ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပအပြီး ၂ရက်အကြာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်မှုဆောင်များ၏ အထူးအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း ဗဟို အလုပ်အမှုဆောင် တစ်ဦးက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် အများစုတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရှုံးနိမ့်ခဲ့ရသည့် အဓိက အကြောင်းအရင်းကို လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ယခင်အစိုးရလက်ထက် ၁၉၉၃ ခုနှစ် သြဂုတ်လတွင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နာယက တာဝန်ယူ၍ လူမှုရေး အသင်းအဖြစ် စတင် ထူထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ် နှစ်လည်ပိုင်းတွင် နိုင်ငံရေး ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။


 The Voice Weeklyမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free