အမုန်းကို အပြုံးနဲ့ရောလို့
နှလုံးသား ပြာကျအောင်
ဘယ်လိုပြုစားရလဲ
နင်သိတယ်....။
အယုအယ အနုအလှနဲ့
သမုဒ္ဓယသစ္စာကို တုပလို့
အနိုင်ကို အပိုင်ယူပြီး
တချိန်မှာ ပြန်တွေ့ရင်
မဆိုင်သလိုနဲ့
ဘယ်လိုနေရမလဲ
နင်သိတယ်.....။
အရှုံးကို သကာရေလောင်း
သာစေမာစေကြောင်း
ဆုပါတောင်းပြတော့
နင့်ရဲ့ မာယာကျော့ကွင်း
မဆင်းတဲ့ မနုသကျား
ဘယ်ရှိတော့မလဲ....။
လူတကာထက် ချူချာတဲ့
ဖြူစင်တဲ့ အမူအယာနဲ့
ယုန်ဖြူနဲ့ တူပါတဲ့နင်
ရင်ခွင်ထဲက ငါကိုထုတ်သလို
ကံတူကျိုးပေး ကံမဆိုးစေဖို့
ဆုတောင်းရင်းနဲ့
အခုရေးတဲ့ စာက နင့်အတွက်မို့.....
တချိန်မှာ နင်သိပါစေ.................................။
နှလုံးသား ပြာကျအောင်
ဘယ်လိုပြုစားရလဲ
နင်သိတယ်....။
အယုအယ အနုအလှနဲ့
သမုဒ္ဓယသစ္စာကို တုပလို့
အနိုင်ကို အပိုင်ယူပြီး
တချိန်မှာ ပြန်တွေ့ရင်
မဆိုင်သလိုနဲ့
ဘယ်လိုနေရမလဲ
နင်သိတယ်.....။
အရှုံးကို သကာရေလောင်း
သာစေမာစေကြောင်း
ဆုပါတောင်းပြတော့
နင့်ရဲ့ မာယာကျော့ကွင်း
မဆင်းတဲ့ မနုသကျား
ဘယ်ရှိတော့မလဲ....။
လူတကာထက် ချူချာတဲ့
ဖြူစင်တဲ့ အမူအယာနဲ့
ယုန်ဖြူနဲ့ တူပါတဲ့နင်
ရင်ခွင်ထဲက ငါကိုထုတ်သလို
ကံတူကျိုးပေး ကံမဆိုးစေဖို့
ဆုတောင်းရင်းနဲ့
အခုရေးတဲ့ စာက နင့်အတွက်မို့.....
တချိန်မှာ နင်သိပါစေ.....................
Tags:
ကဗျာ
Leave a comment