Photo: ဇူလိုင်လ ၇ရက်နေ့ ည ၇နာရီတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ယူနီဆက်ကိုယ်စားလှယ် အဖြစ်ရောက်ရှိနေသော ဂျက်ကီချန်းနှင့်
ပြည်တွင်းမှ အနုပညာရှင်များတွေ့ဆုံပွဲတစ်ခုကျင်းပခဲ့သည်။









မြန်မာနိုင်ငံရှိကလေးသူငယ်များအရေးနှင့်ပတ်သက်ပြီး အဓိကလုပ်ဆောင်ရန် အချက် ၃ ခုရှိကြောင်း ဂျက်ကီချန်းက ပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီ က ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

ယူနီဆက်ချစ်ကြည်ရေးအထူးသံတမန်ဖြစ်သူ တရုတ်ကွန်ဖူးမင်းသား ဂျက်ကီချန်းသည် ကလေးသူငယ်များအပေါ်
လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ကလေးသူငယ်များလူကုန်ကူးမှု ကာကွယ်ရန် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၅ ရက်က
လာရောက်ခဲ့ခြင်းဖြစ်သည်။

““ မြန်မာနိုင်ငံက ကလေးငယ်တွေနဲ့ပတ်သက်လို့ ပညာရေး၊ လူကုန်ကူးမခံရရေး၊ HIV/AIDS ကူးစက်မှုတာဆီးရေးနဲ့
မိဘမဲ့ကလေးတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားဖို့ရှိပါတယ်”” ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဂျက်ကီချန်းကပြောသည်။

မြန်မာနိုင်ငံမှ လူကုန်ကူးခံရသော ကလေးငယ်များနှင့်ပတ်သက်၍ အကူအညီ တောင်းခံလာမည်ဆိုပါက လိုအပ်သော အကူအညီများကို မိမိအနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

ဂျက်ကီချန်းသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ခရီးစဉ်တွင် ဇူလိုင် ၅ ရက်က မန္တလေးမြို့၊ ၆၂လမ်းနှင့် လမ်း ၃၀ထောင့်ရှိ မြန်မာနိုင်ငံ ဗုဒ္ဒဘာသာမိဘမဲ့ ကလေးများ စောင့်ရှောက်ရေးကျောင်းသို့
သွားရောက်ခဲ့ပြီး ယင်းနေရာမှ ကလေးငယ်များနှင့်တွေ့ဆုံခဲ့သလို
့ဇူလိုင်လ ၆ ရက် ညနေပိုင်းတွင် ပြည်ကြီးတံခွန် မြို့ နယ် အမှတ် ( ၂၂ ) အခြေခံပညာ အလယ်တန်းကျောင်း၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းနှင့်တိုင်းရဲတပ်ဖွဲ့ရုံးသို့
သွားရောက်ခဲ့သည်။

၎င်းသည် ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီခွဲခန့်ကရောက်ရှိခဲ့ပြီး ရွှေတိဂုံဘုရားတောင်ဘက်မုဒ်ရှိ
ရွှေကျင်မြို့နယ်အသင်း ဓမ္မာရုံသို့ သွာရောက်ခဲ့ကာ ကလေးသူငယ်များနှင့်တွေ့ဆုံခဲ့သည်။

““ မြန်မာပြည်မှာ ကျွန်တော့်ကိုတွေ့တဲ့ ကလေးတိုင်းလိုလိုက
ကျွန်တော်ကို အားကျနေတယ်။ လူကုန်ကူးခံရတဲ့ကလေးတွေရော ယောကျာ်းလေး မိန်းကလေး၊ သူတို့ကိုသူတို့ ပိုမိုကောင်းမွန်တဲ့ ဘ၀တွေ
တည်ဆောက်သွားနိုင်မယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ သူတို့ရဲ့အကောင်းမြင်တဲ့ စိတ်ဆန္ဒတွေကို ကျွန်တော် လှိုက်လှိုက်လှဲလှဲလေးစားမိပါတယ်”” ဟု ဂျက်ကီချန်းက တွေ့ဆုံခဲ့ရသည့် လူကုန်ကူးခံရသောကလေးငယ်များနှင့် ပက်သက်၍ သူ၏အမြင်ကိုပြောသည်။

၎င်းသည် မြန်မာနိုင်ငံတွင် ၃ ရက်ကြာနေထိုင်ပြီးနောက်
ဇူလိုင် ၈ ရက် နံနက်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၄င်းအတွက် အသစ်အဆန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်၍ ယခင်အချိန်များက မြန်မာနိုင်ငံနှင့်ဒေါ်အောင်ဆန်းစုကြည်ကိုသာ သိရှိခဲ့ခြင်းသည် မိမိသိရှိသော အရာအားလုံးဖြစ်ကြောင်း ၄င်းက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီးနောက် ဇူလိုင် ၈ ရက် တွင်တရုတ်နိုင်ငံဘေဂျင်းသို့ ထွက်ခွာမည်ဖြစ်ပြီးဘေဂျင်းမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသို့ ဆက်လက်သွားရောက်မည်ဖြစ်ကာ ထိုမှတစ်ဆင့် အာဖကန်နစ်စတန်သို့သွားရောက်မည်ဟုသိရသည်။



ထို့အပြင် ၇ရက်နေ့၌ ရန်ကုန်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပြီးနောက်
ဇူလိုင်လ ၇ရက်နေ့ ည ၇နာရီတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ယူနီဆက်ကိုယ်စားလှယ် အဖြစ်ရောက်ရှိနေသော ဂျက်ကီချန်းနှင့်
ပြည်တွင်းမှ အနုပညာရှင်များတွေ့ဆုံပွဲတစ်ခုကျင်းပခဲ့သည်။


Copy from popular Myanmar
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free