိမ်မြောက် ညီလာခံအပြီးတွင် လူ့အခွင့်အရေး ကော်မတီတစ်ရပ် ဖွဲ့စည်းသွားရေး သဘောထား ချမှတ်ခဲ့ကြောင်း ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်နေ့) တွင်  KNU အဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါ လူ့အခွင့်အရေးကော်မတီကို စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ ချမှတ်သွားရန်နှင့် ပြည်သူလူထု၏ နစ်နာမှုများကို အကာအကွယ် ပြုနိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။ KNU အဖွဲ့၏ တွဲဖက်အတွင်းရေးမှူး (၂) အသစ်ဖြစ်သူ ပဒိုမန်းမန်းက ''သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေးအဖွဲ့နဲ့ အခြားလူမှုအဖွဲ့အစည်းတွေက တင်ပြလာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ KNU မှာ ဒီလူ့အခွင့်အရေးကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည် '' ဟု ပြောကြားခဲ့ ကြောင်းသိရသည်။ နိုဝင်ဘာလ ၂၉ ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နင်းခဲ့မှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးအတွက်...
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

၁၉၉၆ ခုနှစ်မှ စတင်ခါ ပထမဆုံးအကြိမ်အဖြစ် စာနယ်ဇင်းသမား များအား ထောင်ချ ထားသော နိုင်ငံများ စာရင်း၌ မြန်မာနိုင်ငံ မပါဝင်တော့သည်ကို တွေ့ရသည်။ သို့ရာတွင် တစ်ကမ္ဘာလုံး၌ အကျဉ်းချခံနေရသည့် စာနယ်ဇင်းသမား ဦးရေမှာ အမြင့်ဆုံးသို့ ရောက်ရှိနေသည်ဟု နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုက နှစ်ပတ်လည် ကောက်ယူသည့် စာရင်းတွင် ဖော်ပြထားသည်။ “အရပ်သား အုပ်ချုပ်မှုသို့ သမိုင်းဝင် ကူးပြောင်းလာမှု၏ တစ်စိတ်တစ်ဒေသအဖြစ် လွန်ခဲ့သော နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် များတွင် အကျဉ်းချ ခံထားရသည့် စာနယ်ဇင်းသမား ၁၂ ဦးထက်မနည်းကို လွှတ်ပေးခဲ့သည်” ဟု စာနယ်ဇင်း သမားများ စောင့်ရှောက်ရေး အဖွဲ့ (စီပီဂျေ) က ထုတ်ပြန်သည့် မြန်မာနိုင်ငံ အခြေအနေဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ မီဒီယာ အခြေအနေသည် ဝေဝေဝါးဝါး ရှိနေဆဲ ဖြစ်သည်။ “မီဒီယာ အခြေအနေ ပြောင်းလဲမှုက...
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ရခိုင်ပြည်နယ် ပဋိပက္ခများ အပြီးသတ် အစီရင်ခံစာ တင်သွင်းနိုင်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ပထမအပတ်အတွင်း ရခိုင်ပြည်နယ် ဒေသများသို့ သွားရောက်ပြီး လိုအပ်သော အချက်အလက်များ ကောက်ယူမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက် အမှတ် (၃) အရ သိရသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ ကြားဖြတ်အစီရင်ခံစာ တစ်စောင်ကို ပေးပို့တင်ပြခဲ့ပြီး ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် နောက်ဆုံးအပြီးသတ် တင်သွင်းရမည့် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ပြရန်လည်း နိုင်ငံတော်သမ္မတက ရက်တိုးမြှင့် ပေးထားကြောင်းလည်း သိရသည်။ အဆိုပါ ကြားဖြတ်အစီရင်ခံစာတွင် ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်း အကျဉ်း၊ ရခိုင်ပြည်နယ်အတွင်း လူအဖွဲ့အစည်းနှစ်ခု တို့အကြား ဖြစ်ပွားခဲ့သည့် ပဋိက္ခဖြစ်စဉ်မျး၊ ဆူပူအကြမ်းဖက်မှုများကြောင့် ဆုံးရှုံးမှုများ၊...
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

 မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး၏ သတိပေးစာ ပေးပို့ခဲ့ပြီး နောက်ပိုင်း အစိုးရဘက်မှ ကချင် လွတ်လပ်ရေးအဖွဲ့ KIO တပ်စခန်းများအား လက်နက်ကြီး ပစ်ကူအပြင် စစ်ရဟတ်ယာဉ်များ သုံးစွဲ တိုက်ခိုက်လာသည်ဟု ထိုဒေသရှိ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ABSDF (NB) က ပြောဆိုသည်။ ခရစ္စမတ် အကြိုနေ့မှ စတင်ကာ ယခုအချိန်အထိ အစိုးရဘက်မှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်လျှက်ရှိပြီး KIA ဘက်မှလည်း ခုခံတိုက်ခိုက် လျက်ရှိကြောင်း ၎င်း က ဆက်ပြောသည်။ “ KIA ရော၊ ABSDF တွေရော အားလုံးက ရဟတ်ယာဉ်သံကြားတိုင်း KIA ထိပ်လန့်သွေးပျက်နေကြတယ်.. ခရစ္စမတ်နေ့ တနေကုန် ဂမ်ဒေါင်ယန် ဟိုဘက်မှာ ရှိတဲ့ ဂွမ်ရှောင် တပ်ကုန်း၊ မဟာမိတ် KIA ၂၅၅ တပ်ရင်း တပ်စခန်းထိုင်ထားတဲ့ (လိုင်ဇာမြို့နှင့် ၁၂ မိုင်အကွာ) လက်နက်ကြီးနဲ့ ၈၄ မမ၊ ၈၁ မမ၊ ၁ဝ၅ မမ လက်နက်ကြီးတွေနဲ့ ပစ်၊ လေယာဉ် စစ်ကူနဲ့...
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Join Free