ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ် ပြည်ပထွက်ခွာ ဌာနအနီးရှိ အိမ်သာတွင် ကျည်ဆန်များ
တွေ့ရှိသောကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လုံခြုံရေးကို
စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ အထူးတင်းကျပ် ထားကြောင်း လေကြောင်းရဲတပ်ဖွဲ့မှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ “အရေအတွက်ကိုတော့ လုံခြုံရေး
အနေအထားအရ ပြောလို့မရပါဘူး။ လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်
ဝင်ပေါက်ထွက်ပေါက်တွေကို လုံခြုံရေး အပြည့်အဝထားရှိတဲ့အပြင်
လေယာဉ်စီးမယ့်သူတွေ အားလုံးကိုလဲ တစ်ဦးချင်းစိစစ်တယ်။ ဝတ်လာတဲ့
ကုတ္အက်ႌေတြထဲအထိကို ရွာတာ။ အရင်ကတော့ မျက်မြင်ပဲစစ်တာ။
မသင်္ကာတဲ့သူမှန်သမျှကိုလဲ အမြဲတမ်း စောင့်ကြည့်နေတယ်။ လက်ရှိအချိန်ထိတော့
ထူးခြားမှု မတွေ့သေးဘူး” ဟု အဆိုပါ တာဝန်ရှိသူ က ပြောသည်။ တွေ့ရှိခဲ့သော
ကျည်ဆန်အမျိုးအစားများမှာ ၅ ဒသမ ၅၆ မမ ကျည်ဆန်များနှင့် ၂၉ မမ
ကျည်ဆန်များဖြစ်ပြီး တွေ့ရှိသော ကျည်ဆန်များကို ယခုအခါ
လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ ထိန်းသိမ်းထားကြောင်း သိရသည်။...

0 Comments
Tags:
သတင်း