
အဆိုပါ ဖုန်းများကို ရန်ကုန် တိုင်းဒေသကြီးအတွက် ဧပြီ(၈) ရက်ညကပင် လိုင်းများစတင်ဖွင့် လှစ်ပေးခဲ့ပြီး GSM မိုဘိုင်းဖုန်း လိုင်းနံပါတ်မှာ (၄၂၁၀၀)ဖြစ် သည်။ ပုဂ္ဂလိက ဖုန်းအရောင်း ဆိုင်များမှ ဖုန်းဝယ်ယူသူ အမည် ပေါက်ကိုအချိန်တိုအတွင်းဆောင် ရွက်ပေးပြီး ၀န်ဆောင်ခယူကြ လေသည်။ အချို့ဆိုင်များတွင် ၀န် ဆောင်ခအပြင် အမြတ်တင် ရောင်းချနေရာလိုင်းဖွင့်ပြီးနောက် ဧပြီ (၉)ရက်နေ့ဆိုင်ကြီးတစ်ချို့ တွင် အမြတ်တစ်သောင်းခွဲတင် ထားပြီး ၄င်းတို့ဆိုင်မှ ဟန်းဆက် (Hand Set) ၀ယ်မှသာ လိုင်းကဒ် ကိုရောင်းပေးကြောင်း မြေနီကုန်း ပလာဇာ မြေညီထပ်ရှိ HPONE TRADIN ဆိုင်တွင် အရစ်ကျ ခွဲ၍ (၃)လဆိုင်းဖြင့်ရောင်းချနေ သည်။ ပထမအရစ်တွင် ၈၀၀၀၀ ကျပ်၊ ဒုတိယ၊ တတိယ၊ စတုတ္ထ အရစ်များမှာပင် ဖုန်းလိုင်းတစ် ရာကျော်ရောင်းချခဲ့ရပြီး ဧပြီလ (၉)ရက်နေ့တွင် ရောင်းစရာလုံး ၀မကျန်တော့ကြောင်းသိရသည်။
တာမွေအ၀ိုင်းနီးရှိ ဖုန်းအ ရောင်းဆိုင်တွင် မိုဘိုင်းဖုန်းအ တွက်ငွေချေနေသော လူငယ် တစ်ဦး က ““ဟန်းဖုန်းကိုင်ဖို့ ကြိုးစားနေ တာ သုံးနှစ်လောက်ရှိပြီ၊ ဈေးက မြင့်နေတော့ လိုက်မမှီဘူး။ အခု မှဘဲ ကိုင်နိုင်တော့တယ်။ သင်္ကြန် မှာ သုံးဖို့စုထားတဲ့ ပိုက်ဆံဖုန်းထဲ ရောက်သွားပြီလေ။ ဖုန်းတစ်လုံး အဖက်တင်သွားတာပေါ့ ငါး ထောင်တန်ဖုန်းဆိုရင်တော့ လူ တော်တော်များများကိုကိုင်ကြမှာ ပဲ””ဟု ပြောသံကြားရသလို ဖုန်း ရောင်းသည့်ဆိုင်မှလည်း ““ကျွန် တော်တို့အနေနဲ့ ဟန်းဆက်တွေ ကိုဈေးပေါပေါနဲ့ ရောင်းနေသလို ဖုန်းလိုင်းတွေကိုလည်း ဒီထက် သက်သာတဲ့ ဈေးနဲ့ရောင်းပေးချင် ပါတယ်။ ဒါမှ လူတိုင်းဖုန်းကိုင်နိုင် ပြီး အစစအရာရာ အဆင်ပြေမှာ ပေါ့နောင်ဆိုဒီထက်ဈေးပေါပေါနဲ့ ဖုန်းတွေကိုင် နိုင်ကြလိမ့်မယ်လို့ လည်း ယုံကြည်ပါတယ်”” ဟူ၍ ဖြည့်စွက် ပြောကြားသံကိုလည်း ကြားခဲ့ရသည်။
HOT NEWS မှ ဖြစ်သည်။

Leave a comment