ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့၏ ၁၅ ကြိမ်မြောက် ညီလာခံအပြီးတွင် လူ့အခွင့်အရေး ကော်မတီတစ်ရပ် ဖွဲ့စည်းသွားရေး သဘောထား ချမှတ်ခဲ့ကြောင်း ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်နေ့) တွင်  KNU အဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ လူ့အခွင့်အရေးကော်မတီကို စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ ချမှတ်သွားရန်နှင့် ပြည်သူလူထု၏ နစ်နာမှုများကို အကာအကွယ် ပြုနိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။
KNU အဖွဲ့၏ တွဲဖက်အတွင်းရေးမှူး (၂) အသစ်ဖြစ်သူ ပဒိုမန်းမန်းက ''သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေးအဖွဲ့နဲ့ အခြားလူမှုအဖွဲ့အစည်းတွေက တင်ပြလာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ KNU မှာ ဒီလူ့အခွင့်အရေးကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည် '' ဟု ပြောကြားခဲ့ ကြောင်းသိရသည်။
နိုဝင်ဘာလ ၂၉ ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နင်းခဲ့မှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးအတွက် စိုးရိမ်ကြောင်း တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်းက ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လူ့အခွင့်အရေးကော်မတီကို မကြာမီပြုလုပ်မည့် KNU ဗဟိုကော်မတီ အစည်းအဝေးတွင် အသေးစိတ်ညှိနှိုင်းကာ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပြီးပါက လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း KNU အလုပ်အမှုဆောင်အဖွဲ့အား ပြန်လည်ချပြသွားမည်ဖြစ်ကြောင်း သိရသည်။
KNU အဖွဲ့၏ ထုတ်ပြန်ချက်တွင် ''လက်ရှိမြန်မာနိုင်ငံ၌ အစိုးရအဖွဲ့မှ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေချိန်တွင်  လူထုလှုပ်ရှားမှုအား အကြမ်းဖက်နှိမ်နင်းခဲ့ကြောင်း၊ ယင်းအကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်ပြီး ဖြစ်ရပ်မှန်များ ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့သည်ကို ကြိုဆိုသော်လည်း  စိုးရိမ်မှုများရှိနေကြောင်း'' စသည်တို့ ပါဝင်သည်ဟု သိရသည်။
KNU အဖွဲ့၏ ၁၅ ကြိမ်မြောက်ညီလာခံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံခရိုင် တပ်မဟာ (၇) KNU နယ်မြေတွင် ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းညီလာခံသို့ ကိုယ်စားလှယ် ၁၇၁ ဦးနှင့် လေ့လာသူ ၇၄ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


Copy From Eleven Media
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


၁၉၉၆ ခုနှစ်မှ စတင်ခါ ပထမဆုံးအကြိမ်အဖြစ် စာနယ်ဇင်းသမား များအား ထောင်ချ ထားသော နိုင်ငံများ စာရင်း၌ မြန်မာနိုင်ငံ မပါဝင်တော့သည်ကို တွေ့ရသည်။ သို့ရာတွင် တစ်ကမ္ဘာလုံး၌ အကျဉ်းချခံနေရသည့် စာနယ်ဇင်းသမား ဦးရေမှာ အမြင့်ဆုံးသို့ ရောက်ရှိနေသည်ဟု နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုက နှစ်ပတ်လည် ကောက်ယူသည့် စာရင်းတွင် ဖော်ပြထားသည်။ “အရပ်သား အုပ်ချုပ်မှုသို့ သမိုင်းဝင် ကူးပြောင်းလာမှု၏ တစ်စိတ်တစ်ဒေသအဖြစ် လွန်ခဲ့သော နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် များတွင် အကျဉ်းချ ခံထားရသည့် စာနယ်ဇင်းသမား ၁၂ ဦးထက်မနည်းကို လွှတ်ပေးခဲ့သည်” ဟု စာနယ်ဇင်း သမားများ စောင့်ရှောက်ရေး အဖွဲ့ (စီပီဂျေ) က ထုတ်ပြန်သည့် မြန်မာနိုင်ငံ အခြေအနေဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ မီဒီယာ အခြေအနေသည် ဝေဝေဝါးဝါး ရှိနေဆဲ ဖြစ်သည်။ “မီဒီယာ အခြေအနေ ပြောင်းလဲမှုက တိုင်းပြည်ရဲ့ အလုံးစုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကနေ ရောင်ပြန်ဟပ် တာပါ။ အခုမှ အစပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ အများကြီး မျှော်လင့် ထားလို့ မရသေးပါဘူး။ ဒါပေမယ့် ဖြည်းဖြည်းချင်း ရှေ့တိုးနေမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုကျော်စွာမိုးက ပြောသည်။ ၁၉၉၀ ပြည့်နှစ်မှ စတင်ကောက်ယူခဲ့သည့် နှစ်ပတ်လည် စာရင်းများအရ ဒီဇင်ဘာလ ၁ ရက်နေ့အထိ တစ်ကမ္ဘာလုံးတွင် စာနယ်ဇင်းသမား ၂၃ ဦး ဖမ်းဆီးခံထားရသည်။ ယခင်နှစ်ကထက် ၅၃ ဦး တိုးလာခြင်းဖြစ်ကာ ၁၉၉၆ ခုနှစ်က စံချိန်တင်ခဲ့သည့် ၁၈၅ ဦးထက်လည်း ကျော်လွန်နေသည်။ တူရကီ၊ အီရန်နှင့် တရုတ်နိုင်ငံတို့သည် စာနယ်ဇင်းသမားများအား အကျဉ်းချမှု အများဆုံးပြုလုပ်သည့် နိုင်ငံများအဖြစ် စီပီဂျေက ဖော်ပြထားသည်။ အီရီထရာနှင့် ဆီးရီးယား နိုင်ငံများသည် ထိပ်ဆုံးငါးနိုင်ငံတွင် ပါဝင်သည်။ အဆိုပါ နိုင်ငံများမှ အုပ်ချုပ်သူများသည် စာနယ်ဇင်းသမား များကို လျှို့ဝှက်နေရာများတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစီရင်မှု မရှိသလို၊ ရှေ့နေများ၊ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် မရရှိကြဟု ဖော်ပြ ထားသည်။ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (Reporters Without Borders) မှ ထုတ်ပြန်သည့် ၂၀၁၁/၁၂ ခုနှစ် စာနယ်ဇင်း လွတ်လပ်ခွင့် စာရင်းတွင်လည်း အီရန်၊ တရုတ်၊ အီရီထရာနှင့် ဆီးရီးယားနိုင်ငံများသည် အောက်ဆုံး ခြောက်နိုင်ငံတွင် ပါဝင်နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၌ စာနယ်ဇင်းများအား ပုံနှိပ်ခြင်းမပြုမီ စာပေစိစစ်ရေးသို့ တင်ပြရသည့် စနစ်ကို ယခုနှစ် သြဂုတ်လတွင် ပယ်ဖျက်ပေးခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


ခေတ်လူငယ်မှ

Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ရခိုင်ပြည်နယ် ပဋိပက္ခများ အပြီးသတ် အစီရင်ခံစာ တင်သွင်းနိုင်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ပထမအပတ်အတွင်း ရခိုင်ပြည်နယ် ဒေသများသို့ သွားရောက်ပြီး လိုအပ်သော အချက်အလက်များ ကောက်ယူမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက် အမှတ် (၃) အရ သိရသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ ကြားဖြတ်အစီရင်ခံစာ တစ်စောင်ကို ပေးပို့တင်ပြခဲ့ပြီး ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နောက်ဆုံးအပြီးသတ် တင်သွင်းရမည့် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ပြရန်လည်း နိုင်ငံတော်သမ္မတက ရက်တိုးမြှင့် ပေးထားကြောင်းလည်း သိရသည်။
အဆိုပါ ကြားဖြတ်အစီရင်ခံစာတွင် ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်း အကျဉ်း၊ ရခိုင်ပြည်နယ်အတွင်း လူအဖွဲ့အစည်းနှစ်ခု တို့အကြား ဖြစ်ပွားခဲ့သည့် ပဋိက္ခဖြစ်စဉ်မျး၊ ဆူပူအကြမ်းဖက်မှုများကြောင့် ဆုံးရှုံးမှုများ၊ လက်ရှိရခိုင်ပြည်နယ်ရှိ လူမှုရေး၊ စီးပွားရေး အခြေအနေများ စသည်မြေပြင် အခြေအနေ တွေ့ရှိချက်များနှင့် ထိုတွေ့ရှိချက်များအပေါ် အခြေခံကာ ပဋိပက္ခချုပ်ငြိမ်းရေးအတွက် လုပ်ဆောင်သင့်သည်များအပေါ် အကြံပြုချက် ၄ ချက်၊ အစိုးရအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များအပေါ် အကြံပြုချက် ၂၆ ချက်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အကြံပြုချက် ၉ ချက်တို့ကို အစီရင်ခံထားကြောင်းလည်း သိရသည်။
ထို့အပြင် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ ဘာသာရေး အစွန်းရောက်သည့် အတွေးအခေါ်များ ၀င်ရောက်မလာရေးအတွက် တားမြစ်ကာကွယ်ရေး တရားမ၀င် ခိုးဝင်လာသူများ မရှိစေရေးအတွက် ထိရောက်စွာ ကာကွယ်ရေး၊ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေး၊ လှုံ့ဆော်သူများကို ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူရေး၊ နိုင်ငံသား ဥပဒေပြုရေးကိစ္စများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် နှစ်ဖက်လူ့အဖွဲ့အစည်းမှ ရပ်တည်ချက်သဘော မှန်ကန်သည့် ခေါင်းဆောင်များပါဝင်သော လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်အဖွဲ့ ဖွဲ့စည်းရေး၊ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် စနစ်မကျသည့် ဘာသာရေးကျောင်းများကို စိစစ်ကြပ်မတ်ရေး စသော အကြောင်းအရာများအပြင် ရခိုင်ပြည်နယ် လူမှုရေး စီးပွားရေး ကဏ္ဍများကို ထည့်သွင်းအစီရင်ခံထားကြောင်းလည်း သိရသည်။


Copy From Eleven Media
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


 မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး၏ သတိပေးစာ ပေးပို့ခဲ့ပြီး နောက်ပိုင်း အစိုးရဘက်မှ ကချင် လွတ်လပ်ရေးအဖွဲ့ KIO တပ်စခန်းများအား လက်နက်ကြီး ပစ်ကူအပြင် စစ်ရဟတ်ယာဉ်များ သုံးစွဲ တိုက်ခိုက်လာသည်ဟု ထိုဒေသရှိ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ABSDF (NB) က ပြောဆိုသည်။

ခရစ္စမတ် အကြိုနေ့မှ စတင်ကာ ယခုအချိန်အထိ အစိုးရဘက်မှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်လျှက်ရှိပြီး KIA ဘက်မှလည်း ခုခံတိုက်ခိုက် လျက်ရှိကြောင်း ၎င်း က ဆက်ပြောသည်။

“ KIA ရော၊ ABSDF တွေရော အားလုံးက ရဟတ်ယာဉ်သံကြားတိုင်း KIA ထိပ်လန့်သွေးပျက်နေကြတယ်.. ခရစ္စမတ်နေ့ တနေကုန် ဂမ်ဒေါင်ယန် ဟိုဘက်မှာ ရှိတဲ့ ဂွမ်ရှောင် တပ်ကုန်း၊ မဟာမိတ် KIA ၂၅၅ တပ်ရင်း တပ်စခန်းထိုင်ထားတဲ့ (လိုင်ဇာမြို့နှင့် ၁၂ မိုင်အကွာ) လက်နက်ကြီးနဲ့ ၈၄ မမ၊ ၈၁ မမ၊ ၁ဝ၅ မမ လက်နက်ကြီးတွေနဲ့ ပစ်၊ လေယာဉ် စစ်ကူနဲ့ ပစ်၊ တပ်ရင်း ၃ ရင်းနဲ့ ခြေလျှင်နဲ့ တက်ထိုး နေတယ် " လို့ ကျောင်းသား တစ်ဦးကဆိုသည်။

 
အစိုးရဘက်မှ ဗျူဟာ ၃ ခု လက်အောက်ခံ တပ်ရင်းများမှ အင်အား ၅ဝဝ ခန့်ဖြင့် လဂျားယန်ဒေသသို့ တိုက်ခိုက် လျက်ရှိရာ KIA ဖက်မှာ အင်အား ၈၀ ကျော် ကျဆုံးပြီး၊ KIA နှင့် ကျောင်းသား စုစုပေါင်း ၂၀၀ ကျော် လက်နက်ကြီး စ များ ထိမှန်ထားကြောင်း သိရသည်။



မြေပြင်တိုက်ပွဲများသာ မက အင်တာနက်ပေါ်တွင်လည်း ကျချင်ဝဘ်ဆိုက်များကို မြန်မာပြည်သူအချို့မှ DDos နှင့် တိုက်ခိုက်သဖြင့် kachin news ဆိုက်မှာ ယနေ့အချိန်ထိ ၃ ရက်တိုင်တိုင် ဖွင့်မရကြောင်း သိရသည်။

KIA မီဒီယာများတွင် ဆာဗာ တိုက်ခိုက်ခံရမှုနှင့် မြေပြင်တိုက်ပွဲ ကျဆုံး ဒဏ်ရာရမှုများကို ဖော်ပြခြင်း မရှိပဲ အစိုးရ ရဟက်ယဉ် အကြောင်းကို အသားပေးဖော်ပြလျှက်ရှိပြီး ပျက်ကျကြောင်း သတင်းများ လွှင့်လျှက် ရှိသေည်။ အထောက်အထား၊ ဓာတ်ပုံ တစုံတရာ ဖော်ပြနိုင်ခြင်း မရှိပဲ ရုရှားစစ်တပ်မှ ရဟက်ယဉ်များ ပုံဖြင့် ဝါဒါ ဖြန့်နေကြောင်း သိရသည်။



Copy From Myanmar Express
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

အဲပုဂံ လေကြောင်း လိုင်းမှ ခရီးစဉ် အမှတ် W9-011 လေယာဉ် အမှတ် XY-AGC လေယာဉ် အမျိုးအစား F-100 ဖြင့် ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ် ပျံသန်း လာသော လေယာဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ၂၅ ရက် နံနက် ၈ နာရီ ၅၁ မိနစ်ခန့်က ဟဲဟိုး လေဆိပ်သို့ အဆင်းတွင် လေယာဉ် မတော်တဆမှု တစ်ခု ဖြစ်ပွား ခဲ့သည်။

ယင်းဖြစ်စဉ်တွင် အဆိုပါ လေယာဉ်နှင့် အတူ လိုက်ပါ တာဝန် ထမ်းဆောင်ခဲ့သူ အဲပုဂံမှ ဝန်ထမ်းတစ်ဦး ဖြစ်သူ မမို့မို့ကျော်စွာ အကြီးတန်း လေယာဉ်မယ်နှင့် မြဝတီ သတင်းစာ အဖွဲ့က သွားရောက်
တွေ့ဆုံ မေးမြန်းခဲ့ သည်များ ကို ပြန်လည် တင်ပြလိုက်ပါသည်။

မေး။ အဲဒီနေ့က ကြုံတွေ့ ခဲ့ရတာလေးကို ပြန်ပြော ပေးပါဦး။

ဖြေ။ အဲဒီနေ့က ခရီးစဉ် ကတော့ ပထမပိုင်းမှာ ပုံမှန် အနေအထား လေးပါပဲ။ ဟဲဟိုး လေဆိပ်ကို စဆင်း နေတဲ့အထိ ထူးခြားတဲ့ အရိပ်အယောင် မတွေ့ရ သေးပါဘူး။ လေယာဉ်ဟာ ချောချော မွေ့မွေ့ပဲ ဆင်းနေပါတယ်။ အဲဒီလို ဆင်းနေတုန်း မှာပဲ ဝုန်းဆိုတဲ့ အသံကြီး စကြားရတဲ့ အတွက် ပုံမှန် အခြေအနေတော့ မဟုတ်တော့ဘူး။ ထူးခြားမှု တွေရှိလာပြီ ဆိုတာ ကျွန်မ အပါအဝင် ခရီးသည်တွေ အားလုံး သိလိုက် ကြပါတယ်။ ဆက်တိုက် ဆိုသလို တုန်ခါမှု လှုပ်ရှားမှုတွေ ဖြစ်လာတဲ့ အတွက် ခရီးသည်တွေနဲ့ အတူ ကျွန်မတို့ လေယာဉ် ဝန်ထမ်းတွေလည်း စိုးရိမ်မှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။ ကျွန်မတို့ လေယာဉ် အမှုထမ်းတွေ အနေနဲ့ ကတော့ လေယာဉ်ပေါ်မှာ မတော်တဆ မှုတွေ ဖြစ်လာရင် ဘာတွေ လုပ်ကိုင် ဆောင်ရွက်ရမယ် ဆိုတာ သင်ကြား လေ့ကျင့်ထားတဲ့ အတွက် စိတ်အေးအေး ထားပြီးတော့ အကောင်းဆုံး ဆောင်ရွက်နိုင်ဖို့ စိတ်ထဲမှာ ထားလိုက်ပါတယ်။ ခရီးသည် တွေကို စိုးရိမ်စိတ် မကြီးကြဖို့နဲ့ လှုပ်လှုပ်ရှားရှား မဖြစ်အောင် နေဖို့ ပြောပါတယ်။ အဲဒီအချိန်မှာ လေယာဉ် ပြတင်းပေါက် အချို့ ပွင့်ထွက်သွားပြီး မီးခိုးတွေ ဝင်လာတဲ့ အတွက် တစ်ယောက်နဲ့ တစ်ယောက် မမြင်ရတဲ့ အပြင် အသက် ရှူရခက်တဲ့ အနေအထားကို
ရောက်သွား ပါတယ်။ ကျွန်မတို့ အနေနဲ့ အရေးပေါ် အခြေအနေမှာ ခရီးသည်တွေကို ဘယ်လို ဝန်ဆောင်မှု ပေးရမယ်ဆိုတာ သင်ကြားထား တဲ့အတွက် အဲဒီအတိုင်း ဆောင်ရွက်ဖို့ စတင် လုပ်ဆောင် နေကြပါတယ်။ ဒါပေမဲ့ လေယာဉ်ဟာ ရပ်တန့်မှု မရှိသေး တဲ့ အပြင် အပြင်ဘက်က မီးခိုးတွေ၊ မီးတောက် မီးလျှံတွေ မြင်နေရပြီး လေယာဉ်ရဲ့ အနောက်နဲ့ အလယ်က အရေးပေါ် အပေါက်တွေ မဖွင့်နိုင်တဲ့ အတွက် လေယာဉ်ရဲ့ အရှေ့ပိုင်းကို တွားသွား ကြဖို့ ခရီးသည်တွေကို သတိပေးတဲ့ အပြင် ကျွန်မ ကိုယ်တိုင်လည်း လေယာဉ်ရဲ့ အရှေ့ပိုင်းကို သွားပါတယ်။

မေး။ ဒီနေရာမှာ တစ်ခုလောက် ဖြတ်မေးချင်ပါတယ်။ လေယာဉ်ရဲ့ ဘယ်နေရာမှာ တာဝန် ထမ်းဆောင် နေတယ် ဆိုတာလေး သိချင်ပါတယ်။
နောက်တစ်ခုက ဘာကြောင့် လေယာဉ်ရဲ့ အရှေ့ပိုင်းကို တွားသွား ခိုင်းတယ် ဆိုတာလေး သိချင်ပါတယ်။

ဖြေ။ ကျွန်မတို့ လေယာဉ် အမှုထမ်း စုစုပေါင်း လေးယောက် ဖြစ်ပါတယ်။ ကျွန်မက လေယာဉ်ရဲ့ အနောက်ပိုင်းမှာ တာဝန်ကျပါတယ်။
လေယာဉ်အနောက် ပိုင်းက ခရီးသည် တွေနဲ့ အနီးဆုံး နေရာမှာ ကျွန်မ ထိုင်ပါတယ်။ လေယာဉ် ထဲမှာ စောစောက ပြောသလို မီးခိုးတွေ ဝင်လာတဲ့ အတွက် မမြင်ရတဲ့ အပြင် အသက်ရှူရ ခက်နေပါတယ်။ ဒါပေမဲ့ မီးခိုး ထုဟာ အောက်ခြေမှာ ပါးတဲ့အတွက် လေးဘက်ထောက် တွားသွားခိုင်း ရတာ ဖြစ်ပါ တယ်။ အဲဒီအချိန် မှာ လေယာဉ်ရဲ့ အရေးပေါ် ထွက်ပေါက် အချို့ဟာ ခရီးသည် အချို့က ဖွင့် လိုက်တဲ့ အတွက် ပွင့်သွားပြီး
ဘေးကင်းစွာ မြေပြင်ကို ဆင်းနိုင်မယ့် လေယာဉ် အရှေ့ပိုင်းကို သွားခိုင်းရတာ ဖြစ်ပါ တယ်။ လေယာဉ်ရပ် သွားတဲ့ အခါ မှာ လေယာဉ်ရဲ့ အရှေ့ပိုင်း ထွက်ပေါက် ကနေ ခရီးသည် အားလုံးနီးပါး ဘေးကင်းစွာ ဆင်းသွားနိုင်ပါတယ်။ ကျွန်မလည်း လိုက်ဆင်း ခဲ့ပါတယ်။

မေး။ မြေပြင်ကို နောက်ဆုံးမှ ဆင်းခဲ့တယ်လို့ သိရပါတယ်။
အောက်ရောက်တဲ့ အခါ တွေ့ရတဲ့ မြင်ကွင်းနဲ့ ရာသီဥတု အခြေအနေ ကိုရော ပြောပြပေး နိုင်မလား။

ဖြေ။ ဟုတ်ပါတယ်။ ကျွန်မက လေယာဉ်ရဲ့နောက်ဆုံးပိုင်းမှာ တာဝန်ထမ်းတဲ့ အတွက် ခရီးသည်တွေ အားလုံး ဆင်းသွားပြီးတဲ့ အခါကျမှ လိုက်ဆင်းတာ ဖြစ်ပါတယ်။ မြေပြင် ရောက်ပြီး မကြာမီ မှာတော့ ခရီးသည် တွေရော၊ အနီးအနားက ကူညီဖို့ ရောက်လာကြတဲ့
ဒေသခံ တွေရော၊ ကျွန်မတို့ရဲ့ အဲပုဂံက လေဆိပ် ဝန်ထမ်းတွေရော၊ တပ်မတော် သားတွေ ရော၊ အခြားအဖွဲ့ အစည်းပေါင်းစုံက လူတွေ အများအပြားပဲ တွေ့ရပါတယ်။ ရာသီဥတုက လည်း ပုံမှန်လို့ပဲ ကျွန်မ ထင်မိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မ ကိုယ်တိုင်က မတော်တဆ မှုကြီးကို ကိုယ်တိုင်ကြုံတွေ့ ခဲ့ရပြီးတော့ ကျွန်မတို့ရဲ့ ခရီးသည်တွေ အတွက်ပဲ စိတ်ပူပန် နေတဲ့အတွက် မြေပြင်မှာ ကျွန်မသတိ မထားမိတာတွေ ရှိကောင်း ရှိနိုင် ပါတယ်။

မေး။ အခုဖြစ်ပျက် ခဲ့ရတဲ့ မတော် တဆမှုနဲ့ ပတ်သက်ပြီးတော့ အဲပုဂံ ဝန်ထမ်း တစ်ယောက် အနေနဲ့ မိဘပြည်သူ များကို ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ဒါဟာ ဖြစ်ခေါင့်ဖြစ်ခဲ မတော်တဆ မှုကြီး တစ်ခုပါ။ အလွန်ပဲ ဝမ်းနည်းကြေ ကွဲမှုတွေ ဖြစ်ရပါတယ်။ ကျွန်မတို့ အနေနဲ့လည်း ကျွန်မတို့ရဲ့ ခရီးသည်တွေ အတွက် အကောင်းဆုံးလို့ မဟုတ်တောင် အတတ်နိုင်ဆုံး အစွမ်းကုန် ဝန်ဆောင်မှုတွေ ပေးခဲ့ကြပါတယ်။ ကျွန်မတို့နဲ့ အတူ ကျွန်မတို့ရဲ့ ခရီးသည်တွေကို ကူညီ ပေးကြတဲ့ ဒေသခံတွေ၊ တပ်မတော် သားတွေ၊
နိုင်ငံ့ဝန်ထမ်း တွေကို အများကြီးပဲ ကျေးဇူးတင်ပါတယ်။ အထူး သဖြင့်တော့ အခုလို အရေးပေါ် အခြေအနေ ဖြစ်လာချိန်မှာ တည်တည် ငြိမ်ငြိမ်နဲ့ ကျွန်မတို့ရဲ့ ခရီးသည်တွေကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်အောင် သင်ကြားပေးခဲ့တဲ့ ကျွန်မတို့ရဲ့ လူကြီးတွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မ အနေနဲ့တော့ အဲပုဂံမှာ ဆက်လက် တာဝန်ထမ်းဆောင် ပြီးတော့ ကျွန်မတို့ရဲ့ ခရီးသည်တွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေ ဆက်လက် ပေးသွားဦးမှာ ဖြစ်ပါတယ်။

သတင်းစာမှ





Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

black-box ဆိုတာ ဘာလဲ?

လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုးပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR)လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကိုမှတ်သားပေးနိုင်တဲ့recorder ပါ… နောက်တစ်ခုကတော့Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်…ဒါကတော့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ကြတဲ့လေယာဉ်မှုးနဲ့တကွအခြား အမှုထမ်းများရဲ့ စကားပြော ဆက်သွယ်မှုများကို မှတ်သားပေးတဲ့recorderပေါ့…

Black-box = FDR + CVR

ဒေတာအချက်အလက်တွေကို ဘယ်လိုသိမ်းမလဲ

သိမ်းပေးမယ့်ပစ္စည်းက နှစ်မျိုးရှိပါတယ်… magnetic tape နဲ့solid-state device ပါ… ဒီနှစ်မျိုးထဲက တစ်မျိုးမျိုးသုံးနိုင်ပါတယ်… magnetic tape တွေကတော့ခံနိုင်ရည် သိပ်မရှိပဲပျက်စီးလွယ်ပါတယ်… solid-statedevice ကတော့ ပိုပြီးခံနိုင်ရည်ရှိသလို အချက်အလက်တွေကိုသိမ်းဆည်းရာမှာလဲ ပိုပြီး မြန်ပါတယ်… black-box ကသိမ်းပေးမယ့် အချက်အလက်အချို့ကအောက်ပါအတိုင်းဖြစ်ပါတယ်…


ပျံသန်းမှုအရှိန်နှုန်း(Acceleration) ပျံသန်းမှုအမြန်နှုန်း(AirSpeed) ပင်လယ်ပြင်မျက်နှာပြင်အမြင့် (Altitude) လေယာဉ်တောင်ပံအနေအထား(Flap Setting) ပြင်ပအပူချိန် (External Temperature) လေယာဉ်တွင်းအပူချိန် (Cabin Temperature) ဖိအား(Pressure) အင်ဂျင် စွမ်းဆောင်မှုအနေအထား(Engine Performance)

ဒါတွေကတော့black-box ကသိမ်းမယ့် ဒေတာအချက်အလက်အချို့ပါ.. ကြီးမားတဲ့ လေယာဉ်ကြီးတွေမှာ ဒီလိုမျိုးအချက်အလက်ပေါင်း ၇၀၀ကျော်ကိုblack-box ကမှတ်သားမှာပါ… black-box မှာ on-board generatorပါပါတယ်.. အဲဒါနဲ့ ပါဝါပေးမှာဖြစ်ပြီးDCပေးရင် 28V နဲ့ AC ပေးရင်115V

Black-box ကိုတီထွင်ခဲ့သူAustralia နိုင်ငံသားDavid

CVR (cockpit voice recorder) ဒီrecorderလေးကတော့အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ လေယာဉ်အမှုထမ်းတွေရဲ့ စကားပြောဆိုဆက်သွယ်မှုကိုမှတ်သားပေးမယ့်အပြင် လေယာဉ်တွင်းမှာရှိတဲ့အခြားအသံတွေကိုလဲ မှတ်တမ်းတင်မှာပါ… ဒီdevice လေးထဲမှာ မိုက်ခရိုဖုန်းများပါဝင်ပြီး သိမ်းရင်digital format နဲ့ သိမ်းပါတယ်… တစ်ခါတစ်လေ အသံကတိုးနေနိုင်တဲ့အတွက်ထပ်ချဲ့ (amplify) လုပ်ပြီးမှသိမ်းမှာပါ…storage device က magnetic tape ဆိုရင် မိနစ် ၃၀ သာ သိမ်းနိုင်မှာဖြစ်ပြီး solid-state ဆိုရင်တော့၂နာရီစာ သိမ်းမှာပါ… သိမ်းနိုင်တဲ့ ဒေတာပြည့်ပြီးတိုင်း နောက်ထပ်အသစ်သိမ်းမယ့် ဒေတာများကို overwrite(ဖျက်ပြီးအသစ်တွေကို ထပ်သိမ်း)နည်းကိုသုံးမှာပါ…

Flight Data Recorder (FDR) ဒီဟာကတော့ပျံသန်းမှုစနစ်တစ်ခုလုံးရဲ့မှတ်တမ်း အချက်အလက်တွေကိုသိမ်းမှာပါ… ခလုပ်လေး(switch လေး) တစ်ခုရဲ့အဖွင့်အပိတ်ကအစ မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်… လေကြောင်းဥပဒေအရ မှတ်တမ်းတင်သိမ်းမယ့် ဒေတာအမျိုးအစား(parameter)က အနည်းဆုံး ၈၈ခု အထိရှိရမယ်လို့သိရပါတယ်…FDR device မှာတော့ solid-statedevice သုံးမယ်ဆိုရင်dataသိမ်းတာ ပိုမြန်မယ့်အပြင်၂၅နာရီကြာတဲ့ အတိုင်းအတာ ထိ သိမ်းဆည်းမှတ်တမ်းတင်နိုင်မှာပါ…

black-box ရဲ့ကြံ့ခိုင်မှု လေယာဉ်တစ်စီးရဲ့ အရေးပေါ် အခြေအနေ (သို့) ပျက်ကျတဲ့ အခြေအနေတွေမှတ်တမ်းတင်တဲ့ တစ်ခုတည်းသော အရာကblack-box ပါ… လေယာဉ်ပျက်စီးခဲ့လို့ အခြားအစိတ်အပိုင်းတွေ ဘယ်လိုပဲ သဲလွန်စ ရှာမရအောင် ပျောက်ပျက်သွားပါစေ… black-box ကတော့ မှတ်တမ်းတင်ပြသနိုင်တဲ့ တစ်ခုထဲသော ပစ္စည်းအဖြစ်နဲ့ ကျန်ခဲ့ရပါမယ်…ဒါကြောင့်FDR နဲ့CVR တို့ကို crash-survivable memory units (CSMUs)လို့ ခေါ်ကြပါတယ်…

black-box တွေကိုလေယာဉ်ထုတ်လုပ်ပေးတဲ့ စက်ရုံတွေကပဲ တစ်ခါတည်းတပ်ဆင်ပေးလိုက်တာပါ… အများသောအားဖြင့်လေယာဉ်ရဲ့အမြီးပိုင်းမှာ ထားလေ့ရှိပါတယ်… ကျွမ်းကျင်သူများ အဆိုအရ လေယာဉ်အမြီးပိုင်းကအပျက်အစ်ီးအနည်းဆုံး အပိုင်းဖြစ်တယ်လို့သိရပါတယ်… ဒါပေမယ့် လေယာဉ်အမျိုးအစာပေါ် လိုက်ပြီး blak-box ထားတဲ့ နေရာအနည်းငယ်ကွဲလေ့ရှိပါတယ်… အထိအခိုက်အနည်းဆုံးဖြစ်နိုင်တဲ့နေရာတွေမှာပဲ တပ်ဆင်ကြတာပါ…

ဒါကြောင့်black-box ဟာ လေယာဉ်မတော်တဆမှုတွေ ဖြစ်ပြီးတိုင်း ဖြစ်ရတဲ့ အကြောင်းအရင်း(root cause) ကိုစုံစမ်းစစ်ဆေးနိုင်ဖို့အတွက် တစ်ခုထဲသော အရာအဖြစ် လေယာဉ်တိုင်းမှာ အသုံးပြုနေကြတာပဲဖြစ်ပါတယ်…

လေယာဉ်ပျက်စီးမှုတစ်ခုအပြီးတွင်တွေ့ရသော black-box (အဆိုပါ black-box ကို ကျွမ်းကျင်သူများက စစ်ဆေးမှာ ဖြစ်ပါတယ်)


Copy From မြန်မာ Express

Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati





 လူတိုင်း လွတ်လပ်စွာ ဖန်တီးနိုင်သည် ဖန်တီးပိုင်ခွင့်ရှိသည်။ သို့သော် ဤသို့ အမြင်မတော်အောင် ကိုယ့်နိုင်ငံ သိခ္ခာကျအောင် ဖန်တီးကြသည်ကို သင် ထောက်ခံနိုင်ပါသလော။ ဘုန်းကြီးသင်္ကန်းပတ်ပုံ ပေါ်ပြီးနောက်မှာတော့ ဘုန်းကြီးနဲ့ ဘီလူး တင်ဆက်မှုအသစ်ထပ်ထွက်လာပါပြီ။ အနုပညာသည် ခံယူချက်ပေါ် လုပ်ရပ်ပေါ်မူတည်၍ ကောင်းသည် ဆိုးသည်ကွဲပြားသွားပေလိမ့်မည်။

Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


သမ္မတကြီး၏ ထိုးစစ်ရပ်ဆိုသည့် အမိန့်သည် ဒို့တာဝန် အရေး(၃)ပါး ကာကွယ်သည့် တပ်မတော် သားများ အား သေဒဏ်ချမှတ်နေသကဲ့သို့ ဖြစ်နေပြီလို့သာ ဆိုချင်တော့သည်။ အင်တာနက်ပေါ်တွင် ယခုလို တိုက်ပွဲ ဓာတ်ပုံ များကို ကြည့်နိုင်သူများသည် ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေသည့် စစ်သားများ မဟုတ်ကြ သလို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရ၊ ကြားနေရသည်မှာ မြန်မာ့တပ်မတော်၏ ထိခိုက်ကျဆုံးမှု သတင်းများ သာ ဖြစ်နေသည်။
သေဆုံးနေသည့် ငါတို့ တပ်မတော်သားသည် အလှဓာတ်ပုံ အရိုက်ခံဖို့ မဟုတ်
တပ်မတော်သည် မည်သည့်အခါမျှ စစ်ပွဲသတင်း ထုတ်ပြန်လေ့မရှိသည့်အတွက် သတင်း အတိအကျ မသိသော်လည်း ကေအိုင်အေ ခေါ် ကချင်သောင်းကျန်းသူများ ထိခိုက်ဒဏ်ရာရမှု မရှိဘဲ တစ်ဖက်သတ် စစ်ပွဲကို ဆင်နွှဲနေ ခြင်းကို လွှတ်တော်အမတ်များ သိပါလေစ။ နယ်မြေ လုံခြုံရေး အတွက်သာ လှည့်လည် သွားလာနေသည့် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်သည်။ တိုက်ပွဲများ အပြင်းအထန် ဖြစ်နေသယောင် ဗွီဒီယိုများ ရိုက်ပြသည်။ ကေအိုင်အေ တပ်သားများ အထိအခိုက် အကျအဆုံး မရှိ။ လမ်းပေါ်တွင် ပစ်ခတ်နေ သည့် ဗီဒီယိုများ၊ စခန်းပေါ်မှ ပစ်ခတ်နေသည့် ပုံများ သည် မည်သည့်အတွက် ကြောင့် ရိုက်နိုင်ပါသလဲ။ တစ်ဖတ်သတ် စစ်ဆင်နွှဲနေခြင်းနှင့် တပ်မတော်၏ အသက်စွန့် သည်းခံနေရခြင်းကို ငြိမ်းချမ်းရေး ကိုယ်စား လှယ် များ သိပါလေစ။
ဘယ်သူဒေါသ မထွက်ထွက် ကိုယ်ဒေါသ ထွက်သည်။ မပစ်ရ၊ ထိုးစစ်မဆင်ရဆိုသည့် အမိန့်အတွင်း အသေခံနေရသည့် တပ်မတော်သားများ ဘ၀ကို စာနာသည်။ တပ်မတော်သား ရွတ်ဆိုသည့် သစ္စာ ၄ ချက်တွင် အသက်ကိုစွန့်လွှတ်ဖို့ အဓိဌာန် ပြုပြီး ဖြစ်သည်။ စစ်သည် ၅ သိန်းကျော် ရှိသော မြန်မာ့တပ်မတော်မှ တပ်သား ၅ ယောက်အား မိုင်းဆွဲ ချောင်းပစ်ရာမှ ဖမ်းမိခြင်းအား ကေအိုင်အေ တို့ အဟုတ်မှတ်ကြလေသည်။ မြန်မာ့တပ်မတော်၏ သည်းခံနိုင်မှုကို ဆွကြလေသည်။ ဒီထက်ပို ပြီး သည်းခံရန် သင့်တော်ပါမည်လော။
လေကြောင်းမှသာ အသုံးပြုတိုက်ခိုက်ပါက လိုင်ဇာမြို့တွင် လူတစ်ယောက်မှ ကျန်မည် မဟုတ်သလို စခန်းကုန်းများတွင်လည်း ကေအိုင်အေ ခေါင်းထောင်နိုင်မည် မဟုတ်။ တပ်မတော်သားများ အသက်ပေး နေရခြင်းသည် တိုက်ရင်းဖြင့် အသက်ပေးနေရခြင်း မဟုတ်ဘဲ ကာကွယ်ရင်းဖြင့် ငြိမ်းချမ်းရေးအတွက် အသက်ပေးနေရခြင်းကို နားလည်ဖို့ကောင်းသည်။ ငြိမ်းချမ်းရေးကို လက်နက်ဖြင့် ဖန်တီး၍ မရလျှင် ပထမ မြန်မာနိုင်ငံ၊ ဒုတိယ မြန်မာနိုင်ငံ၊ တတိယ မြန်မာနိုင်ငံ ဖြစ်လာမည် မဟုတ်သလို၊ အမေရိကန် ပြည်ထောင်စုကြီးလည်း ဖြစ်လာမည် မဟုတ်။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း နားလည်ဖို့ ကောင်း ပေသည်။ သစ္စာလေးချက်ကို ပြင်ဖို့ထက် တပ်မတော်သားတွေရဲ့ အသက်တွေကို ဘယ် ရက် ဘယ်လ ထိ အလဟသ အသေခံခိုင်းနေမည်လဲဆိုတာ အရင် စဉ်းစားသင့်ပါသည် လို့ ပြောလိုက်ချင်တော့သည်။ OppositEye မှ ကူးယူဖော်ပြသည်။
 ထိုးစစ်ရပ်ဆိုသည့် အချိန်တွင် ချောင်းမြောင်းရယူပြီး တပ်မတော်က ဒီလို လက်နက်တွေ ဆုံးရှုံးခံရတယ်
 တိုင်းပြည်ကို ကာကွယ်ဖို့ ထမင်းကြမ်းနဲ့ရေသောက်ပြီး တာဝန်ထမ်းဆောင်တဲ့ စစ်သားက ဒီလိုသေရတယ်
 ကြည်းရေလေ ခါးပတ်ခေါင်းနဲ့ စစ်ထွက်လာတဲ့ စစ်သားဆိုတာ ဒါမျိုး အသေခံဖို့ မဟုတ်ဘူး။ စစ်စိမ်းရောင် ၀တ်ပြီး တာဝန်ထမ်းဆောင်တာ မင်းတို့ ဆန္ဒပြ ဆူပူသူလောက်မှ တန်ဖိုးမရှိဘူး ထင်နေသလား
 ဒီလို အဖမ်းဆီး ခံရသူတွေအတွက် ဘယ် နိုင်ငံချစ် ပုဂ္ဂိုလ်တွေ တာဝန်ယူမှာလဲ
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ပုလဲဝင်း


ရွှေမှုံရတီ


ဂန္ဒဝင်

ယွန်းဝတီလွင်မိုး

နွယ်ဒါလီထွန်း
မြန်မာမော်ဒယ်လေးတွေကို မြန်မာဝတ်စုံနဲ့ ဝတ်ပြီးရိုက်ထားတဲ့ ဓာတ်ပုံက တဖြည်းဖြည်းရှားလာပါတယ်။ သိကြတဲ့အတိုင်း တိုမှ ခေတ်မှီနေတဲ့ ခေတ်မှာ ဒီလိုမျိုး အလှပုံလေးတွေက တစ်မျိုးတစ်ဘာသာ ထူးခြားနေပါလိမ့်မယ်။ တလောတုန်းကလာတဲ့ အင်တာဗျူးမှာ မော်ဒယ်မလေးတစ်ယောက်ဖြေတာလေးကို ဖောက်သည် ပြန်ချချင်ပါတယ်။ " သမီးက မြန်မာဝတ်စုံဝတ်ရမယ်ဆိုတော့ စိတ်လှုပ်ရှားနေပါတယ် တခါမှလည်း မဝတ်ဖူးဘူးဆိုတော့လေ" တဲ့ ကဲ ပြတ်ကရောပဲ ဒဲ့ဒါမြန်မာတဲ့လားဗျာ။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

အာကြီး ဖြူဖြူ အနဂ္ဂ ရန်ရန်ချမ်း
PSY ရဲ့ Gangnam Style ကိုတော့ လူတိုင်းလဲ သိနေကြပါပြီ။ ခုလဲ ဖြူဖြူကျော်သိန်း Rဇာနည် ရန်ရန်ချန်းနဲ့ အနဂ္ဂတို့လေးယောက် Gangnam Style ကနေကြပုံလေး ပရိတ်သတ်ကို မျှပေးလိုက်ပါတယ်။ တလောလေးတုန်းကလဲ ထမိန်ကြီးတွေနဲ့ အပီကြမ်းပြီး Gangnam Style ကို ထမိန်တွေနဲ့ ကနေပုံလေးတင်ပေးလိုက်တယ်။ PSY ကတော့ မြန်မာပြည်မှာတော့ ပါလေရာ ငပိချက်ဖြစ်နေပြီထင်ပါ့။ သူလဲ ခုတော့ သန်းကြွယ်သူဋ္ဌေးဖြစ်သွားပါပြီ။ သီချင်းတစ်ပုဒ်တန်ဖိုး ဘယ်လောက်ကြီးလဲ ခုမှပဲ သိတော့တယ်။

ထမိန်နဲ့ ဂန်နမ်နေကြသည်ကို ကြည့်လိုလျှင် ----> http://yawaitun.blogspot.com/2012/12/ghanam-style.html

Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးတောင်းဆိုတဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်ပြီးတော့ သံဃာတော်တွေကို ၀န်ချတောင်းပန်တဲ့ အခမ်းအနား ဒီကနေ့ မန္တလေးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို နှိမ်နင်းမှုအတွင်း ဒဏ်ရာရခဲ့ကြတဲ့ သံဃာတော်တွေ အပါအ၀င် မန္တလေး၊ မုံရွာ၊ ပခုက္ကူ အစရှိတဲ့ ဒေသတွေက ဆရာတော်ကြီးတွေ ကိုယ်တိုင် ကြွရောက် ခဲ့တာပါ။ ဒီဝန်ချတောင်းပန်မှုကို လက်ခံတဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေကို လည်း လောလောဆယ် ရပ်ဆိုင်းထားမယ်လို့ သံဃာတော်တွေဘက်က သဘောတူခဲ့ပါတယ်။ ဒီအခြေအနေတွေကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

နှစ်ဘက် ကြိုတင်ညှိနှိုင်းပြီးတော့မှ ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက် စနေနေ့ နေ့ခင်းက မန္တလေးမြို့ မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီးမှာ သံဃာတော်တွေ တောင်းဆိုထားတဲ့အတိုင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ဦးဆောင်ပြီး ကျန်းမာရေးဝန်ကြီး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံ ရဲချုပ် ဦးကျော်ကျော်ထွန်း တို့ကနေ ၀န်ချတောင်းပန်တဲ့ အခမ်းအနား ပြုလုပ်ခဲ့တာပါ။ ဒီတောင်းပန်ပွဲကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆို သပိတ်စခန်းတွေကို အာဏာပိုင်တွေက နှိမ်နင်းမှုအတွင်း ဒဏ်ရာရရှိခဲ့ကြတဲ့ သံဃာတော်တွေအပါအ၀င် မုံရွာမြို့ ဇောတိကာရုံကျောင်းတိုက်က သံဃာတော်တွေ၊ မန္တလေးမြို့က ဘ၀အလင်းဆရာတော်၊ ဂဠုန်နီဆရာတော်၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝီရသူ နဲ့ တိုင်းသံဃာနာယက ဆရာတော်ကြီးတွေပါ စုစုပေါင်း သံဃာအပါး ၁၀၀ ကျော် ကြွရောက်ပြီး သြ၀ါဒ ပေးခဲ့တာဖြစ်ပါတယ်။ သံဃာတော်တွေဘက်ကလည်း အခုတခေါက် တောင်းပန်မှုကိုတော့ လက်ခံခဲ့ပါတယ်လို့ ဘ၀အလင်း ဆရာတော် ဦးဥတ္တမသာရ က ဗွီအိုအေကို အခုလို မိန့်ကြားခဲ့ပါတယ်။

“ဦးပဉ္စင်းတို့ ကြိုပြီးတော့ ညှိနှိုင်းထားပြီးတော့မှ ဒီပွဲဖြစ်အောင်လို့ လုပ်တာပေါ့။ ပြည်ထောင်စုအဆင့် ၀န်ကြီး နှစ်ယောက် အစိုးရကိုယ်စား လာပြီးတော့ တောင်းပန်ဖို့ရယ်၊ သူတို့က အဲဒီလို တောင်းပန်လို့ ဖြစ်မလားလို့ မေးတယ်လေ။ ဦးပဉ္စင်းတို့ကတော့ သမ္မတ လို့ ပြောထားတာကိုး အရင်တုန်းက။ အဲဒီလို ပြောလာလို့ ဦးပဉ္စင်းတို့ကတော့ အခုဟာက အကျယ်အကျယ်လည်း မဖြစ်ချင်လို့ တခြားအချက်တွေရော အဆင်ပြေရင် လက်ခံပေးမယ်လို့၊ အဲဒီလို လုပ်တာ။ လာပြီးတော့ တောင်းပန်တဲ့ ကိစ္စမှာတော့ ဦးပဉ္စင်းတို့က ကျေနပ်မှု ရှိပါတယ်။ အခုက လောလောဆယ် ဆန္ဒပြပွဲတွေ လုပ်တာကို ရပ်ထားပေးတယ်။ ဒါမှ နောက် ကျန်တဲ့နှစ်ချက်ကိုလည်း အမြန်ဆုံး လုပ်ပေးဖို့ အဲဒါကိုလည်း ဦးပဉ္စင်းတို့က တောင်းဆိုချင်ပါတယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးဆန္ဒပြမှုတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့မှုအပေါ် မကျေနပ်လို့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ သံဃာတော်တွေကနေ အချက် (၃) ချက်ကို အဓိကတောင်းဆို ဆန္ဒပြခဲ့ကြတာပါ။ ဒီတောင်းဆိုချက်ထဲမှာ ဒဏ်ရာရသံဃာတော်တွေကို သမ္မတကိုယ်တိုင်ကနေ ၀န်ချတောင်းပန်ပေးဖို့၊ အဲ့ဒီဖြိုခွင်းမှာ တာဝန်ရှိသူတွေကို အရေးယူ ပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ပြန်လွှတ်ပေးဖို့တွေ ပါဝင်ပါတယ်။ အခု အဲ့ဒီထဲက ကျန်နေတဲ့ ၂ ချက်နဲ့ပတ်သက်ပြီး အစိုးရနဲ့ကြားမှာ ဘယ်လို သဘောတူမှု ရထားသလဲဆိုတာကိုတော့ ဘ၀အလင်းဆရာတော် ဦးဥတ္တမသာရ က အခုလို ဆက်လက် မိန့်ကြားခဲ့ပါတယ်။

“သူတို့ကို ဖမ်းတာက ဦးပဉ္စင်းတို့ကို ဖမ်းတာနဲ့ အတူတူပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ သူတို့က ဦးပဉ္စင်းတို့ လုပ်တဲ့ကိစ္စတွေမှာ ၀ိုင်းပြီးတော့ ကူညီပေးတာလေ။ သံဃာတွေ ဦးဆောင်တဲ့ နောက်ကနေပဲ လိုက်တာ။ အဲဒါကို ဖမ်းတယ်ဆိုတော့ ဒါ သံဃာတွေကို ဖမ်းတာနဲ့ ဘာမှမထူးဘူး။ အဲဒီလိုမျိုးဆိုတော့ ဒီဟာကို အဆင်ပြေအောင် သူတို့ လုပ်ပေးရမယ်။ ပြန်လွှတ်ပေးဖို့ လည်း ဦးပဉ္စင်းတို့က တောင်းဆိုသွားမှာပါ။ မနေ့ကလည်း အဲဒါကို ပြောထားတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို အရေးယူပေးဖို့၊ အဲဒါတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ကနေမှ ဒီလူ ဒီလူ အပြစ်ရှိတယ်ဆိုရင် အဲဒီလူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့။ အဲဒီတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အဖြေကို စောင့်သွားမှာပါ။ စောင့်သွားတဲ့အခါမှာ ဒီလူ ဒီလူ အပြစ်ရှိတယ်လို့ သူတို့က စုံစမ်း ဖော်ထုတ်လို့ရတဲ့ဟာကို နိုင်ငံတော် အစိုးရကလည်း တကယ် ထိထိရောက်ရောက် အရေးယူလား မယူလား၊ နောက် ဒေသခံပြည်သူတွေ အပေါ် ကျေနပ်အောင် လုပ်ပေးသလား မလုပ်ပေးဘူးလား။ အဲဒါတွေ အပေါ်မှာ မူတည်တယ်။ အဲဒီလို သဘောတူညီချက် ရအောင်တော့ ပြောတော့ပြောထားတယ်။”

ဘ၀အလင်းဆရာတော် ဦးဥတ္တမသာရ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း သံဃာတော်တွေ တောင်းဆိုထားတဲ့အတိုင်း ဒီအမှုမှာ တာဝန်ရှိသူတွေကို အစိုးရအနေနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“အရေးယူတာတွေက လုပ်မယ်။ အရေးယူတာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရှိတယ်။ စစ်ဆေးမှုတွေ ထွက်လာမယ်။ အဲဒီအခါမှာ အရေးယူတာတွေ ရှိပါမယ်။”

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက် ကြာသပတေးနေ့ မနက်ပိုင်းက လက်ပံတောင်းတောင် ဒေသမှာရှိတဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းတွေကို အာဏာပိုင်တွေက မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံးတွေ အသုံးပြု ဖြိုခွင်းခဲ့တာကြောင့် မီးလောင်ဒဏ်ရာ ရရှိလို့ ဆေးကုခံယူနေတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် ၈၄ ဦး ရှိပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ကိုလည်း  အစိုးရက ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီအဖွဲ့အနေနဲ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ကို နောက်ဆုံးထားပြီး သမ္မတဆီကို အစီရင်ခံစာတင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ကြာသပတေးနေ့ညကလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး သံဃာတော်တွေရဲ့ တောင်းဆိုမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ မန္တလေးနဲ့ မြင်းခြံမြို့တွေက အနည်းဆုံး လှုပ်ရှားသူ ၅ ဦးကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး ဆန္ဒထုတ်ဖော်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ ဒီလူတွေကိုလည်း ပြန်လွှတ်ပေးဖို့ ဘ၀အလင်း ဆရာတော် ဦးဥတ္တမ သာရ က တောင်းဆိုသွားခဲ့ပါတယ်။


Copy From VOA Burmese
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အို (KIO) ကချင်လွတ်မြောက်ရေးတပ်ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် အပြန်အလှန် ပစ်ခတ်မှုတွေဟာ ကချင်လွတ်မြောက်ရေးတပ် ထိန်းချုပ်ထားတဲ့နယ်မြေက ဒုက္ခသည်စခန်းတွေနားအထိ ရောက်လာတဲ့အတွက် ဒုက္ခသည်တွေဟာ စခန်းတွေကနေ စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ တိုက်ပွဲမှာ လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ပြီး ထိုးစစ်ဆင် တိုက်နေကြတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် လုံခြုံရေးဟာ အခုလက်ရှိ အရေးကြီးဆုံး အနေအထားမှာ ဖြစ်နေတယ်လို့ ကချင်အရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်တွင်းမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အိုတို့ကြား အခုဒီဇင်ဘာလဆန်းပိုင်းမှာပဲ အပြင်းထန်ဆုံး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။ အခုလိုမျိုး တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန် အပြန်အလှန် ပစ်ခတ်မှုတွေဟာ ကချင်လွတ်မြောက်ရေးတပ် ထိန်းချုပ်ထားတဲ့နယ်မြေက စစ်ပြေးဒုက္ခသည် စခန်း တချို့နားအထိ ရောက်လာတဲ့အတွက် ဒုက္ခသည်တွေဟာ စခန်းတွေကနေ စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ အခုလက်ရှိ ဒုက္ခသည်တွေ အတွက် လုံခြုံရေးဟာ အရေးကြီးဆုံး အနေအထားမှာ ဖြစ်နေတယ်လို့ ကချင်အရေး ကူညီဆာင်ရွက်ပေးနေတဲ့ ကချင်ပြည်နယ် NDF ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“လက်နက်ကြီးနဲ့ ပစ်တာတွေက တချို့နေရာတွေက စစ်ပြေးဒုက္ခသည်တွေ စခန်းတောင်မှ ပစ်ပြီးတော့ အကုန်ထွက်ပြေး ကြရတဲ့ အခြေအနေအထိအောင် ရောက်တယ်။ ပစ်တာတွေကလည်း ဆက်တိုက် ဖြစ်တာပေါ့နော်။ စစ်ပြေးဒုက္ခသည်တွေ ကလည်း ထွက်ပြေးရတာပါပဲ။ အဲဒီလို စစ်ပြေးဒုက္ခသည်တွေ ထွက်ပြေးရသလို စစ်တွေ ဖြစ်လာတဲ့အခါကျတော့လည်း ရွာကို မီးရှို့မှာ ကြောက်တာတွေ၊ ရွာသားတွေကို နှိပ်စက်မှာကြောက်တာတွေ ကြောင့်၊ စစ်ပြေးဒုက္ခသည် အရင်က အဟောင်းရှိသလို အသစ်တွေကလည်း ထပ်ပြီးတော့ ပြေးနေရတဲ့ အခြေအနေ ရောက်နေတယ်။ သူတို့အတွက် လုံခြုံရေးက ပိုအရေးကြီးသလို ဖြစ်နေတာပေါ့။ စစ်ပြေးဒုက္ခသည်တွေရဲ့ ဘ၀ဟာ လုံခြုံမှု မရှိပါဘူး။”

အခုလို မြန်မာစစ်တပ်နဲ့ ကချင်တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ စစ်ဖြစ်နေတဲ့နေရာတွေ နားကို တပ်တွေဘက်က လာစခန်းချတဲ့ အတွက် အဲ့ဒီကျေးရွာတွေက ဒေသခံပြည်သူတွေဟာ သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာပြီး ရွာလုံးကျွတ် ထွက်ပြေးနေ ကြရပါတယ်။ တချို့ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေထဲအထိ ရောက်အောင် မပြေးနိုင်လို့ တောထဲမှာပဲ ပုန်းအောင်းနေရတဲ့ အနေအထားမှာလည်း ရှိတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“မနေ့ကပဲ ဖုန်းဆက်လာတာက အီမျောင် ဆိုတဲ့ရွာကလည်း တရွာလုံး စစ်တပ်က လာထိုင်လိုက်တဲ့အခါ ကျတော့ ရွာကလူတွေက ကြောက်တော့ ထွက်ပြေးကြတယ်။ ထွက်ပြေးတော့ အဲဒီရွာမှာရှိတဲ့ ကြက်ဝက်တွေ အကုန်လုံး ပစ်သတ် စားနေကြတော့ ရွာသားတွေက ခုချိန်မှာ တောမှာပုန်းနေရတဲ့ အခြေအနေ ဖြစ်နေတယ်တဲ့ ဆိုပြီးတော့ အဲဒါ ဖုန်းဆက်လာတယ်။”

အခုလို တိုက်ပွဲတွေ ပြင်းထန်နေလို့ စခန်းတွေကိုပါ စွန့်ခွာပြေးနေရတဲ့အတွက် ရာသီဥတုကလည်း ဆိုးဝါးနေတဲ့အချိန်၊ ဒုက္ခသည်တွေ၊ အထူးသဖြင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် ဆေးဝါး၊ လူအသုံးအဆောင်ပစ္စည်းနဲ့ ရိက္ခာတွေ အထူးလိုအပ်နေတယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒုက္ခသည်တွေဆီကို လိုအပ်နေတဲ့ လူသားချင်းစာနာမှု အထောက်အပံ့ ပစ္စည်းတွေကို ကုလသမဂ္ဂနဲ့ NGO အဖွဲ့အစည်းတွေ ဘက်ကလည်း ပို့ဆောင်ပေးဖို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဆက်ပြောပါတယ်။

“ကျမတို့ ဒီဘက်မှာက အရမ်း အေးနေတဲ့ကာလ ဖြစ်တယ်။ အဲဒီအချိန်မှာ ခုလို အပြင်မှာနေတဲ့သူတောင်မှ ကျန်းမာရေးတွေက မကောင်းဘူးဆိုတော့ ဒီလို တောထဲတောင်ထဲမှာ နေနေတဲ့သူတွေ၊ ဟင်းလင်းပြင်မှာ နေနေတဲ့သူတွေက ပိုပြီးတော့ ကျန်းမာရေးက စိုးရိမ်ရတာပေါ့။ လုံလုံခြုံခြုံ အနွေးထည် စောင် အစစအရာရာ လိုအပ်နေတယ်။ စားဝတ်နေရေးလည်း အရင်ကလိုမျိုး နိုင်ငံတကာ ထောက်ပံ့တာတွေကလည်း နည်းပါးတယ်။ ဒီက တတ်နိုင်သလောက် ၀ိုင်းပြီးတော့ ကူညီပြီး ကြည့်နေတာတွေကလည်း ကြာကြာ ကျတော့ မတတ်နိုင်ဘူး။ အဲဒီအခါကျတော့ စစ်ပြေးဒုက္ခသည်တွေလည်း တော်တော်လေး ဒုက္ခရောက်နေတယ်။”

အခုဆိုရင် ကချင်လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ဒုက္ခသည် စခန်းတွေရော၊ မြန်မာစစ်တပ် ထိန်းချုပ်မှု လက်အောက်နယ်မြေမှာ ရှိနေတဲ့ စခန်းတွေမှာဆိုရင် လက်ရှိ ရှိနေတဲ့ ဒုက္ခသည်တွေနဲ့ နောက်ထပ် ထပ်ရောက်လာတဲ့ ဒုက္ခသည်တွေအပါအဝင် ဒုက္ခသည်ဦးရေဟာ တစ်သိန်းခွဲကျော်နေပြီလို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“တသိန်းက တော်တော်လေး ကြာနေပြီပေါ့နော်။ ဒါတောင်မှ စာရင်းမ၀င်တဲ့ သူတွေလည်း ရှိတယ်။ တချို့က ချောင်ကြိုချောင်ကြားမှာ ခဏ ခိုတောင်းနေတာတွေ ရှိတယ်။ အသိအမှတ် မပြုခံရတဲ့ စစ်ပြေးဒုက္ခသည်တွေလည်း အများကြီး ရှိသေးတယ်။ အဲဒါကြောင့် အနည်းဆုံက တသိန်းနဲ့ တသိန်းခွဲကြားမှာ ရှိတယ်။”

အခုလို မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်တွေကြား နှစ်ဘက်အပစ်ရပ်ဖို့ အကြိမ်ကြိမ် တွေ့ဆုံမှုတွေ ရှိခဲ့သလို ဆွေးနွေးပွဲတွေလည်း ပျက်ပြားခဲ့ရတဲ့ အနေအထားတွေ ရှိနေပါတယ်။ အခုဆိုရင် နှစ်ဘက် တိုက်ပွဲတွေဟာ ပိုပြီးပြင်းထန်လာနေတဲ့ အတွက် စစ်မီးက ပိုမြင့်လာတဲ့အနေအထားမှာ ဒေသခံပြည်သူတွေ တော်တော်များများ ဒုက္ခရောက်နေရတဲ့ အတွက် ပြည်တွင်းစစ်မီးငြိမ်းဖို့၊ နှစ်ဘက်အပစ်ရပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
အခုဆိုရင် ကချင်ပြည်နယ် လိုင်ဇာမြို့က ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေဌာနချုပ် နဲ့ အနီးဆုံးနေရာ အထိကို မြန်မာစစ်တပ်ဘက်က စစ်သုံးရဟတ်ယာဉ်တွေနဲ့ပါ လာရောက်ပစ်ခတ်မှုတွေ ရှိနေသလို  ကချင်ဗဟိုဌာနကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး အပြင်းထန်ဆုံး ထိုးစစ်ဆင်နေတာ ဖြစ်တဲ့အတွက် မြန်မာအစိုးရနဲ့ ကချင်တပ်တွေကြား အတင်းမာဆုံး အနေအထားကို ရောက်ရှိနေပြီလို့လည်း ကချင်ကေအိုင်အို လွတ်မြောက်ရေး တပ်မတော်ဘက်က ပြောပါတယ်။

Copy From VIA Burmese
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


ဆယ်စုနှစ်ပေါင်းများစွာ အဂတိလိုက်စားတဲ့ အစိုးရအုပ်ချုပ်ရေး ကြောင့်သာမက၊ မလုံလောက် တဲ့ နိုင်ငံတကာ အကူအညီ အထောက်အပံ့ပေးရေး အနေအထား အောက်က မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်မှာ ၀မ်းနည်းစရာ ကောင်းလောက်အောင် ချို့တဲ့အားနည်းတဲ့ ပြဿနာတွေ ရှိနေပါတယ်။ နောက်ဆုံး ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ဦးဆောင်တဲ့ ကလေးတွေအတွက် အာဟာရထောက်ပံ့ရေး အစီအစဉ်က တဘက်တလမ်းကနေ ဒီပြဿနာကို ဖြေရှင်းရတဲ့အထဲမှာ ပါဝင်လာပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေ အကြီးအကျယ် ရှိနေတယ်ဆိုတဲ့အကြောင်း AP သတင်းကို အခြေခံပြီး မမိုးဖြူ တင်ပြထားပါတယ်။

ရိုးသားစင်ကြယ်တဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်ထားကြပေမဲ့ နံရိုးတွေ ပေါ်နေအောင် ပိန်လှီနေတဲ့ ခန္ဓာကိုယ် ပိုင်ရှင်လေးတွေကတော့ မြန်မာနိုင်ငံရဲ့ ဆင်းရဲတဲ့ လူနေ ရပ်ကွက်တွေမှာ တွေ့ရတဲ့ ကလေးလေးတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတ၀ှမ်းမှာ ထောင်သောင်းချီတဲ့ ကလေးငယ်တွေဟာ အာဟာရချို့တဲ့တဲ့ ဝေဒနာ ခံစားနေကြရ ပါတယ်။ စုစုပေါင်း ကလေးဦးရေရဲ့ သုံးပုံတပုံကျော်က အာဟာရ ချို့တဲ့လို့ ကြီးထွားမှု နှေးကွေးတဲ့ ဝေဒနာ ခံစားနေကြရတာပါ။ အဂတိ လိုက်စားမှုနဲ့ အစိုးရ စီမံ အုပ်ချုပ်ရေး ချွတ်ချော် မှားယွင်းမှုတွေ ပေါင်းလိုက်တဲ့အခါ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူထုကျန်းမာရေး စောင့်ရှောက်မှု အညံ့ဖျင်းဆုံး တိုင်းပြည်တွေထဲမှာ ရှေ့ဆုံးက ပါလာပါတယ်။ အတိအကျ ပြောရရင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ အညံ့ဆုံး လူထုကျန်းမာရေး စောင့်ရှောက်မှုစနစ် ရှိတဲ့ နိုင်ငံစာရင်းမှာ မြန်မာက ဒုတိယ စွဲပါတယ်။

ဒီလို အခြေအနေမှာ မြန်မာနိုင်ငံက ကလေးတွေကို အကူအညီပေးနေတဲ့ အဖွဲ့တခုက ယူနီဆပ်ဖ် (UNICEF) လို့ခေါ်တဲ့ ကမ္ဘာ့ကလေးငယ်များ ရန်ပုံငွေအဖွဲ့ ပါ။ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာ တွေ့ရတဲ့ ယိုယွင်းပျက်စီးနေတဲ့ ကျေးလပ်ကျန်းမာရေး စောင့်ရှောက်မှုဌာန တခုကို ကြည့်ရင် နှစ်ပေါင်းများစွာ ကမ္ဘာကြီးက မေ့ထားကြတဲ့ မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှုရဲ့ ဆင်းရဲချို့တဲ့ ညံ့ဖျင်းမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။ လျှို့ဝှက်တဲ့ မြန်မာစစ်အာဏာရှင် အစိုးရဟောင်းက စစ်အသုံးစရိတ် တခုကိုပဲ ဦးစားပေးပြီး တိုင်းပြည် လူထုအရေးအတွက် သုံးစွဲ ဆောင်ရွက်ရမယ့် ကိစ္စတွေကို ရာစုနှစ် တ၀က်လောက်ကြာအောင် လစ်လျူရှု ထားခဲ့တာပါ။

၂၀၀၈ ခုနှစ်က ကျန်းမာရေးဘက်မှာ လူတယောက်အတွက် ပျမ်းမျှ တဒေါ်လာ ဒါမှမဟုတ် ကျပ် ၈၀၀ ထက် နည်းပြီးတော့ မြန်မာအစိုးရက သုံးစွဲခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ကိုယ့်ပြည်သူအတွက် ကျန်းမာရေး စောင့်ရှောက်တဲ့နေရာမှာ အဖျင်းဆုံး ကျန်းမာရေးစနစ်လို့ ပြောရမှာပါ။ အခုလို ငွေကြေးဆေးဝါး အထောက်အပံ့ ချို့တဲ့လှပေမဲ့ ကိုယ်တတ်နိုင်သမျှ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အမျိုးသမီးတချို့ကတော့ ဆင်းရဲသားတွေကို နေ့စဉ် ဆေးကုသပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးနေပါတယ်။ သူတို့တွေဟာ ရရာ ယာဉ်တစီးကို တား စီး၊ ဒါမှမဟုတ်လည်း လမ်းလျှောက်ပြီး လူနာတွေဆီအရောက် သွားကြရပါတယ်။ အမျိုးသား အာဟာရ ကျန်းမာရေးအဖွဲ့နဲ့ ပေါင်းပြီးတော့ ၂၀၁၂ ခုနှစ် မေလတုန်းက ယူနီဆပ်ဖ် က ဧရာဝတီ၊ သာပေါင်း မြို့နယ်မှာ ခြောက်လနဲ့ သုံးနှစ်ကြား ကလေး ၃ ထောင်လောက်ကို အာဟာရ ထောက်ပံ့ရေး လုပ်ငန်း စခဲ့ပါတယ်။

ဒီဆေးခန်းလေးမှာရှိတဲ့ ၁၀ ယောက်မပြည့်တဲ့ သူနာပြုတွေဟာ ရွာပေါင်း ၁၅ ရွာက လူ ၃ ထောင်လောက်ကို လှည့်ပြီးတော့ ဆေးကုရတာပါ။ သန်ကောင် အပါအ၀င် ရောဂါ ပိုး အန္တာရာယ်နဲ့ ကြုံနေရတဲ့ ဒီဒေသမှာ ကလေး မီးဖွားပေးတာ၊ ကာကွယ်ဆေး ထိုးပေးတာ အပြင် ၀က်သက်၊ ငှက်ဖျားနဲ့ အာဟာရ ချို့တဲ့ တဲ့ ရောဂါတွေကိုပါ သူတို့ စောင့်ရှောက် ကုသပေးရတာပါ။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် အမေတွေမှာ သွေးအားနည်း ရောဂါ အဖြစ်များတာကြောင့် ဆီးဖြူကွင်း ရွာ ကျန်းမာရေး လုပ်သားတွေက နှစ်လနဲ့ သုံးနှစ်ကြား ကလေးငယ်တွေကို အာဟာရ အားဖြည့်တာတွေ ဝေငှရပါတယ်။ မြစ်ဝကျွန်းပေါ်မှာ ဖြစ်လေ့ရှိတဲ့ ရေလွှမ်းမိုးမှုက သွေးအားနည်း ရောဂါ ဖြစ်စေတဲ့အကြောင်း တခုပါလို့ ယူနီဆပ်ဖ် က အဟာရဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ ကျော်ဝင်းစိန်က အခုလို ပြောပါတယ်။

“တကိုယ်ရည် သန့်ရှင်းမှုနဲ့ ရေသန့်ရှင်းမှု လိုအပ်တဲ့ ပြဿနာတွေ ရှိပါတယ်။ ဒီဒေသမှာ ရေကြီးတာကလည်း မကြာခဏ ဖြစ်တတ်ပါတယ်။ ရေသန့်ရဖို့ အခက်အခဲ ရှိတဲ့အခါ တကိုယ်ရည် သန့်ရှင်းဖို့ ခက်သလို ကူးစက်ရောဂါ ပိုးတွေ ရှိလာပြီး သွေးအားနည်း ရောဂါ လည်း ဖြစ်လာပါတယ်။”

ဆင်းရဲလွန်းလို့ အစား ၀အောင် မစားရတာ၊ အမေနို့ မတိုက်နိုင်တာ စတဲ့ ပြဿနာတွေကြောင့် အာဟာရ ချို့တဲ့လာတယ် လို့လည်း သူက ရှင်းပြပါတယ်။

“အဓိက အချက်ကတော့ သုံးခု ရှိပါတယ်။ နံပါတ် တစ်၊ အစားအစာ မလုံလောက်တာ။ နံပါတ် နှစ်၊ ရောဂါ ပျံ့ပွားတာ။ နံပါတ်သုံး ကတော့ အရေးကြီးဆုံးပါပဲ။ မြန်မာနိုင်ငံမှာ ကလေးကို မိခင်နို့ တိုက်နှုန်းက သိပ်နည်းပါတယ်။ ဖြည့်စွက် အာဟာရ ကျွေးတာကလည်း အရမ်းနည်းပါတယ်။ ဒါကြောင့် ကလေးတွေမှာ အာဟာရ ချို့တဲ့ကြပါတယ်။”

ယူနီဆပ်ဖ် ရဲ့ ဖြည့်စွက် အာဟာရထုပ်ထဲမှာ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ ပါတာကြောင့် သံဓာတ်နဲ့ တခြား လိုအပ်တဲ့ အာဟာရ ချို့တဲ့မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ခုလို ဖြည့်စွက် အာဟာရထုပ်တွေ ဝေပေးပြီးတဲ့အခါ အာဟာရ နည်းလို့ ကလေးတွေ နေမကောင်းဖြစ်တဲ့နှုန်း သိသိသာသာ ကျသွားပါတယ်။ ဒါပေမဲ့လည်း ကလေးတွေ အာဟာရ မပြည့်တဲ့ပြဿနာ ကို ဖြေရှင်းနိုင်ဖို့ အရေးကြီး လိုသေးတယ်၊ ဖြည့်စွက် အာဟာရ ရဖို့နေနေသာသာ၊ ပုံမှန် ထမင်း နှစ်နပ်စားဖို့တောင် မနည်း ရုန်းကန်နေကြရတာပါလို့ ဆရာဝန်တယောက်က ခုလို ရှင်းပြပါတယ်။

“အဓိက ကတော့ အာဟာရ ပြည့်ဝအောင် သားငါး၊ အသီးအရွက် အဲဒါတွေ သူတို့ မစားနိုင်ဘူး။ အာဟာရ ပြည့်ဝဖို့ထက် စားရေးဝတ်ရေး နေရေးက အဓိက အခက်အခဲ ရှိတယ်။”

၂၀၀၉ ခုနှဟ်တုန်းက အိမ်နီးချင်း ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို နိုင်ငံက ပြည်သူ တဦးချင်း ဟာ နိုင်ငံတကာ အကူအညီ ၂၄ ဒေါ်လာကနေ ဒေါ်လာ ၅၀ လောက် ရနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ က ၇.၅ ဒေါ်လာလောက်ပဲ ရခဲ့တာပါ။ အခုတော့ အဲဒီ မြန်မာနိုင်ငံဟာ ကိုယ့်ဖာသာ ပိတ်ထားခဲ့တဲ့ တံခါးကို ဖွင့်လိုက်ပါပြီ။ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွေ ဖြေလျှော့ပြီး အမေရိကန် သမ္မတ အိုဘားမားလည်း အလည်အပတ် ရောက်လာခဲ့ပါပြီ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ သမိုင်း စာမျက်နှာသစ် တကယ် စပြီး လူထုလည်း ကျန်းမာရေး စောင့်ရှောက်မှု ပိုရလာမယ်လို့ မျှော်လင့်ရပါတယ်။


Copy From VOA Burmese
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းများ ဆောင်ရွက်နေသော ရခိုင်ပြည် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ

China National Petroleum Corporation CNPC Project ရုံးရှေ့တွင် ဒေသခံ ပြည်သူ ၃၀၀ ခန့်က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆန္ဒ ဖော်ထုတ်ရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။


၎င်းဆန္ဒဖော်ထုတ်ပွဲကို သက်ဆိုင်ရာမှ ခွင့်ပြုချက်ဖြင့် ပြုလုပ်သွားမည်ဟု ဆန္ဒ ဖော်ထုတ်ပွဲ ဖြစ်မြောက်ရေး ဦးဆောင်သူ ဦးထွန်းကြည်က ပြောသည်။

” ဒီဇင်ဘာ ၁၄ ရက်နေ့က ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ခွင့်ပြုမိန့် သွားတင်ပါတယ်။ လူ ၃၀၀ တင်တာ။ ဘယ်လောက်ခွင့်ပြုမယ်လို့တော့ မပြောတတ်ဘူး”ဟု သူက ပြောသည်။

ဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ်ရခြင်းမှာ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင့် ဒေသခံများ အနေဖြင့် ဆုံးရှုံး နစ်နာမှုများ ရှိနေသဖြင့် ရသင့် ရထိုက်သော ရပိုင်ခွင့်များ အတွက် တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ မြန်မာ – တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီ အဖွဲ့ဝင် Kyaukphyu Social Network Group ကျောက်ဖြူ လူမူ ကွန်ယက်မှ ဦးထွန်းနိုင်က နိရဉ္စရာသို့ ပြောဆိုသည်။

ဆန္ဒဖော်ထုတ်ရာတွင် မဒေးကျွန်းအနီး ပိန်းကျွန်းရွာ ဘောလုံးကွင်းမှ CNPC စီမံကိန်းရုံးရှေ့ အထိ တစ်မိုင်ခွဲခန့် လမ်းလျှောက် ဆန္ဒဖော်ထုတ်မည်ဟု ဦးထွန်းကြည်က ဆိုသည်။

ရခိုင်ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းတွင် ရခိုင်တွင် တာဝန်ကျခဲ့သော ဗိုလ်ချုပ်၊ ဗိုလ်မှူးများနှင့် ၎င်းတို့နှင့် နီးစပ်သူများက ဒေသခံများ ပိုင်ဆိုင်သော လယ်မြေများကို မြေစာရင်း ဦးစီးဌာနနှင့် ပူးပေါင်းကာ သိမ်းယူသွားသဖြင့် ဒေသခံများမှာ အထူးနစ်နာခဲ့သည်ဟု သိရသည်။

ဧရာဝတီက ဒီဇင်္ဘာလက ၁၃ ရက် ဖေါ်ပြသော သတင်း တစ်ပုဒ်တွင် ရခိုင်ဒေသ၌ တိုင်းမှူး တာဝန်ယူခဲ့ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ် မောင်ဦး၊ ဗိုလ်ချုပ် သောင်းအေး၊ ဗိုလ်မှူးချုပ် သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ် သိန်းဆွေ စသူတို့က သိမ်းယူ၍ ၎င်းတို့၏ မိသားစုဝင်များ အမည်ဖောက်ကြောင်း၊ ထိုလယ်မြေများသည် ရွှေဂက်စ် စီမံကိန်း ဧရိယာတွင် ပါဝင်သည့်အတွက် လျော်ကြေးငွေ ကျပ်သိန်းထောင်ချီ၍ ရရှိခဲ့ကြကြောင်း ဖေါ်ပြသည်။

ကျောက်ဖြူ အခြေစိုက် ထောက်လှမ်းရေးတပ်တခုက သိမ်းထားသည့် စေတီယျကျေးရွာအနီးရှိ မြေကွက်နှင့် အုန်းခြံတချို့၏ ပိုင်ရှင်နာမည်တွင် ရခိုင်ပြည်နယ်၏ စစ်တိုင်းမှူး တာဝန် ထမ်းဆောင်ခဲ့သည့် ယခင် နအဖအစိုးရ အတွင်းရေးမှူး (၃) ဒု ဗိုလ်ချုပ်ကြီး ၀င်းမြင့်၏ သမီး နန်းရတနာဝင်း နာမည်ဖြင့် အမည်ပေါက်နေသည်ကို တွေ့ရှိရသည်ဟု ဖေါ်ပြသည်။

ရခိုင်ဒေသခံများမှာ ယခုကဲ့သို့ မတရားသဖြင့် လယ်မြေများ အသိမ်းခံရသဖြင့် အထူး နစ်နာမူ ရှိနေကြောင်းသိရသည်။

သို့သော်လည်း ဆန္ဒ ဖေါ်ထုတ်ပွဲတွင် အောက်ပါ အချက်များကို တောင်းဆိုသွားမည်ဟု ဆိုသည်။

(၁) သိမ်းဆည်းလယ်ယာ/ဥယျာဉ်မြေများအား နိုင်ငံတကာစံနှုန်းအတိုင်း လျော်ကြေးပေးရန်၊

(၂) အလုပ်သမားကတ်ရရှိပြီးသူ ဒေသခံများ အလုပ်ရရှိရေး ဆောင်ရွက်ပေးရန်၊

(၃) မဒေးကျွန်းအနီး (ကတိပေးထားသော) ရွာမ၊ ကျောက်တန်း၊ ပိန်းကျေး ရွာချင်းဆက် လမ်း ဖောက်လုပ်ပေးရန်၊

(၄) လုပ်အားခကို နိုင်ငံတကာစံနှုန်းအတိုင်းပေးရန်၊

(၅) မဒေးကျွန်းတွင် လူနေအိမ်၊ အဆာက်အအုံများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊

(၆) ဒေသခံများ လုံခြုံမှုရှိစေရေးအတွက် သူစိမ်း အလုပ်သမားများအား သေချာစိစစ်ရန်၊

(၇) ကျွန်းပတ်လည်တွင် လွတ်လပ်စွာ ရေလုပ်ငန်းဆောင်ရွက်ခွင့်ပြုပေးရန် တို့ကို တောင်းဆို သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တောင်းဆိုမည့် အချက်များမှာ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့ထံ တင်ထားသော ခွင့်ပြုမိန့် တောင်းခံလွှာတွင် ဖေါ်ပြပါရှိသည်ဟု သိရသည်။

Copy From နီရဉ္စရာ
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပါအဝင် မည်သည့် နိုင်ငံခြားတိုင်းပြည်ကိုမှ လက်နက် တစုံတရာ ရောင်းချခဲ့ခြင်းမရှိပါဖူးလို့ အိန္ဒိယ စစ်တပ်ထိပ်တန်း အရာရှိတဦးက ပြောကြားလိုက်ကြောင်း ဒီကနေ့ ဒီဇင်္ဘာလ ၁၆ ရက်နေ့ထုတ် The Times of India သတင်းစာမှာ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ မြန်မာတပ်သားတွေ ကျန်ရစ်ခဲ့တဲ့ ဆွီဒင်နိုင်ငံလုပ် Carl Gustaf M3 တင့်

ကားဖျက်ရိုင်ဖယ်တစ်လက်အပေါ်က နံပါတ်ကို ဆွီဒင်အစိုးရက စစ်ဆေးခဲ့ရာမှာ အိန္ဒိယနိုင်ငံကို ရောင်းချခဲ့တဲ့ လက်နက်ဖြစ်နေကြောင်း သိရှိခဲ့ရပြီးနောက် ဆွီဒင်အစိုးရက အိန္ဒိယအစိုးရကို ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Salman Khurshid က မိမိတို့ လက်နက် အရောင်းအဝယ်မလုပ်ကြောင်း အဲဒီသတင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း မနေ့က ရန်ကုန်မြို့မှာ ပြောကြားပါတယ်။

ဥရောပနိုင်ငံများအဖွဲ့ အီးယူဟာ မြန်မာနိုင်ငံကို ၁၉၉၆ ခုနှစ်ကစပြီး လက်နက်တင်ပို့ရောင်းချခွင့် ပိတ်ပင်ထားတာဖြစ်တဲ့အတွက် အီးယူ အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ ဆွီဒင်နိုင်ငံလုပ် လက်နက်တခု မြန်မာစစ်တပ် လက်ထဲ ရောက်ရှိတာကို တွေ့ရှိခဲ့ရာကနေ အခုလိုနောက်ဆက်တွဲ သတင်းတွေ ထွက်ပေါ်လာနေတာဖြစ်ပါတယ်။

Copy From RFA Burmese
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ရခိုင်ပြည်နယ်က ပဋိပက္ခ၊ ကချင်ပြည်နယ်က စစ်ပွဲနဲ့ ရန်ကုန်မှာလိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်တို့နဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Hugo Swire ဟာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းပွဲ လုပ်ခဲ့ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ Mr.Hugo Swire uရန်ကုန်မြို့ကိုပေးနေတဲ့ လျှပ်စစ်က ၁၉၄၀ လောက်ကလုပ်ခဲ့

တာဆိုတော့ အတော့်ကို ဟောင်းနေပါပြီ အစားထိုးဖို့လိုအပ်တယ်လို့ ကျွန်တော်တောင် စဉ်းစားမိပါတယ်။ လုပ်ငန်းကြီးပါပဲ၊ အိမ်တွေမီးရဖို့ လေ့လာချက်တွေလုပ်ဖို့ အများကြီးလိုအပ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

ဗြိတိန်သံရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ လာမယ့် ၁၀ နှစ်မှာ လျှပ်စစ် ၁၀ဆ တိုးပေးဖို့ မြန်မာနိုင်ငံမှာ လိုအပ်တာကိုကူညီဖို့ ရည်ရွယ်ချက်နဲ့ စွမ်းအင်ကဏ္ဍကိုအလေးထားတဲ့ ကုန်သွယ်ရေးအဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံကိုလာတာလို့ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ ရိုဟင်ဂျာတို့ သင့်မြတ်လာရင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်တဲ့အကြောင်း၊ အမုန်းတရားတွေပျောက်ကွယ်လို့ အတူတကွအလုပ်တွေလုပ်နိုင်ပြီး လူသားချင်းစာနာထောက်ထားမှုတွေပါ ရရှိလာမယ့်အကြောင်းလည်း ပြည်တွင်းသတင်းမီဒီယာတွေကို ပြောကြားပါတယ်။

ဗြိတိန်သံအမတ်ကြီး Mr. Heyn နဲ့ ဗြိတိန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr. Hugo Swire တို့ဟာ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ အခြေချနေထိုင်တဲ့ ဘင်္ဂါလီလူမျိုးတွေအရေးနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာရှိတဲ့ နိုင်ငံရေးပါတီ ၃ ခုက တာဝန်ရှိသူတွေနဲ့ စစ်တွေမြို့ နိုဗယ်ဟိုတယ်မှာ မနေ့ မနက်(၁၁) နာရီမှာ သီးသန့် ဆွေးနွေးခဲ့ပါတယ်။

Copy From RFA
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

မန္တလေးမြို့က ဂဠုန်နီ ဆရာတော်ရဲ့ ငွေငါး ကျောင်းတိုက်မှာ မနေ့က ကျင်းပခဲ့တဲ့ လက်ပန်းတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုအတွင်း ဒဏ်ရာရသံဃာတော်တွေကို အစိုးရက ၀န်ချတောင်းပန်တဲ့ပွဲနဲ့ ပတ်သက်လို့ မန္တလေးမြို့က ဦးဆောင်သံဃာတော်တွေ ဒီကနေ့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပြီး၊ သံဃာထုရဲ့ တောင်းဆိုထားချက် အားလုံးကို အာဏာပိုင်တွေဘက်က ဖြည့်ဆည်းေ
ဆာင်ရွက်ပေးမှု ရှိ၊ မရှိ စောင့်ကြည့်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့တောင်းဆိုချက်(၃)ချက်ထဲက ပထမဆုံးအချက် ကိုပဲလိုက်လျောမှုရသေးတာဖြစ်ကြောင်း၊ကျန်နှစ်ချက်ဖြစ်တဲ့ သပိတ်စခန်းအကြမ်းဖက်ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကိုအရေးယူပေးရေးနဲ့ လက်ပန်တောင်းတောင်အရေးကြောင့် ဖမ်းဆီခံရသူတွေကိုခြွင်းချက်မရှိ လွှတ်ပေးရေး စတဲ့တောင်ဆိုချက်တွေအပေါ် စုံစမ်းရေးကော်မရှင်ရဲ့လုပ်ဆောင်ချက်နဲ့ အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေကို ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း သံဃာတော်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင်သံဃာတော်တွေရဲ့ဆန္ဒပြပွဲမှာ ၀န်းရံလိုက်ပါခဲ့လို့ အဖမ်းခံရသူ(၄)ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကိုလည်း သံဃာတော်တွေက တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲကိုဂဠုန်နီဆရာတော်ဦးကာဝိယ၊ဘ၀အလင်းဆရာတော်တွေဖြစ်တဲ့ဦးသောဘိတ၊ ဦးဥတ္တမသာရ အပါအ၀င်ဦးဆောင်ဆရာတော်(၁၂)ပါး၊ အထက်ဗမာပြည်ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်တွေတက်ရောက်ကြပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာဘဲ အထက်ဗမာပြည်ဗကသများအဖွဲ့ချုပ်က တရားမျှတမှု မရှိတဲ့ပုဒ်မ(၁၈)ကိုပြင်ပေးရေး၊ ဖမ်းဆီးခံထားရတဲ့ကျောင်းသားခေါင်းဆောင်တွေနဲ့တခြားအဖွဲ့အစည်းတွေက ရဲဘော်တွေကိုချက်ခြင်းလွှတ်ပေးရေး၊ တရားမဲ့ဖမ်းဆီးမှုနဲ့ဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နှင်းမှုတွေကို မကျူးလွန်ရေး၊ စီတန်းလှည်လည်မှုကြောင့်တရားစွဲခံရသူတွေ၊ တိမ်းရှောင်နေသူတွေအပေါ် တရားစွဲထားတာတွေကို အမှုပိတ်သိမ်းပေးရေး အချက်တွေပါဝင်တဲ့ သဘောထားကြေငြာချက်ကိုလည်း ဒီကနေ့ ဖြန့်ဝေခဲ့ပါတယ်။

အထက်ဗမာပြည်ဗကသများအဖွဲ့ချုပ်အနေနဲ့ စီတန်းလှည့်လည်မှုဥပဒေ ပုဒ်မ(၁၈)ကိုလုံးဝဖျက်သိမ်းတဲ့အထိ
ဆက်လက်တိုက်ပွဲဝင်သွားကြမယ်လို့လည်း သိရပါတယ်။


Copy From RFA Burmese
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

165
မိုဘိုင်းဟန်းဆက်ဈေးရောင်းပွဲတစ်ခုမြင်ကွင်း
ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဆင်းကတ်များကို ကျပ်တစ်သိန်းခွဲဖြင့် ရောင်းချခြင်းများရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ယင်းသို့ ရောင်းချရာတွင် မိမိအမည်ပေါက်မဖြစ်ဘဲ ဖုန်းစာချုပ်တွင် အခြားသူအမည်ဖြင့် ရှိနေမည်ဖြစ်သော်လည်း ၎င်း၏မှတ်ပုံတင်မိတ္တူပါ ပူးတွဲပါဝင်ပြီး လိုအပ်သောကိစ္စများကို ဆောင်ရွက်နိုင်မည်ဟု သိရသည်။
“လှည်းတန်းက ဆိုင်တစ်ဆိုင်မှာ ဂျီအက်စ်အမ်ဆင်းကတ်တွေကို ကျပ်တစ်သိန်းခွဲနဲ့ ရောင်းတယ်။ အဲဒီ ဆိုင်က ဟန်းဆက်ကိုဝယ်မှ ကျပ်တစ်သိန်းခွဲနဲ့ ၀ယ်နိုင်ပြီး ဟန်းဆက်မ၀ယ်ရင်တော့ ကျပ် ၁၆၀၀၀၀ ပါ။ WCDMA ဆင်းကတ်တွေကိုတော့ ကျပ်နှစ်သိန်းခွဲနဲ့ပဲ ရောင်းတယ်။ ကိုယ့်အမည်ပေါက် မဖြစ်တာကလွဲရင် မှတ်ပုံတင်မိတ္တူ ပါလာလို့ အင်တာနက် လျှောက်ချင်တာပဲဖြစ်ဖြစ် လုပ်ဆောင်လို့ ရနိုင်တယ်လို့ ပြောပါတယ်။ နံပါတ်ကတော့ ၄၂၀ နဲ့စပြီး ရန်ကုန်နံပါတ်လို့ ဆိုပါတယ်” ဟု ဂျီအက်စ်အမ်ဆင်းကတ် စုံစမ်းဝယ်ယူ ခဲ့သူတစ်ဦးက ပြောပြသည်။
“ဒီရက်ပိုင်းမှာ ဆင်းကတ်ဝယ်လိုအားက ခပ်ပါးပါးပဲ။ ပုံမှန် ရောင်းဈေးကတော့ ကျပ် ၂၀၅၀၀၀၊ ကျပ် ၂၁၀၀၀၀ နဲ့ ရောင်းကြပါတယ်။ လုံးဝမရောင်းရတာမျိုးတော့ မဟုတ်ဘူး။ အရင်ကထက်စာရင်တော့ သိသိသာသာပါးတယ်။ အရင်တစ်ရက်ကို သုံးကတ်လောက် ရောင်းရတယ်ဆိုရင် အခုက တစ်ပတ်ကိုမှ သုံးကတ်လောက်ရောင်းရတာမျိုးပါ” ဟု 09 Mobile မှ တာဝန်ရှိသူက လက်ရှိဈေးကွက် အခြေအနေကို ပြောပြခဲ့သည်။
၂၀၁၃ နှစ်ဆန်းပိုင်းတွင် ယခုဈေးနှုန်းထက် လျော့နည်းသော ဆင်းကတ်များကို ရောင်းချပေးနိုင်ရန် စီစဉ်မှုများရှိနေပြီး ကျပ်တစ်သိန်းခွဲအောက်ထိ လျော့နည်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက ပြောကြားထားခဲ့ သည်။            


Copy From Eleven Media Group Web page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

မြန်မာ့လေကြောင်းမှ ၀ယ်ယူထားသော EMBRAER 190 လေယာဉ်သစ်တစ်စီးသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် လက်ရှိအသုံးပြုနေသည့် သက်တမ်းရင့် လေယာဉ်များနေရာတွင် လေယာဉ်သစ်များ အစားထိုးပျံသန်းပြေးဆွဲရန် ဆောင်ရွက်လျက်ရှိပြီး ပထမဆုံးအနေဖြင့် EMBRAER 190 လေယာဉ်သစ်နှစ်စီးအား အမေရိကန်နိုင်ငံ GE Capital Aviation Services ကုမ္ပဏီမှ အငှားဝယ်ယူသည့် စနစ်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
''EMBRAER 190 လေယာဉ်က ခရီးသည် ၁၀၀ တင်ဆောင်နိုင်မှာဖြစ်ပြီး ပြည်တွင်းခရီးစဉ်တွေအပြင် ဗုဒ္ဓဂါယာ၊ ချင်းမိုင်မြို့တွေကိုပါ ခရီးစဉ်တွေ ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ စင်းလုံးငှား ခရီးစဉ်တွေကိုလည်း လက်ခံပေးသွားဖို့ ရှိပါတယ် '' ဟု မြန်မာ့လေကြောင်းမှ အထွေထွေမန်နေဂျာ ဦးသန်းထွဋ်က ပြောပါသည်။
ယခုရောက်ရှိလာသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များသည် Air-Bus A 320 လေယာဉ်များထက် ထိုင်ခုံနေရာ ကျယ်ဝန်းခြင်း၊ လေယာဉ်အပိုပစ္စည်းဈေးနှုန်း သက်သာခြင်းနှင့် လေယာဉ်ပျံသန်းမှု သမိုင်းတွင် မတော်တဆ ထိခိုက်မှု တစ်ကြိမ်တည်းသာ ဖြစ်ခဲ့ခြင်း စသည့်အချက်များကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လေကြောင်းလိုင်းများမှ ၀ယ်ယူရန် စိတ်ဝင်စားလာကြောင်း သိရသည်။
မြန်မာ့လေကြောင်းအနေဖြင့် ရောက်ရှိလာသည့် ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ်နှစ်စီးအား အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၊ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ပြည်တွင်း၌ အသုံးပြုနေသည့်နှစ် ၃၀ ကျော်သက်တမ်းရှိ F-28 လေယာဉ်များနေရာတွင် အစားထိုးပြေးဆွဲသွားမည်ဟု သိရသည်။
မြန်မာ့လေကြောင်းတွင် လေယာဉ်အမျိုးအစား လေးမျိုးဖြစ်သည့် F-28 သုံးစီး၊  ATR သုံးစီး၊ MA-60 သုံးစီး၊ Beech-1900D နှစ်စီး ရှိသည့်အနက် F-28 လေယာဉ်များမှာ သက်တမ်းရင့်လာပြီဖြစ်သဖြင့် EMBRAER190 လေယာဉ်သစ်များဖြင့် အစားထိုးပြေးဆွဲနိုင်ရန် လေယာဉ်သစ်များကို အငှားဝယ်ယူခဲ့ခြင်းဖြစ်သည်။

Copy From Eleven Media Group Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

1913

၂၀၁၃ ဒဂုံရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အမျိုးသား အားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏတွင် စတင်ကျင်းပရာ တတိယတန်း ဒဂုံရွှေအောင်လံ ကွာတားဖိုင်နယ်ပွဲစဉ် လေးပွဲ၊ ဒုတိယတန်း ဒဂုံရွှေအောင်လံ ကွာတားဖိုင်နယ် လေးပွဲနှင့် ပထမတန်း ဒဂုံရွှေအောင်လံ အကြိုဗိုလ်လုပွဲစဉ် တစ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
တတိယတန်း ဒဂုံရွှေအောင်လံ ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ကညောဖိုးက စောထူးဇော်ကို အလဲထိုးအနိုင်ရပြီး ရဲမြင့်အောင်က မိုးသီးကို လည်းကောင်း၊ နိုင်ဝင်းက ကျော်ကြားကို လည်းကောင်း၊ ဒုတိယတန်း ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ထူးထူးက ကျန်စစ်အောင်ကို လည်းကောင်း၊ လုံးချောလေးက ဒေါင်းသည်းခြေကို လည်းကောင်း၊ ဖိုးသားကြီးက ထက်အောင်ဦးကို လည်းကောင်း၊ သပြေညိုက ကညောထူးကို လည်းကောင်း အနိုင်ရရှိသွားသည်။ ပထမတန်း ဒဂုံရွှေအောင်လံ အကြိုဗိုလ်လုပွဲစဉ်တွင် တွေ့မရှောင်က အီရန်မှ မာဆွတ်ကို ဒုတိယအချီတွင် အလဲထိုး အနိုင်ရရှိခဲ့သည်။ တွေ့မရှောင်အနေဖြင့် ပထမအချီမှစ၍ လက်ရည်အသာစီးဖြင့် ယှဉ်ပြိုင်နိုင်ခဲ့ပြီး အီရန်လက်ဝှေ့သမား မာဆွတ်မှာ ထိထိရောက်ရောက် တုန့်ပြန်နိုင်မှု မရှိခဲ့သည်ကို တွေ့ရသည်။  ဒုတိယအချီ (၁) မိနစ်တွင် မာဆွတ် အမှတ်စဉ်ရေတွက်ခံခဲ့ရပြီး ဒုတိယအချီ ၁ မိနစ် ၄၅ စက္ကန့်၌ တွေ့မရှောင်၏ ၀ိုက်လက်သီး တွဲလုံးများကြောင့် အလဲထိုးခံရပြီး အရှုံးပေးခဲ့ရခြင်းဖြစ်သည်။


Copy From Eleven Media Group Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

လင်းလင်း

ချစ်သုဝေ



ဖြူဖြူကျော်သိန်း

Jason Mraz with Phyu Phyu Kyaw Thein


Slot Machine Band's Performance 

Jason Mraz's  Performance


 





လူကုန်ကူးမှု တားဆီကာကွယ်ရေး ဗဟိုအဖွဲ့နှင့်MTV EXIT တို့မှ
ပူးပေါင်း၍ လူကုန်ကူးမှု အန္တရာယ် အသိပညာပေးတေးဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၆ရက်နေ့က ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့ကာ ကမ္ဘာကျော်အဆိုတော် Jason Mraz နှင့်
Slot Machine တို့လာရောက်ဖျော်ဖြေခဲ့ပြီး မြန်မာပြည်မှ နိုင်ငံကျော်အဆိုတော်ဖြစ်ကြသော ဖြူဖြူကျော်သိန်း၊ ချစ်သုဝေ၊ လင်းလင်းနှင့် Rဇာနည်တို့မှလည်း ပါဝင်ဖျော်ဖြေခဲ့သည်။ ထိုပွဲမှာ Free Show လည်းဖြစ်တာနဲ့ အညီ အထူးလူစည်ကားခဲ့ကြောင်း ရင်ပြင်အပြည့်လာရောက်ကြည့်ရှုခဲ့ကြကြောင်းလဲ သိရှိရသည်။ ဓာတ်ပုံများမှာ ပေါ်ပြူလာနယူးစ် ဖေ့ဘုတ်မှ ဖြစ်သည်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati



မြန်မာလူမျိုးတို့၏ ဗီဇ စိတ်ရင်းသည် အလွန် ယဉ်ကျေးသည်။ ရိုးသားသည်။ သနားကြင်နာ တတ်သည်။ ရိုင်းပင်းကူညီ တတ်သည်။

ှူဒါန်းချင်သည်။ ပေးကမ်း စွန့်ကြဲချင်သည်။ လမ်းဘေးမှာ အရိပ်ရ သစ်ပင် စိုက်သည်။ သောက်ရေချမ်းစင် တည်သည်။

သာလာယံဇရပ် ဆောက်သည်။ ရေတွင်းတူးသည်။ စတုဒီသာ ကျွေးသည်။ ဒီလို လုပ်တာတွေဟာ မိမိ၏ကိုယ်ကျိုးအတွက် မဟုတ်၊ အယုတ်အလတ် အမြတ်မရွေး လူသားအားလုံး အတွက်သာဖြစ

်သည်။ မြန်မာတို့၏ ဗီဇစိတ်ရင်းသည် အလွန်ကောင်းသည်။ မွန်မြတ်သည်။

မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု စရိုက်တွေထဲက လမ်း ဘေးမှာ အရိပ်ရ သစ်ပင် စိုက်ခြင်း၊ သာလာယံ ဇရပ် ဆောက်ခြင်း၊ ရေတွင်းတူးခြင်း၊ ရေကန် တူးခြင်းတွေသည် လူသားတွေ အတွက် သာမက တိရစ္ဆာန်တွေ အတွက်ပါ ရည်ရွယ်တာဖြစ်သည်။ လူသား နှင့် သတ္တဝါများ အရိပ်ခို နားကြပါစေ၊ ရေသောက်ကြပါစေ ဆိုသည့် ရည်ရွယ်ချက်ဖြစ်သည်။

ဒီစေတနာကို နက်နက်နဲနဲ ခံစား နားလည် ကြည့်ပါက ပြုလုပ် တည်ဆောက်သူတို့၏ စိတ်ရင်း စေတနာကို သိ နိုင်သည်။ အလွန်လေးစား ကြည်ညိုစရာ ကောင်းသည်။

ကျွန်တော်ငယ်ငယ် အရွယ်၊ လွန်ခဲ့သည့် နှစ်ပေါင်း ခြောက် ဆယ်ကျော်က ကျွန်တော်တို့ ဒေသမှာ တစ်နေရာမှ တစ်နေရာသို့ ခရီး သွားလျှင် ခြေလျင်သွားကြရသည်။ အဆင့်အမြင့်ဆုံး ယာဉ်ရထားက နွားလှည်းဖြစ်သည်။ အင်္ဂလိပ်မင်း ဖောက်လုပ် ခဲ့သည့် မော်တော် ကားလမ်းသည် ရောင်စုံသူပုန်တို့ အုပ်စိုးရာ နယ်မြေအတွင်း ကျ ရောက်နေသည့်အတွက် မော်တော်ယာဉ် အသွားအလာ မရှိတော့ဘဲ နွားလှည်းပဲ သွားလို့ရသည့် လမ်းဖြစ်ခဲ့သည်။

အဲဒီလမ်းကိုပဲ ဒေသခံ ရဟန်းရှင်လူ ပြည်သူများ အသုံးပြုခဲ့ကြရသည်။ မြို့ကိုသွားကြသည့် ဈေးရောင်း ဈေးဝယ်၊ ကျွဲ၊ နွားကုန်သည်နှင့် အလှူအတန်းပွဲလမ်း သဘင်က ပင့်ဖိတ်လို့ကြွကြသည့် ရဟန်းသံဃာတော်များပါ ခြေ လျင်ကြွကြရသည်။

အမြော်အမြင် ကြီးမားသည့် အင်္ဂလိပ်မင်း အစိုးရနှင့် ရှေးခေတ် မြန်မာလူကြီးများက လမ်းဘေး ဝဲယာမှာ အရိပ်ရ သစ်ပင်ကြီးတွေ စိုက်ခဲ့ကြသည်။ ကုက္ကိုပင်ကြီးတွေ၊ ပိတောက်ပင်ကြီးတွေ ဖြစ်သည်။ အသီးနှင့် အပွင့်ပါ စားသုံးလို့ ရသည့် သရက်ပင်ကြီးတွေနှင့် သော် ကပင်တွေ၊ လက်ပံပင်တွေပါ စိုက်ခဲ့ကြသည်။ ဆောင်းအဝင်၊ နွေ အကူး ရာသီတွေမှာ ရဲရဲနီအောင် ပွင့်ကြသည့် သော်က၊ ပေါက်နှင့် လက်ပံတွေ ကောက်ယူလို့ မကုန်၊ စားသုံးမကုန် ရှိခဲ့ကြသည်။ ဖွေး ဖွေးဖြူသည့် သခွပ်တွေ ပင်လုံးညွတ် ပွင့်ကြသည်။ ခရီးသွား ရဟန်း ရှင်လူများ အရိပ်ခို နားနေလို့ရသည့် သစ်ပင်ကြီးတွေ ရှိခဲ့တာကို မှတ် မိသေးသည်။

ရွာနှင့်ဝေးသည့် နေရာက လမ်းဘေးမှာ သာလာယံ ဇရပ် ဆောက်ထားကြသည်။ အမိုးနှင့် အကာသုံးဖက်သာ ရှိသည့် အဆောက်အအုံဖြစ်သည်။ ပျဉ်ခင်း၊ ပျဉ်ကာပြီး သွပ်မိုးထားသည်။

ခရီးသွားများ အိပ်စက် နားနေလို့ ရအောင်အထိ ရည်ရွယ်ပြီး ဆောက် ပေးထားတာဖြစ်သည်။ ဇရပ်အနီးမှာ ရေချိုတွင်း တူးပေးထားသည်။ ကျောက်ဂွေချပြီး စက်သီးတပ်ကြိုးဖြင့် ဆွဲခပ်လို့ရသည့် ရေပုံးပါ အသင့် ပြုလုပ် ပေးထားသည်။

သာမည စေတနာမဟုတ်၊ မိမိအကျိုး မပါ၊ မောပန်းလာသူတွေ နားကြပါစေ၊ ရေအေးအေး သောက်ကြပါ စေဆိုသည့် စေတနာသာဖြစ်သည်။ မြန်မာဆိုတာ တကယ်စိတ်ရင်း စေတနာ ကောင်းခဲ့သည့် လူမျိုးဖြစ်သည်ဆိုတာကို သက်သေပြခဲ့ သည့် သာဓကတွေဖြစ်သည်။

အဲဒီလို ဗြဟ္မစိုရ် တရားဖြင့် နေထိုင်ခဲ့ကြသည့် မြန်မာလူမျိုး တို့ရဲ့ ကောင်းမွန်တဲ့ ဗီဇစရိုက်တွေကို အာဏာရှင် အုပ်ချုပ်သူ တစ်စု က စနစ်တကျ ဖျက်ဆီးပစ်တာ ခံခဲ့ရသည်။ မိမိတို့ အာဏာတည်မြဲ ဖို့၊ မိမိတို့ ချမ်းသာဖို့ အတွက် ထင်ရာစိုင်းသည့် အုပ်ချုပ်သူ အာဏာ ရှင်က သူလုပ်ချင်တာလုပ်သည့် စီးပွားရေးစနစ်ကို စမ်းသပ် လုပ်ကိုင် ခဲ့သည်။

တိုင်းပြည် ဆင်းရဲပြီး ပြည်သူတွေ စရိုက် ပျက်ခဲ့ရသည်။ ပြည် သူတွေဆင်းရဲပြီး စားဝတ်နေရေး ကျပ်တည်း လာသည့်အခါ အကျင့် စာရိတ္တ ပျက်လာသည်။ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်း စား၊ ဘယ်သူသေသေ ငတေမာလျှင် ပြီးရော စိတ်တွေ မွေးလာကြသည်။
မွန်မြတ် ကောင်းမွန်သည့် ဗီဇစရိုက်တွေကို ဖျက်ဆီး ခံလိုက်ရ သည့်အခါ ရိုးသားခဲ့ကြသည့် ပြည်သူတွေဟာ သူခိုး၊ ဓားပြတွေ ဖြစ်လာသည်။

လမ်းဘေးက အရိပ်ရ သစ်ပင်ကြီးတွေ ခုတ်လှဲ ခံရ သည်။ သာလာယံဇရပ်က ပျဉ်ခွာ၊ သွပ်ခွာ၊ တိုင်ချွတ် ယူကြသည်။ ရေချို တွင်းထဲ အမှိုက်ပစ် ထည့်သည်။ စိတ္တသုခ ရေချမ်းစင်က သောက်ရေ အိုးနှင့် သောက်ရေခွက်ကို အိမ်မှာသုံးရန် ယူသွားကြသည်။ ပြည်သူ့ ဝန်ထမ်းတွေက ပြည်သူ့ဝန်ကို မထမ်းတော့ဘဲ တိုင်းပြည်ဘဏ္ဍာကို ခိုးကြသည်။

ပြည်သူ့အသက်နှင့် အိုးအိမ်ကို ကာကွယ်ရမည့် လက် နက်ကိုင်အဖွဲ့က ဓားပြအကြီးစားတွေ ဖြစ်သွားကြသည်။ နှမြောစရာ ကောင်းလိုက်တာ၊ ရှက်စရာ ကောင်းလိုက်တာ၊ တိုင်းပြည်အတွက် နစ်နာလိုက်တာဟု တွေးမိပါသည်။ အစဉ်အလာ ကောင်းခဲ့သည့် မိကောင်းဖခင် သားသမီးတွေနဲ့ ဖွဲ့စည်းထားခဲ့တဲ့ ဝန်ထမ်းအဖွဲ့ အစည်းတွေနှင့် ပြည်သူတွေရဲ့ ဗီဇစရိုက်ကောင်းတွေကို အာဏာရှင် က သူ့အာဏာတည်မြဲဖို့အတွက်၊ သူလုပ်ချင်တာ လုပ်ဖို့အတွက် စနစ်တကျ ဖျက်ဆီးပစ်တာ ခံခဲ့ရသည်။

မိမိအုပ်ချုပ်မည့် တိုင်းပြည်မှာ လူတော်တွေ၊ ပညာတတ်တွေ မရှိမှ တိုင်းပြည်ကို အုပ်ချုပ်ရတာ လွယ်ကူသည် ဆိုသည့် အတွေး အခေါ် ရှိသည့်အတွက် လူတော်တွေ ကိုယ့်တိုင်းပြည်မှာ ကိုယ်မနေ နိုင်အောင် လုပ်ပစ်ခဲ့သည်။ ပညာရေးကို အဆင့်အတန်း မရှိအောင် လုပ်ပစ်လိုက်သည်။ ငါးနှစ်မျှ အသည်းအသန် ကြိုးစားရသည့် ဝိဇ္ဇာ ဘွဲ့ကို ကျောင်းပြေးရင်း သုံးနှစ်မျှ နေရုံဖြင့် ဘွဲ့ပေးလိုက်ပြီး ကျောင်း နှင့် ဝေးကွာသွားအောင် လုပ်ပစ်ခဲ့သည်။ ကျောင်းသားတွေ စုစည်း မရအောင်၊ အလှမ်းဝေးသည့် ဒေသတွေမှာ ပြန့်ကျဲနေအောင် စနစ် တကျ ဆောင်ရွက်ခဲ့သည်။

အစိုးရ ဝန်ထမ်းတွေ နိုင်ငံရေး မလုပ်လျှင်ပြီးရော ကျန်တာ လုပ်ချင်တာလုပ် ဆိုသည့် သဘောဖြင့် လွှတ်ပေးထားပြီး မျက်စိ မှိတ်နေသည်။ အကျင့်ပျက် ဝန်ထမ်းတွေ ဖြစ်အောင် တမင်လွှတ် ကျောင်းထားခဲ့သည်။ စားချင်သလို ဝင်စား၊ ဆွဲစားတာကို သိနေခဲ့ သည်။ ကြည့်နေခဲ့သည်။ နိုင်ငံရေး လုပ်လျှင်ဖြစ်စေ၊ မိမိကိုအာခံ လျှင်ဖြစ်စေ၊ စားမှု၊ ဝါးမှုတွေဖြင့် အရေးယူနိုင်အောင် စနစ်တကျ မှတ်တမ်း တင်ထားပြီးဖြစ်သည်။ အာဏာရှင်ကို အာခံသည့်နေ့မှာ အကျင့်ပျက်မှုဖြင့် အရေးယူ ခံရတော့မည်ဖြစ်သည်။ အကျင့်ပျက်နေ သည့် ဝန်ထမ်းသည် အာဏာရှင် အကြိုက် လိုက်လုပ်ပေးနေရတော့ သည်။

ကျက်သရေ မင်္ဂလာရှိသည့် ဒီမိုကရေစီ နိုင်ငံရေးအရုဏ်ဦး ကာလမှာပင် မြန်မာတို့၏ မွန်မြတ် ကောင်းမွန်သည့် ဗီဇစရိုက်တွေ ငုပ်လျှိုးနေရာမှ ခေါင်းထောင်ထလာပြီဟုယူဆရသည့် မင်္ဂလာ သတင်းတစ်ပုဒ်ကို ကြားသိ လိုက်ရသည်။ မြန်မာ့စိတ်ရင်းက ဒီ အတိုင်းသာ ဖြစ်သည်လို့ ယုံကြည်သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် ကြာသပတေးနေ့ နံနက် က မလွှကုန်းဘူတာပလက်ဖောင်းပေါ်မှာ အသက် ၁၉ နှစ်သာရှိ သေးသည့် မခင်သန္တာဌေးကလေးမီးဖွားသည်။ ခင်သန္တာဌေးသည် ဆင်းရဲနွမ်းပါးသူဖြစ်သည်။ အဘွားအိုနှင့်အတူနေရသူဖြစ်သည်။ ခင်ပွန်းကလည်း နေ့စေ့လစေ့ဗိုက်ကြီးသည်ဇနီးကိုထားခဲ့ပြီး ပိုက်ဆံ ရှာဖို့ ခရီးထွက် နေရသည်။ ဗိုက်ကြီးသည်ကလည်း ကြုံရာကျပန်း လုပ်ပြီး ပိုက်ဆံရှာရန် သွားဖို့ အတွက် ရထား စောင့်နေစဉ် ဗိုက်နာ လာတာ ဖြစ်သည်။

ဗိုက်ကြီးသည် မိန်းကလေး ဗိုက်နာလို့ ငိုညည်း နေသည့်အခါ ခရီးသည် အမျိုးသမီးတွေနှင့် ဈေးသည် အမျိုးသမီးတွေက ဝိုင်းအုံ လာကြပြီး ဖေးမ ကူညီကြသည်။ ကလေးထွက်ချင်လို့ ရေမြွှာပေါက်ပြီ ဆိုသည့်အခါ ရရာ အဝတ်တွေဖြင့် ပတ်ကာပြီး မီးနေခန်းလေးဖြစ် အောင် ပလက်ဖောင်းပေါ်မှာပင် လုပ်လိုက်ကြသည်။ အတွေ့အကြုံ ရှိသည့် ဈေးသည် ဒေါ်မြမြကြည်က ဦးဆောင်ပြီး မခင်သန္တာဌေး၏ သမီးဦးလေးကို မွေးဖွားပေးလိုက်ကြသည်။ ဘူတာရုံက လက်မှတ် ရောင်း ဝန်ထမ်း ကိုနိုင်ဝင်းက ကရုဏာကြေး အလှူခံရာ ခရီးသည် တွေနှင့် ဈေးသည်တွေက ထည့်ဝင် လှူဒါန်းကြတာ ၅၃၀၀၀ ရသည်။ မိခင် မခင်သန္တာဌေးနှင့် မွေးကင်းစ သမီးလေးတို့ကို အိမ်တိုင်ရာရောက် လိုက်ပို့ လိုက်ကြသည်။ အဲဒါမြန်မာ့စိတ်ရင်းဖြစ်သည်။

မြန်မာလူမျိုးတို့၏ ပင်ကို စိတ်ရင်းကောင်း၊ ဗီဇစရိုက်ကောင်း တွေသည် အာဏာရှင်၏ စနစ်တကျ ဖျက်ဆီးခြင်း ခံရလို့ နှစ်ပေါင်းငါးဆယ်မျှ ပျက်စီး နေခဲ့ရသော်လည်း ဒီမိုကရေစီ အနံ့အသက် ရလာသည်နှင့်တစ်ပြိုင်နက် သက်ဝင် လှုပ်ရှားလာတော့သည်။ သင်း သတ်ခံထားရသည့် မြန်မာ့စိတ်ရင်းကောင်း၊ ဗီဇစရိုက်ကောင်းတွေ ခေါင်းထောင်ထလာပြီး မသေသေးဘူး ဆိုတာကို မခင်သန္တာဌေး၏ အဖြစ်က သက်သေ ပြလိုက်တာဖြစ်သည်။

မြန်မာနိုင်ငံကို တစ်ခါမျှ မလာဖူးသည့် အမေရိကန် သမ္မတ လာတော့မည် ဆိုသည့် သတင်းကို ကြားကာမျှဖြင့် မြန်မာတို့၏ စိတ် ရင်းကောင်းတွေပြန်ပေါ်လာတာ များလား လို့တောင် တွေးတော စရာ ဖြစ်နေသည်။

သမ္မတအိုဘားမား မရောက်မီ လေးရက်အလိုမှာ မခင်သန္တာဌေး ကိစ္စ ပေါ်ပေါက် ခဲ့တာဖြစ်သည်။

တိုက်ဆိုက်မှု ဖြစ်နိုင် သော်လည်း နှစ်ပေါင်းငါးဆယ်မျှ သင်းသတ် ခံခဲ့ရသည့် မြန်မာ့ဗီဇ စိတ်ရင်း မသေသေးတာ ကတော့ သေချာသည်။

အဏ္ဏဝါစိုးမိုး

Copy From The Voice Weekly Facebook Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသည့် ဒေသများတွင် ပါဝင်သော ရှမ်းပြည်နယ် အရှေ့ပိုင်း၌် ဘိန်းခင်းများ စတင် ဖျက်ဆီးပြီ ဖြစ်ကြောင်း မိုင်းဆတ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က The Voice Weekly သို့ ပြောကြားသည်။


“တပ်မတော်က လုံခြုံရေး လိုက်ပြီး ဖျက်ဆီး နေတာပါ။ ဖျက်ဆီးတဲ့ စာရင်းကို တရားဝင် ထုတ်ပြန်မှာ ဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။

မိုင်းဆတ် ခရိုင် အတွင်းရှိ ဘိန်းခင်းများကို မူးယစ် ဆေးဝါနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ကာကွယ် တားဆီးရေး အဖွဲ့၊ ဌာနဆိုင်ရာ များနှင့်ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ ပါဝင်သော အဖွဲ့ ၁၂ဖွဲ့ဖြင့် သွားရောက် ဖျက်ဆီးခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။ ထော့ထမ်မိုင် ကျေးရွာမှ ဒေသခံ တစ်ဦးကမူ “ဒီနှစ်တော့ ဘိန်းအထွက် နည်းနိုင်တယ်။ မိုးရွာတော့ ဘိန်းခင်း တော်တော်များများ ပျက်စီး တယ်လို့ ကြားတယ်” ဟု ဆိုသည်။

မြန်မာ နိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ ဒုတိယ ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံအဖြစ် ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာ ရုံး၏ အစီရင် ခံစာတွင် ဖော်ပြ ထားသည်။ မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသော ဒေသ များမှာ ရှမ်းပြည်နယ် ၏ အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ကချင်ပြည်နယ် ဖြစ်ကြပြီး ၉၀ ရာခိုင်နှုန်းမှာ ရှမ်းပြည်နယ်တွင် စိုက်ပျိုးခြင်း ဖြစ်သည်ဟု အစီရင် ခံစာတွင် ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံသည် ဘိန်းတန်ချိန် ၆၁၀ တန်ချိန်မှ ၆၉၀ တန်ချိန် တိုးမြှင့် ထုတ်လုပ် ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၅၉ သန်းဖိုး ထုတ်လုပ် ခဲ့သည်ဟုလည်း ပါရှိသည်။

မင်းဇော် (မိုင်းတုံ)


Copy From The Voice Weekly Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


ကျွန်မ မငိုဘူးလို့ သူတို့ပြောကြတယ်။ မျက်ရည်ကလည်း အတုတွေပါတဲ့။ တောင်အမေရိကတိုက်က တောနက်တစ်နေရာမှာ ကျွန်မ မင်းမူကျက်စားတယ်။ ကျွန်မက ခွန်အားဗလပြည့်စုံတဲ့ မိကျောင်းတစ်ကောင်ပါ။ ကျွန်မဘာဖြစ်လို့ ငိုရမှာလဲ?

အမှောင်ထဲကနေ ကျွန်မအမြဲလန့်လန့်နိုးတယ်။ ညတိုင်းမက်တဲ့အိပ်မက်ထဲကနေ ကျွန်မ လန့်နိုးတယ်။ အိပ်မက်ထဲမှာ ကျွန်မ အင်အားမဲ့နေတယ်။ မျက်လုံးတွေ ဖျော့တော့နေတယ်။ ကိုယ်လက်တွေ လှုပ်ရှားလို့မရဘူး။

ကျွန်မကိုမွေးဖွားပြီး သိပ်မကြာခင်မှာ အမေနဲ့အတူ စွတ်စိုတဲ့ကမ်းစပ်တလျှောက် ကျွန်မတွားသွားနေခဲ့တယ်။ အဲဒီအချိန်က မနက်ခင်းဆိုတာကို ကျွန်မကောင်းကောင်းမှတ်မိနေတယ်။ နေရောင်ခြည်ကြောင့် လက်လက်ထနေတဲ့ အေးစိမ့်စိမ့်ချောင်းရေတွေက ကျွန်မကိုယ်ပေါ်ဖြတ်စီးနေတယ်။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ ကျွန်မနစ်မျောနေမိတယ်။

ကျွန်မက အမေရဲ့အငယ်ဆုံးကလေးပါ။ ကျွန်မကို အစာပေးတယ်၊ နေရာအနှံ့ခေါ်လည်တယ်ဆိုပေမယ့် အမေဘယ်တော့မှ မပြုံးဘူး။ တစ်ခါတလေ အမေမျက်လုံးထဲမှာ နူးညံ့သိမ်မွေ့တဲ့ အရိပ်အယောင်တွေ စွန်းထင်နေတတ်တယ်။ ဒါတွေဟာ အမေ့မျက်လုံးကို ပိုလှစေတယ်။ ဒါပေမယ့် အဲဒီသိမ်မွေ့မှုတွေက လျှပ်တစ်ပြက်အတွင်းမှာ ပျောက်သွားတတ်ပြီး "ဒီလောကကြီးမှာ အားနွဲ့သူရဲ့အသားကို အားသန်သူစားဆိုတဲ့ စကားတစ်ခွန်းရှိတယ်။ အင်အားကြီးသူ အသက်ရှင်စတမ်းဆိုတဲ့ ဥပဒေတစ်ခုရှိတယ်" လို့ အမေပြောတယ်။

ဒါကြောင့် အားနွဲ့သူ မဖြစ်ရဘူး။

အဲဒီနေ့မနက်က ကျွန်မတို့ အတိုက်ခိုက်ခံလိုက်ရတယ်။ ချောင်းအကွေ့တစ်ခုမှာ အမေက ကျွန်မကိုရှေ့ဆက်သွားဖို့ အမိန့်ပေးတယ်။ အမေ့စကားကို ကျွန်မနားထောင်ပြီး ရှေ့ဆက်သွားတယ်။ စကျင်ကျောက်တွေကြောင့် ကျွန်မဗိုက်သားတွေ စူးပြီးနာနေတယ်။ ရှေ့ဆက်မသွားချင်လို့ ရပ်လိုက်ပြီး အမေ့ကို ကျွန်မလှည့်ကြည့်လိုက်တယ်။ အမေကနောက်ပြန်လှည့်ပြီး ဆုတ်ခွါဖို့ပြင်နေတာကို ကျွန်မတွေ့လိုက်တယ်။ အမေ့ကိုကြည့်ပြီး ကျွန်မနားမလည်ဘူး။ ကိုယ်ကိုအမြန်လှည့်ပြီး အမေနောက်အမီလိုက်ဖို့ ကျွန်မစဉ်းစားလိုက်တယ်။

ရုတ်တရက် ကျွန်မခါးကနေ ကိုင်မြောက်ခံလိုက်ရတယ်။ ထက်မြက်တဲ့သွားတွေက သိပ်မမာသေးတဲ့ ကျွန်မအခွံထဲတိုးဝင်လာတယ်။ ကျွန်မရုန်းမိတယ်။ အမြီးနဲ့ရေပြင်ကို ကျွန်မရိုက်ပြီးရုန်းမိတယ်။ အမေက ကျွန်မကို နောက်ပြန်လှည့်ကြည့်တယ်။ အမေ့မျက်လုံးထဲမှာ ပြတ်သားတဲ့အရိပ်တွေ ပြည့်နေတယ်။ အမေပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ကျွန်မရုတ်တရက် သတိရလိုက်မိတယ်။ ကျွန်မတို့မိကျောင်းမိသားစုမှာ ကိုယ့်အသက်ရှင်ဖို့ ကိုယ့်သားသမီးတွေကိုလည်း စွန့်လွှတ်နိုင်ရသတဲ့...

ကျွန်မ မျက်လုံးအိမ်ကမျက်ရည်တွေ ပန်းထွက်လာတယ်။ အမေ... အမေ!

ဒီတောနက်ထဲမှာ နောက်ထပ်အင်အားကြီးသူက ကျားသစ်တွေဖြစ်တယ်။ သူတို့ရဲ့ အမူအရာကသိမ်မွေ့ပြီး သွားတွေက ချွန်ထက်တယ်။ မနက်ပိုင်းမှာ သူတို့အစာရှာလေ့ရှိတယ်။ တစ်ခါတလေ မိကျောင်းလေးတစ်ကောင်ကလည်း သူတို့အတွက် အရသာထူးတဲ့မနက်စာဖြစ်တယ်။

ကျွန်မကိုဖမ်းတဲ့ကျားသစ်က ကျားသစ်မတစ်ကောင်ပါ။ ကျွန်မ မကြောက်မိဘူး။ ကျွန်မကိုထားပြီး အမေ နောက်ပြန်လှည့်သွားတဲ့အချိန်ကစပြီး ကျွန်မ ဘာကိုမှ မကြောက်တော့ဘူး။ ကျွန်မကို ကျားသစ်လေးတွေရှေ့ ကျားသစ်မ ပစ်ပေးလိုက်တဲ့အချိန် ကျားသစ်မကို ကျွန်မနှစ်သက်သွားမိတယ်။ အမေလည်း ကျွန်မကို အစာတွေကျွေးဖူးပါတယ်။ ဒါပေမယ့် ဒီလို သိမ်သိမ်မွေ့မွေ့ မရှိခဲ့ဖူးဘူး။

ကျားသစ်လေးတွေကို လျာနဲ့လျှက်ပြီး မနက်စာစားဖို့ ကျားသစ်မက ညင်ညင်သာသာခေါ်နေတယ်။ ကျားသစ်လေးတွေက ကျွန်မဘက်ကို ဦးတည်လာနေတယ်။ ဦးခေါင်းထိပ်မှာ ထောင့်ရှစ်ထောင့်ရှိတဲ့နေမင်းလို ထူးခြားတဲ့ပန်းကွက်ပါတဲ့ ကျားသစ်ငယ်လေးတစ်ကောင်က ကျွန်မအနားနားကပ်ပြီး ကျွန်မကိုကြည့်တယ်။ ကျွန်မစိတ်ထဲမှာ "စားပါ.. စားပါ.. မင်းသိပ်ကံကောင်းတယ်။ မင်းမှာ မင်းကိုချစ်တဲ့ အမေရှိတယ်။ ငါ့မှာ ဘာမှမရှိဘူး။ ငါသေတာပဲကောင်းမယ်" လို့ တွေးနေမိတယ်။

ကျားသစ်လေးက ကျွန်မကိုကြည့်ပြီး ကျားသစ်မကိုမေးတယ်။

"သူဒီလောက် ငယ်တာ... သူ့မေမေရော?"

ပြောပြောဆိုဆို ကျားသစ်လေးက ကျွန်မကို ရုတ်တရက် ရေထဲပစ်ချလိုက်တယ်။ ကျားသစ်မဘေးမှာ ပွတ်သပ်ကျီစယ်ရင်း ရေစီးနောက် မျောသွားတဲ့ကျွန်မကို သူငေးကြည့်နေခဲ့တယ်။

အမေ့အနား ကျွန်မ မပြန်ခဲ့ဘူး။ ရေစီးအတိုင်း နောက်နေရာတစ်နေရာဆီ ကျွန်မစီးမျောခဲ့တယ်။ ကျွန်မ မြန်မြန်ဆန်ဆန် ကြီးပြင်းခဲ့တယ်။ ကိုယ်တိုင်အစာရှာတယ်။ ကိုယ်တိုင်ကာကွယ်စောင့်ရှောက်တယ်။ ဒါပေမယ့် ကျွန်မ အိပ်မက်ဆိုး မကြာခဏမက်တတ်တယ်။ မက်တဲ့အိပ်မက်တိုင်းက ကျွန်မကို အမေစွန့်ပစ်တဲ့ မနက်ခင်းဖြစ်တယ်။ အိပ်မက်ရဲ့အစက လှပတယ်။ အဲဒီနောက် တဖြည်းဖြည်း အကျည်းတန်လာပြီး ဒဏ်ရာတွေ ပြင်းထန်လာတယ်။ အိပ်မက်ဆိုးက လန့်နိုးလာတိုင်း ကျွန်မကိုယ်ကျွန်မ မေးမိတယ်။ ကျွန်မဘာဖြစ်လို့ မိကျောင်းဖြစ်ရတာလဲ?

ကျွန်မလူလားမြောက်ခဲ့တယ်။ ကျွန်မရဲ့ အရေခွံတွေမာကျောပြီး မျက်လုံးတွေစူးရှလာတယ်။ ရက်စက်ကြမ်းကြုတ်လာတယ်။ ဒီရေစီးကြောင်းမှာ ကျွန်မဟာ ဘုရင်တစ်ဆူဖြစ်ခဲ့တယ်။ ကျွန်မမှာ ကျွန်မရင်သွေးလေးတွေရှိတယ်။ မိခင်ကောင်းတစ်ဦးဖြစ်ဖို့ ကျွန်မကြိုးစားခဲ့တယ်။ သူတို့ကိုကျွန်မချစ်တယ်၊ ဂရုစိုက်ကာကွယ်တယ်၊ အန္တရာယ်နဲ့ကြုံခဲ့သည့်တိုင် သူတို့ကိုစွန့်ပစ်ပြီး ကိုယ်တိုင်လွတ်မြောက်ဖို့ ကျွန်မကိုယ်လွတ်ရုန်းမှာ မဟုတ်ဘူး။

မိကျောင်းမိသားစုမှာ မိခင်ကောင်းတစ်ဦးရှိတယ်လို့ တောနက်ထဲမှာ သတင်းမွှေးခဲ့တယ်။ ကလေးတွေက ဒီအတွက် ကျွန်မကို ဂုဏ်ယူဝမ်းမြောက်ကြတယ်။

တစ်ည အိပ်မက်ဆိုးကနေ ကျွန်မလန့်နိုးလာတဲ့အချိန် အနီရောင်အလင်းတန်းတစ်ခုကို ကျွန်မတွေ့လိုက်တယ်။ ကလေးတွေကိုနှိုးပြီး နေရာကနေကျွန်မခွါခိုင်းတယ်။ ဒီနေရာက မကြာခင်ပျက်သုန်းတော့မယ်။ ကီလိုမီတာ(၂၀)က တောအုပ်တွေ အဖျက်ဆီးခံလိုက်ရတယ်။ ကီလိုမီတာ(၂၀၀)အပြင်ကတောအုပ်တွေ စိုက်ပျိုးမြေဖြစ်ခဲ့တယ်။

အတော်ကြာ ခရီးဆက်ပြီး အရင်က ကျွန်မနေခဲ့တဲ့နေရာကို ကျွန်မတို့ရောက်လာခဲ့တယ်။ ဒီနေရာမှာလည်း အစာတွေ ခေါင်းပါးနေပြီ။ တိရစ္ဆာန်အများက ဒီထက်နက်ထဲ တောထဲပြောင်းရွေ့သွားကြပြီ။ အသက်ရှင်နေတဲ့တိရစ္ဆာန်တွေကို ကျွန်မတို့မမြင်မိတာ (၂)ရက်ရှိနေပါပြီ။

မနက်ခင်းတစ်ခုမှာ အငယ်ဆုံးကလေးကိုခေါ်ပြီး ကျွန်မအစာရှာထွက်ခဲ့တယ်။ ကံဆိုးစွာနဲ့ ကျွန်မရဲ့မျက်စိရှေ့မှာပဲ ကျားသစ်တစ်ကောင်ရဲ့ အတိုက်အခိုက်ကို သူခံလိုက်ရတယ်။ ရှေ့ကို အမြန်ထိုးတက်ပြီး ကလေးရဲ့အသက်ကိုကယ်ဖို့ ကျွန်မကြိုးစားတယ်။

ရှေ့တက်ပြီး ကျားသစ်ကို ကျွန်မအမြီးနဲ့ ပုတ်ထုတ်မယ့်အချိန် ကျားသစ်ရဲ့ဦးခေါင်းထိပ်က ရှစ်ထောင့်နေမင်းကို ကျွန်မတွေ့လိုက်တယ်။ သူပိန်လှီနေတယ်။ ဗိုက်တွေပြားချပ်နေတယ်။ အစာမစားရတာ တော်တော်ကြာနေပုံရတယ်။ တကယ်လို့ အစာထပ်မရရင် သူသေနိုင်တယ်လို့ ကျွန်မထင်တယ်။ ကျွန်မမှာ သားသမီးတွေအများကြီးရှိတယ်။ ဒီကျားသစ်သာမရှိခဲ့ရင် ကျွန်မမှာလည်း ဒီမိသားစုရှိခဲ့မှာ မဟုတ်ဘူး။

ကျွန်မအကြာကြီး တွေဝေနေတယ်။ နောက်ဆုံး ကျွန်မလှည့်ထွက်လာခဲ့တယ်။ ထောင့်ချိုးတစ်နေရာရောက်တော့ ကျွန်မနောက်ပြန်လှည့်ကြည့်မိတယ်။ ကျွန်မအမြင်တွေ မှုန်ဝါးနေတယ်။ မျက်စိရှေ့ကအရာအားလုံးကို ကျွန်မသဲသဲကွဲကွဲ မမြင်နိုင်တော့ဘူး... ကျွန်မရဲ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ ပြည့်နှက်နေလို့လေ.......


မူရင်းလင့်-- http://book.qq.com/s/book/0/10/10929/47.shtml
Copy From နိုင်းနိုင်းစနေ


--
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


လှိုင်မြို့နယ် (၇)ရပ်ကွက် အတွင်း ဖွင့်လှစ် ထားသည့် ပေါ်ပြူလာ ဖန်စီ စတိုးဆိုင် မှ အသက် (၁၄)နှစ် အရွယ် အလုပ်သမ မိန်းကလေး ငယ်ကို အဓ္ဓမ ပြုရန် ကြံစည်သည့် အိမ်ရှင် အမျိုးသား ကို အမြန်ဆုံး တရား စွဲဆို သွားမည် ဖြစ်ကြောင်း ယင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ချစ်လွင်က ပြောကြားသည်။

အထက်ပါ အဓ္ဓမ ပြုရန် ကြံစည် သူမှာ ဦးဝင်းနိုင် ဖြစ်ပြီး လှိုင

်မြို့နယ် ရဲစခန်း တွင် (ပ) ၆၁၂/၂၀၁၂ ပုဒ်မ ၄၄၇၊ ၃၅၄၊ ၅၀၆၊ ၅၀၉ တို့ဖြင့် ဒီဇင်ဘာလ (၆)ရက် နေ့က အမှုဖွင့် ထားကြောင်း ဒုရဲအုပ် ချစ်လွင် က ပြောကြား သည်။

လက်ရှိ အချိန်တွင် အမှုဖွင့် ထားသူကို လှိုင်မြို့နယ် ရဲစခန်းမှ ဖမ်းဆီး ထားခြင်း မရှိဘဲ အာမခံ ဖြင့် လွှတ်ထား ပေးကြောင်း ယင်းရပ်ကွက် အတွင်း နေထိုင်သူ တို့က တူညီစွာ ပြောဆိုသည်။ ထိုသို့ အဓ္ဓမ ပြုရန် ကြံသူကို အာမခံ ပေးထားခြင်း မှာ မိန်းကလေးငယ် အတွက် အသက် အန္တရာယ် နှင့် သော်လည်းကောင်း၊ ခိုးယူခြင်း ကဲ့သို့သော ဖြစ်ရပ် မျိုးနှင့်သော် လည်းကောင်း ကြုံတွေ့ နိုင်ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့၏ လှိုင်မြို့နယ် ကလေးသူငယ် စောင့်ရှောက်ရေး ကော်မတီမှ ညှိနှိုင်း ဆောင်ရွက်ရေးမှူး က ပြောကြားသည်။

ယင်း ကိစ္စနှင့် ပတ်သက်၍ ဒုရဲအုပ် ချစ်လွင်က “အဓ္ဓမ ပြုရန် ကြံတယ် ဆိုပြီး လာတိုင်တဲ့ အချိန် တုန်းက သူတို့ ဖွင့်ခဲ့တဲ့ အမှုက အာမခံ ပေးလို့ ရတဲ့ အနေအထား မို့ အာမခံ ပေးခဲ့ ရတာပါ” ဟု ဆိုသည်။

အိမ်ရှင် ဖြစ်သူ ဦးဝင်းနိုင်သည် ဆိုင်တွင် အမျိုးသမီးငယ် နှင့် နှစ်ဦးတည်း ရှိသည့် အချိန်များ တွင် ဖက်နမ်းခြင်း၊ ပွေ့ဖက်ခြင်း များကို ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက စတင် ပြုလုပ် ခဲ့ပြီး မိခင်အား တိုင်တန်းခြင်း (သို့မဟုတ်) ရဲအား တိုင်ခြင်းများ ပြုလုပ်ပါက သတ်ပစ်မည် ဟု ခြိမ်းခြောက် ခဲ့ကြောင်း အသက် (၁၄)နှစ် အရွယ် မချစ်ငြိမ်းသွယ် က ၎င်း ကြုံတွေ့ ခဲ့ရမှု များကို ပြောပြ သည်။ အဆိုပါ ချစ်ငြိမ်းသွယ်တို့ သားအမိမှာ ဦးဝင်းနိုင် အား အကြွေးများ ပေးဆပ်ရန် ရှိကြောင်း ရပ်ကွက် အတွင်း နေထိုင်သူ များ ထံမှ သိရသည်။

Copy From The Voice Weekly Facebook Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ဖွံ့ဖြိုးရန် အသင့်ဆုံး နိုင်ငံတွေ ထဲတွင် ပါဝင်သည်မှာ ကြာမြင့် လှပြီး ယခုချိန်ထိ မဖွံ့ဖြိုးသေးသော နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်သည်။ မည်သည့်အခါတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးမည်လဲ။

အောင်မြင်ရန် အလားအလာ အင်မတန်ကောင်းသော နိုင်ငံ အဖြစ် လွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော် ကတည်းက မြန်မာနိုင်ငံ သည် စာရင်းပေါက် အင်းပေါက် ဖြစ်ခဲ့သည်။ လွတ်လပ်ရေး မရမီ၊ ရပြီးစက ရေးသား ထုတ်ဝေခဲ့သော ဖွံ့ဖြိုးရေး၊ နိုင်ငံရေး စာအုပ်များကို ကြည့်လိုက်လျှင် အာရှဒေသမှ အလားအလာ အင်မတန် ကောင်းသော နိုင်ငံဟု မြန်မာနိုင်ငံကို ဟောကိန်း ထုတ်ကြသည်ကို မြင်တွေ့ရမည်။မြန်မာနိုင်ငံသည် မကြာမီ ရှေ့ရောက်လာမည့် နိုင်ငံ၊ ထွန်းပေါက်မည့် နိုင်ငံ။

သို့သော် လွတ်လပ်ရေးပင် ရမည် မကြံသေး။ မမျှော်လင့်ဘဲ ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသည်။ အားလုံး ကြိမ်မီး အုံးသလို ပူဆွေး သောကရောက်ကြ၊ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြသလို၊ တောက်တခေါက်ခေါက် သေနတ်တပြင်ပြင်နှင့် လက်တုံ့ပြန်မည် ဆိုသူ ကလည်း တကဲကဲ။ ပျော်မည်မှ မကြံသေး ရင်ဝ ဆို့စရာ ကြုံရသည် ကိုး။ သို့နှင့် တထိတ်ထိတ် တလန့်လန့်နှင့်ပင် လွတ်လပ်ရေး ရခဲ့သည်။
လွတ်လပ်ရေး ရသည်နှင့် အိမ်ကြက် အချင်းချင်း သဲကြီးမဲကြီး ခွပ်ပွဲကြီး စခဲ့သည်။ အင်္ဂလိပ်နှင့် ဂျပန်ကို တိုက်ရာတွင် ကျောချင်းကပ် ခဲ့သော ရဲဘော်ရဲဘက်တို့၏ သေနတ်ပြောင်းဝများ အချင်းချင်းဘက် သို့ လှည့်ကြပြီ။ အမှန်တွင် လွတ်လပ်ရေး မရခင်ကတည်းက တောခို သည့် အဖွဲ့က တောခိုခဲ့ပြီ။ လွတ်လပ်ရေးလည်း ရရော ခက်ဖွယ်ရယ်ကြုံ လက်နက်ကယ် စုံအညီနှင့်။ ဝါဒ အခြေခံသော အလံဖြူ၊ အလံနီ ကွန်မြူ နစ်များ၊ တောခိုရဲဘော်များ၊ လူမျိုးရေး အခြေခံသော KNDO ကဲ့သို့ အဖွဲ့များနှင့် သိုက်သိုက်မြိုက်မြိုက်။ အလံစုံ၊ အရောင်စုံ လွန်းသော ကြောင့် ရောင်စုံ သူပုန်ဟု ကင်ပွန်းတပ် ရသည်အထိ။

သောင်းကျန်းသူ တပ်များ ရန်ကုန် အနီးတစ်ဝိုက်ကို ထိုးစစ်ဆင်နေပြီး တစ်နိုင်ငံလုံး တွင် အခရာ ကျသောမြို့ကြီးများ ကျကုန် သောကြောင့် ရန်ကုန်မြို့ကို သာ အစိုးရသည့် ရန်ကုန်အစိုးရ (Yangon Government) ဟု နိုင်ငံခြား သတင်းစာများက ထေ့ငေါ့ ခံရသည့် အခြေဆိုက်သည်။နောက်ပိုင်း လက်နက်ကိုင် ဆန့်ကျင်မှုများ တဖြည်းဖြည်း အရှိန်ကျ သွားပြီး တည်ဆောက်ရေးဘက် ဦးလှည့် လာနိုင်လာတော့ နာမည်ကြီး တည်ဆောက်ရေး အကြံ ပြည်တော်သာ စီမံကိန်းနှင့် တိုးပြန်သည်။လူတစ်ကိုယ် တိုက်တစ်လုံး၊ ကားတစ်စီး၊ လခရှစ်ရာ (ထိုစဉ်က လခရှစ်ရာ) ရစေမည် ဆိုသော ဧရာမ ရည်မှန်းချက်နှင့်။ အကြောင်း ကြောင်းကြောင့် ထိုစီမံကိန်းလည်း အကြီးအကျယ် ကျရှုံးကာ ပြည်တော် မသာနိုင်ဘဲ အောင်ဖျာ လိပ်ရသည်။

၁၉၄၈ နှင့် ၁၉၆၂ ကြားကာလကို ရုတ်တရက်ကြည့်လျှင် ရွှေခေတ်ဟု ထင်ရသည်။ ဒီမိုကရေစီရှိ၊ သတင်းစာ လွတ်လပ်ခွင့်လည်း ရှိသည်။ သို့သော် ခေတ်က ပေးလာသော အခွင့်အရေးကို ရအောင်ယူ၊ တိုးတက်အောင် မလုပ်ဆောင် နိုင်ခဲ့ကြ။ ပြည်တွင်း လက်နက်ကိုင် ဆန့်ကျင်မှုများ၊ အာဏာရ ပါတီတွင်း အကွဲအပြဲများကြောင့် နိုင်ငံ တည်ဆောက်ရေးတွင် ချို့ယွင်း ခဲ့သလို နိုင်ငံတွင်း လူသား အရင်းအမြစ် အားနည်းခြင်းကို မကုစား နိုင်ခဲ့သောကြောင့်လည်း ပါသည်။

၁၉၆၀၊ ၇၀၊ ၈၀တို့တွင်လည်း မြန်မာနိုင်ငံသည် အာရှမှ အလားအလာ အကောင်းဆုံး နိုင်ငံများ စာရင်းတွင် ပန်းပန်လျက်။ တော်လှန်ရေး ကောင်စီနှင့် ဆိုရှယ်လစ် လမ်းစဉ် ပါတီ နှစ်ခု ပေါင်းထား သော ထိုကာလ ၁၉၆၂-၁၉၈၈ သည် ဖွံ့ဖြိုးရေး အရ တည်တည် ငြိမ်ငြိမ်နှင့် ထိုးဆင်းနေသောကာလဟု သတ်မှတ်ရမည်။ နိုင်ငံကို တံခါးပိတ် လိုက်ခြင်းကြောင့် အကောင်းရော အဆိုးပါ ဝင်မလာတော့။ အကောင်းဝင်မလာခြင်းကများပြီး ပြည်တွင်းတွင်လည်း တော်သူ အပြတ် ရှင်းဝါဒကြောင့် ကြိုးစားလိုစိတ် ပျောက်ကွယ်ကာ ဘက်ပေါင်းစုံတွင် ချွတ်ခြုံ ကျခဲ့သည်။ ဆိုရှယ်လစ် နိုင်ငံ တည်ထောင်ရေး ဆိုပြီး ဟစ်ကြွေး ခဲ့သော်လည်း ထိုစနစ်မျိုးကိုသာ ဆိုရှယ်လစ် စနစ်ဟု ခေါ်ရလျှင် ဆိုရှယ်လစ် စနစ် နာမည်ပျက် ရရုံသာ ရှိကြောင်း လာရောက် လေ့လာ သွားသော ဆိုရှယ်လစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့က မှတ်ချက် ပြုသွားကြောင်း ကြားခဲ့ရသည်။ အားလုံး သာတူညီမျှ တိုးတက်ရ မည်ဆိုသော ဆိုရှယ်လစ်စနစ်၏ ရည်မှန်းချက်နှင့် တစ်စိတ်တစ်ပိုင်း ကိုက်ညီပြီး လူတန်းစား မညီမျှမှု နည်းသော်လည်း အားလုံး တိုးတက် ခြင်းမဟုတ်၊ အားလုံးမွဲကြရသော ညီမျှမှုမျိုး ဖြစ်နေသည်။ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံများ စာရင်းသို့ ထိုခေတ်တွင်ပင် မြန်မာနိုင်ငံ တရားဝင် ရောက်ရှိခဲ့သည်။

ထိုသို့ဖြင့် ၁၉၈၈ တွင် ဆိုရှယ်လစ် အစိုးရ ဝုန်းခနဲ ဒိုင်းခနဲ ပြုတ်ကျသွားကာ တပ်မတော် အစိုးရ တက်လာသည်။ တံခါးတစ်ဝက် တစ်ပျက် လှစ်ဟလိုက်ရာ စီးပွားရေး နှစ်အနည်းငယ် တက်ခဲ့သော် လည်း နောက်ပိုင်းတန့်ကာ ပြန်လည် ကျဆင်းသွားခဲ့သည်။ စီမံခန့်ခွဲမှု အားနည်းရသည့် အထဲ ပြည်ပမှ အရေးယူ ပိတ်ဆို့မှုများက ဘူးလေးရာ ဖရုံဆင့်၊ နူရာဝဲစွဲ လဲရာသူခိုးထောင်း။ ပညာရေးပိုင်းတွင် လူများများ ပညာသင်နိုင်အောင် (Mass Education) ကြိုးစားမှု မြင်တွေ့ရသော် လည်း အရည်အသွေး ထိုးကျသွားသည်။ ကျန်းမာရေးတွင်လည်း ထိုနည်းလည်းကောင်း။ စီးပွားရေး အခွင့်အလမ်း အချို့ တက်လာသော် လည်း စီးပွားရေး လည်ပတ်ပုံမှာ မူမမှန် ပုံပျက်ပန်းပျက်။ ငွေကြေး ဖောင်းပွမှုမြင့်မား၊ ဈေးနှုန်းများ ကပြောင်းကပြန်၊ စီးပွားရေး ရေခံ မြေခံ ညံ့ဖျင်းသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံမှာမူ အလားအလာ အကောင်းဆုံး နိုင်ငံများထဲတွင် ပါနေဆဲ။

မြန်မာနိုင်ငံ မမောနိုင် မပန်းနိုင် အလားအလာကောင်းများ ဆက်လက် ပိုင်ဆိုင် နေဆဲတွင် မြန်မာလောက် အလားအလာ မကောင်း ဟု အထင်ခံရသော နိုင်ငံများ၊ တန်းတူ အလားအလာကောင်း နိုင်ငံများ သည် ဖြတ်တက်သွားခဲ့ပြီ။ ပြိုင်တူလောက် လွတ်လပ်ရေး ရခဲ့သောတောင်ကိုရီးယားနှင့် ၁၉၆၀ လောက်အထိ မတိမ်းမယိမ်းသာ။ ယခုမူ တောင်ကိုရီးယားကို ယှဉ်တွေးရန် ဝေးစွ၊ ခေါင်းထဲတွင် ထည့်စရာ မလို တော့လောက်အောင် ဟိုးအဝေးကြီးတွင် ရောက်နေခဲ့ပြီ။

၁၉၉၀ ခန့်က ပြိုင်တူနီးနီး တံခါး ဖွင့်ခဲ့သော ဗီယက်နမ် အာရှ၏ ပဉ္စမကျားဟုပင် တင်စားခံနေရပြီ။ ဗီယက်နမ် ဆိုသည်မှာ အမေရိကန်နှင့်ဖြစ်သော စစ်ကြောင့် ကြေမွခဲ့ပြီး သန်းချီသေခဲ့သည်။ ရဲရဲတောက် တပ်နီများနှင့် ကမ္ဘာ့ လူဦးရေ အများဆုံး ကွန်မြူနစ် နိုင်ငံဖြစ်ခဲ့သော တရုတ်နိုင်ငံ ၁၉၈၀ လောက်တွင် စပြောင်းလိုက်သည်မှာ နှစ် ၃၀ လောက်နှင့် နိုင်ငံသား သန်းရာချီပြီး ဆင်းရဲတွင်းထဲမှ ဆွဲထုတ် လိုက်နိုင်သည်။ ခမာနီ မတရား ညှဉ်းပန်း သတ်ဖြတ်သောကြောင့် အပြစ်မဲ့ပြည်သူ တစ်သန်းလောက် သေကျေကာ ပညာတတ် မျိုးဆက် တစ်ဆက် ပျောက်ခဲ့သလို နိုင်ငံ ကြေမွခဲ့သည့် ကမ္ဘောဒီးယား ကဲ့သို့ နိုင်ငံပင် ကျွန်တော်တို့၏ ရှေ့တွင်ရောက်နေပြီ။ လာအိုကဲ့သို့ ကုန်းတွင်းပိတ် နိုင်ငံ ပိစိကွေးပင် ကျွန်တော်တို့ထက် သာသည်။ အဝေးပြေး လမ်းမကြီးများ ဖြောင့်လှဖြူးလှသလို လက်ကိုင်ဖုန်းများကို မြန်မာငွေ သုံးလေးထောင်လောက်နှင့် ကျွန်တော် မှတ်မိသလောက် လွန်ခဲ့သော ခြောက်နှစ် ခုနစ်နှစ်လောက် ကတည်းက ကိုင်နေခဲ့ကြသည်။

၂၀၁၁ တွင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည်။ တဖြည်းဖြည်းနှင့် အရှိန်ရလာပြီး တကယ်ပြောင်းပြီဟု ပြည်တွင်း ပြည်ပ အသိအမှတ် ပြုလာခဲ့သည်။ အလားအလာ အကောင်းဆုံး နိုင်ငံအဖြစ် တစ်ကမ္ဘာလုံးက တစ်ခဲနက် ဟစ်ကြွေး လာကြသလို အူလှိုက်သည်းလှိုက် စိတ်ဝင်တစား ပူးပေါင်း ဆောင်ရွက် ချင်လာ ကြသည်။ စိတ်ပျက် အားလျော့ရသော ဘဝမှ မြန်မာတို့ စိတ်အားတက် ရသည်၊ မျက်နှာပွင့် ဝင့်ကြွား လာနိုင်သည်။ သို့သော် ယခင်ကာလများကဲ့သို့ ”အလားအလာ ကောင်းသည်” နှင့်ပင် ရပ်သွား ဦးမည်လား။ အခွင့်ကောင်းတွေကို ယခင်ကလိုပင် လက်လွှတ် ကြရဦးမည်လား။ ထူးမခြားနား ဇာတ်ခင်းကြဦးမည်လား။

မြန်မာနိုင်ငံတွင် လုပ်ဆောင်စရာများက များပြားလှသည်။ အနှစ်နှစ် အလလက မရှင်းခဲ့သည့် ပြဿနာများ၊ အသစ်မွှေးခဲ့သည့် မီးများ၊ နိုင်ငံတကာတွင် ပြောင်းလဲသွားသော အခြေအနေများကြောင့် ပြဿနာသစ်များ၊ ရည်မှန်းချက် ကြီးကြီးများနှင့် ချက်ချင်းလက်ငင်း နေ့မဆိုင်း ညမဆိုင်း လုပ်ရမည့် အလုပ်များက တောင်လိုပုံ။ လုပ်စရာ တွေက များလှသည့် အထဲ လုပ်မည့်သူ၊ လုပ်နိုင်သူမှာလည်း ပညာရေး ယိုယွင်း ခဲ့သောကြောင့်ရော၊ လူတော် အများအပြား အပြင်ထွက်သွား သောကြောင့်ရော နည်းလွန်း လှသည်။ လူသားရင်းမြစ် မဟုတ်သော ငွေကြေးကဲ့သို့ အရင်းအမြစ်မှာလည်း ပြတ်လပ် နေသည်။

အရင်းအမြစ် ပြဿနာကြောင့် လုပ်ဆောင်စရာ အားလုံးကို တစ်ပြိုင်တည်း မလုပ်နိုင်သည့်အတွက် ဦးစားပေး လုပ်ရမည့်အရာများ ရွေးရဦးမည်။ တစ်ခါ ဦးစားပေးစရာ ရွေးလိုက်လျှင်ပင် ဦးစားပေးများ ကိုယ်တိုင်က အင်မတန်မှ များနေသေးသည်။ ထို့ကြောင့် ဦးစားပေး များ အနက်တွင်မှ အလွန့်အလွန် အရေးကြီးသော ဦးစားပေး အရာများ ကို သေသေချာချာရွေးပြီး အရင်ဆုံး ဆောင်ရွက်ရမည်။ “သစ်တစ်ပင်စိုက်ရန် အကောင်းဆုံး အချိန်မှာ လွန်ခဲ့သော နှစ်နှစ်ဆယ်။ ဒုတိယ အကောင်းဆုံး အချိန်မှာ ယခု” “The best time to plant a tree is twenty years ago. The second best time is now”ဟူသောစကားပုံသည် မြန်မာ့ အခြေအနေနှင့် ကိုက်ညီလှသည်။

မြန်မာနိုင်ငံကို တည်ထောင်ရန် အကောင်းဆုံး အချိန်မှာ လွတ်လပ်ရေးရပြီး စလွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော်က။ ဒုတိယ အကောင်းဆုံး အချိန်မှာ ယခုဖြစ်သည်။ မြန်မာနိုင်ငံသားတို့ စောင့်ဆိုင်း ခဲ့ရသည်မှာ ကြာမြင့်လှပြီ။မြန်မာနိုင်ငံ တည်ထောင်ရန် တတိယ အကောင်းဆုံး အချိန်သို့ မရောက် စေလိုတော့။


Copy From The Voice Weekly Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Join Free