မြို့ကြီးသားတွေ နားဝင်ချိုအောင် ကိုရီးယားကားတွေထဲက တစ်နေ့လုံးအိမ်ပြင်ထွက်ပြီး
အလုပ်သွား၊ ကျောင်းသွားလုပ်ကြတဲ့သူတွေ အိမ်ပြန်ရောက်ကြတဲ့အခါ အိမ်ထဲရောက်တာနဲ့
လူတွေ့တွေ့၊ မတွေ့ တွေ့ ‘ပြန်လာပါပြီ’ လို့ နှုတ်ဆက် လေ့ရှိကြတယ်။ အဲဒီလိုနှုတ်ဆက်ဖို့
ပါးစပ်ကရွတ်ကြည့်တယ်။ ပါးစပ်ဖျားက ၀တ္တရားအရထွက်လာတဲ့ အသံမို့ ပေါ့ရွှတ်ရွှတ်နဲ့
အားမရှိဘူး။ အဲဒါကြောင့် အညာသားပီပီ အားရှိပါးရှိ လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး
‘ပြန်လာပြီဗျို့’ လို့ပဲ ပွဲဦးထွက် နှုတ်ဆက်လိုက်ပါရစေ။

ကိုကိုးကျွန်းက ပြန်ရောက်စ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ‘အလံမလှဲစတမ်း’ ဆိုတဲ့
စာအုပ် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခွင့်ရတော့ ‘၀င်းဇော် ပြန်လာပြီ။ ချောအိမာန်
ပြန်လာပြီ’ လို့ သတင်းစာမှာ ကြော်ငြာခဲ့တယ်။
နှစ်ပေါင်း နှစ်ဆယ်လုံးလုံး ထုတ်ဝေခွင့်မရခဲ့တဲ့
‘အလံမလှဲစတမ်း’ တတိယအကြိမ် ပြန်လည် ထုတ်ဝေခွင့်ရတာနဲ့ မရှေးမနှောင်း လူထုစိန်ဝင်းလည်း
နာလန်ထူစပြုလာပြီမို့ တိုက်ဆိုင်စွာ ‘ပြန်လာပြီဗျို့’ လို့ နှုတ်ဆက်လိုက်ရတာ ဖြစ်ပါတယ်။

စောင့်မျှော်အားပေး မေတ္တာထားကြတဲ့ စာဖတ်သူများအပေါ် တာဝန်မကျေဖြစ်ခဲ့ရတာ
ဒီတစ်ခါ အကြာဆုံးပါပဲ။ မတ်လနောက်ဆုံးပတ်က စပြီးမိုးကမရွာ၊ အပူကလွန်ကဲ၊ မီးကဖြတ်ဆိုတော့
မရှူသာမကယ်သာ အလူးအလဲခံရပြီး အိပ်ရာထဲ လဲပါတော့တယ်။ အပတ်စဉ်လာကြည့်ပေးနေကျ
ဆရာဝန်လေး ဒေါက်တာတင်စံဦး နဲ့ပဲ ခါတိုင်းလိုပြန်ကောင်းသွားမယ် ထင်တာ။ ကောင်းမလာဘူး။
ဧပြီ ၁ ရက် ရွေးကောက်ပွဲ ၀န်းကျင်မှာတော့ လူကတုံးပဲ။ ဘာမှမသိဘူး။ သင်္ကြန်ကျတော့
ဆရာလေးက နှစ်စဉ်သွားနေကျ ရှမ်းပြည်နယ်က ကျေးရွာတွေကို အခမဲ့ဆေးကု ထွက်သွားတယ်။
ဒီမှာ ကယ်တင်ရှင်အဖြစ် ရောက်လာတာက ‘အလဲဗင်းမီဒီယာဂရုပ်’ (EMG) ရဲ့ ဒေါက်တာသိန်းမြင့်ဖြစ်တယ်။
ဆရာက သင်္ကြန်တွင်းကြီးတောင် ရောက်အောင်လာပြီး စောင့်ရှောက်ကုသပေး ရှာတယ်။
ကျေးဇူးအင်မတန်တင်မိပါတယ်။ အဲဒီနောက် နိုင်ငံခြားရောက် သမီးသမားတော်လေးက
ထုံးစံအတိုင်း ဖုန်းဆက်ပြီး ကျန်းမာရေးအကြောင်း မေးတော့ အိမ်ကသမီးက ဖြစ်ကြောင်းကုန်စင်
ပြောပြလိုက်တယ်။ အဝေးက လူက မမြင်ရတော့ ပိုစိတ်ပူပြီး ရန်ကုန်ကသူ့မိတ်ဆွေ
သမားတော်တစ်ယောက်ကို လွှတ်ပေးပြီး ကြည့်စေတယ်။ ဓာတ်မှန်ရိုက်တာ၊ သွေးစစ်၊
သလိပ်စစ်တာ အားလုံးကိုအီးမေးလ် နဲ့ သူ့ဆီပို့ခိုင်းတယ်။ စစ်ချက်တွေ ကိုကြည့်ပြီးတော့
ရန်ကုန်က သူ့မိတ်ဆွေဆရာဝန်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး သောက်ဆေး၊ ထိုးဆေး၊ ရှူဆေး တွေ
ပေးကြမယ်။ မနက်၊ ည ဆေး ထိုးဖို့လည်း ပူစရာမလိုဘူး။ ရန်ကုန် က သမားတော်ရဲ့အဆက်နဲ့
အိမ်တိုင်ရာရောက် ကျန်းမာရေးအဖွဲ့ HMS က ဆရာဝန်လေးတစ်ယောက် နဲ့ ဆရာမနှစ်ယောက်က
နေ့စဉ် မပျက်မကွက် လာလုပ်ပေးကြတယ်။ ဒီကြားထဲအဖျားတက်လို့ နှလုံးခုန်နှုန်း ၁၄၀ ရောက်နေလို့
ဖုန်းဆက်ခေါ် လိုက်ရင်လည်း ဖုန်းထဲက ဘာဆေး ဘာဆေးတိုက်ထားပါလို့ ညွှန်ကြားပြီး
ခဏကြာတော့ လူကိုယ်တိုင်လာရောက် ကြည့်ရှုပေးကြတယ်။ သူတို့လေးတွေလည်း
ကျေးဇူးတင်ရပါတယ်။

အရင်နွေတွေလို ခဏပဲထင်ခဲ့ပေမယ့် ဒီတစ်ခေါက် တော်တော်ကြာသွားတယ်။
သုံးလလုံးလုံး ဘုန်းဘုန်း လဲနေတော့တာပဲ။ ကိုယ့်အစာတောင် ကိုယ်မစားနိုင်လို့
ခွံ့ကျွေးရတယ်။ အစာစားရတာကလည်း ဒုက္ခတော်တော်ကြီးတယ်။ အောက်ဆီဂျင်နဲ့
နှလုံးခုန်နှုန်းပြကိရိယာကို လက်မှာစွပ်ထားပြီး အရိပ်တကြည့်ကြည့် စားရတာ
အစာတစ်လုတ်ဝါးလိုက်မြိုလိုက် တာနဲ့ နှလုံးက ဒိုင်းဒိုင်းနဲ့ခုန်တက် သွားတယ်။
အစာတစ်လုတ်ကို နှလုံး က ခြောက်မှတ်၊ ခုနစ်မှတ်တက်သွားတာ။ နေကပြင်းပြင်း၊
မီးကမလာတဲ့ အချိန်မျိုးဆိုရင် စိုးရိမ်မှတ် ၁၄၀ လောက်အထိတောင် ရောက်သွား
တတ်တယ်။ သိပ်သတိထားပြီး စားရသောက်ရလို့ ထမင်းဖြစ်စေ၊ ဆန်ပြုတ် ဖြစ်စေ
၁၅ ဇွန်းစားရင် အချိန် တစ်နာရီကြာတယ်။

လွန်ခဲ့တဲ့သုံး၊ လေးနှစ်က အထူးကုဆေးရုံကြီးတစ်ခုမှာ ဆေးစစ်ဖို့လုပ်နေတုန်း ရုတ်တရက်အဆုတ်ထဲက
လေအိတ်ပေါက်သွားလို့ အသက်ရှူမရတော့ဘဲ သေမလိုဖြစ်ခဲ့ဖူးတယ်။ ဆေးရုံမှာဖြစ်တာမို့
မသေတာ။ ဆရာဝန်တွေက ချက်ချင်းခွဲပြီး အဆုတ်ထဲ က လေတွေကို ထုတ်ပစ်လိုက်တယ်။
နောက်တော့ အဆုတ်ထဲထိ ပိုက်ထိုး ထည့်ပြီး အထဲက အရိအရွဲတွေကုန်အောင် ထုတ်ပစ်ဖို့
ပုလင်းတန်းလန်း နဲ့ နှစ်ပတ်လောက် ဆေးရုံမှာနေခဲ့ရတယ်။ ဒါတောင် စာရေးပျက်တာ
တစ်လလောက်ပဲ။ ဒီတစ်ကြိမ်တော့ ရာသီပြောင်း ဖြစ်နေကျ အာဂန္တုဖျားပဲ၊ ခဏနေကောင်းသွားမှာပဲ
ထင်ခဲ့ပေမယ့် သုံးလလောက်ကြာသွားတယ်။ တော်တော်လည်း ခံလိုက်ရတယ်။

ဒီကာလတစ်လျှောက်လုံး မေတ္တာ စေတနာထားကြတဲ့ စာဖတ်ပရိသတ်များက တစ်နေ့တစ်နေ့
ဆယ့်လေး၊ ငါးဦးထက်မနည်း ဖုန်းဆက်မေးကြ မေတ္တာပို့ကြတယ်။ နှစ်ရက်ခြားတစ်ခါ
မှန်မှန်ဆက်ပြီး အကြိမ်ပေါင်း နှစ်ဆယ်၊ အစိတ် မေးသူလည်း ရှိတယ်။ ဒီလိုမေတ္တာတွေကြောင့်
အားတင်းပြီး နာလန်မြန်မြန်ထအောင် ကြိုးစားရတယ်။ လုပ်စရာတွေက အများကြီးရှိသေးတယ်။
စာဖတ်ပရိသတ်အပေါ် တာဝန်မကျေသေးဘူး။ သူတို့ရင်ထဲ က အသံတွေကို နားထောင်ပြီး
သူတို့ ပြောချင်တာတွေကို တိုင်းသိပြည်သိ ပြောပေးရဦးမယ်။

အဲဒီလိုဆိုတော့ ‘ကမ္ဘာတုန်အောင် ကုန်းအော်ရလွန်းလို့ အမောဆို့ပြီးဖျားတာ’ လို့
ကရုဏာဒေါသော နဲ့ မှတ်ချက်ချခဲ့တဲ့ မန္တလေးကတူမ ချောက ဘာပြောဦးမလဲ မသိဘူး။

(လူထုစိန်ဝင်း)
မှတ်ချက် - ဤဆောင်းပါးအား အဆုံးသတ်အထိ ရေးသွားနိုင်ခြင်း မရှိခဲ့ပါ။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

လွှတ်တော်ကိုယ်စားလှယ်များအား ရဲရဲဝံ့ဝံ့သတ္တိရှိရှိ တင်ပြဆောင်ရွက်ကြရန် မိမိအနေဖြင့် တိုက်တွန်းခဲ့သော်လည်း လွှတ်တော်၏ ဂုဏ်သိက္ခာ ထိခိုက်စေသော အပြောအဆို အသုံးအနှုန်းများ မရှိစေရန် သတိပေးကြောင်း၊ မိမိတို့လွှတ်တော်သည် ဟန်ရေးပြလွှတ်တော်မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဇူလိုင်လ ၆ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက "မိမိတို့လွှတ်တော်တွေမှာ ဥပမာ ပြည်ထောင်စုလွှတ်တော်ဆို ပြည်ထောင်စုလွှတ်တော် ဥပဒေ၊ ပြည်သူ့လွှတ်တော်မှာဆို ပြည်သူ့လွှတ်တော်ဥပဒေ၊ အမျိုးသားလွှတ်တော်မှာဆို အမျိုးသားလွှတ်တော်ဥပဒေ ရှိပါတယ်။ ဒါ့အပြင် လိုက်နာကျင့်သုံးရမယ့် နည်းဥပဒေများလည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ လွှတ်တော်တက်ရောက်လာတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ မိမိတို့လွှတ်တော်က ပြဌာန်းထားတဲ့ ဥပဒေတွေ ဘာရှိလဲဆိုတာ အသေးစိတ် လေ့လာဖတ်ကြားရမယ်။ လိုက်နာရမယ်။ လွယ်လွယ်ကလေး စကားနဲ့ပြောမယ်ဆိုရင် တစ်ချို့နေရာမှာ စည်းကမ်း၊ စည်းကမ်းမှာ do ၊ don't ရှိတယ်။ do တွေကို လိုက်နာပြီး don't တွေကို မလုပ်မိဖို့ လိုတယ်။ ဒါ့ကြောင့် လွှတ်တော်မှာရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မိမိတို့တစ်တွေ သိရှိရုံတင်မကဘူး လိုက်နာဖို့လိုပါတယ်။ စောင့်ထိန်းဖို့ လိုပါတယ်။ ဒါ့ကြောင့်မို့ လွှတ်တော်အတွင်းမှာ ဆွေးနွေးတဲ့အခါမှာ လူပုဂ္ဂိုလ်တစ်ဦးချင်း အတွက်သော်လည်းကောင်း လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသော အပြောအဆို အသုံးအနှုန်းများ မရှိစေဖို့ သတိပေးပါတယ်။ မိမိတို့ လွှတ်တော်ဟာ လွှတ်တော်တစ်ရပ်မှာ ရှိရမယ့် ဂုဏ်အင်္ဂါတွေရှိအောင် တည်ဆောက်နေသလို လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ကျေပွန်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။တစ်နှစ်ခွဲကာလအတွင်းမှာ မိမိတို့လွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ စေတနာထား ကြိုးပမ်းဆောင်ရွက်မှုတွေကိုလည်း ဒီနေ့တက်ရောက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုရော၊ အသစ်ရောက်ရှိလာတဲ့လူတွေရော ပြန်လည်သုံးသပ်လေ့လာဖို့လိုလိမ့်မယ်။ ဒီ ၁နှစ်ခွဲကာလအတွင်းမှာ မည်မျှအထိ အပင်အပန်းခံ ကြိုးစားနေကြတယ်။ ရုံးချိန်မဟုတ်ဘဲ ရုံးချိန်ပြင်ပအချိန်တွေ ရုံးပိတ်ရက်တွေမှာ မည်ကဲ့သို့ လုပ်ဆောင်နေတယ်။ အဲဒီလို လုပ်ဆောင်တဲ့နေရာမှာလည်း နိုင်ငံနဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကိုပဲကြည့် လူပုဂ္ဂိုလ်တစ်ယောက်အတွက် မကြည့်နဲ့။ အဖွဲ့အစည်းတစ်ခုအတွက် မကြည့်နဲ့။ ရှင်းရှင်းပြောမယ်ဆိုရင် အစိုးရအတွက်လည်း မကြည့်နဲ့။ တို့ကြည့်ရမှာက နိုင်ငံနဲ့နိုင်ငံသားများ၊ အများပြည်သူ အကျိုးစီးပွားအတွက် ကြည့်ရမယ်။ ဆောင်ရွက်ရမယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ ၊ကိုးကွယ်တဲ့ ဘာသာအစွဲတွေ မထားဘဲ နိုင်ငံနဲ့ နိုင်ငံသားပြည်သူများအတွက် မျှမျှတတဖြစ်အောင် ဆောင်ရွက်ကြဖို့ မိမိက တိုက်တွန်းသလို လွှတ်တော် ကိုယ်စားလှယ်အသီးသီးကလည်း ဒီအဆိုပြုချက်ကို အားလုံးလက်ခံယုံကြည်ပြီး ဆောင်ရွက်နေတဲ့ကာလ ဖြစ်တယ်။ ဒါ့ကြောင့်မိုလို့ မိမိတို့ လွှတ်တော်ဟာ ဟန်ရေးပြလွှတ်တော် မဟုတ်ဘူး။ အဲဒီနည်းတူပဲ မိမိတို့လွှတ်တော်ကို အချိန်တွေမကုန်ရအောင် မရောင်ရာဆီလူး မလိုတဲ့စကားတွေပြော အချိန်ဖြုန်းမယ်ဆိုရင် မိမိတို့ရဲ့လုပ်ငန်းမှာ အနှောက်အယှက်ဖြစ်မှာ ဖြစ်တဲ့အတွက် ဒါကိုလည်း လွှတ်တော်ကိုယ်စားလှယ်များအားလုံး သိရှိနားလည်ပူးပေါင်း ဆောင်ရွက်ရန်လိုမှာ ဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ မိမိတို့နိုင်ငံအနေနဲ့ နိမ့်ကျနောက်ကျနေတယ် ဆိုတာလည်း မိမိတို့ခံယူရမှာ ဖြစ်ပါတယ်။သူများနိုင်ငံနဲ့ ရင်ဘောင်တန်းမယ်ဆိုရင် ရင်ဘောင်တန်းနိုင်အောင် အတွေးအခေါ်တွေ ခံယူချက်တွေ လုပ်ဆောင်ချက်တွေရှိဖို့ လိုပါတယ်။ ဒါ့ကြောင့် မိမိအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များကို တိုက်တွန်းပြောကြားခဲ့တယ်။ ပြီးခဲ့တာတွေ ပြီးပြီ။ ဒါတွေကို ပြစ်တင်ဝေဖန်နေမယ့်အစား အတိတ်ကို သင်ခန်းစာယူ အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် မိမိတို့ လုပ်ဆောင်သင့်တယ်။ ပူးပေါင်းဆောင်ရွက်သင့်တယ်ဆိုတဲ့ အကြံပေးတိုက်တွန်းမှုများနဲ့ ယနေ့ကာလအထိ ဒီလိုဆောင်ရွက်လျက် ရှိပါတယ်။ ဒီနေ့ပြည်သူတွေရဲ့ အသံကို ကြားအောင်နားထောင် ပြည်သူတွေ ဘာတွေဖြစ်နေလဲဆိုတာ မြင်အောင်ကြည့် ကြည့်ပြီးတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်များ မိမိလွှတ်တော် ရောက်လာတဲ့အခါမှာ ပွင့်ပွင့်လင်းလင်း ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ တင်ပြကြပါဆိုပြီး ဆောင်ရွက်တဲ့နေရာမှာ ဒီနေ့မိမိတို့ လွှတ်တော်ကတော့ ဒီနေ့ထက် မနိမ့်သော ပွင့်လင်းမှုပြောဆိုမှုများ မိမိတို့ လွှတ်တော်အတွင်းမှာဆောင်ရွက်ခဲ့ပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ budget section လို့ခေါ်တဲ့ ဒီကာလအတွင်းမှာ ဘေးနိုင်ငံက မယုံကြည်လောက်အောင် ဒီပါတီက အစိုးရ၊ ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ဒီလိုအခြေအနေတောင် ပြောကြဆိုကြပါလားဆိုတဲ့ အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။ ဒါက ဘာလဲဆိုတာ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များရဲ့ စေတနာနဲ့ ယုံကြည်ချက်ပါ။ ခုနကပြောသလိုပဲ လူပုဂ္ဂိုလ်အတွက် မကြည့်ဘူး။ အဖွဲ့အစည်းတစ်ခုအတွက် မကြည့်ဘူး။ ပြောမယ်ဆို အစိုးရအတွက်လည်း မကြည့်ဘူး။ ကြည့်မှာက ပြည်သူ့မတွက်၊ အများပြည်သူ့အတွက် ဒါ့ကြောင့် ရှေ့ဆက်သွားမယ့်ခရီးမှာ အခုလိုပဲ ပွင့်ပွင့်လင်းလင်း ရဲရဲဝံ့ဝံ့ သတ္တိရှိရှိနဲ့ ပြောဆိုတာတွေ လိုလားပါတယ်။ ဖိတ်ခေါ်ပါတယ်။ သို့ရာတွင် မိမိတို့လွှတ်တော် ဂုဏ်သိက္ခာ ကျဆင်းစေသော၊ ကောက်ချက်ချတဲ့နေရာမှာ တစ်မျိုးဖြစ်စေသော ကိစ္စမျိုးမရှိဖို့ မိမိအနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်။ ဒါကလွှတ်တော်ဥက္ကဌအနေနဲ့ လွှတ်တော်ရေးရာကိစ္စနဲ့ ပတ်သက်လို့ တာဝန်အရှိဆုံး လူတစ်ယောက်အနေနဲ့ လွှတ်တော်ကို တင်ပြခြင်းပဲ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ကဏ္ဍအသီးသီးနှင့် နယ်ပယ်အသီးသီးအတွက် စံချိန်စံညွှန်းများ ရေးဆွဲသတ်မှတ်၍ ဥပဒေပြဌာန်းနိုင်ရန် အချိန်ကာလ သတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်း ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် မည်ကာမတ်တ အစိုးရနှင့် ဟန်ရေးပြလွှတ်တော်လောက်နှင့် ယခုကိစ္စများ အကောင်အထည် ဖော်နိုင်ရန် အင်မတန်မှခဲယဉ်းမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ပထမအကြိမ် စတုတ္တပုံမှန် အစည်းအဝေး တတိယနေ့၌ ဒေါက်တာအောင်မိုးညိုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ် အနေဖြင့် ပထမဦးဆုံးအကြိမ် ဆွေးနွေးခဲ့သည်။

Copy From Eleven Media
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

စစ်တွေမြို့ ကျေးတော ရွာမ ပိုက်ဆိပ်တွင် ရခိုင် အမျိုးသမီး အလောင်းတစ်လောင်းနှင့် လူမပါသော သရက်သီး သမ္ဗာန် နှစ်စီးကို ဆယ်ယူ ရရှိခဲ့သည်ဟု သတင်း ရရှိသည်။

“ သီးခြားစီ ရရှိတာပါ ခင်ဗျား။ အမျိုးသမီး အလောင်းကို ရေထဲက သက်သက် ဆယ်ယူ ရရှိခဲ့တာ ဖြစ်ပါတယ်။ သရက်သီး အပြည့်နဲ့ သသမ္ဗာန် နှစ်စီးကိုလည်း ကမ်းကပ်လာတဲ့ အတွက် သီးခြားစီ ရရှိခဲ့တာ ဖြစ်ပါတယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ စစ်တွေရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသမီးမှာ မည်သူ မည်ဝါ ဖြစ်သည်ကို ယခု အချိန်ထိ မသိရှိရသေးကြောင်း သူက ဆက်ပြောသည်။
သရက်သီး သသမ္ဗာန်နှစ်စီးတွင်လည်း သရက်သီး အပြည့်ပါရှိပြီး လူများ မပါရှိကြောင်း သူက ဆိုသည်။
“ အခုက စုံစမ်းတုန်းဘဲ ရှိသေးတယ်။ ဘယ်လို ဖြစ်ပြီး အလောင်းရော သသမ္ဗာန်တွေရော ဒီနေရာမှာ ကမ်းလာပါးသလဲဆိုတာ စုံစမ်းတုန်းဘဲ ရှိပါသေးတယ်” ဟုသူက ဆက်ပြောသည်။
စစ်တွေ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ကျေးတော ပိုက်ဆိပ်မှာ သူတို့စခန်း အပိုင် မဟုတ် သဖြင့် မပြောကြားနိုင်ကြောင်း ပြောကြားပြီး ဖုံးချသွားခဲ့သည်။
၎င်းပြင် ပေါက်တောမှ စစ်တွေသို့ ထွက်ခွာလာသော စက်လှေ တစ်စီးကိုလည်း မသမာသူ ဆူပူ အကြမ်းဖက်သမားများက မြစ်မှ ဖြတ်၍ တိုက်ခိုက်ခဲ့သည် ဆိုသော် သတင်းများ ထွက်ပေါ်နေကြောင်း၊ သို့သော်လည် လောလောဆယ်တွင် အတည်မပြုနိုင်သေးကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီရုံးမှ ပြောကြားသည်။

Copy From narinjara
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

လစ်လပ် ဒုတိယသမ္မတနေရာ ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဖြစ်မည်ဟု သတင်းများထွက်ပေါ်
 လစ်လပ်လျက်ရှိနေသည့် ဒုသမ္မတနေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား အစားထိုးခန့်အပ်မည့် ဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်း၌ သတင်း များ ထွက်ပေါ်လျက်ရှိသည်။  လက်ရှိအချိန်တွင် ဒုတိယသမ္မတ(၁) သီဟသူရဦးတင်အောင်မြင့်ဦး သည် ကျန်းမာရေး အကြောင်းပြချက်ဖြင့် တာဝန်မှ အနားယူခွင့် ကို တောင်းခံထား သည် ဖြစ်ရာ အဆိုပါ လစ်လပ်နေရာအတွက် အစားထိုးခြင်းဖြစ်ကြောင်း သိရသည်။  ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတလောင်း ၃ ဦးကို တပ်မတော်မှ အမည်စာရင်းတင်သွင်းသူတစ်ဦး လွှတ်တော်မှ အမည်စာရင်းတင်သွင်း သူတစ်ဦးနှင့် မဲဆန္ဒနယ်အများဆုံး အနိုင်ရသည့် ပါတီမှ အမည်စာရင်း တင်သွင်းသူတစ်ဦး စုစုပေါင်း ၃ ဦးကိုတင် သွင်း၍ ယင်းတို့အနက်မှ သမ္မတကိုရွေးချယ် သည့်စနစ်ဖြစ်ရာ ဒုတိယ သမ္မတ(၁) သီဟသူရ ဦးတင်အောင်မြင့်ဦး သည် တပ်မတော်မှ အမည်စာရင်း တင်သွင်းခဲ့သူဖြစ်သည်။  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတများ နေရာလစ်လပ်မှု ဖြစ်ပေါ်၍ အစားထိုး ရွေးချယ်ခံရပါက အဆိုပါ ရွေးချယ်ခံရသူသည် ဒုတိသမ္မတ ၀ါစဉ်၏ အနိမ့်ဆုံးအဖြစ်သတ်မှတ် ခံရမည် ဖြစ်ရာ ဦးဌေးဦးသည် ဒုတိယသမ္မတ အဖြစ်ရွေးချယ်ခံရပါက လက်ရှိဒုတိယ သမ္မတဖြစ်သူ ဒေါက်တာ စိုင်းမောက်ခမ်း၏ နောက်တွင် ဒုတိယသမ္မတ (၂) အဖြစ် တာဝန်ယူရ မည် ဖြစ်ကြောင်း သိရသည်။

ဇော်ထိုက် (Yangon Media Group)မှ ဖြစ်သည်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Photo: ဇူလိုင်လ ၇ရက်နေ့ ည ၇နာရီတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ယူနီဆက်ကိုယ်စားလှယ် အဖြစ်ရောက်ရှိနေသော ဂျက်ကီချန်းနှင့်
ပြည်တွင်းမှ အနုပညာရှင်များတွေ့ဆုံပွဲတစ်ခုကျင်းပခဲ့သည်။









မြန်မာနိုင်ငံရှိကလေးသူငယ်များအရေးနှင့်ပတ်သက်ပြီး အဓိကလုပ်ဆောင်ရန် အချက် ၃ ခုရှိကြောင်း ဂျက်ကီချန်းက ပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီ က ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

ယူနီဆက်ချစ်ကြည်ရေးအထူးသံတမန်ဖြစ်သူ တရုတ်ကွန်ဖူးမင်းသား ဂျက်ကီချန်းသည် ကလေးသူငယ်များအပေါ်
လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ကလေးသူငယ်များလူကုန်ကူးမှု ကာကွယ်ရန် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၅ ရက်က
လာရောက်ခဲ့ခြင်းဖြစ်သည်။

““ မြန်မာနိုင်ငံက ကလေးငယ်တွေနဲ့ပတ်သက်လို့ ပညာရေး၊ လူကုန်ကူးမခံရရေး၊ HIV/AIDS ကူးစက်မှုတာဆီးရေးနဲ့
မိဘမဲ့ကလေးတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားဖို့ရှိပါတယ်”” ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဂျက်ကီချန်းကပြောသည်။

မြန်မာနိုင်ငံမှ လူကုန်ကူးခံရသော ကလေးငယ်များနှင့်ပတ်သက်၍ အကူအညီ တောင်းခံလာမည်ဆိုပါက လိုအပ်သော အကူအညီများကို မိမိအနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

ဂျက်ကီချန်းသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ခရီးစဉ်တွင် ဇူလိုင် ၅ ရက်က မန္တလေးမြို့၊ ၆၂လမ်းနှင့် လမ်း ၃၀ထောင့်ရှိ မြန်မာနိုင်ငံ ဗုဒ္ဒဘာသာမိဘမဲ့ ကလေးများ စောင့်ရှောက်ရေးကျောင်းသို့
သွားရောက်ခဲ့ပြီး ယင်းနေရာမှ ကလေးငယ်များနှင့်တွေ့ဆုံခဲ့သလို
့ဇူလိုင်လ ၆ ရက် ညနေပိုင်းတွင် ပြည်ကြီးတံခွန် မြို့ နယ် အမှတ် ( ၂၂ ) အခြေခံပညာ အလယ်တန်းကျောင်း၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းနှင့်တိုင်းရဲတပ်ဖွဲ့ရုံးသို့
သွားရောက်ခဲ့သည်။

၎င်းသည် ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီခွဲခန့်ကရောက်ရှိခဲ့ပြီး ရွှေတိဂုံဘုရားတောင်ဘက်မုဒ်ရှိ
ရွှေကျင်မြို့နယ်အသင်း ဓမ္မာရုံသို့ သွာရောက်ခဲ့ကာ ကလေးသူငယ်များနှင့်တွေ့ဆုံခဲ့သည်။

““ မြန်မာပြည်မှာ ကျွန်တော့်ကိုတွေ့တဲ့ ကလေးတိုင်းလိုလိုက
ကျွန်တော်ကို အားကျနေတယ်။ လူကုန်ကူးခံရတဲ့ကလေးတွေရော ယောကျာ်းလေး မိန်းကလေး၊ သူတို့ကိုသူတို့ ပိုမိုကောင်းမွန်တဲ့ ဘ၀တွေ
တည်ဆောက်သွားနိုင်မယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ သူတို့ရဲ့အကောင်းမြင်တဲ့ စိတ်ဆန္ဒတွေကို ကျွန်တော် လှိုက်လှိုက်လှဲလှဲလေးစားမိပါတယ်”” ဟု ဂျက်ကီချန်းက တွေ့ဆုံခဲ့ရသည့် လူကုန်ကူးခံရသောကလေးငယ်များနှင့် ပက်သက်၍ သူ၏အမြင်ကိုပြောသည်။

၎င်းသည် မြန်မာနိုင်ငံတွင် ၃ ရက်ကြာနေထိုင်ပြီးနောက်
ဇူလိုင် ၈ ရက် နံနက်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၄င်းအတွက် အသစ်အဆန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်၍ ယခင်အချိန်များက မြန်မာနိုင်ငံနှင့်ဒေါ်အောင်ဆန်းစုကြည်ကိုသာ သိရှိခဲ့ခြင်းသည် မိမိသိရှိသော အရာအားလုံးဖြစ်ကြောင်း ၄င်းက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီးနောက် ဇူလိုင် ၈ ရက် တွင်တရုတ်နိုင်ငံဘေဂျင်းသို့ ထွက်ခွာမည်ဖြစ်ပြီးဘေဂျင်းမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသို့ ဆက်လက်သွားရောက်မည်ဖြစ်ကာ ထိုမှတစ်ဆင့် အာဖကန်နစ်စတန်သို့သွားရောက်မည်ဟုသိရသည်။



ထို့အပြင် ၇ရက်နေ့၌ ရန်ကုန်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပြီးနောက်
ဇူလိုင်လ ၇ရက်နေ့ ည ၇နာရီတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ယူနီဆက်ကိုယ်စားလှယ် အဖြစ်ရောက်ရှိနေသော ဂျက်ကီချန်းနှင့်
ပြည်တွင်းမှ အနုပညာရှင်များတွေ့ဆုံပွဲတစ်ခုကျင်းပခဲ့သည်။


Copy from popular Myanmar
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်  မြို့တွင် ပျော်ဘွယ်-မန္တလေးပြေး ဆွဲနေသော ““တော်ဝင်””ကားသင်း ရှိသည်။ ပျော်ဘွယ်တော်ဝင်ကား သင်းမှ နံနက် (၅း၃၀) ထွက်သည့် ပျော်ဘွယ်-မန္တလေးကားတစ်စီးနှင့်  နံနက် (၇း၀၀)နာရီ ထွက်သည့် တော်ဝင်ကားတစ်စီး၊ စုစုပေါင်း ကားနှစ်စီးပြေးဆွဲပေးနေသည်။
ပျော်ဘွယ်-မန္တလေးပြေးဆွဲ နေသည့် တော်ဝင်ကားများကို ပျော်ဘွယ်မြို့မှ ကုန်သည်ပွဲစား များ၊ ၀န်ထမ်းများ၊ ခရီးသည်များ  စီးနေကြသည်။ နံနက် (၅း၃၀) ထွက်သည့် ပျော်ဘွယ်-မန္တလေး  တော်ဝင်ကားကို ရန်ကုန်မှ မန္တလေး  သို့ ပြေးဆွဲနေသည့် အမှတ်(၃)အဆန်  ရထားမှ ခရီးသည်များလည်း နံနက်   (၅း၀၀)နာရီ ပျော်ဘွယ်ဘူတာ ဆိုက်သဖြင့် မိတ်္ထီလာတော်ဝင်ကား  ခကို ၇၀၀ သတ်မှတ်ထားသည်။ သို့သော်ပျော်ဘွယ်-မိတ်္ထီလာခရီး  သည်များကို တော်ဝင်ကားသင်းမှ  ယာဉ်မှူး၊ယာဉ်နောက်လိုက်များက ၃၀၀ ကျပ်ပို၍၁၀၀၀ကျပ်တောင်း ယူနေကြသည်။ ပျော်ဘွယ်-မိတ်္ထီလာ ခရီးသည်များကို ထိုင်ခုံနှင့် ထိုင် လျှင် ၁၀၀၀ ကျပ်၊ ကြားခုံထိုင်လျှင်  ၇၀၀ ကျပ်တောင်းနေသည်။ ပျော်ဘွယ်-မန္တလေးကားတွင် ပျော်ဘွယ်မှ စထွက်စဉ် ထိုင်ခုံများ     လူမပြည့်သော်လည်း ပျော်ဘွယ်- မိတ်္ထီလာခရီးသည်များမှာ ထိုင်ခုံ နှင့် ထိုင်လျှင် ၁၀၀၀ ကျပ် တောင်း ယူနေသဖြင့် မကျေမနပ်ဖြစ်နေ ကြသည်။ ပျော်ဘွယ်-မန္တလေး ကားမှ ပျော်ဘွယ်- မိတ်္ထီလာခရီး ကို ၁၀၀၀ ကျပ်တောင်းနေသည် မှာ ကြာပြီဖြစ်သည်ဆို၏။ ထိုကဲ့ သို့ ပျော်ဘွယ်-မန္တလေးပြေးဆွဲနေ သည့် တော်ဝင်ကားသင်းမှ ပျော်ဘွယ်-မိတီ်္ထလာကားခ ၃၀၀ ပို၍ ၁၀၀၀ ကျပ် တောင်းနေ သဖြင့် မကျေနပ်သူက ဇွန်လ ၂၀ ရက်က နေပြည်တော်တော်ဝင် ကားသင်းသို့တိုင်ကြားစာပို့ထား ကြောင်း စုံစမ်းသိရှိရသည်။

Copy From Hot News Weekly
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

၁။ နေ့စဉ်၁၀မိနစ်မှ၃၀မိနစ်အထိလမ်းေ
လျှာက်ပါ။လမ်းလျှောက်နေစဉ်အတွင်းသင့်မျက်နှာကို
အတတ်နိုင်ဆုံးပြုံးထားပါ။

၂။ဘယ်လောက်ပင်အလုပ်ရှုပ်နေပါစေရရင်ရသလောက်နေ့စဉ်(၇)နာရီပြည့်အောင်အိပ်ပါ။

၃။ E သုံးလုံးနှင့်အညီနေပါ။ (1) Energy (2) Enthusiasm(3)Empathy

၎။ Game တွေကစားပေးပါ။


၅။ မနေ့ကထက်ဒီနေ့မှာစာများများပိုဖတ်ပါ။


၆။ တရားထိုင်ခြင်း၊ယောဂကျင့်ခြင်းစတာတွေအတွက်နေ့စဉ်အချိန်ပေးလုပ်ဆောင်ပါ။


၇။ နိုးနေတာထက်အိပ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။


၈။ အသားများများစားတာထက်အသီးအရွက်များများစားပါ။
၉။ရေများများသောက်ပါ။
၁၀။ တစ်နေ့မှာအနည်းဆုံးလူသုံးယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ဖြစ်အောင်ပြုံးပြပါ။
၁၁။ အတင်းပြောခြင်းနဲ့အချိန်တွေမဖြုန်းမိပါစေနှင့်။


၁၂။ အတိတ်ကအမှားတွေကိုအစပြန်မဖော်ပါနှင့်။လက်ရှိအနေအထားကစလို့ပျော်အောင်နေပစ်ပါ။


၁၃။ သင်မလုပ်နိုင်ဘဲနှင့်အဆိုးဘက်ကမမြင်ပါနှင့်။အကောင်းဘက်မှသင်ကိုယ်တိုင်ဝင်ခံစားပေးပါ။


၁၄။ မနက်မှာဘုရင်လိုစား၊နေ့လည်မှာမင်းသားလေးလိုစား၊ညမှာသူဖုန်းစားလိုစားပါ။


၁၅။လုပ်ငန်းခွင်ထဲမှာများများရယ်ပြီးများများပြုံးပါ။


၁၆။ ဘ၀ဟာတိုတောင်းပါတယ်။အမုန်းတရားတွေနဲ့အချိန်မဖြုန်းပါနဲ့။မုန်းနေတာတွေရှိရင်ဆန့်ကျင်
ဘက်လုပ်ကြည့်ပါ။


၁၇။ အလုပ်တွေလုပ်တဲ့အခါအသည်းအသန်အပူတပြင်းမလုပ်ပါနဲ့။ခေါင်းအေးအေးထားပြီးအမှားကင်း
အောင်လုပ်ပါ။
၁၈။ အငြင်းအခုံတွေအတွက်တန်ဖိုးရှိတဲ့သင့်လေတွေမဖြုန်းပါနဲ့။နားလည်မှုအတတ်နိုင်ဆုံးပေးလိုက်ပါ။


၁၉။အတိတ်ကအဖြစ်အပျက်တွေအတွက်ငြိမ်းချမ်းရေးယူလိုက်ပါ။လက်ရှိအခြေအနေအတွက်အထောက်
အကူရလာပါလိမ့်မည်။
၂၀။ သင့်ဘ၀ကိုတခြားတစ်ယောက်နှင့်မနှိုင်းယှဉ်ပါနှင့်။


၂၁။ သင့်ဘ၀ကိုပျော်ရွှင်အောင်လုပ်နိုင်တာသင့်အပြင်တခြားလူမရှိနိုင်ပါဘူးဆိုတာသိပါ။


၂၂။ အရာရာတိုင်းအတွက်လူတိုင်းကိုခွင့်လွှတ်တဲ့စိတ်နဲ့မြင်ကြည့်ပါ။


၂၃။အခြားသူတွေသင့်ကိုဘယ်လိုထင်မြင်နေပါစေ။မဟုတ်ရင်သင်ခံစားမနေပါနဲ့။


၂၄။ ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေလိုအပ်တဲ့အချိန်တစ်ခုကိုစောင့်ကြည့်ပါ။


၂၅။ အသုံးမ၀င်တော့တဲ့အရာတွေကိုဖယ်ရှားပစ်ပါ။လှလှပပနှင့်ပျော်ရွှင်အောင်နေပါ။


၂၆။ မနာလိုဝန်တိုခြင်းဆိုတာအချိန်ဖြုန်းတဲ့နည်းတစ်ခုပါ။အမှန်တော့အရာအားလုံးကိုသင်ပိုင်ဆိုင်
ထားပြီးပြီဆိုတာသတိရပါ။
၂၇။ မကြာမီအကောင်းဆုံးတွေသင့်ထံရောက်လာတော့မယ်ဆိုတာသိပါ။


၂၈။ ခံစားမှုတွေများလို့မပြိုလဲသွားပါနှင့်။အမြန်ထအမြန်ပြင်ဆင်ပြီးလန်းဆန်းတက်ကြွစွာနဲ့နေပြပါ။


၂၉။ သင်မှန်တယ်ထင်တာတွေတွေးပြီးလုပ်ပါ။


၃၀။ မကြာခဏမိသားစုနှင့်ဝိုင်းဖွဲ့ပြီးစကားပြောပါ။


၃၁။ သင့်ရဲ့အတွင်းစိတ်ကိုအမြဲပျော်ရွှင်အောင်ထားပါ။


၃၂။အလုပ်ထဲအတိုင်းအတာတစ်ခုအထိပဲအနစ်မွန်းခံပါ။


၃၃။သင်သိသမျှပတ်ဝန်းကျင်ကိုမျှဝေပါ။


Copy From Forward Mail
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ယမန့်နေ့ညက ရန်ကုန်နှင့်နယ်မြို့ အချို့တွင် ရဲသတင်းတပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်သွားခြင်းခံရသည်
့ ကျောင်းသားခေါင်းဆောင်များ လွန်ခဲ့သည့် မိနစ်အနည်းငယ်က လွတ်မြောက်ပြီး မိဘအသီးသီးက ၎င်းတို့နေအိမ်သို့ ခေါ်ဆောင်သွားကြသည်ဟု ၈၈ မျိုးဆက်ကျောင်းသား ရုံးခန်းမှ အတည်ပြုပြောဆိုသည်။

၈၈ မျိုးဆက်ကျောင်းသား ရုံးမှ တာဝန်ရှိသူတဦးက “ရန်ကုန်က ၄ ယောက် လားရှိုးက ၅ ယောက်အဆက်အသွယ်ရပြီးပါပြီ၊ သူတို့ကို ရဲမှူးတွေက ကျောင်းသားသမဂ္ဂကိစ္စ၊ ဆဲဗင်း ဇူလိုင်ကိစ္စတွေ မေးတယ်လို့ပြောတယ်။ တယောက်က ည ၂နာရီ၊ တယောက်က မနက် ၄ နာရီထိမေးတယ်လို့ပြောတယ်၊ မေးတာတော့ အေးအေးဆေးဆေးပါပဲတဲ့” ဟုပြောသည်။

မကြာမီ အချိန်တွင်း ရန်ကုန်မှ လွတ်မြောက်လာသည့် ကျောင်းသားခေါင်းဆောင်များ အနေဖြင့် ၎င်းတို့ရုံးခန်းသို့ လာရောက်ရန်ရှိကြောင်းလည်း YPI သို့ပြောသည်။ ရုံးခန်းတွင် ၎င်းတို့ကို ကြိုဆိုရန် ကိုမင်းကိုနိုင်လည်း ရှိနေသည်ဟု ပြောဆိုသည်။ ။

Copy From Yangon Press International
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ဈေးရုံရပ်ကွက်ရှိ ““တက်နေ၀င်းရွှေဆိုင်”” တွင် ရွှေ ၀ယ်ဟန်ဆောင်ပြီး ရွှေတုံး လုယက်  သူအမျိုးသားတစ်ဦးအား ကောလင်းမြို့နယ်တရားရုံးက ပြစ်မှုထင်ရှားသဖြင့် ဇွန် ၇ ရက်  က အလုပ်နှင့်ထောင်ဒဏ်ငါးနှစ်  ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ဖြစ်စဉ်မှာ ကောလင်းမြို့ဈေး  ရုံရပ်ကွက်ရှိ ““တက်နေ၀င်း ရွှေဆိုင်”” သို့ မေ ၁၃ ရက် မွန်းလွဲ ၂ နာရီ  ခန့်က အောင်လွင် (ခ) အောင်ရှိန်၊ အသက် (၂၁) နှစ်ပန်းတိမ်ကုန်း ကျေးရွာဝန်းသို့မြို့နယ်နေသည် ရွှေအခဲဝယ်လိုကြောင်း ပစ္စည်းများ  အား ထုတ်ပြရန်ပြောသဖြင့် ရွှေ ဆိုင်ပိုင်ရှင်ဒေါ်ခင်သိန်းမြင့်က ငါးကျပ်သားအလေးချိန်ရှိရွှေအခဲ  အား ထုတ်ပြခဲ့သည်။ အောင်လွင်   က ဒေါ်ခင်သိန်းမြင့်အား ထပ်မံ  ၍ ၃၀ ကျပ်သား အလေးချိန်ရှိ ရွှေအခဲသား ထပ်မံပြသရန် ယူခိုင်း  ရာဒေါ်ခင်သိန်းမြင့်က ၎င်းထံမှ အရက်နံ့ နံခြင်း ပစ္စည်းဝယ်ယူ မည့် အမူအရာမဟုတ်ကြောင်း သင်္ကာမကင်းဖြစ်၍ ““ပစ္စည်းအား  ယခုယူမည်လား””ဟု မေးရာ တရားခံက ““ယခုဝယ်ယူရန် ငွေမ ပါသေးကြောင်း”” နောက်နေ့မ လာဝယ်မည်ဟုပြောသဖြင့် ဒေါ်ခင်သိန်းမြင့်ပြသထားသော ငါးကျပ်သားရွှေအခဲအားပြန်သိမ်း  ဆည်းရာတရားခံကရွှေအခဲသား  လုယူပြီး ၎င်းစီးလာသော ဂျာလင်း  စူပါကပ်ဆိုင်ကယ်ပေါ်တက်၍  စက်နိုးစဉ်ရွှေဆိုင်ပိုင်ရှင် ဦးအောင်နိုင်ဝင်းနှင့် ၀န်ထမ်းများ ကလုံးထွေးဖမ်းဆီးကြသည်။
ကောလင်းမြို့နယ်ရဲစခန်းက  အောင်လွင် (ခ) အောင်ရှိန် အသက် (၂၀) နှစ်အား (ပ) ၁၄၂ အရ အမှုဖွင့်ပြီး ကောလင်းမြို့ နယ် တရားရုံးသို့တရားစွဲဆိုတင်ပို့ ရာ ကောလင်းမြို့နယ်ရဲ တရားရုံး က ပြစ်မှုကြီးအမှတ်၊ ၅၄၉ အရ လက်ခံကြားနာစစ်ဆေးပြီး ဇွန် ၇ ရက်က ပြစ်မှုထင်ရှားသဖြင့်တရား  ခံအောင်လွင် (ခ)အောင်ရှိန်အား  အလုပ်နှင့် ထောင်ဒဏ်ငါးနှစ်ကျခံ  စေရန် ပြစ်ဒဏ်ချမှတ်လိုက် ကြောင်း သိရသည်။


Copy From Hot News
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Join Free