နှလုံးသားခံစားချက် ဆိုတာ သိပ်ကို ဖြူစင်လွန်းပါတယ် ။ လူတစ်ယောက်ကို
ဖျက်ခနဲ တွေ့လိုက်ယုံနဲ့လည်း ရူးရူးမူးမူး ချစ်မိသွားစေနိုင်ပါတယ် ။
အကြောင်းပြချက်တွေ ၊ ဝေဖန်ပိုင်းခြားနိုင်ခြင်းတွေ ပါဝင်ချင်မှ ပါဝင်မယ် ။
ဒါပေမယ့် ရင်ခုန်ခြင်းက စစ်မှန်တယ် ။ ချစ်ခြင်းက မှန်ကန်တယ် ။ အချစ်စစ်ပေါ့
။ ဘ၀တစ်ခုလုံးနဲ့ ဆိုင်တဲ့အခါမှာတော့ ချစ်ခြင်းတစ်ခုထဲကို
ခံစားပျော်ဝင်နေလို့ မရတော့ပြန်ပါဘူး ။
ရင်နှင့်အမျှ
ခံစားချစ်မိခဲ့ပေမယ့် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုရင်တော့ ရင်နာစွာနဲ့
နောက်ဆုတ်ကျောခိုင်းခဲ့ရတဲ့ ချစ်သူစုံတွဲတွေ ဒုနဲ့ဒေး ရှိနေကြမှာပါ ။
တစ်ချို့ တစ်ချို့တွေက ပြောတတ်ကြပါတယ် ။ သတ္တိမရှိရင် အစကတည်းက
မချစ်ခဲ့နဲ့ပေါ့တဲ့ ။ အထက်က ပြောခဲ့သလိုပါဘဲ အချစ်ဆိုတဲ့ ခံစားမှုလေးက
ဖြူစင်တယ်လေ ။ ရုတ်တစ်ရက် ဖျက်ခနဲ ဖြစ်ပေါ်လာတဲ့ စစ်မှန်တဲ့
ချစ်ခြင်းတစ်ခုကို တွန်းလှန်နိုင်ဖို့ဆိုတာ သိပ်ကိုခက်ခဲလွန်းပါတယ် ။
တွန်းလှန်နိုင်သော်လည်း ရှားပါးပါလိမ့်မယ် ။ ချစ်နေလျှက်နဲ့ ဘယ်လိုမှ
ညှိနှိုင်း လို့အဆင်မပြေတဲ့ အကြောင်းအရာတွေကြောင့် ရင်နာနာနဲ့
လမ်းခွဲကျောခိုင်းလိုက်ရတဲ့ ချစ်သူတွေ ထဲမှာ
ဝေလွင်တို့စုံတွဲလေးလည်းအပါဝင်ေ
******************************************
မြန်မာပြည်ကနေ မလေးရှားနိုင်ငံလေးကို ခုမှရောက်လာတဲ့ ကျွန်တော်အတွက်
မြင်တွေ့သမျှက အထူးဆန်း အသစ်ဆန်းတွေချည်းပါဘဲ ။ ကျွန်တော် အလုပ်လုပ်ရတဲ့
စက်ရုံမှာက မြန်မာဆိုလို့ 3ယောက်ဘဲ ရှိတယ် ။ မိန်းကလေးတွေလည်းများတယ် ။
မိန်းကလေး အများစုသည် ကမ္ဘောဒီးယား လူမျိုးတွေ များပါတယ် ။ မြန်မာကတော့
ယောကျာင်္းလေးတွေချည်း ကျွန်တော်အပါဝင် သုံးယောက်ပေါ့ ။ ဒီမှာ ကျွန်တော်ကို
သံယောဇဉ်နှောင်ကြိုးတွေ ရစ်ပတ်နှောင်ဖွဲ့စေမယ့် ကောင်မလေးကို
ဆုံတွေ့ခဲ့ရပါတယ် ။ မလေးရှား ရောက်ကာစဆိုတော့ မလေးစကားဆိုတာလည်း ဘာမှန်းကို
မသိပါဘူး ။ လက်ဟန်ခြေဟန်တွေနဲ့ စကားပြောနေရတဲ့ အချိန်မျိုးပေါ့ ။
ဒီအချိန်မှာ အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်ပြုံးပြတတ်သူ ကမ္ဘောဒီးယားမလေးကို
သတိထားမိပါတယ်။ သူအလုပ်လုပ်တဲ့ QC ခန်းထဲကို ပစ္စည်းဝင်ရှာတဲ့
အချိန်တိုင်း ကျွန်တော်ကို သေချာလိုက်ကြည့်နေတတ်သူလေးပါ ။
မျက်လုံးချင်းစုံပြီဆိုတာနဲ့ အပြုံးချိုချိုလေးတွေနဲ့ ပြုံးပြတတ်ပြန်ပါတယ် ။
သူမလေးကို စကားပြောချင်ပေမယ့် သူဘာသာစကားကိုလည်းကိုယ်ကမတတ် ။
ကြားခံမလေးစကားကိုလည်း မပြောတတ် ။ ဒီလိုနဲ့ တိုင်ပတ်နေတဲ့ ကျွန်တော်
သူမလေးကို သံယောဇဉ်ကြိုးတွေ တွယ်ညှိလို့လာပါတော့သည်။ နေမြင့်လေ
အရူးရင့်လေဆိုတဲ့ စကားပုံက ကျွန်တော်အတွက် ပြောခဲ့သလိုတောင်
ဖြစ်လာပါတော့တယ် ။ ဒီနေ့တော့ ကျွန်တော်သူကို အင်္ဂလိပ်လို
စကားသွားပြောမယ်လို့ ဆုံးဖြတ်ထားလိုက်တယ် ။ နေ့လည် ထမင်းစားချိန်မှာ
ထမင်းကို အမြန်စားကာ သူမ အနားကို တိုးကပ်သွားမိပါသည် ။ သူမလေးက
ထမင်းစားပြီးလို့ ဂီမ်းဆော့နေတဲ့ အချိန်ပေါ့ ။ သူမအနားမှာ လူရိပ်တစ်ခု
ကျလာတာကြောင့် မျက်လွှာလေးပင့်ကာ မော့ကြည့်လာတယ် ။ ကျွန်တော်လည်း ဖရိုဖရဲ
မလုံမလဲအပြုံးတစ်ခုကို တန်ဆာဆင်ကာ
- Hello!
- Hello!
- Have you had your dinner?
- Yes, I have finished my lunch.
- What’s your name?
- A chine
- Are you married?
- No, I am single.
သူမလေးကလည်း ဖော်ရွေစွာ ပြန်လည်နှုတ်ဆက်တာမို့ အရမ်းကို ပျော်ရွင်မိပါတယ် ။
သူမကလည်း အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်ပါသည်။ တော်သေးတယ် ။ မလေးမလာခင်
လိုလိုမယ်ဆိုပြီး နည်းနည်းပါး လေ့ကျင့်လာမိလို့ပေါ့ ။ ပြီးတော့
ဘာဆက်ပြောရမှန်းမသိတာနဲ့ နှုတ်ဆက်ပြီး သူမလေးဘေးကနေ မယောင်မလည်နဲ့
ထွက်လာလိုက်ပါတော့သည် ။
နေ့စဉ်တွေ့မြင်နေရသူတွေမို့ သံယောဇဉ်တွေ တိုးလို့ခိုင်မာလာကြပါတယ် ။
ခုဆိုရင် အင်္ဂလိပ်စကားကို တော်တော်လေးပြောတတ်နေပါပြီ။ သူမလေးနဲ့
စကားပြောချင်တာမို့ အလုပ်ကနေပြန်တာနဲ့ အင်္ဂလိပ်စကားပြောစာအုပ်တွေနဲ့
နပမ်းလုံးရပါတော့တယ် ။ အချစ်က အရာရာကို ခွန်အားတွေ ပေးစွမ်းစေပါတယ် ။
သူမလေးကို ရင်ထဲက မြတ်နိုးစွာ ချစ်မိနေပါပြီ ။ ဖြစ်သင့်တာတွေ ၊
မဖြစ်သင့်တာတွေ မတွေးနိုင်ခင်မှာဘဲ သူမကို ကျွန်တော် အရမ်းကို
ချစ်မိနေပါပြီ။ အဆောင်က သူငယ်ချင်းတွေက ဘယ်လိုဘဲ တားတား အချစ်ဒီဂရီတွေက
တက်နေပြီမို့ သူမလေးကို ချစ်နေကြောင်းဖွင့်ပြောကာ
ချစ်ခွင့်ပန်လိုက်ပါတော့တယ် ။ သူမလေးက ကျွန်တော်ကို အစောထဲက
စိတ်ဝင်စားနေသူမို့ ကျွန်တော်အချစ်တွေကို လက်ခံခဲ့ပါတယ် ။
ချစ်သူဘ၀အချိန်တွေက သိပ်ကိုချိုမြိန်လွန်းလှပနေခဲ့တယ် ။
အလုပ်ထဲလည်းတူတူမို့ အလုပ်လုပ်နေရင်းမောလာရင်တောင် ချစ်သူမျက်နှာကို
ပြေးကြည့်ရတာ အမောပြော ရေအေးလေး သောက်သုံးရသလို ချစ်သူအပြုံးတွေက
ချိုမြိန်လွန်းလှပါတယ် ။ ချစ်သူ သက်တမ်း တစ်နှစ်တိတိကြာတဲ့အချိန်မှာ
ဘ၀တစ်ခုကို တူတူလက်တွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။ ကျွန်တော်မှာက
မျက်စိအလင်းကွယ်နေတဲ့ မိခင်တစ်ယောက်တာရှိတာမို့ မေမေဆီကို အလေးထား
ခွင့်ပန်လိုက်ပါတယ် ။ မေမေဆီကို ဖုန်းဆက်ကာ မိန်မယူတော့မယ်လို့ ပြောတော့
မြေးချီချင်နေတဲ့ မေမေက ၀မ်းသာအားရကို လက်ခံပါတယ် ။ ဘယ်သူနဲ့ ယူမှာလဲ
ကောင်မလေးက ဘယ်ကလည်းမေးတဲ့အချိန်မှာတော့ ကျွန်တော်နှုတ်ဖျားတွေ စွန့်အ
သွားမိပါတယ် ။ ဘယ်လို ဖြေရမလဲ ဘယ်ကနေစပြောရမလဲ ။ ဖုန်းကိုင်ကာ ခဏတာမျှ
ငိုင်သွားချိန်မှာ မေမေက* သား သား * ဆိုတဲ့
ခေါ်သံကိုကြားမှ သတိပြန်ဝင်လာပါတော့တယ် ။ ပြောရမယ့်ကိစ္စက ပြောရမှာဘဲမို့
အကြောင်းစုံ ပြောပြလိုက်မိပါတော့တယ် ။ မေမေဆီက ချက်ချင်းစကားသံ
ထွက်မလာတာမို့ ရင်ထဲ ထိတ်ခနဲဖြစ်သွားလိုက်မိပါတယ် ။ သက်ပြင်းချသံတစ်ခုနဲ့
အတူ မေမေ ဆီက စကားသံတွေကို ဆက်တိုက်ကြားလိုက်ရပါတော့တယ် ။
*သား မေမေပြောပြမယ် ။ သေချာနားထောင်ပါ ။ မေမေ သဘောမတူဘူး ဆိုတဲ့
စကားတွေ မပြောချင်ဘူး ။ ပြောဖိုကလည်း အကြောင်းမရှိဘူး ။ သားက
ကလေးမဟုတ်တော့ဘူးလေ။ သား ဝေဖန်ပိုင်းခြား ဆုံးဖြတ်တဲ့ နေရာမှာ
မေ့နေမှာဆိုးတာလေးတွေကိုတော့ မေမေက သတိပေးချင်တယ် သားရယ် ။ လူတစ်ယောက်နဲ့
တစ်ယောက်လက်ထပ်ပေါင်းသင်းဆိုတာလေ လွယ်တယ်လို့
မထင်စေချင်ဘူး ။ ချစ်နေယုံနဲ့လည်း မပြီးသေးဘူးလေ ။ နှစ်ဘက်အသိုင်းဝိုင်းတွေ
ရှိတယ် ၊ ဘာသာတရားတွေ ၊ လူမျိုးတွေ အများကြီးပါဝင်အကျုံးဝင်တယ် ။
ဘာသာမတူလည်း ဘာဖြစ်လဲ သူဘာသာ သူကိုးကွယ် ကိုယ်ဘာသာ ကိုယ်ကိုးကွယ်
ပြောတတ်ကြတယ် ။ အမှန်တကယ်လက်တွေ့ ဘ၀တွေမှာ ထင်သလောက်မလွယ်ပါဘူး သားရယ် ။
ကိုယ်မျိုးဆက်တွေထိ ကြည့်ရမယ် ။ ကိုယ်နှစ်ယောက်ထဲ မဟုတ်ကြဘူးလေ ။
ရင်ကဖြစ်တဲ့ သားသမီးတွေ ရှိလာမယ် ။ ဒီအချိန်မှာ ဘယ်သူဘာသာကို
ကိုးကွယ်စေချင်မလဲ ။ ဒီနေရာမှာဘဲ အငြင်းပွားကြရတော့မယ် ။ နောက်တစ်ခု
လူမျိုးမတူတာ ။ ဒါပိုဆိုးသွားပြီလေ ။ လူမျိုးမတူတဲ့အတွက် ကိုးကွယ်သောဘာသာ ၊
အယူဆ ၊ ဓလေ့ထုံးစံ ၊ ယဉ်ကျေးမှု ၊ ၀တ်စားဆင်ယင်မှု ၊ အစားသောက် အများမှ
အများကြီးကို မေမေ့သားလေးရင်ဆိုင်ရမယ်နော် ။ ဘ၀ဆိုတာကို ရေတို မကြည့်ဘဲ
ရေရှည် ကြည့်တတ်စေချင်တယ်ကွယ် ။ ကျေးဇူးတရားဆိုတာ သိတတ်ရမယ်သား ။ သားလေးက
မြန်မာပြည်မှာမွေးတယ် ။ မြန်မာပြည်ကပညာတွေကို သင်တယ် ။ မြန်မာပြည် က
မိဘနှစ်ပါးက မွေးဖွားပြီး မြန်မာမြေက ဆန်စပါးတွေကို စားသုံးပြီး
လူလားမြောက်လာသူတစ်ယောက်လေ ။ ဒီအတွက် မြန်မာပြည်ရဲ့ ကျေးဇူးတရားတွေ
သားလေးမှာ အများကြီးရှိနေပြီ ။ ကျေးဇူးဆိုတာ မဆပ်တတ်ရင်နေပါစေ ။
ကျေးဇူးမကန်းမိပါစေနဲ့ သားရယ်။ အမျိုးဆိုတာ မဖျက်ကောင်းပါဘူး ။
အမျိုးဖျက်မိတာ ကျေးဇူးကန်းတာဘဲလို့ မေမေမြင်မိတယ် ။ နှလုံးသား
စိတ်ခံစားမှုကို လူတိုင်းမလွန်ဆန်နိုင်တာ မေမေသိပါတယ် ။
ကိုယ်ချင်းလည်းစာပါတယ် ။ သားလေး သေချာ ဝေဖန်ပိုင်ခြားဆုံးဖြတ်ပါ ။
ဘာကိုလုပ်ပါလို့ မေမေ အမိန့်မပေးဘူးနော် ။ မေမေ့သားလေး
မေမေပြောခဲ့တာလေးတွေကို ခေါင်းထဲ ထည့်ပြီး သေချာလေး
ပြန်တွေးစေချင်တာလေးပါပဲ ။ မေမေ့သား မှာ တွေးခေါ် ဆင်ခြင်နိုင်တဲ့
စွမ်းရည်တွေ ရှိမယ်လို့ မေမေအပြည့်ဝယုံကြည်မိပါတယ် ။ ကိုယ်တစ်ယောက်ထဲ
ခံစားချက်ကို မကြည့်ဘဲ နောက်လာမယ့် ကိုယ်မျိုးဆက်လေးတွေထိ
သားလေးစဉ်းစားကြည့်ပေးပါ ။ မေမေပြောချင်တာ ကတော့ ကုန်ပါပြီ။ မေမေ့သားလေး
နားတော့နော် *
မေမေ့က တွေးစရာတွေ အများကြီးပေးပြီး ဖုန်းချသွားပေမယ့် ကျွန်တော်မှာ
ဖုန်းလေးကို ကိုင်ပြီး ငိုင်တွေနေမိပါတယ် ။ မေမေ ပြောခဲ့တဲ့ စကားသံတွေ
နားထဲမှာ ပဲ့တင်ထပ်နေမိတယ် ။ ခုန မေမေကို လက်ထပ်မယ့် မိန်းကလေးက
လူမျိုးခြားဆိုတာကို ပြောဖို့တောင် အတော်လေး တွေဝေမိခဲ့သေးတာဘဲ ။ ဘိုးဘွား
အစဉ်ဆက်ထိန်းသိမ်းထားတဲ့ မျိုးရိုးဆိုတာကို ကျွန်တော်လက်ထက်ကျမှ
မျိုးရိုးဂုဏ်ဖျက်သူအဖြစ် အမှန်တစ်ကယ် ကျွန်တော်ခံယူဝင့်ပါသလားဆိုတဲ့
မေးခွန်းတွေ ခေါင်းထဲမှာ တန်းစီဝင်ရောက်လာပါတော့တယ် ။ တစ်ညလုံးနီးပါး
အလူးအလဲတွေးတော ခံစားရင်း စစ်မှန်သေချာတဲ့ အဖြေတစ်ခုကို ကျွန်တော်
တွေ့ရှိခဲ့ပါတယ် ။ မိန်မသားတွေလို ရှိုက်ကြီးတငင် ငိုကြွေးခံစားရတာထက်
အဆပေါင်းများစွာ ရင်နင့်အောင် ကြေကွဲခံစားရင်း သူမကို လမ်းခွဲဖို့
ကျွန်တော် အခိုင်မာ ဆုံးဖြတ်လိုက်ပါတော့တယ် ။ ချစ်သူရယ် မင်းကို
ရင်နဲ့မဆန့်အောင် သိပ်ချစ်ခဲ့ပါတယ် ။ အချစ်ဆိုတာ သိပ်ကိုဖြူစင်တဲ့
နှလုံးသားခံစားချက်လေးတစ်ခုပါဘဲ ။ ရိုးသားစွာ ၊ စစ်မှန်စွာ ရင်နင့်အောင်
ကို ချစ်မိခဲ့ပါတယ် ။ ဒါတွေဟာ ဘ၀တစ်ခုကို လက်တွဲဖို့ အတွက်ကျတော့
မလုံလောက်သေးဘူးကွယ် ။ အဆုံး ခုချိန်မှာ မင်းလေး နားလည်အောင် ရင်ထဲက
စကားတွေကို ပြောဖို့ အတွက် ဘယ်မလဲ ဘာသာစကား ။ ကိုယ်တို့နှစ်ယောက်ကြား
ကြားခံ ပြောနေခဲ့တဲ့ အင်္ဂလိပ်စကားကကော ကိုယ်တို့နှစ်ယောကို အနစ်သာရ ရှိတဲ့
ရင်တွင်းခံစားချက်တွေကို ဘယ်လို သီကုံး ပြောဆိုရမလဲကွယ် ။ နားလည်လွယ်မယ့်
စကားလုံးတွေနဲ့ ချစ်သူမျက်ရည်တွေကို ရင်နာစွာ ကြည့်နေခဲ့ရတဲ့ ကို
ရင်ထဲဘယ်လောက်ထိ နာကျင်နေရတယ်ဆိုတာ ဖော်ကျူးဖို့ စကားလုံးမရှိတော့ပါဘူး ။
ချစ်သူကို မြင်နေရက်နဲ့ တစ်စိမ်းတွေလို နေရမယ့် ဘ၀ကိုမခံနိုင်ဘူးဆိုပြီး
သူမလေးက သူ့နိုင်ငံကို အပြီးပြန်သွားပါတော့တယ် ။ လေယာဉ်ကွင်းကို
လိုက်ပို့ရတဲ့ ကျွန်တော်ခြေလှမ်းတွေက မီးပုံတစ်ခုကို နင်းလျှောက်နေရသလို
ခံစားနာကျင်နေရပါတယ်ချစ်သူရယ် ။ ဘယ်တော့မှ မဆုံနိုင်တော့သလို ၊
နောက်ဘယ်တော့မှတွေ့ခွင့်မရနိုင်တော့တဲ့ချစ်သူမျက်နှာကို မျက်တောင်မခတ်ကြည့်နေမိတာ လေယာဉ်ထွက်ခွာဖို့ ကြေငြာချိန်ထိပါဘဲ ။ နောက်ဆုံး
Good bye! ချစ်သူ
ဆိုတဲ့ နှုတ်ဆက်စကားလေး အဆုံးမှာ ကျွန်တော်လက်ထဲက သူမလက်လေးကို ထာဝရအတွက် လက်တွဲဖြုတ်ပေးလိုက်ရပါတော့တယ်ဗျာ ။
Copy From လူဗို

Tags:
ဝတ္ထုတို
Leave a comment