လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ သပိတ်စခန်းများ ရုပ်သိမ်းခြင်းမရှိသေးသလို ရဲတပ်ဖွဲ့ဝင်များကလည်း ၀မ်ပေါင်ကုမ္ပဏီဝင်းအတွင်း၌ အရေးအခင်းနှိမ်နှင်းရေးလေ့ကျင့်ခန်းများ ပြုလုပ်လျက်ရှိ
လက်ပံတောင်းတောင် စီမံကိန်းအတွင်း၌ ဖွင့်လှစ်ထားသော သပိတ်စခန်း
ခြောက်ခုအား နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီ နောက်ဆုံးထားပြီး ရုပ်သိမ်းရန်
ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားသော်လည်း နိုဝင်ဘာ ၂၈ ရက် ညနေ ၎
နာရီအချိန်အထိ သပိတ်စခန်းများ ရုပ်သိမ်းခြင်းမရှိသေးကြောင်း
သတင်းရရှိပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါသပိတ်စခန်းများကို
ဝင်ရောက်စီးနင်းခြင်း၊ ဦးဆောင်သူများအား ဖမ်းဆီးထိန်းသိမ်းခြင်း
တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသေးပဲ ၀မ်ပေါင်ကုမ္ပဏီဝင်းအတွင်း၌ ဒိုင်း၊
ရာဘာတုတ်များဖြင့် အရေးခင်းနှိမ်နှင်းခြင်း လေ့ကျင့်ခန်းများကိုသာ
လုပ်ဆောင်လျက်ရှိသည်ဟု အဆိုပါဒေသတွင်ရောက်ရှိနေသော EMG သတင်းထောက်မှ
သတင်းပေးပို့ပါသည်။
"လောလောဆယ်တော့ သပိတ်စခန်းတွေမှာ သံဃာအပါး ၅၀၀ လောက်နဲ့ လူ ၅၀၀
ဝန်းကျင်ရှိနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားကလည်း ၅၀၀
လောက်ရှိမယ်ခန့်မှန်းပါတယ်။ သပိတ်စခန်းဆီက မေတ္တာသုတ်ရွတ်တာ
ရံဖန်ရံခါကြားရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့
ဝမ်ပေါင်ကုမ္ပဏီဝင်းထဲမှာ...

0 Comments
Tags:
သတင်း