ဒီတစ်ခါတော့ မှန်ပြီ BHG

အရေးကြီးတော့ သွေးနီးကြသတဲ့။ +၁၈ ဆိုဒ်ထောင်ထားတဲ့ ဒေါက်တာချက်ကြီးမှာတောင် ရခိုင်ကိစ္စကို သူ့အမြင် သူ့အတွေးတွေနဲ့ ရခိုင်ဘက်က ရပ်တည်ပေးဖို့ နှိုးဆော်ထားတယ်။ ခုလဲ BHG က ရခိုင်ကိစ္စမှာ ဘက်လိုက်ပြီး သတင်းအမှန်ကို မဖော်ပြပေးတဲ့ မီဒီယာဆိုဒ်တွေကို တိုက်ခိုက်သွားမယ်လို့ ဆိုလာပြန်တယ်။ သိကြတဲ့အတိုင်းပဲ BHG ဆိုတာက တချိန်က အင်တာနက်လွတ်လပ်ရေးဆိုပြီးတော့ လူမှုရေးဆိုဒ်တွေကို ဟတ်ခဲ့တဲ့ မြန်မာဟတ်ကာတွေ အဖွဲ့ပါ။ အခုတော့ သူတို့တွေက ဘက်လိုက်မီဒီယာတွေကို တိုက်ခိုက်မယ်ဆိုတော့ မုဒိတာပွားမိတာ အမှန်ပဲ။ နောက်တစ်ခုက လန်ဒန်မှာ ဘီဘီစီကို ဆန္ဒပြတာတွေ ဘားမားကန်ပိန်းကို အယုံအကြည်မရှိအော်တာတွေ ဒါတွေကို ကျွန်တော်သဘောကျတယ်။ ထောက်ခံတယ် ဒါမျိုးတွေက ဖြစ်သင့်နေတာ ကြာပြီပဲ။ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားပါဆိုပြီး ကြေငြာတာက ဘီဘီစီက စတဲ့ ပြဿနာပဲ။ ကျွန်တော်တို့လဲ တတ်နိုင်သလောက် ရခိုင်ကို ကယ်တင်ရမယ် ကူညီရမယ်။ ကျွန်တော်ကတော့ ခုလိုကိစ္စဖြစ်အောင် ဘယ်သူတွေစတယ် မပြောချင်ပါဘူး ဒါပေမယ့် ဒီလိုကိစ္စတွေဖြစ်လာတဲ့ အတွက် ရိုဟင်ဂျာ ကုလားတွေကတော့ မြန်မာတစ်ပြည်လုံးရဲ့ မေတ္တာကိုခံယူသွားရပြီလို့ပဲ မြင်တယ်။ ဒီတော့ ခုလတ်တလောဘာတွေ ဖြစ်နေလဲ အတိအကျကျွန်တော် မသိပါဘူး။ သူတို့ကပဲ ရခိုင်တွေကို ဒုက္ခပေးနေတာလား ရခိုင်ကပဲ သူတို့ကို ဒုက္ခပေးနေလား အတိအကျ ကျွန်တော်မသိဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဒီကိစ္စတွေကြောင့် ဒီရိုဟင်ဂျာဆိုတဲ့ ကောင်တွေ နယ်ကျုံ့သွားတာပဲ။ အစိုးရကတော့ လူမျိုးရေး ဘာသာရေးပါနေတဲ့အတွက် ထိန်းထိန်းသိမ်းသိမ်းလုပ်နေရပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကတော့ ဘာမှ ထိန်းစရာမလိုဘူး။ ကိုယ့်ဘာသာ ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားကို ကာကွယ်ပိုင်ခွင့်ရှိတယ် ကာလဲ ကာကွယ်ရမယ်။ ဒါဟာ သမိုင်းပေးတာဝန်ပဲ။ ထေရဝါရဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံတစ်ခုမှ ပြည်သူတစ်ယောက်အနေနဲ့ ကိုယ့်ဘာသာကိုယ့်လူမျိုးကို ကာကွယ်မှကို ဖြစ်မယ်။ ဒီတော့ ကျွန်တော်တို့တွေ တတ်နိုင်တဲ့အပိုင်းကနေ တတ်နိုင်သလောက်လုပ်ဖို့ ကျွန်တော်တိုက်တွန်းပါတယ်။ ဒီတော့ အွန်လိုင်းကနေ မတရားသွေးထိုးနေတဲ့ အသားကလောက်ထွက်နေတဲ့ မီဒီယာတွေကို ကျွန်တော်တို့ အွန်လိုင်းကနေ တန်ပြန်တိုက်ခိုက်တဲ့ BHG ကို ဒီတစ်ခါထောက်ခံပေးပါ။ သူတို့ဘက်က ရပ်တည်ပေးပါလို့ပဲ ပြောချင်ပါတယ်။

Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီများက ဇွန်လ ၈ ရက်နေ့၌ လူစုလူဝေးဖြင့် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် ယင်းနေ့တွင်ပင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့်အတွက် ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် မြို့တွင်း အခြေအ နေ အထိုက်အလျောက် တည်ငြိမ်နေပြီဖြစ်သော်လည်း စစ်တွေမြို့တွင်မူ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာကြောင်း သတင်းရရှိပါသည်။
စစ်တွေမြို့ မင်းဂံရပ်ကွက် ၁၃ သို့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်က ဘင်္ဂါလီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသားများနှင့် ထိပ်တိုက်တိုးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဘင်္ဂါလီများ ၀င်ရောက်လာမှုကို ခုခံကာကွယ်ရာမှ ရခိုင်တိုင်းရင်းသား  များ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်တိုင်းရင်းသား လေးဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရကြောင်းနှင့် လေးဦးအနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။
မင်းဂံရပ်ကွက် ၁၃ သို့ ၀င်ရောက်ရန် ကြိုးစားသည့် ဘင်္ဂါလီများမှာ  စစ်တွေမြို့ပြင်ရှိ ဒေါပြင်ရွာမှ ဖြစ်ကြပြီး ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ ရွာအနီးသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိကာ သတိပေးမှုများ ပြုလုပ်နေသော်လည်း ဘင်္ဂါလီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးနေဆဲပင်ဖြစ်ကြောင်း သိရသည်။
လက်ရှိအခြေအနေအရ စစ်တွေမြို့ပြင်ရှိ လူနေရပ်ကွက်များမှာ စိုးရိမ်ရသည့် အနေအထားရှိနေကြောင်း၊ လုံထိန်းတပ်ဖွဲ့ အင်အားမှာလည်း နည်းပါးနေပြီး တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။
ထိုသို့ ရွှေ့ပြောင်းစောင့်ကြပ်နေရသည့်အတွက် လုံထိန်းတပ်ဖွဲ့ဝင်များ မရှိတော့ချိန်တွင် စစ်တွေမြို့ပြင် ဘင်္ဂါလီရွာများမှ ဘင်္ဂါလီများက စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များကို မီးရှို့ရန် ကြိုးစားနေဆဲဖြစ်ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။
ထို့ပြင်စစ်တွေမြို့တွင်း လုံခြုံ ရေးအတွက် မြို့ခံရခိုင်တိုင်းရင်းသားများက မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်သည့် ပစ္စည်းများကို ကိုင်ဆောင်၍ မိမိတို့၏ အိမ်ရှေ့တွင် သက်ဆိုင်ရာ အိမ်ထောင်စုအလိုက် စုဖွဲ့စောင့်ကြည့်နေရကြောင်း သိရသည်။ စစ်တွေမြို့ အနောက်ဘက်ရှိ မင်းဂံရပ်ကွက် ၁၄ ကို ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေသဖြင့် လုံထိန်းတပ်ဖွဲ့ဝင်များက တားဆီးမှု ပြုလုပ်နေရကြောင်း စစ်တွေဒေသခံတစ်ဦးက ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။
မင်းဂံရပ်ကွက် ၁၃ နှင့် ၁၄တို့သည် ဘင်္ဂါလီရွာဖြစ်သော ဒေါပြင်ရွာနှင့် အနီးကပ်ဆုံး ရှိနေပြီး ဒေါပြင်ရွာမှ ဘင်္ဂါလီများက မင်းဂံရပ်ကွက် ၁၃  နှင့် ၁၄ ကို မီးရှို့ရန် ကြိုးစားနေခြင်းဖြစ်သည်။ အဆိုပါ နေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး သေနတ်ပစ်ဖောက် သတိပေးနေသော်လည်း ဘင်္ဂါလီများမှာ ဒေါပြင်ရွာထိပ်တွင် စုဝေးလျက်ရှိနေဆဲဖြစ်ကြောင်း လက်ရှိအနေအထားအရ စစ်တွေမြို့မှ လုံခြုံရေးအင်အားနည်းသော ရပ်ကွက်များကို ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေကြောင်း သိရသည်။  လုံထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိလာပါက အနောက်ပြန်ဆုတ်သွားပြီး လုံထိန်းများ ပြန်လည်ထွက်ခွာသွားသည်နှင့် ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ အရှေ့မြောက်ဘက်၊ ကုလားတန်မြစ်၏ အနောက်ဘက်ကပ်လျက်တွင်ရှိနေသော ဘင်္ဂါလီ အများစုနေထိုင်ရာ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင်မီးရှို့ပြီး လှေများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

''စစ်တွေ မင်းဂံရပ်ကွက်မှာ အခုအချိန်အထိ တည်ငြိမ်မှု မရှိသေးပါဘူး။ ရိုဟင်ဂျာတွေက လူအင်အားနည်းတဲ့ ဗုဒ္ဓဘာသာရွာတွေကို လစ်ရင်လစ်သလို ၀င်ရောက်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ လုံခြံရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပြီဆိုတာနဲ့ သူတို့တွေက ရှေ့ဆက်တိုးလာတယ်'' ဟု စစ်တွေမှ ဒေသခံတစ်ဦးက ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် ပြောကြားခဲ့သည်။ လတ်တလော ဖြစ်ပေါ်နေသည့် ဘင်္ဂါလီများ၏ အကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းရန် စစ်တွေ၌လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဇွန်လ ၈ ရက်နေ့က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော မောင်တောမြို့တွင် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ယင်းမြို့တောင်ဘက် တစ်မိုင်အကွာခန့်ရှိ မောင်နီရွာအနီးရှိ နစကစခန်းကို ဘင်္ဂါလီရိုဟင်ဂျာများက ၀ိုင်းထားခဲ့ပြီး ထိုနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင် များ ရောက်ရှိသွားသဖြင့် ဘင်္ဂါလီများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရပါသည်။

မောင်တောမြို့ရှိ လေးမိုင် ရဲတပ်ရင်း၌ ကယ်ဆယ်ရေးစခန်းတစ်ခု ထပ်မံဖွင့်ထားပြီး ထိုစခန်း၌ လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိနေကြောင်း သိရပါသည်။ လေးမိုင်ရဲတပ်ရင်း ကယ်ဆယ်ရေးစခန်းတွင် ရိက္ခာအခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ဘူးသီးတောင်မှ ဒေသခံများကလာ ရောက်၍ ဆန်လှူဒါန်းမှု ပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေကြောင်း မောင်တောဒေသခံက ပြောပါသည်။

Eleven Media Web Page

Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် ဒေသခံရခိုင်လူမျိုးများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများအကြား ဖြစ်ပွားနေသော ဖြစ်စဉ်များကြောင့် စစ်တွေမြို့ကို လုံခြုံရေးရယူထားသော လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည်ဆိုသော သတင်းများ မကြားသိရ သေးကြောင်း စစ်တွေမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

ဒေသခံရခိုင်လူမျိုးများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများအကြား ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံ ရိုက်နှက်မှု ဖြစ်စဉ်များကြောင့် သေဆုံးထိခိုက် ဒဏ်ရာရသည့် သတင်းများသာ ကြားသိရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ဘင်္ဂါလီရိုဟင်ဂျာများသည် ဒေသခံရခိုင်လူမျိုးများ နေထိုင်သည့် ရပ်ကွက်များသို့ ၀င်ရောက်ဖျက်ဆီးရန် ကြိုးစားမှုများ ရှိနေကြောင်း၊ ထိုကဲ့သို့ ကြိုးစားမှုများကို ဒေသခံ ရခိုင်လူမျိုးများက ကာကွယ်နေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း ခြောက်လှန့်ပစ်ခတ်မှုများရှိနေကြောင်း၊ မြို့ကို တာဝန်ယူထားသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အရေအတွက်မှာ ရခိုင်လူမျိုးများ၏ အသိုက်အ၀န်းကို ဖျက်ဆီးရန် ကြိုးစားနေသော ဘင်္ဂါ လီရိုဟင်ဂျာများအား ထိန်းနိုင်ရန်အတွက် လုံလောက်သည့် အရေအတွက် မဟုတ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ထိုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်မှုများကိုသာ ပြုလုပ်နေမှုကို စစ်တွေမြို့ခံများက အားမလို အားမရ ဖြစ်နေကြောင်း ပြောကြားခဲ့ကြပြီး ဒေသခံရခိုင်လူမျိုးများ၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်နေသည့် ဘင်္ဂါလီ ရိုဟင်ဂျာများအား ထိထိရောက်ရောက် နှိမ်နင်းစေလိုကြောင်း ၎င်းတို့က တောင်းဆိုခဲ့ကြသည်။

ခြောက်လှန့် ပစ်ခတ်မှုများကိုသာ အဓိကပြုလုပ်နေမှုကြောင့် ဘင်္ဂါလီ ရိုဟင်ဂျာများအနေဖြင့် ကြောက်ရွံ့မှုမရှိဘဲ ဒေသခံရခိုင်လူမျိုးများ၏ နေအိမ်များ၊ ရွာများကို မီးရှို့ ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က မှတ်ချက်ပြုခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် စစ်တွေမြို့ အမှတ်(၁) ရဲစခန်းရှေ့ ဖြစ်စဉ်တွင်မူ ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၁ ဦး ရှိခဲ့သည်။

Copy From Eleven Media Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

“အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ” မှ

ပုဒ်မ ၄၁၂၊ (က) တိုင်းဒေသကြီး တစ်ခုတွင် ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင် ဖြစ်စေ၊ ပြည်ထောင်စု နယ်မြေတစ်ခုတွင် ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု တစ်စုတွင် ဖြစ်စေ၊ ယင်းတို့၏ တစ်စိတ်တစ်ဒေသတွင် ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ် အ...ခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ထိုသို့ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သိရှိလျှင် သော်လည်းကောင်း၊ ထိုသို့ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သက်ဆိုင်ရာ ဒေသ အာဏာပိုင် အဖွဲ့အစည်းက တင်ပြလျှင် သော်လည်းကောင်း နိုင်ငံတော် သမ္မတသည် အမျိုးသား လုံခြုံရေး ကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်။

ပုဒ်မ ၄၁၃။ ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေ ကြေညာသည့် ကိစ္စရပ်တွင် -

(က) အရေးပေါ် အခြေအနေ ကြေညာချက် အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်း မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များ၊ နယ်ဘက်ဆိုင်ရာ ဝန်ထမ်း အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များက တည်ဆဲဥပဒေများနှင့် အညီ တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်နိုင်သည်။

Copy From The Voice
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ယနေ့ည ၇နာရီ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် ၀န်ကြီးချုပ် ဦးမြင့်ဆွေ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်အရေးနှင့် ပတ်သက်၍ မီဒီယာများ ဥပဒေနှင့်အညီရေးသားကြရန်၊ အကယ်၍ မိမိ၏ ရေးသားဖေါ်ပြချက်များသည် လူမျိုးတမျိုးနှင့်တမျိုးကို အထင်မြင်လွဲမှားစေသည့် ရေးသားဖေါ်ပြချက်များဖြစ်ပါက ပုဒ်မ ၅၀၅ (ခ) ...နိုင်ငံတော်အစိုးရကိုဖြစ်စေ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ဖြစ်စေထိခိုက်သည့် ပြစ်မှုဖြင့် အရေးယူနိုင်သည်ဟု သတိပေးပြောကြားခဲ့သည်။

ယခုတပတ် လျှပ်တပြက်သတင်းဂျာနယ်ကို နမူနာအဖြစ် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က ပြသခဲ့သည်ဟုလည်း သိရသည်။

ယခုတပတ် လျှပ်တပြက်သတင်းဂျာနယ်တွင် နိုင်ငံပိုင်မီဒီယာ မှားယွင်းဖေါ်ပြမှု မည်သူတာဝန်ယူမည်နည်းဆိုသည့် ခေါင်းစဉ်ဖြင့်သတင်းဖေါ်ပြချက်များ ပါရှိသကဲ့သို့ ကျောက်နီမော် အဖြစ်အပျက်ကို မသီတာထွေး၏ ဓါတ်ပုံနှင့် နိုင်ငံပိုင် သတင်းစာဖေါ်ပြချက်ကို ကူးယူဖေါ်ပြထားသည်ကိုတွေ့ရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာနဒုညွှန်ချုပ် ဦးတင့်ဆွေကလည်း အပတ်စဉ်ထုတ်ဂျာနယ်များအနေဖြင့် ရခိုင်အရေးကိစ္စများနှင့် ပတ်သက်သည့် ရေးသားဖေါ်ပြရာတွင် စာပေစိစစ်ရေးကို တင်ပြပြီး ခွင့်ပြုမှသာဖေါ်ပြကြရန်နှင့် မလိုက်နာပါက ပုံနှိပ်ဥပဒေနှင့် အရေးယူမည်ဖြစ်ကြောင်း သတင်းမီဒီယာများအား ခေါ်ယူအသိပေးခဲ့သည်။

Copy From YPI
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိသည် ဆူပူအကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) ထုတ်ပြန်ဆောင်ရွက်ရုံဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေး ဆောင်ရွက်နိုင်စွမ်းမရှိသည်ကို တွေ့ရကာ ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးကို အမြန်ဆုံး အကောင်အထည်...ဖေါ် ဆောင်ရွက်ပေးနိုင်စေရန် အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၂ (က) အရ ရခိုင်ပြည်နယ်အား အရေးပေါ် အခြေအနေ ကြေညာလိုက်သည်ဟု ပါရှိသည်။

ယင်းကြေညာချက်တွင် အပိုဒ် ၅ ပိုဒ်ပါရှိပြီး အပိုဒ် (၃) အုပ်ချုပ်ရေး တည်ငြိမ်ရေး တာဝန်ထမ်းဆောင်ရာတွင် တပ်မတော်၏ အကူအညီကိုရယူရမည်ဟုလည်း ပါရှိသည်။
အပိုဒ် (၄) တွင် ယခုအမိန့်သည် နောက်အမိန့်တစုံတရာမထုတ်ပြန်မချင်း အတည်ဖြစ်သည်ဟု ဖေါ်ပြထားသည်။
အပိုဒ် (၅) တွင် ဤ အမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်စေရမည်ဟုဖေါ်ပြ၍ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။

သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် ထုတ်ပြန်လိုက်သည့် ဥပဒေကဲ့သို့ အာဏာတည်စေသည့် ယခုအမိန့်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရပ်သား အစိုးရတက်လာပြီးနောက် ပထမဆုံး ထုတ်ပြန်သည့် အရေးပေါ် အခြေအနေလည်း ဖြစ်သည်။ ။

Copy From YPI
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား-

မိဘပြည်သူများနဲ့ ညီအစ်ကို မောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ စေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

မိဘပြည်သူများ သိရှိပြီး ဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် မေလ (၂၈)ရက်က ဖြစ်ပွားခဲ့...တဲ့ ရခိုင်ပြည်နယ် ကျောက်နီမော် ဖြစ်စစဉ်ကို အခြေခံပြီး ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများ ပိုမို ကျယ်ပြန့်စွာ ဖြစ်ပွားလာပါတယ်။ ဒါကြောင့် ဒီအခြေအနေဟာ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ အပါအဝင် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်း ထိန်းသိမ်းစောင်ရွက်ကြရမယ့် အနေအထား ရောက်ရှိလာတာကို တွေ့ရပါတယ်။

မိဘပြည်သူများခင်ဗျား-

ကျွန်တော်ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ယူခဲ့ချိန်မှ စတင်ပြီး မိဘပြည်သူများရဲ့ အဓိက လိုအင်ဆန္ဒ (၂)ရပ်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာလည်း ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျုဟာကို ဒုတိယအဆင့် တက်လှမ်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ် ယုံကြည်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်း အပြန်အလှန် လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုများနဲ့ အတူတကွ ယှဉ်တွဲ နေထိုင်လာခဲ့ကြတဲ့ အစစဉ်အလာ ကောင်းတဲ့ သမိုင်းကြောင်းရှိခဲ့ပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ခံစားရရှိနိုင်ကြစေရန်အတွက် ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင် ဖြည့်စွက် အသစ်ပြဋ္ဌဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ မိဘပြည်သူများရဲ့ အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ်ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ အစိုးရမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု၊ အကြမ်းဖက်မှုများ ဖြစ်ပွားလာတဲ့ အချိန်ကစပြီး ဖြစ်ပွားသော နေရာများမှာ ချက်ချင်း တည်ငြိမ်အေးချမ်းသွားအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အခြား ဆက်စပ် ဖြစ်ပွား နိုင်ဖွယ်ရှိသော နေရာများတွင်လည်း ဆက်စပ် ဖြစ်ပွားလာခြင်း မရှိအောင်၊ ဖြစ်ခဲ့ပါကလည်း ဖြစ်စတွင်ပင် ပြီးပြေ အေးငြိမ်းသွားအောင် ကြိုတင် ပြင်ဆင် စီမံမှုအတိုင်း လက်တွေ့ ဆောင်ရွက်ခဲ့ပါတယ်။ ဖြစ်စစဉ်များနဲ့ ဆောင်ရွက်မှု အခြေအနေများ၊ ထိခိုက်ဆုံးရှုံးမှု အခြေအနေများကိုလည်း မိဘပြည်သူများအား အချိန်နဲ့တစ်ပြေးညီ ချပြ အသိပေးလျက် ရှိပါတယ်။ ကျွန်တော့် အနေနဲ့လည်း ဒီဖြစ်စဉ်များ ဖြစ်ပွားစကပင် မိဘ ပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစစဉ်ခဲ့သော်လည်း အခြေအနေအရပ်ရပ် ကျယ်ပြန့်လာခြင်း မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက် လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့အတွက်လည်းကောင်း ယခင်က ရှင်းလင်း ပြောကြားမှု မပြုခဲ့ခြင်း ဖြစ်ပါတယ်။

သို့သော်လည်း ဇွန်လ ၉ ရက်နေ့ ညက စစ်တွေမြို့မှာ အကြမ်းဖက်ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန် ပြင်ဆင် ကြိုးပမ်းမှုများ ထပ်မံ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ရ ပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများ ကပါ သိရှိပါဝင် ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ ယူဆတဲ့ အတွက် ယနေ့ မိဘပြည်သူများကို ယခုလို ရှင်းလင်း ပြောကြားခြင်း ဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျား-

လက်ရှိ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော် ဆောင်ရွက်မှုများကြောင့် မင်းမဲ့စရိုက်လုပ်ရပ်များ ကျယ်ပြန့်ကြီးမားလာတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလို လူမျိုးစွဲ၊ ဘာသာစွဲတွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့ မုန်းတီးမှုတွေ၊ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက် တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ် ဆိုရင် ရခိုင်ပြည်နယ် တွင်သာမက ပိုမိုကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အခြားသော အမှောင့်ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာ ရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အပေါ် ပြင်းပြင်းထန်ထန် ထိခိုက် ဆုံးရှုံးမှု ဖြစ်ပေါ်လာစေနိုင်တာကို မိဘပြည်သူများ အားလုံး အထူးသတိထားကြစေချင်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေ အပေါ်မှာ ဥပဒေနဲ့ အညီ ဖြေရှင်း ဆောင်ရွက်သွားမှာ ဖြစ်သလို ဒီလို ဖြစ်စစဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွား ရအောင်လည်း တည်ဆဲဥပဒေ စည်းမျစဉ်း စည်းကမ်းများနဲ့ အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားပါမယ်။ ဒီဖြစ်စစဉ်မှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့သူများအတွက်လည်း တရားမျှတမှုရှိအောင် အလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အတွက် အားလုံးက သဘောထားကြီးကြီးထားပြီး အစစအရာရာ နားလည်ပေးကြဖို့ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးမှု ရရှိအောင်လည်း အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ထို့အတူ ဘာသာရေး အဖွဲ့အစည်းများနဲ့ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ မြို့မိမြို့ဖ ရပ်မိရပ်ဖ ပြည်သူများနဲ့လည်း ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်လျက် ရှိပါတယ်။

မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့အားလုံး မျှော်မှန်း တည်ဆောက်နေကြတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစစဉ်များဟာ တည်ငြိမ် အေးချမ်းမှုနဲ့ တရားဥပဒေ စိုးမိုးမှု ပတ်ဝန်းကျင်ကောင်းရှိမှသာ ဖော်ဆောင် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးရှိဖို့ ဆိုတာဟာလည်း နိုင်ငံတော်အစိုးရ အပေါ်မှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး၊ ပြည်သူများ အပိုင်းကလည်း အသိတရားနဲ့ ယှဉ်ပြီး ဥပဒေများကို လေးစားလိုက်နာကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများနဲ့ နိုင်ငံရေး သမားများ၊ လူထုလူတန်းစား အဖွဲ့အစည်း အားလုံးရဲ့ အသိတရားနဲ့ယှစဉ် သတိတရားနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ ပြောကြား လိုပါတယ်။

ဒါ့ကြောင့် မိဘပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထု လူတန်းစား အဖွဲ့အစည်း အားလုံးတို့က လက်ရှိ ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ တည်ငြိမ် အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့် ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့ မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော် အစိုးရနဲ့ အတူ ဝိုင်းဝန်း ပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ အားလုံး ဘေးဘယာ ဝေးကွာပြီး ကျန်းမာ ချမ်းသာကြပါ စေကြောင်းနဲ့ နိုင်ငံတော် အစိုးရနဲ့ လက်တွဲပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ထွန်း ပေါ်ပေါက်လာအောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


Copy From Eleven Media
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ရခိုင်ပြည်နယ်က အဖြစ်အ ပျက်တွေအပေါ် စုံစမ်းစစ်ဆေး ပြီး တာဝန်ရှိသူတွေကို အရေးယူ ကိုင်တွယ်ဖို့အတွက် အမေရိကန် ပြည်ထောင်စုက မြန်မာအာဏာ ပိုင်တွေကို  တိုက်တွန်းပါသည်။ လူမျိုးရေးအဓိကရုဏ်းတွေမဖြစ် စေရေး ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်ကြဖို့နဲ့ တရားဥပဒေစိုးမိုး ရေးကို အလေးထားကြဖို့လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အစု အဖွဲ့အားလုံးကို တိုက်တွန်းထား ပါသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ခဲ့သည့် အကြမ်း ဖက်မှုအပေါ်မှာ အပြန်အလှန်မ ကျေမနပ်ဖြစ်ပြီး နောက်ထပ် မ ငြိမ်မသက်မှုတွေကို ဖြစ်လာမှာ စိုးရိမ်မကင်းရှိတာကြောင့် အခြေ အနေတွေအပေါ်မှာ နားလည်မှု ရှိရှိနဲ့ တရားဥပဒေစိုးမိုးရေးကို အ လေးထားကြဖို့ အမေရိကန်ပြည် ထောင်စုက တိုက်တွန်းသွားသည်။ မတူကွဲပြားတဲ့အမြင်တွေ၊ နောက် ခံတွေအပေါ်မှာ နားလည်သည်း ခံပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ မြန်မာလူမျိုးတွေကိုယ်တိုင် အားလုံးပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြား ရေးဌာန အရှေ့အာရှ ပစိဖိတ်ရေး ရာ ပြောခွင့်ရှိသူ Darragh Paradiso သတင်းမီဒီယာများကို ပြောကြား သည်။
““အပြန်အလှန်နားလည်သည်း ခံမှုရှိတဲ့ လူ့အဖွဲ့အစည်း၊ လူ့အခွင့် အရေးတွေကို လေးစားတဲ့ လူ့အ ဖွဲ့အစည်း၊ တရားဥပဒေစိုးမိုးမှုရှိ တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အစိုးရနဲ့ အတူ နောက်ခံပေါင်းစုံ အလွှာ ပေါင်းစုံက မြန်မာလူမျိုးတွေအား လုံး ပါဝင်ဆောင်ရွက်ကြရမယ်ဆို တဲ့ အချက်ကို အလေးအနက် ထားရမယ်”” ဟုဆိုပါသည်။
ရခိုင်ပြည်နယ် တောင်ကုတ် မြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု အ တွင်း အသက်ဆုံးရှုံးသူတွေအ တွက်လည်း ၀မ်းနည်းကြေကွဲမိ တယ်လို့လည်း ပြောပါသည်။
ဒီလို အကြမ်းဖက်ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ဥကဒေစိုးမိုး ရေးအတွက် တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့ကို လည်း Darragh Paradiso က မြန်မာအာဏာပိုင်တွေကို တိုက် တွန်းသွားပါသည်။
““ဒီအကြမ်းဖက်မှုတွေကို အ မေရိကန်ပြည်ထောင်စု အနေနဲ့ ကန့်ကွက်ရှုတ်ချပါတယ်။ ဥပဒေ စိုးမိုးရေးအတွက် ဒီအဖြစ်အပျက် သတင်းကို စုံစမ်းစစ်ဆေးဖို့နဲ့ တာ ၀န်ရှိသူတွေကို အရေးယူဖို့ အာ ဏာပိုင်တွေကိုတိုက်တွန်းပါတယ်။ အစုအဖွဲ့အားလုံးအနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊ အကြမ်းဖက်မှုတွေမလုပ်ဖို့၊ ဘာ သာရေးလွတ်လပ်ခွင့်ကိုလေးစားပြီး ခွဲခြားဆက်ဆံမှုတွေ မလုပ်ကြဖို့ ကိုလည်း တိုက်တွန်းလိုပါတယ်”” ဟု ဆိုသည်။
ဒီအဖြစ်အပျက်တွေနဲ့ပတ် သက်လို့ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း လူများစုက လူနည်းစု ကို နားလည်ကရုဏာထားနိုင်ကြ ဖို့နဲ့၊ ပြဿနာပိုပြီး ကြီးထွားမလာ အောင် ဂရုစိုက်ကြဖို့ တိုက်တွန်း သွားပါသည်။
““ကျွန်မအမြဲပြောတယ်။ လူ များစုဆိုတာက လူနည်းစုအပေါ်  မှာ ကရုဏာထားတတ်ရမယ်။အဲဒါတော့ကျွန်မ သတိပေးပါ ရစေ။ ဒီလိုကျွန်မပြောတာကို ကြိုက်ချင် မှကြိုက်မယ်။ ဒါပေ မယ့်ကြိုက် တာမကြိုက်တာထက် ပြောသင့် တာကိုတော့ ကျွန်မ ခပြောရမှာပဲ။ လူများစုဆိုတာ ခဟာကိုယ့်ရဲ့အင် အားကရှိပြီး သား၊ ကိုယ့်ရဲ့အများ စုအင်အား က ရှိပြီးသားမို့လို့ ပိုပြီးတော့ သဘောထားကြီးနိုင်ရမယ်။ ပိုပြီး တော့ ကရုတရားထားနိုင်ရမယ်။ အဲဒီတော့ ကျွန်မတို့နိုင်ငံ မှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး၊ ပြည် သူပြည်သားအားလုံး တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ အေးအေးချမ်းချမ်း နေတာကို ကျွန်မမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့အ တွက်ကျွန်မတို့အနေ နဲ့ ကူညီနိုင် တယ်ဆိုရင် ကျွန်မတို့ ကူညီမယ်။ လုပ်ပေးနိုင်တာကို လုပ်ပေးမယ်။ ဒါပေမယ့် ဖြစ်ပွား နေတဲ့ကိစ်္စတွေ ပိုပြီးကြီးထွားသွား အောင်လို့ လုပ်နေတာမျိုးတော့ ကျွန်မတို့ သတိပြုပြီးတော့ရှောင် ကြဉ်စေ ချင်ပါတယ်””
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကပဲ မူစလင်အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ပြဿနာတွေကို အေးအေးချမ်း ချမ်းဖြေရှင်းနိုင်ဖို့ တိုက်တွန်းခဲ့ပါ တယ်။ ရခိုင်တောင်ကုတ်မှာဖြစ်ခဲ့ တဲ့ အဖြစ်အပျက်နဲ့ အစိုးရ သတင်းစာပါ အသုံးအနှုန်းကို မ ကျေနပ်မှုကြောင့် မူစလင်အချို့ တစ်နေ့ကဆန္ဒပြတာရှိခဲ့ပေသော် လည်း ယခုအချိန်တွင် အခြေအ နေတွေအားလုံး ငြိမ်ငြိမ်သက် သက်ရှိခဲ့ပါသည်။
ဒီအဖြစ်အပျက်တွေကြောင့် လူမျိုးရေး အဓိကရုဏ်းပုံစံ ပြဿ နာ မကြီးလာအောင် နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အ စည်းတွေ၊ ဘာသာရေး အဖွဲ့အ စည်းတွေကတော့ သက်ဆိုင်ရာ လူထုကို တိုက်တွန်းတာတွေ လုပ် နေသည်။ အစိုးရကတော့ ရခိုင် ပြည်နယ်တွင်း ၂၀၁၂ မေလနဲ့ ဇွန်လထဲ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ်မှုတွေ ကို စုံစမ်းဖော်ထုတ်ဖို့ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဦးဆောင်တဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဇွန် ၆ရက် နေ့ရက်စွဲနဲ့ ဖွဲ့စည်းလိုက်ပါသည်။ ၁၆ ဦးပါ အဲဒီစုံစမ်းစစ်ဆေးရေး အဖွဲ့ဟာ ဖြစ်ရပ်မှန်ပေါ်ရေးအ တွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ  သက်သေခံ ဥပဒေတို့နဲ့အညီ စုံ စမ်းစစ်ဆေးပြီး အစီရင်ခံစာကို ၂၀၁၂ ဇွန်လ ၃၀ရက်နေ့ နောက် ဆုံးထား နိုင်ငံတော်သမ္မတထံကို တိုက်ရိုက် အစီရင်ခံမယ်လို့ သိရ ပါသည်။


Hot News မှ ဖြစ်သည်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဖွဲ့ချုပ် ရုံးအတွင်း ထိုင်းခရီးစဉ်နှင့်ပတ် သက်သည့် သတင်းစာရှင်းလင်းပွဲ ကို ဇန်န၀ါရီလ ၆ရက် ၂၀၁၂ တွင် ကျင်းပခဲ့သည်ဟုသိရသည်။
ပြီးခဲ့တဲ့ သီတင်းပတ်ကသွား ရောက်ခဲ့သည့်ထိုင်းခရီးစဉ်အပေါ် ကျေနပ်အားရိမိကြောင်းနှင့် ထိုင်း -မြန်မာ ဆက်ဆံရေးပိုကောင်း အောင် ကြိုးစား သွားချင်ပါသည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD  ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ကပြောသည်ဟုဆိုသည်။ သမ္မတ ဦးသိန်းစိန်၏ ထိုင်းခရီး စဉ် ဖျက်လိုက်တာကလည်းသူ၏ ခရီးစဉ်နှင့် သက်ဆိုင်သည်ဟု မ ယူဆသည့်အကြောင်းပြောသည် ဟုသိရသည်။
မေလ ၂၉ရက်နေ့ကနေ ဇွန် လ ၃ရက်နေ့အထိ သွားရောက်ခဲ့ သည့် ထိုင်းနိုင်ငံခရီးစဉ်နှင့်ပတ် သက်ပြီး နောက်ဆက်တွဲထွက် ပေါ်နေသည့် သတင်းများနှင့် ပတ်သက်၍ရော မကြာခင်မှာ သွားတော့မည့် ဥရောပခရီးစဉ် များအပါအ၀င် အကြောင်းအရာ တော်တော်များများကို ဇွန်လ ၆ ရက်နေ့က NLD  ရုံးချုပ်မှာ ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုဖြေကြားခဲ့သည်ဟု သိ ရသည်။
““ထိုင်းခရီးစဉ်နဲ့ပတ်သက်လို့ ကတော့ ကျွန်မအနေနဲ့ကတော့ အင်မတန်မှ ကျေနပ်တယ်လို့ ပြောရမှာပဲ။ ထိုင်းနိုင်ငံသူ၊ နိုင်ငံ သားများနဲ့ ထိုင်းအစိုးရကကျွန်မ ကို ကြိုဆိုနေတဲ့နေရာမှာ အင်မ တန်မှ နွေးနွေးထွေးထွေးရှိတယ်။ အားလုံး လိုလေသေးမရှိအောင် လို့ ကျွန်မကို ပြုစုသွားပါတယ်။ သူတို့လုပ်ပေးတဲ့ အစီအစဉ်တွေ ကိုလည်း အားလုံးကျွန်မကျေနပ် ပါတယ်။ အခုဆိုလို့ရှိရင် ဘယ်လို အစီအစဉ်တွေကို ဘယ်လိုကြောင့် ပြောင်းရတယ်၊ ဘာတယ်ဆိုတာ တွေ ပြောနေတဲ့သူတွေရှိတာပေါ့ နော်။ ဒါပေမယ့် ကျွန်မအနေနဲ့ ထိုင်းအစိုးရက လုပ်ပေးတဲ့ အစီ အစဉ်ဟာ အင်မတန်မှ အဆင် ပြေတယ်လို့ ထင်ပါတယ်။ အဓိ က ကျွန်မပြောချင်တာကတော့ ကျွန်မတို့ ထိုင်းနိုင်ငံကို ကျေးဇူး တင်တယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာ နိုင်ငံကြားမှာပိုပြီးတော့ ဆက်ဆံ ရေးတွေ ကောင်းသွားအောင်လို့ ကျွန်မအနေနဲ့ ကြိုးစားသွားချင် တယ်။ ထိုင်းနိုင်ငံရဲ့ အဓိက အ ကြောင်းအရာက ကမ္ဘာ့စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲကို တက်ရောက် ဖို့ဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး နဲ့ ဒုက်္ခသည်တွေကိုလည်း ကျေ ကျေနပ်နပ်လုပ်ဆောင်နိုင်ခဲ့တယ်။
ကျွန်မကတော့ ကျွန်မတို့ နိုင်ငံရဲ့ အခြေအနေတွေနဲ့ပတ် သက်လို့ ကျွန်မမြင်တဲ့အတိုင်းပဲ ပွင့်ပွင့်လင်းလင်း  ပြောခဲ့တယ်။ တချို့ကလည်း ဒါကို သိပ်မကျေ နပ်ဘူးလို့ ကျွန်မကြားပါတယ်။ ဒါပေမယ့် ကျွန်မပြောခဲ့တဲ့ ကိစ်္စ တွေအားလုံးဟာ အခုဘယ်လို အနေအထားမှာရှိနေပြီလဲဆိုတာ ကို မှန်မှန်ကန်ကန် သုံးသပ်နိုင်မှ ပြုပြင် ပြောင်းလဲရေးခြေလှမ်း တွေကို မှန်မှန်ကန်ကန်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ ပွင့်ပွင်လင်းလင်းနဲ့ ကျွန်မမြင်တဲ့ အတိုင်းပဲ ပြောခဲ့တာပါ””
သမ္မတဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နှင့် တစ်ချိန်တည်းမှာပင် ကမ္ဘာ့စီးပွား ရေးဖိုရမ်တက်ရန်နှင့် ထိုင်းနိုင်ငံ ခရီးစဉ်တွေ ရှိခဲ့တာဖြစ်သော် လည်း နှစ်ခုလုံးကို ဖျက်ပစ်ခဲ့ ကြောင်း၊ ထိုကိစ္စနှင့်ဒေါ်အောင် ဆန်းစုကြည်က မြန်မာဘာသာ နှင့်ဖြေကြားစဉ်မှာ ခရီးစဉ်ဘာ ကြောင့် မဖြစ်သလဲဆိုတာ သူမ သိသလို သမ္မတကိုယ်တိုင် ဖြေရ မည့် မေးခွန်းတွေသာဖြစ်သည်ဟု ဖြေဆိုကြောင်း၊ မြန်မာနိုင်ငံမှ တစ်ယောက်ယောက် မပျော်မရွှင် ဖြစ်အောင် တစ်ခုခုလုပ်သည်ဟု ကျွန်မ မထင်ကြောင်း၊ သူလုပ်ခဲ့ တာက ရွှေ့ပြောင်းအလုပ်သမား များကို တွေ့ပြီး ထိုကိစ္စအတွက်  တာဝန်ရှိသူသည့် ထိုင်းတာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်၍ နှစ်ဘက်အကျိုးရှိစေမည့် ကိစ်္စရပ်များကို ဆွေးနွေးခဲ့ကြောင်း၊ မယ်လစခန်းတွင် ဒုက္ခသည်များ နှင့် သွားတွေ့ခဲ့စဉ်မှာလည်း အ လွန်အကျိုးရှိသည့် ဆွေးနွေးပွဲများ လုပ်ခဲ့ကြောင်း၊ သူလုပ်ခဲ့ခြင်းများ သည် မြန်မာလူထုကို တစ်နည်း နည်းနှင့် ပြောင်းပြန်အကျိုးသက် ရောက်စေမည်ဟုမထင်ပါကြောင်း၊ သူတွေ့ခဲ့ရသည်က ထိုင်းတာဝန် ရှိသူများနှင့် ထိုင်းလူထုမှ ဘယ် လောက်နားလည်မှုရှိပြီး ဘယ် လောက်ပူးပေါင်းဆောင်ရွက်မှုရှိ သည်ဆိုတာသာဖြစ်သည်ဟုဒေါ် အောင်ဆန်းစုကြည်ကဖြေခဲ့ကြောင်း သိရသည်။

 

Hot News မှ ဖြစ်သည်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မောင်တောမြို့တွင်းသို့ ဘူးသီးတောင်နှင့် မောင်တောအကြား အခြေစိုက်သည့် တပ်ရင်းများမှ စစ်တပ်များ လွန်ခဲ့သည့် မိနစ်ပိုင်းအတွင်း ၀င်ရောက်လာပြီး မောင်တောမြို့တွင်းရှိ မြို့တွင်း နေအိမ်များ ရပ်ကွက်များအတွင်း ပိတ်မိနေသည့် ရခိုင်လူမျိုးများအား ရှာဖွေကယ်ထုတ်နေသည်ဟု မောင်တောမြို့ခံတဦးက ဆက်သွယ် ပြောဆိုသည်။

ယင်းတပ်များ ၀င်လာနေစဉ်မှာပင် ဗိုလ်မှူးရွာဘက်မှ ဘင်္ဂါလီလူမျိုး လူအုပ်စုလည်း မကွဲသေးပဲ တက်လာနေသည်ဟု ယင်းမြို့ခံက ပြောသည်။
သေနတ်သံများ လေးဘက်လေးတန်မှ ကြားနေရကာ ၎င်းတို့အနေဖြင့် မအိပ်နိုင်ပဲ အခြေအနေကို နားစွင့်နေကြရသည်ဟုလည်း ပြောသည်။

စစ်တပ်အသိုင်းအ၀ိုင်းမှ ရရှိသည့် ခိုင်လုံသည့် အခြား သတင်းတရပ်အရ ရခိုင်ပြည်နယ်ရှိ စစ်တပ်အင်အား အများစုမှာ ဘူးသီးတောင်၊ မောင်တော မြို့နယ်များသို့ လက်နက်ပြည့် ကျည်ပြည့်ဖြင့် ရောက်ရှိနေကြပြီဟု ဆိုသည်။

ယနေ့နေ့လည်ပိုင်းက အဖြစ်အပျက်နှင့် ယခုလတ်တလော ပစ်ခတ်မှုများတွင် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO Rohingya Solidarity Organization အဖွဲ့မှ ပါဝင်ပတ်သက်နိုင်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။

ယင်း RSO အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းတွင် အခြေစိုက်သည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။ ရိုဟင်ဂျာ စခန်းတွင် တာလီဘန်များ စစ်သင်တန်းပေးဖူးကြောင်း စီအန်အန် သတင်းတရပ်တွင် ဖေါ်ပြခဲ့ဖူးသည်။

Yangon Press International မှ ဖြစ်သည်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ည ၈နာရီ ၄၅မိနစ်၊ ဇွန်လ ၈ ရက်၊ ၂၀၁၂ ခုနှစ်-YPI

မောင်တောမြို့တွင် ယနေ့မွန်းလွဲပိုင်းမှ စတင် ဖြစ်ပွားခဲ့သည့် သည့် မီးရှို့မှုများ၊ လုယက်မှုများနှင့်အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် မောင်တောမြို့ စည်ပင်သာယာ နယ်နိမိတ်တွင် ည ၆နာရီမှ နံနက် (၆) နာရီထိ ညမထွက်ရ အမိန့်နှင့် လူ (၅) ယောက်ထက်ပို၍ စုဝေးခြင်း မပြုရဟု ပုဒ်မ (၁၄၄) အရ ထုတ်ပြန်လိုက်ပြီဖြစ်သည်။

ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် ခိုလှုံနေရသူ မောင်တောမြို့ခံ ကိုထူးက နောက်ဆုံး အခြေအနေကို ည၈နာရီခွဲတွင် YPI သို့ပြောဆိုရာတွင် ပုဒ်မ ၁၄၄ အမိန့်ထုတ်ခြင်းကို ၎င်းအနေဖြင့် မကြားသိသေးကြောင်း ၊ စွန့်ပစ်ထားခဲ့သည့် နေအိမ်များမှ ပစ္စည်များအား လုယူသွားမှုရှိနေသဖြင့် ၎င်းတို့၏ နေအိမ်သို့ ပစ္စည်းယူဆောင်ရန် လူအုပ်စုဖြင့် သွားစဉ် ဘင်္ဂါလီလူမျိုး အကြမ်းဖက်သူများက ဒါးများ၊ ဒုတ်များဖြင့် လိုက်လာ၍ ပြန်လှည့်လာခဲ့ရသည်ဟု ဆိုသည်။

လမ်းပေါ်တွင် ရဲများကို မတွေ့ရတော့ပဲ လုံထိန်းရဲများကိုမူ တွေ့ခဲ့ရသည်ဟုလည်း ကိုထူးက ပြောသည်။ ၎င်းက “ကျွန်တော်တို့ ဘ၀တွေတော့ စုတ်ပြတ်သတ်သွားပါပြီ” ဟု ပိုင်ဆိုင်မှု ဆုံးရှုံးမည့်အရေးကို စိုးရိမ်စွာဖြင့် ပြောသည်။

မောင်တောမြို့ ရှိ INGO ၀န်ထမ်းများမှာ နေအိမ်မီးရှို့မှုများ အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် UNHCR ရုံးဝင်းအတွင်းသို့ ပြေးဝင်ခိုလှုံနေရကြောင်းလည်း သိရှိရသည်။
ယင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအတွင်းတွင် ခိုလှုံသူ ၅၀၀ ခန့်ရှိသည်ဟု အမည်မဖေါ်လိုသည့် အန်ဂျီအိုဝန်ထမ်းတဦးက ပြောသည်။

အချို့ဝန်ထမ်းမိသားစုများမှာ နီးစပ်ရာ မြန်မာဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသည်ဟုလည်း ယင်းဝန်ထမ်းက ပြောသည်။ ရခိုင်ရပ်ကွက်များတွင် အရပ်သားများက အလှည့်ကျ ကင်းစောင့်လျှက်ရှိပြီး ပြင်ပသို့ ဖုန်းပြောဆိုရာတွင်လည်း အသံတိုးတိုးသာ ပြောဆိုရဲကြသည်ဟု ခိုလှုံနေသူက ပြောသည်။

သမ္မတရုံး အရာရှိဖြစ်သူက ၎င်း၏ ဖေ့စ်ဘွတ်တွင် “မောင်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာ လမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့် ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် ၅ ဦး (သို့မဟုတ်) ၅ ဦးထက် ပိုသောသူများ စုဝေးခြင်း မပြုရန်နှင့် ညနေ(၁၈၀၀) နာရီအချိန်မှ နံနက်(၀၆၀၀) နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ အရ ထုတ်ဆင့်လိုက်သည်” ဟု အမိန့် ကြေညာချက် အပြည့်အစုံကို ဖေါ်ပြထားသည်ကို တွေ့ရသည်။ ။
Yangon Press Internationalမှ ဖြစ်သည်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ မှ မသီတာထွေးအား မုဒိမ်းကျင့်၊သတ်ဖြတ်၊လုယက်မှုပြ
ုလုပ်သူ တရားခံ ၃ဦး အား ကျောက်နီမော်ရဲစခန်းမှ (ပ) ၂၃/၂၀၁၂၊ပြစ်မှုပုဒ်မ ၃၀၂/၃၇၆/၃၉၂ ဖြင့် ဇွန် ၈ ရက် နံနက် ၉နာရီခန့်တွင် ကျောက်ဖြူခရိုင်တရားရုံးသို့တရားစွဲဆိုရာ ခရိုင်တရားရုံးမှ ရာကြီးအမှတ် ၁၄/၂၀၁၂ ဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ မီဒီယာများတွင် ထုတ်ပြန်လိုက်သည်။

ထိုသို့ တရားစွဲဆိုရာတွင် ''တရားခံများက ခုခံချေပရန်ရှေ့နေမငှားလိုကြောင်း လျှောက်ထားသော်လည်း ခရိုင်တရားရုံးအနေဖြင့် တရားမျှတမှုရှိစေရန် တရားရုံးလုပ်ထုံးလုပ်နည်းအရ အစိုးရရှေ့နေတစ်ဦးအား စီစဉ်ပေးကြောင်း၊အမှုစစ်ဆေးရန်ရုံးချိန်းကို ဇွန် ၁၁ရက် သို့ပြောင်းရွှေ့ပြီး ယနေ့နံနက် ၉နာရီ၄၀မိနစ်တွင် တရားရုံးလုပ်ငန်းများပြီးဆုံးကြောင်း" ကျောက်ဖြူမြို့ခရိုင်တရားရုံးမှဝန်ထမ်းတစ်ဦးကပြောသည်။

ထို့ပြင်တရားရုံးထုတ်စစ်ဆေးချိန်တွင်ရပ်ရွာပြည်သူလူထု ၁၀၀ ကျော်ခန့် တက်ရောက်နားထောင်ကြပြီး တစ်စုံတစ်ရာထူးခြားမှုမရှိဘဲ အေးချမ်းစွာတရားရုံးမှပြန်လည်ထွက်ခွာသွားကြကြောင်း ဒေသခံများထံမှသိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွှာအုပ်စု သပြေချောင်းကျေးရွာသူ မသီတာထွေးသည် လွန်ခဲ့သော မေလ ၂၈ရက်နေ့က ပြစ်မှု ကျူးလွန်သူဟု ယူဆရသူ အစ္စလာမ်ဘာသာဝင် သုံးဦးက မုဒီမ်းကျင့်၊ ပစ္စည်းများ လုယူ၊ သတ်ဖြတ်ခံခဲ့ရသည်။

The Voice Weekly မှ ဖြစ်သည်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

စစ်တွေရှိ စစ်သင်္ဘောများကို မောင်တောသို့ ထွက်ခွာရန် အမိန့်လာပြီ

ဇွန်လ ၈ ၊ ၂၀၁၂၊ YPI

စစ်တွေမြို့အနီးဆိုက်ကပ်ထားသည့်
စစ်သင်္ဘောကို မောင်တောမြို့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင် စောင့်ရှောက်ဖို့ ယနေ့ညတွင်ပင် ထွက်ခွာရန်ပြင်ဆင်နေပြီဟု စစ်တွေမြို့ ရေတပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။

မောင်တောမြို့တွင် ယနေ့ဖြစ်ပျက်သည့် အဖြစ်အပျက်ကြောင့် ဒဏ်ရာရသူ (၃၀ ) ကျော်ရှိသည်ဟု မြို့ခံများက ပြောသည်။ သမ္မတရုံး အရာရှိကြီးတဦးကမူ ယနေ့ညဦးပိုင်းထိ ရရှိသမျှသတင်းအရ ၄ ဦးသေ ၁ ဦးဒဏ်ရာရရှိသည်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။ ။

မိတ္ထီလာ လေတပ်လည်း အသင့်အနေအထား ပြင်ဆင်

နံနက်၊ ၀း၅၆ နာရီ၊ ဇွန်လ ၉ ရက်၊ ၂၀၁၂၊ YPI

မောင်တော နှင့် ဘူးသီးတောင်တို့တွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများ၊ မငြိမ်မသက်မှုများနှင့်အတူ နယ်စပ်လုံခြုံရေးအတွက် လိုအပ်လျင် အသုံးပြုနိုင်ရန် မိတ္ထီလာလေတပ်ကိုလည်း အသင့်အနေအထား ပြင်ဆင်ထားကြောင်း မိတ္ထီလာ လေတပ်အသိုင်းအ၀ိုင်းမှ သိရှိရသည်။ ။

မောင်တောမြို့ အချို့ ရပ်ကွက်များတွင် သေနတ်သံများ ကြားနေရဆဲဖြစ်

ည ၁၁ နာရီ၊ ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI

မောင်တောမြို့ မြို့မကညင်တန်းကုန်း ရပ်ကွက်တွင် ဘင်္ဂါလီလူစုလူဝေးမှာ ယခုည ၁၁နာရီကျော်သည် အထိ မကွဲသေးပဲ သေနတ်ပစ်ဖေါက်သံများလည်း ကြားနေရသည်ဟု ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် ခိုလှုံနေသည့် မောင်တောမြို့ခံတဦးက YPI သို့ပြောသည်။

စစ်တပ်အင်အား မလုံလောက်သည့်အနေအထားကို ည်း တွေ့မြင်နေရသည်ဟု ၎င်းက ပြောဆိုကာ တမြို့လုံးတွင် စစ်ကားတစီးသာ မြင်တွေ့ရသေးသည်ဟုလည်း ဆိုသည်။ ။


အထက်ပါသတင်းများနှင့် ပတ်သတ်၍ ကျွန်တော်၏ အုပ်ချုပ်ရေးမှ မိတ်ဆွေတချို့၏ အမြင်များကို ဖော်ပြလိုက်ပါသည်။

ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ ဒုတိယဗိုလ်မှူးကြီးတစ်ဦး အမြင်

" တဖက်နိုင်ငံကနေပြီး ရိုဟင်ဂျာများ ထပ်မံ ဝင်ရောက်လာမည်ကို စိုးရိမ်၍ ကြိုတင်ကာကွယ်ဖို့နဲ့ ဘင်္ဂလားဒေရှ်မှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ပတ်သတ်လာမည်ကို စိုးရိမ်သဖြင့် လေတပ်နှင့် ရေတပ်ကို အသင့်ပြင်ထားတာ ဖြစ်နိုင်ပါတယ်။ စစ်တပ်ကတော့ ကာကွယ်ရေးကိစ္စကိုသာ အဓိကထားရတဲ့အတွက် နိုင်ငံရေးအသွင်ဆောင်နေတုန်း အခြေအနေမှာ အဟန့်အတားတစ်ခုအနေဖြင့်သာ ဝင်ရောက်နေရာယူထားခြင်းဖြစ်သည်" ဟု သူ့အမြင်ကို ပြောပြသည်။

ရန်ကုန်စစ်ဋ္ဌာနချုပ်ရုံးမှ ဒုဗိုလ်မှူးတစ်ဦးအမြင်

 " ဘင်္ဂလားဒေ့ရှ်ဝင်လာမှာကို ကြောက်ရတယ်။ ဒါကို မြင်လို့ ကြိုပြင်ထားတာ။ အမှန်ဆို ပြည်တွင်းရေးမှာ လေတပ်တွေ ရေတပ်တွေ မလိုပါဘူး။"

ရဲချုပ်ရုံးမှ ဒုရဲမှူးတစ်ဦး အမြင်

   " ရခိုင်ကလုံထိန်းရဲတွေ တော်တော်များများကလဲ ရခိုင်တွေပဲ။ ဒီတော့ ရခိုင်တွေကိုပဲ ကာကွယ်မှာပါ။ နောက်ပြီး လူမျိုးရေးအနေနဲ့ တဖက်နိုင်ငံက ဝင်ရောက်လာနိုင်တာကြောင့် ရဲတွေက ထိန်းထိန်းသိမ်းသိမ်းလုပ်နေရတာ"

ရဲချုပ်ရုံးမှ အခြားဒုရဲမှူးတစ်ဦးအမြင်


    "ဘင်္ဂလားဒေ့ရှ်နဲ့ ကြိပြီးတိုင်ပင်ထားဖို့ လိုပြီ။ မတော်တဆ အဲ့ဘက်ကသာ ကုလားတွေ ထပ်ဆင်းလာရင် အခြေအနေတွေ ဒီထက်ပိုဆိုးကုန်မယ်။ စစ်ရေးနဲ့ ဖြေရှင်းဖို့တော့ မလိုသေးပါဘူး"




နာမည်များကိုတော့ ဖော်ပြပေးမည် မဟုတ်ပါ။ သူတို့အမြင်တွေအားလုံးကို ကျွန်တော့်အနေနဲ့ လက်ခံနိုင်သလို ကျွန်တော်ကိုယ်တိုင်လဲ ဘင်္ဂလားဒေ့ရှ်အစိုးရ ဝင်ပါလာမှာတွေ အဲ့ဘက်က ရိုဟင်ဂျာ ကုလားတွေ ထပ်မံဝင်ရောက်လာနိုင်တယ်လို့ မြင်သလို ထိုကိစ္စကို မတားနိုင်ပါက ကချင်ထက် ဆိုးတဲ့ အခြေအနေများနဲ့ ကြုံနိုင်တယ်လို့ ခန့်မှန်းမိပါတယ်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

IMG_9923



ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂါလီလူမျိုးများမှ ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးချင်းနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီတွင် သတင်းစာရှင်းလင်းပွဲတစ်ခုပြု လုပ်ခဲ့ပါသည်။
လက်ရှိ မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မင်းမဲ့စရိုက်ဆန်ဆန် ပြစ်မှုကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူစေလိုကြောင်း၊ ထို့အပြင် ပျက်စီးသွားသော နေအိမ်များကိုအစိုးရမှ ကြပ်မတ်၍ ဦးစီးဆောင်ရွက်ပေးစေလိုကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုမြအေးမှ မိမိတို့ လက်ရှိသဘောထာအား ရှင်းလင်းပြောကြားခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကလည်း'' မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များနဲ့ ဗုဒ္ဓဘာသာဝင်များကြားမှာ ဖြစ်ပွားနေတဲ့ပြဿနာ မဟုတ်ဘူး။ ဒါဟာလူမျိုးရေး၊ ဘာသာရေး၊ အသွင်ဖန်တီးမယ်ဆိုရင်လည်း ဒါဟာ မရိုးမသား လုပ်ဆောင်နေတဲ့ ဖန်တီးမှုမျိုးဘဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ဝေဒနာသူတို့ ခံစားမှုကိုလည်း အလေးအနက်ထားဖို့လိုပါလိမ့်မယ်။ ကာလရှည်ကြာစွာ ကျွန်တော်တို့သည်းခံ နေလာခဲ့တာ ရိုဟင်ဂျာပြဿနာပါ'' ဟု ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဦးကိုကိုကြီးက မိမိတို့အနေဖြင့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်းပြောကြားလိုကြောင်း၊ ရိုဟင်ဂျာများသည် တိုင်းရင်းသားမဟုတ်ပါကြောင်း၊ုယခုဖြစ်ပေါ်နေသော မောင်တောကိစ္စသည် နယ်စပ်မှ တရားမ၀င်ဖြတ်ကျော်လာသော ရိုဟင်ဂျာများနှင့် ပြည်ပသွေးထိုးလှုံဆော်မှုများပါနေသည်ဟု မိမိတို့အနေဖြင့် ထင်မြင်မိပါကြောင်း၊ နိုင်ငံတကာနိုင်ငံကြီးများ အနေဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်း သားပြဿနာများကို ကောင်းစွာသိရှိ နားမလည်ဘဲပြောဆိုနေကြခြင်းသည် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိခိုက်သည်ဟု သတ်မှတ်ပါကြောင်း၊ မျိုးဗီဇဘာသာ စကားဓလေ့ထုံးတမ်းများအရ မိမိတို့ နိုင်ငံတွင်းနေထိုင်သော တိုင်းရင်း သားမျိုးနွယ်စုများနှင့် လုံးဝပတ်သက်ခြင်းမရှိကြောင်းလည်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
မိမိတို့ နိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာများကြောင့် အစိုးရအဆက်ဆက်မှ နိုင်ငံတကာများနှင့် မျက်နှာမပျက်အောင် လိုက်လျောမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကဲ့သို့ လက်ခံခဲ့ခြင်းမှာလည်း လူသားခြင်း စာနာထောက်ထားမှုအရသာဖြစ်ကြောင်း၊ မိမိတို့လူမျိုးများ၏ သဘောကောင်းမှု လိုက်လျောမှုများကို နိုင်ငံကြီးများမှ မိမိတို့အားနည်းတဲ့နိုင်ငံက ယခုကဲ့သို့ပြဿနာများကို  လက်ခံရမည့်ဆိုသည့် ဖိအားပေးမှုများကို မိမိတို့လက်ခံမည် မဟုတ်ကြောင်း ဦးကိုကိုကြီးမှ ပင်ဆက်လက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
''ကျွန်တော်တို့ အချုပ်အခြာ အာဏာကိစ္စကို ဘယ်နိုင်ငံတကာ ဘယ်နိုင်ငံကြီးကမှ ဒီဟာတွေကို ကျွန်တော်တို့ လက်ခံရမယ်လို့ဖိအား ပေးလာပြီဆိုရင် တပ်မတော် အင်အားစုနဲ့ အတူ ကျွန်တော်တို့ ဒီမိုကရေစီအင်အားစု အားလုံးက ဒါအမျိုးသားရေးပြဿနာအနေနဲ့ ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပါတယ်'' ဟုလည်း ဦကိုကိုကြီးက ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့၏ သဘောထားအား ပြောကြားခဲ့သည်။
''ကျွန်တော်တို့မှာ နိုင်ငံသား အဖြစ် အသိအမှတ်ပြုခံထားရတဲ့ ပုဂ္ဂိုလ်တွေကိုတော့ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေး နိုင်ငံသားတစ်ယောက်ရဲ့ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ကို ကျွန်တော်တို့ အပြည့်အ၀လက်ခံမှာပါ။ သို့သော် ဒါကို တိုင်းရင်းသားအဖြစ်နဲ့ လက်ခံရမယ်လို့ အတင်းအကျပ် ဖိအားပေးလာတာမျိုးဆိုရင်တော့ သည်းခံမှာမဟုတ်ပါဘူး။ ရိုဟင်ဂျာ ပြဿနာသည် မူဆလင်ပြဿနာမဟုတ်ဘူး။ အဲဒါကိုခွဲခြားပြီးတော့ ဖြေရှင်းဖို့လိုတယ်။ ကျွန်တော်တို့နိုင်ငံသား မူဆလင်များ အစ္စလာမ် ဘာသာဝင်များ ချိတ်ဆက်ပြီး လုပ်နေတာကိုက သွေးရိုးသားရိုးမဟုတ်ဘူးလို့မြင်တယ်။ ကျွန်တော်ထပ်ပြီးရှင်းရှင်း လင်းလင်းပြောချင်တာက မောင်တောမှာနေတဲ့ အစ္စလမ်ဘာသာဝင်တွေကို နယ်စပ်ဖြတ်ကျော်ပြီးဝင်လာတဲ့ ဘင်္ဂါလီမူဆလင်တွေက ဖျက်စီးနှိပ်စပ်ရင်လည်း ကျွန်တော်တို့ နိုင်ငံသားတွေကို ကျူးလွန်တဲ့ ပြစ်မှုအဖြစ်ပဲ သတ်မှတ်မယ်။ ရခိုင် ပြည်သူကိုလုပ်လို့ မဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာ ရှိပြီးသားနိုင်ငံသားမူဆလင်တွေကို ထိခိုက်ရင်လည်း ကျွန်တော်တို့ နိုင်ငံသားကို ထိပါးတယ်လို့သတ်မှတ်မယ်'' ဟု မိမိတို့သဘောထားအား ရှင်းလင်းပြောကြာခဲ့ပါသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ဦးကိုကိုကြီး၊ ကိုမြအေး၊ ကိုစိုးထွန်းတို့မှ ပြုလုပ်ခဲ့ပြီး ကိုမင်းကိုနိုင်နှင့် ကျန်အဖွဲ့ဝင်များမှာ ရှမ်းပြည်နယ်သို့ ခရီးသွားရောက်နေကြောင်း သိရှိရသည်။
ဝေဇယန္တရာလမ်းရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂါလီလူမျိုးများမှ ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးချင်းနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီတွင် သတင်းစာရှင်းလင်းပွဲတစ်ခုပြု လုပ်ခဲ့ပါသည်။

လက်ရှိ မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မင်းမဲ့စရိုက်ဆန်ဆန် ပြစ်မှုကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူစေလိုကြောင်း၊ ထို့အပြင် ပျက်စီးသွားသော နေအိမ်များကိုအစိုးရမှ ကြပ်မတ်၍ ဦးစီးဆောင်ရွက်ပေးစေလိုကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုမြအေးမှ မိမိတို့ လက်ရှိသဘောထာအား ရှင်းလင်းပြောကြားခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကလည်း'' မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များနဲ့ ဗုဒ္ဓဘာသာဝင်များကြားမှာ ဖြစ်ပွားနေတဲ့ပြဿနာ မဟုတ်ဘူး။ ဒါဟာလူမျိုးရေး၊ ဘာသာရေး၊ အသွင်ဖန်တီးမယ်ဆိုရင်လည်း ဒါဟာ မရိုးမသား လုပ်ဆောင်နေတဲ့ ဖန်တီးမှုမျိုးဘဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ဝေဒနာသူတို့ ခံစားမှုကိုလည်း အလေးအနက်ထားဖို့လိုပါလိမ့်မယ်။ ကာလရှည်ကြာစွာ ကျွန်တော်တို့သည်းခံ နေလာခဲ့တာ ရိုဟင်ဂျာပြဿနာပါ'' ဟု ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဦးကိုကိုကြီးက မိမိတို့အနေဖြင့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်းပြောကြားလိုကြောင်း၊ ရိုဟင်ဂျာများသည် တိုင်းရင်းသားမဟုတ်ပါကြောင်း၊ုယခုဖြစ်ပေါ်နေသော မောင်တောကိစ္စသည် နယ်စပ်မှ တရားမ၀င်ဖြတ်ကျော်လာသော ရိုဟင်ဂျာများနှင့် ပြည်ပသွေးထိုးလှုံဆော်မှုများပါနေသည်ဟု မိမိတို့အနေဖြင့် ထင်မြင်မိပါကြောင်း၊ နိုင်ငံတကာနိုင်ငံကြီးများ အနေဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်း သားပြဿနာများကို ကောင်းစွာသိရှိ နားမလည်ဘဲပြောဆိုနေကြခြင်းသည် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိခိုက်သည်ဟု သတ်မှတ်ပါကြောင်း၊ မျိုးဗီဇဘာသာ စကားဓလေ့ထုံးတမ်းများအရ မိမိတို့ နိုင်ငံတွင်းနေထိုင်သော တိုင်းရင်း သားမျိုးနွယ်စုများနှင့် လုံးဝပတ်သက်ခြင်းမရှိကြောင်းလည်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
မိမိတို့ နိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာများကြောင့် အစိုးရအဆက်ဆက်မှ နိုင်ငံတကာများနှင့် မျက်နှာမပျက်အောင် လိုက်လျောမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကဲ့သို့ လက်ခံခဲ့ခြင်းမှာလည်း လူသားခြင်း စာနာထောက်ထားမှုအရသာဖြစ်ကြောင်း၊ မိမိတို့လူမျိုးများ၏ သဘောကောင်းမှု လိုက်လျောမှုများကို နိုင်ငံကြီးများမှ မိမိတို့အားနည်းတဲ့နိုင်ငံက ယခုကဲ့သို့ပြဿနာများကို  လက်ခံရမည့်ဆိုသည့် ဖိအားပေးမှုများကို မိမိတို့လက်ခံမည် မဟုတ်ကြောင်း ဦးကိုကိုကြီးမှ ပင်ဆက်လက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

''ကျွန်တော်တို့ အချုပ်အခြာ အာဏာကိစ္စကို ဘယ်နိုင်ငံတကာ ဘယ်နိုင်ငံကြီးကမှ ဒီဟာတွေကို ကျွန်တော်တို့ လက်ခံရမယ်လို့ဖိအား ပေးလာပြီဆိုရင် တပ်မတော် အင်အားစုနဲ့ အတူ ကျွန်တော်တို့ ဒီမိုကရေစီအင်အားစု အားလုံးက ဒါအမျိုးသားရေးပြဿနာအနေနဲ့ ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပါတယ်'' ဟုလည်း ဦကိုကိုကြီးက ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့၏ သဘောထားအား ပြောကြားခဲ့သည်။
''ကျွန်တော်တို့မှာ နိုင်ငံသား အဖြစ် အသိအမှတ်ပြုခံထားရတဲ့ ပုဂ္ဂိုလ်တွေကိုတော့ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေး နိုင်ငံသားတစ်ယောက်ရဲ့ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ကို ကျွန်တော်တို့ အပြည့်အ၀လက်ခံမှာပါ။ သို့သော် ဒါကို တိုင်းရင်းသားအဖြစ်နဲ့ လက်ခံရမယ်လို့ အတင်းအကျပ် ဖိအားပေးလာတာမျိုးဆိုရင်တော့ သည်းခံမှာမဟုတ်ပါဘူး။ ရိုဟင်ဂျာ ပြဿနာသည် မူဆလင်ပြဿနာမဟုတ်ဘူး။ အဲဒါကိုခွဲခြားပြီးတော့ ဖြေရှင်းဖို့လိုတယ်။ ကျွန်တော်တို့နိုင်ငံသား မူဆလင်များ အစ္စလာမ် ဘာသာဝင်များ ချိတ်ဆက်ပြီး လုပ်နေတာကိုက သွေးရိုးသားရိုးမဟုတ်ဘူးလို့မြင်တယ်။ ကျွန်တော်ထပ်ပြီးရှင်းရှင်း လင်းလင်းပြောချင်တာက မောင်တောမှာနေတဲ့ အစ္စလမ်ဘာသာဝင်တွေကို နယ်စပ်ဖြတ်ကျော်ပြီးဝင်လာတဲ့ ဘင်္ဂါလီမူဆလင်တွေက ဖျက်စီးနှိပ်စပ်ရင်လည်း ကျွန်တော်တို့ နိုင်ငံသားတွေကို ကျူးလွန်တဲ့ ပြစ်မှုအဖြစ်ပဲ သတ်မှတ်မယ်။ ရခိုင် ပြည်သူကိုလုပ်လို့ မဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာ ရှိပြီးသားနိုင်ငံသားမူဆလင်တွေကို ထိခိုက်ရင်လည်း ကျွန်တော်တို့ နိုင်ငံသားကို ထိပါးတယ်လို့သတ်မှတ်မယ်'' ဟု မိမိတို့သဘောထားအား ရှင်းလင်းပြောကြာခဲ့ပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲကို ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ဦးကိုကိုကြီး၊ ကိုမြအေး၊ ကိုစိုးထွန်းတို့မှ ပြုလုပ်ခဲ့ပြီး ကိုမင်းကိုနိုင်နှင့် ကျန်အဖွဲ့ဝင်များမှာ ရှမ်းပြည်နယ်သို့ ခရီးသွားရောက်နေကြောင်း သိရှိရသည်။

Eleven Media မှ ဖြစ်သည်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေး နေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့ လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။
ညနေ ၃ နာရီ ၅၀ မိနစ်
ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်အထိ သိရှိရသောသတင်းများအရ မောင်တောမြို့နယ် ဗိုလ်မှုးရွာကို ဘင်္ဂါလီရိုဟင်ဂျာများက မီးရှို့နေကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရှိကြောင်း၊ ပစ်ခတ်မှုမရှိသေးကြောင်း၊ ဒေသခံများထံမှ သိရှိရသည်။

မောင်းတောမှာ ဘင်္ဂါလီတွေ လိုက်ပြီး ဖျက်ဆီးနေတာနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို သိရှိလိုပါတယ် ဟု Eleven Media Group မှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုသူတစ်ဦးက "ဘာမှ မသိရသေးပါဘူး။ ဆက်သွယ်လို့မရသေးပါဘူး။" ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် ယင်းဖြစ်စဉ် ဆက်ဖြစ်နေတုန်းပဲလားဟု ထပ်မံမေးမြန်းရာ "ဟုတ်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပြီး ဖုန်းကျသွားခဲ့ရာ ထပ်မံ ခေါ်ဆို၍ မရရှိတော့ပါ။

လက်ရှိအခြေအနေတွင် မောင်တောမြို့သို့ ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းအများစု ဆက်သွယ်၍ မရရှိတော့ပါ။
ညနေ ၄ နာရီ ၁၅  မိနစ်
ထပ်မံသိရှိရသော သတင်းများအရ မောင်တောမြို့နယ်ရှိ ဗိုလ်မှုးရွာရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ် ၃၀ လုံးကို မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရသည်။ အတည်မပြုနိုင်သော သတင်းများအရ အဆိုပါရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ၃ ဦး သေဆုံးကြောင်း သိရသည်။
"ဒါဟာ အကြမ်းဖက်မှုပါ။ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပေမယ့် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာမပါပါဘူး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ၁၈၂၄ ခုနှစ် မတိုင်မီက ဓားမဦးချနေထိုင်တဲ့ လူမျိုးတွေကိုရှိတဲ့သူတွေပဲ တိုင်းရင်းသားလို့ သတ်မှတ်ပါတယ်။ ၁၈၂၄ ခုနှစ်နောက်ပိုင်း မှာ ရောက်လာကြတဲ့ သူတွေဟာ ဧည့်သည်တွေပါပဲ။ ဒါကြောင့် ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား မဟုတ်ပါဘူး။ အစိုးရ အဆက်ဆက်တိုင်းက သူတို့ကို မျက်နှာသာပေး၊ ပိုက်ဆံယူပြီး မှတ်ပုံတင် လုပ်ပေးလို့ သူတို့ရောင့်တက်လာကြတာ။ ရခိုင်လူမျိုးတွေက အတတ်နိုင်ဆုံး ဟန့်တားထားလို့သာ သူတို့ ဒီချိန်ထိ မပြန့်ပွားတာ။ အခုဖြစ်တဲ့ကိစ္စဟာ အိမ်ရှင်ကို ဧည့်သည်က စော်ကားတာ။ ဒုက္ခပေးတာပါ။ အကြမ်းဖက်မှုတစ်ခုပါပဲ"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လတ်တလော အခြေအနေများအရ မောင်တောမြို့နယ်တွင် ယနေ့ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ကိရ်အာမတ် (ခ) ဦးအောင်ဇော်ဝင်းအား Eleven Media Group မှ  ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။
ညနေ ၄ နာရီ ၃၀ မိနစ်
မီးရှို့ခံရသော ရခိုင်ရွာ ၁၄ ရွာကို လုံခြုံရေးတပ်ဖွဲ့များဖြင့် အမြန်ဆုံးကာကွယ်ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြရေးသားထားပါသည်။
ညနေ ၄ နာရီ ၄၀ မိနစ်
"ကျွန်တော်လုံးဝ ကန့်ကွက်တယ်။ ရှုံ့ချတယ်။ ထိထိရောက်ရောက် အရေးယူပေးပါ။ ရခိုင်တိုင်းရင်းသားတွေရဲ့ ပျက်စီးသွားတဲ့ အိုးအိမ်တွေ အားလုံးကို ပြန်ပြီးတော့ အသစ်တဖန် ဆောက်နိုင်အောင် တာဝန်ယူပေးပါ။ နောက်ပြီး အစိုးရအနေနဲ့ အဲလို ကျူးလွန်တဲ့ သူတွေကို ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူပေးပါ။ လုံးဝလက်မခံနိုင်ဘူး။ အင်မတန် မင်းမဲ့စရိုက်ဆန်တဲ့ ဖြစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ အဲတော့ ဘင်္ဂါလီနဲ့ ရခိုင်တွေနဲ့ ဒီလိုမျိုး ဖြစ်တယ်ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ကျူးလွန်တဲ့သူတွေကို အချိန်မဆိုင်းပဲ ပြင်းပြင်းထန်ထန် အရေးယူပေးပါ။ နောက်တစ်ခုက ဒီကိစ္စဟာ ဘာသာရေး လူမျိုးရေးကို တလွဲအသုံးချပြီးတော့ ကျူးလွန်တဲ့ ကိစ္စမို့လို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ကျွန်တော်ပြောချင်တာက ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ တိကျခိုင်မာတဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ပြဌာန်းသင့်ပြီလို့ ကျွန်တော်မြင်တယ်။ ဆိုလိုတာက ရောထွေးမှုတွေအားလုံးက ဘာလဲဆိုတော့ ဌာနေရဲ့နိုင်ငံသားတွေ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိနေတယ်။ ဒီလို ကူးစက်လာပြီးတဲ့ အခါကျတော့ နိုင်ငံသား အချင်းချင်းကြားမှာလဲ ပြဿနာတွေ အများကြီး ရှိလာတယ်။ အဲလို ရှိနေတဲ့အခါကျတော့ ပြင်ပက၀င်လာတဲ့ ပရောဂတွေကို ကာကွယ်ဖို့ကတော့ ကျွန်တော်တို့အနေနဲ့ အရေးတကြီး လိုနေပါပြီ။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေ၊ ရခိုင်သားတွေ အားလုံးကို အကာအကွယ်ပေးရမယ့် ဥပဒေတစ်ရပ်ကတော့ ပြဌာန်းဖို့ လိုပြီလို့ ကျွန်တော် ထင်တယ်။ ဆိုလိုခြင်းက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ဘင်္ဂါလီဘက်ကသူတွေကို ညွှန်းနေတာ မဟုတ်ဘူးနော်။ ရခိုင်ပြည်နယ်မှာ ဘာသာပေါင်းစုံရှိပါတယ်။ ဆိုလိုတာက အပြင်ကနေ ၀င်လာတဲ့သူတွေကို ကာကွယ်တားဆီးဖို့အတွက် ရခိုင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုကို ကာကွယ်ဖို့အတွက် ဥပဒေပြဌာန်းဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာကို အစိုးရကို တပ်လှန့်လိုက်တာပါ။" ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားခဲ့ပါသည်။
ညနေ ၄ နာရီ ၅၀ မိနစ်
မောင်တောဒေသခံ တစ်ဦး၏ ညနေ ၄း၅၀ နာရီတွင် ပြောကြားချက်အရ မောင်တောမြို့ဆေးရုံတွင် အမျိုးသား တစ်ဦး သေဆုံးပြီး၊ ဆရာဝန်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့များ မောင်တောမြို့ကို ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။ မီးရှို့ခံခဲ့ရသော ဗိုလ်မှူးရွာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။
ညနေ ၅ နာရီ ၂၀ မိနစ်
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မောင်တောမြို့နယ်တွင်ဖြစ်ပွားခဲ့သော မီးရှို့ဖျက်ဆီးမှုများနှင့်ပတ်သက်၍ ဇွန်လ ၈ ရက်နေ့(ယနေ့) ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း၊ ပြည်ပမှ သွေးထိုးလှုပ်ဆော်မှုများရှိနေနိုင်ကြောင်း၊ ယခုကိစ္စသည် နိုင်ငံ၏ အချုပ်အခြာအာဏာကိုပါ ထိခိုက်လာနေကြောင်း၊ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ဖြစ်ပွားသော ကိစ္စမဟုတ်ကြောင်း စသည်ဖြင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ရှင်းလင်းပြောကြားခဲ့သည်။
ညနေ ၅ နာရီ ၃၀ မိနစ်
မောင်တောမြို့တွင် ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် လုံထိန်းတပ်ဖွဲ့ကို ပစ်မိန့်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ညနေ ၅ နာရီ ၄၅ မိနစ်
လက်ရှိအချိန်တွင် မောင်တောမြို့နယ် ရပ်ကွက်များအတွင်း မငြိမ်သက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိပါသည်။ အင်အား ၂၀၀ ခန့်ဖြင့် အခြေအနေများကို ထိန်းနိုင်ရန် ကြိုးစား နေကြောင်း စစ်တပ်ကို အကြောင်းကြားထားဆဲ ဖြစ်ကြောင်း တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက Eleven Media Group သို့ ဖုန်းလိုင်းမှ တစ်ဆင့် ပြန်လည် ဖြေကြားခဲ့ပါသည်။
ညနေ ၆ နာရီ ၃၀ မိနစ်
ယခုလက်ရှိအခြေအနေတွင် ဖြစ်စဉ်ကြောင့် ရခိုင်လူမျိုးများ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြောင်း၊ ဘုန်းကြီးကျောင်းအရေအတွက်မှာ မောင်တောမြို့ပေါ်တွင် ၁၀ ကျောင်း ၀န်းကျင်ရှိကြောင်းနှင့် အဆိုပါဒေသခံ ရခိုင်လူမျိုးများက ဘုန်းကြီးကျောင်းများကို ကာကွယ်စောင့်ရှောက်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ လက်ရှိတွင် မောင်တောမြို့ဝန်းကျင်ရှိ အောင်ဗလကျေးရွာကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးနေကြောင်း၊ အဆိုပါမီးရှို့မှုများကို မောင်တောမြို့မှ မြင်တွေ့ရကြောင်းနှင့် ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းနေသော်လည်း လုံလောက်မှု မရှိကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။ မောင်တောမြို့သို့ စစ်တပ် ရောက်ရှိနေပြီဖြစ်သော်လည်း စစ်တပ်အနေဖြင့် မြို့ထဲသို့ ၀င်ရောက်မှု မရှိသေးကြောင်း သိရသည်။
ယခုလက်ရှိအခြေအနေတွင် ဖြစ်စဉ်ကြောင့် ရခိုင်လူမျိုးများ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြောင်း၊ ဘုန်းကြီးကျောင်းအရေအတွက်မှာ မောင်တောမြို့ပေါ်တွင် ၁၀ ကျောင်း ၀န်းကျင်ရှိကြောင်းနှင့် အဆိုပါဒေသခံ ရခိုင်လူမျိုးများက ဘုန်းကြီးကျောင်းများကို ကာကွယ်စောင့်ရှောက်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ လက်ရှိတွင် မောင်တောမြို့ဝန်းကျင်ရှိ အောင်ဗလကျေးရွာကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးနေကြောင်း၊ အဆိုပါမီးရှို့မှုများကို မောင်တောမြို့မှ မြင်တွေ့ရကြောင်းနှင့် ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းနေသော်လည်း လုံလောက်မှု မရှိကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။ မောင်တောမြို့သို့ စစ်တပ် ရောက်ရှိနေပြီဖြစ်သော်လည်း စစ်တပ်အနေဖြင့် မြို့ထဲသို့ ၀င်ရောက်မှု မရှိသေးကြောင်း သိရသည်။ ညနေ ၆ နာရီ ၃၅ မိနစ်
ရခိုင်ပြည်နယ်အတွင်း အထူးသဖြင့် မောင်တော၊ ဘူးသီးတောင် အစရှိသော မြို့များတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ဝင်များသာမက တပ်မတော်သားများပါ ပူးတွဲပါဝင်ကာ လုံလောက်သော အင်အားဖြင့် ဆောင်ရွက်နေကြောင်း  နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ ညနေ ၆:၃၅ နာရီတွင် ဖော်ပြရေးသားထားပါသည်။
ည ၇ နာရီ ၄၀ မိနစ်
မောင်တောမြို့နယ် ဒက်ရွာ၌ ဒေသခံ ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများအကြား ယနေ့ ည ၆ နာရီဝန်းကျင်က  ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရစာရင်းကို မသိရှိရသေးပါ။
ည ၇ နာရီ ၅၂ မိနစ်
လက်တလောအခြေအနေတွင် မောင်တောမြို့ထဲတွင် သေနတ် ပစ်ခတ်သံများ ကြားနေရကြောင်း၊ ရခိုင်ရွာ ၁၇ ရွာကို ဘင်င်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ယနေ့ညဖက်တွင် မည်ကဲ့သို့ အိပ်ရမည်ဆိုသည်ကို ဒေသခံရခိုင်လူမျိုးများ စိုးရိမ်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်နေသော ရခိုင်လူမျိုးများ နေထိုင်သည့် ကျေးရွာများကို အဆက်အသွယ် မရရှိတော့၍ စိုးရိမ်နေကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။
ည ၇ နာရီ ၅၈ မိနစ်
မောင်တောမြို့နယ် တောင်ပိုင်းရှိ သာရေကုန်းဘောင်ရွာအပါအ၀င် ရွာ ၃ ရွာ မီးရှို့ဖျက်ဆီးခံရခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ သေဆုံးဒဏ်ရာရမှုစာရင်းကို မသိရှိရသေးပါ။
ည ၈ နာရီ ၁၆ မိနစ်
ရခိုင်ပြည်နယ် ဥပဒေအရာရှိတစ်ဦးထံမှ သိရှိရသော သတင်းအရ မောင်တောမြို့နယ်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်းနှင့် ထုတ်ပြန်ရမည့် အခြေအနေ ရှိနေကြောင်း သိရသည်။
ည ၈ နာရီ ၄၀ မိနစ်
ရခိုင်ပြည်နယ်ရှိ ကွပ်ကဲရေးရုံး (သတင်းထုတ်ပြန်ရေး) မှ သိရှိရသော သတင်းများအရ မောင်တောမြို့နယ် အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို လုံထိန်းတပ်ဖွဲ့ဝင်များမှ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် အခြေအနေဆိုးမှုများ မဖြစ်နိုင်တော့ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ကွပ်ကဲရေးရုံးသည် စစ်တွေမြို့တွင် အခြေစိုက်ထားသော ရုံးဖြစ်ပြီး မောင်တောမြို့နယ်နှင့် ပတ်သက်သော အခြေအနေများကို ည ၇ နာရီအချိန်က နောက်ဆုံးသိရှိထားခြင်း ဖြစ်ကာ ဆက်လက် သိရှိရသည်များကို ထုတ်ပြန်သွားမည်ဟု သိရပါသည်။ 
၎င်းတို့အနေဖြင့် မောင်တောမြို့နယ်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်မည်ဟူသော သတင်းများ သိရှိထားသော်လည်း တရားဝင် ညွှန်ကြားချက် ရောက်ရှိမလာသေးကြောင်း ပြောဆိုခဲ့ပါသည်။
ည ၈ နာရီ ၅၄ မိနစ်
မောင်တောမြို့ ရပ်ကွက်များအတွင်း ညမထွက်ရအမိန့် (ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၁၄၄ )ကို ထုတ်ပြန်လိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ ည ၈ နာရီ မိနစ် ၄၀ တွင် ဖော်ပြရေးသားထားပါသည်။
ည ၈ နာရီ ၅၉ မိနစ်
မောင်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာ လမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့် ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် ၅ ဦး (သို့မဟုတ်) ၅ ဦးထက် ပိုသောသူများ စုဝေးခြင်း မပြုရန်နှင့် ညနေ(၁၈၀၀) နာရီအချိန်မှ နံနက်(၀၆၀၀) နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ အရ ထုတ်ဆင့်လိုက်သည် ဟု နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ facebook စာမျက်နှာတွင် ယနေ့ ည ၈ နာရီ ၄၆ မိနစ်တွင် ဖော်ပြရေးသားထားပါသည်။
နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ facebook စာမျက်နှာတွင်
''ယနေ့ မောင်တောဖြစ်စဉ်တွင် သတင်းပို့ချက်အရ ဗိုလ်မှူးရွာ မီးရှို့မှုတွင် ဒဏ်ရာရ။သေဆုံးစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) ဒေါက်တာခင်မောင်လတ် (၆၃)နှစ် ၀မ်းဗိုက်ဓါးထိုးခံရ
(၂) ဒေါ်သန်းရီ (၅၇)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ
(၃) ဦးကျော်လှ (၇၈)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ
(၄) ဦးသိန်းဇော် (၃၆)နှစ် ခြေ။လက်တို့တွင် ဓါးခုတ်ခံရ
(၅) ဦးလှမောင် (၆၅)နှစ် ဦးခေါင်းတွင်ဓါးခုတ်ဒဏ်ရာ(၁၀)ချက်၊ လက်သန်းပြတ်ရှဒဏ်ရာ တို့ဖြင့် သေဆုံး။
ဒဏ်ရာရရှိသူများကိုမောင်တောဆးရုံသို့ ပို့ဆောင်ခဲ့၊ ယင်းအနက် (၃)ဦးထပ်မံ သေဆုံးခဲ့။'' ဟု ယနေ့ ည ၈ နာရီ ၃၅ မိနစ်တွင် ဖော်ပြရေးသားထားပါသည်။  
ည ၉ နာရီ
ယနေ့ည ရှစ်နာရီ အချိန်က ထုတ်လွှင့်ခဲ့သော နိုင်ငံပိုင်မီဒီယာများ၏ သတင်းအစီအစဉ်တွင် ယနေ့ဖြစ်ပွားသော မောင်တောအရေးနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိဘဲ ကျောက်နီမော် ကျေးရွာမှ အမျိုးသမီးအား မုဒိမ်းကျင့်/သတ်ဖြတ်/လုယက် ကျူးလွန်သူ တရားခံ ၃ ဦးအား တရားရုံးထုတ် စစ်ဆေးသည့် သတင်းကိုသာ ထုတ်ပြန်သွားခဲ့ကြောင်း သိရသည်။
ည ၉ နာရီ ၁၂ မိနစ်
မောင်တောမြို့နယ်အတွက် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄)
မောင်တောမြို့နယ်အတွက် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်ခြင်းကို နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် Breaking News အနေဖြင့် ည ၉ နာရီ ၅ မိနစ် အချိန်က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ပါသည်။
a2222


ည ၉ နာရီ ၃၀ မိနစ်

"မောင်တော အခြေအနေကို ကြားရတာ တော်တော်ဆိုးပါတယ်။ မီးစကို ဘယ်ကပဲ စစပေါ့။ ဒီပြသနာမီးပွားကို တရားဥပဒေနည်းလမ်းအရ ဖြေရှင်းဖို့လိုမယ်။ တရားဥပဒေမဲ့ ဘယ်လုပ်ရပ်ကိုမှ ကျွန်တော်တို့ လက်မခံဘူး။ အေးအေးချမ်းချမ်း ဖြေရှင်းတဲ့နည်းလမ်းကို လုံခြုံရေး အာဏာယူထားသူ အားလုံးကလည်း ရေရှည်အတွက်ကို ကြည့်ပြီး လုံခြုံမှု တည်ငြိမ်အောင် ဖြေရှင်းသွားဖို့ တာဝန်ရှိတယ်။ အစလေး တစ်စကို မီးပွားကြီးမဖြစ်အောင် ကျွန်တော်တို့ ထိန်းသိမ်းဖို့လိုတယ်။ ဒီလိုမဟုတ်ဘဲ တစ်ဝက်တစ်ပျက် ဖြစ်သည့်အခါမှသာ ဟိုဟာဖြစ်အောင် ဒီဟာဖြစ်အောင်ဆိုပြီး အပြကောင်းအောင် စောင့်ဆိုင်းနေမယ်ဆိုရင် မမျှော်မှန်းနိုင်တဲ့ ပြသနာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ အချိန်မီ ထိန်းသိမ်းဖို့လိုတယ်။ အချိန်မီထိန်းသိမ်းနိုင်တဲ့ အားမရှိရင် အားရှိအောင်လုပ်ဖို့ သူတို့မှာ တာဝန်ရှိတယ်။ မောင်တောပြသနာကို အစကတည်းက ကျွန်တော်တို့ ကြိုပြီး ပြောခဲ့တယ်။ စစ်တွေမှာ ပြသနာဖြစ်လာကတည်းက မောင်တောမှာ ဖြစ်လာမှာကို ကြောက်လို့ ကျွန်တော်တို့က လူထုကို ရှင်းပြခဲ့တယ်။ ပြောခဲ့တယ်။ ဘူသီးတောင်၊ မောင်တောတို့လို ထိခိုက်မခံနိုင်တဲ့ နေရာတွေသာ ဒီလို ဆက်တိုက်ဖြစ်နေမယ်ဆိုရင် တစ်ခြားနေရာတွေမှာလည်း အများကြီး ကြောက်စရာကောင်းနိုင်တယ်။ အထူးသဖြင့် လူနည်းစုရှိတဲ့ နေရာတွေဟာ အရမ်းကို ကြောက်စရာ ကောင်းပါတယ်။ အခုလို လူထုတွေ ညမအိပ် နေ့မအိပ်နိုင်တဲ့ အခြေအနေ မျိုးတွေဟာ အစိုးရမှာ အများကြီး တာဝန်ရှိပါတယ်။ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာလည်း အများကြီး တာဝန်ရှိပါတယ်။ နောက်ပိုင်းဆိုရင် နယ်စပ်လုံခြုံရေးအတွက် ရခိုင်ပြည်နယ်ကို ရခိုင်ပြည်သူပြည်သားတွေ လက်ထဲအပ်သင့်တယ်။ ရှမ်းကို ရှမ်းလက်ထဲ အပ်ဖို့လိုမယ်။ တိုင်းရင်းသားတွေ လက်ထဲ အပ်ဖို့လိုမယ်။ မိမိရပ်ကွက်ကျေးရွာ လုံခြုံအောင် ပြည်သူ့စစ်ကို အခိုင်အမာ ဖွဲ့ဖို့ လိုတယ်။ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်အောင် လုံခြုံရေး စီမံကိန်းတွေကို ခွင့်ပြုဖို့ အစိုးရမှာ တာဝန်ရှိတယ်။ ကျွန်တော်တို့က လည်း တောင်းဆိုသွားမှာပါ။ ပြည်သူတွေရဲ့ အိုးအိမ် စည်းစိမ်တွေကို ပြာပုံဘ၀ ရောက်တဲ့အထိ လုပ်တဲ့ ပုံစံမျိုးဟာ ၁၉၄၂ ခုနှစ်က ဖြစ်တဲ့ ကုလား-ရခိုင်အရေးအခင်းမျိုးကို ဖန်တီးတယ် ဆိုရင် ဖန်တီးသူတွေမှာ အများကြီး တာဝန်ရှိပါတယ်။ ဒီလို ဖြစ်မလာဖို့အတွက် လုံခြုံရေးတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာမှာရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ အားလုံးမှာ အများကြီး တာဝန်ရှိပါတယ်။ ဒါကြောင့် အသိတရားရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်။" ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က Eleven Media Group အား ယနေ့ည ၇ နာရီ အချိန်ခန့်တွင် စစ်တွေမြို့၌ ပြောကြားခဲ့သည်။
ည ၉ နာရီ ၅၃ မိနစ်
မောင်တောမြို့နယ် စံပြားရပ်ကွက်ကို မီးရှို့မှု ဖြစ်ပွားနေကြောင်း ဒေသခံ တစ်ဦးက ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် ပြောပါသည်။ သေနတ် ပစ်ခတ်သံ တစ်ချက် နှစ်ချက် ကြားပြီးနောက် ပြန်လည် ငြိမ်သက်သွားကြောင်းနှင့် မီးတောက်များကို မြင်တွေ့နေရဆဲ ဖြစ်ကြောင်း ဒေသခံက ဆက်လက် ပြောကြားခဲ့ပါသည်။
ည ၁၀ နာရီ ၇ မိနစ်

မောင်တောမြို့ပြင်ရှိ ကျေးရွာများကို မီးရှို့ခဲ့သော ဘင်္ဂါလီများက မောင်တော မြို့အတွင်း ၀င်ရောက်ရန် ကြိုးစားနေသဖြင့် ၀င်ရောက်လာမည် ဆိုပါက ပစ်ခတ်တော့မည် ဖြစ်ကြောင်း လုံထိန်းတပ်ဖွဲ့ဝင်များက သတိပေး နေသံများကို ကြားနေရကြောင်း ဒေသခံတစ်ဦးက ည ၁၀နာရီခန့်တွင် ပြောကြားခဲ့ပါသည်။

ည ၁၀ နာရီ ၁၇ မိနစ်
မောင်တောမြို့နယ် ခရေမြိင် စံပြကျေးရွာရှိ ရဲစခန်းအား ည ၉ နာရီ ခွဲခန့်က ဘင်္ဂါလီ ရိုဟင်ဂျာ အယောက် ၂၀၀ ခန့် ၀ိုင်းထားခဲ့သည့်အတွက် ရဲစခန်းမှ သေနတ်ပြစ်ခတ်ပြီး ဟန့်တားခဲ့ရာ ပြန်လည် နောက်ဆုတ်သွားခဲ့ကြောင်း သိရသည်။

ည ၁၀ နာရီ ၂၆ မိနစ်
မောင်တောမြို့အတွင်းသို့ တပ်မတော်မှ ၀င်ရောက် နေရာယူလျက် ရှိကြောင်း မောင်တောဒေသခံ တစ်ဦးက ည ၁၀နာရီ ၁၅ မိနစ်အချိန်တွင် ပြောပါသည်။ မောင်တော မြို့ပေါ် ဒေသခံများမှာ စိုးထိတ်မှုများဖြင့် ပုန်းအောင်းနေရကြောင်း သိရှိရပါသည်။

ည ၁၀ နာရီ ၂၉ မိနစ်
စစ်တွေမြို့ တက္ကသိုလ်အနီး မင်းဂံရွာကို မျက်နှာချင်းဆိုင်ရှိ ဘုမယ်ရွာမှ ဘင်္ဂါလီများက ည ၉ နာရီ ၄၅ မိနစ်ခန့်က ၀င်ရောက် တိုက်ခိုက်ခဲ့သဖြင့် မင်းဂံရွာသားလေးဦး ဒဏ်ရာ ရှိကာ တစ်ဦးမှာ စစ်တွေ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီ ဖြစ်သောကြောင့် အခြေအနေ ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ကြောင်း သိရသည်။ 

Eleven Media မှ ဖြစ်သည်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Join Free