စစ်တွေရှိ စစ်သင်္ဘောများကို မောင်တောသို့ ထွက်ခွာရန် အမိန့်လာပြီ

ဇွန်လ ၈ ၊ ၂၀၁၂၊ YPI

စစ်တွေမြို့အနီးဆိုက်ကပ်ထားသည့်
စစ်သင်္ဘောကို မောင်တောမြို့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင် စောင့်ရှောက်ဖို့ ယနေ့ညတွင်ပင် ထွက်ခွာရန်ပြင်ဆင်နေပြီဟု စစ်တွေမြို့ ရေတပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။

မောင်တောမြို့တွင် ယနေ့ဖြစ်ပျက်သည့် အဖြစ်အပျက်ကြောင့် ဒဏ်ရာရသူ (၃၀ ) ကျော်ရှိသည်ဟု မြို့ခံများက ပြောသည်။ သမ္မတရုံး အရာရှိကြီးတဦးကမူ ယနေ့ညဦးပိုင်းထိ ရရှိသမျှသတင်းအရ ၄ ဦးသေ ၁ ဦးဒဏ်ရာရရှိသည်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။ ။

မိတ္ထီလာ လေတပ်လည်း အသင့်အနေအထား ပြင်ဆင်

နံနက်၊ ၀း၅၆ နာရီ၊ ဇွန်လ ၉ ရက်၊ ၂၀၁၂၊ YPI

မောင်တော နှင့် ဘူးသီးတောင်တို့တွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများ၊ မငြိမ်မသက်မှုများနှင့်အတူ နယ်စပ်လုံခြုံရေးအတွက် လိုအပ်လျင် အသုံးပြုနိုင်ရန် မိတ္ထီလာလေတပ်ကိုလည်း အသင့်အနေအထား ပြင်ဆင်ထားကြောင်း မိတ္ထီလာ လေတပ်အသိုင်းအ၀ိုင်းမှ သိရှိရသည်။ ။

မောင်တောမြို့ အချို့ ရပ်ကွက်များတွင် သေနတ်သံများ ကြားနေရဆဲဖြစ်

ည ၁၁ နာရီ၊ ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI

မောင်တောမြို့ မြို့မကညင်တန်းကုန်း ရပ်ကွက်တွင် ဘင်္ဂါလီလူစုလူဝေးမှာ ယခုည ၁၁နာရီကျော်သည် အထိ မကွဲသေးပဲ သေနတ်ပစ်ဖေါက်သံများလည်း ကြားနေရသည်ဟု ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် ခိုလှုံနေသည့် မောင်တောမြို့ခံတဦးက YPI သို့ပြောသည်။

စစ်တပ်အင်အား မလုံလောက်သည့်အနေအထားကို ည်း တွေ့မြင်နေရသည်ဟု ၎င်းက ပြောဆိုကာ တမြို့လုံးတွင် စစ်ကားတစီးသာ မြင်တွေ့ရသေးသည်ဟုလည်း ဆိုသည်။ ။


အထက်ပါသတင်းများနှင့် ပတ်သတ်၍ ကျွန်တော်၏ အုပ်ချုပ်ရေးမှ မိတ်ဆွေတချို့၏ အမြင်များကို ဖော်ပြလိုက်ပါသည်။

ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ ဒုတိယဗိုလ်မှူးကြီးတစ်ဦး အမြင်

" တဖက်နိုင်ငံကနေပြီး ရိုဟင်ဂျာများ ထပ်မံ ဝင်ရောက်လာမည်ကို စိုးရိမ်၍ ကြိုတင်ကာကွယ်ဖို့နဲ့ ဘင်္ဂလားဒေရှ်မှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ပတ်သတ်လာမည်ကို စိုးရိမ်သဖြင့် လေတပ်နှင့် ရေတပ်ကို အသင့်ပြင်ထားတာ ဖြစ်နိုင်ပါတယ်။ စစ်တပ်ကတော့ ကာကွယ်ရေးကိစ္စကိုသာ အဓိကထားရတဲ့အတွက် နိုင်ငံရေးအသွင်ဆောင်နေတုန်း အခြေအနေမှာ အဟန့်အတားတစ်ခုအနေဖြင့်သာ ဝင်ရောက်နေရာယူထားခြင်းဖြစ်သည်" ဟု သူ့အမြင်ကို ပြောပြသည်။

ရန်ကုန်စစ်ဋ္ဌာနချုပ်ရုံးမှ ဒုဗိုလ်မှူးတစ်ဦးအမြင်

 " ဘင်္ဂလားဒေ့ရှ်ဝင်လာမှာကို ကြောက်ရတယ်။ ဒါကို မြင်လို့ ကြိုပြင်ထားတာ။ အမှန်ဆို ပြည်တွင်းရေးမှာ လေတပ်တွေ ရေတပ်တွေ မလိုပါဘူး။"

ရဲချုပ်ရုံးမှ ဒုရဲမှူးတစ်ဦး အမြင်

   " ရခိုင်ကလုံထိန်းရဲတွေ တော်တော်များများကလဲ ရခိုင်တွေပဲ။ ဒီတော့ ရခိုင်တွေကိုပဲ ကာကွယ်မှာပါ။ နောက်ပြီး လူမျိုးရေးအနေနဲ့ တဖက်နိုင်ငံက ဝင်ရောက်လာနိုင်တာကြောင့် ရဲတွေက ထိန်းထိန်းသိမ်းသိမ်းလုပ်နေရတာ"

ရဲချုပ်ရုံးမှ အခြားဒုရဲမှူးတစ်ဦးအမြင်


    "ဘင်္ဂလားဒေ့ရှ်နဲ့ ကြိပြီးတိုင်ပင်ထားဖို့ လိုပြီ။ မတော်တဆ အဲ့ဘက်ကသာ ကုလားတွေ ထပ်ဆင်းလာရင် အခြေအနေတွေ ဒီထက်ပိုဆိုးကုန်မယ်။ စစ်ရေးနဲ့ ဖြေရှင်းဖို့တော့ မလိုသေးပါဘူး"




နာမည်များကိုတော့ ဖော်ပြပေးမည် မဟုတ်ပါ။ သူတို့အမြင်တွေအားလုံးကို ကျွန်တော့်အနေနဲ့ လက်ခံနိုင်သလို ကျွန်တော်ကိုယ်တိုင်လဲ ဘင်္ဂလားဒေ့ရှ်အစိုးရ ဝင်ပါလာမှာတွေ အဲ့ဘက်က ရိုဟင်ဂျာ ကုလားတွေ ထပ်မံဝင်ရောက်လာနိုင်တယ်လို့ မြင်သလို ထိုကိစ္စကို မတားနိုင်ပါက ကချင်ထက် ဆိုးတဲ့ အခြေအနေများနဲ့ ကြုံနိုင်တယ်လို့ ခန့်မှန်းမိပါတယ်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free