မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ယခု တစ်ကြိမ်နဲ့ဆိုရင် (၇) ကြိမ်တိုင်တိုင်ရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ခရီးစဉ် (၆) ကြိမ်နဲ့ ပတ်သက်ပြီး ကင်တားနားက ဘက်လိုက်
ကြောင်း ဝေဖန်သံများ မြန်မာလူထုအကြားမှာ သိသိသာသာ ကြားလာရပါတယ်။ ရခိုင်အရေးအခင်း ဖြစ်ပြီး မကြာခင် ကင်တားနား ရောက်ရှိလာရာ ရခိုင်ဒုက္ခသည်များကို မတွေ့ဘဲ ဘင်္ဂါလီဒုက္ခသည်များနှင့်သာသီးခြားတွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် သတင်းစာရှင်းလင်းပွဲ လုပ်ချိန်မှာ ဗုဒ္ဓဘာသာဝင် ရခိုင်လူထုကို လူဆိုးလူမိုက်များအဖြစ် တစ်ဖက်သက် ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂါလီဟု မသုံးနှုံးဘဲ ရိုဟင်ဂျာ ဟု သုံးစွဲခဲ့ပါတယ်။

ကင်တားနားရဲ့ ဘက်လိုက်မှုတွေကို ဒေသခံရခိုင်တိုင်းရင်းသားတွေက ကိုယ်တွေ့ခံစားရသူတွေ ဖြစ်လို့ အသိဆုံးဖြစ်ပါတယ်။ ပဋိပက္ခကြောင့် ဒုက္ခရောက်ချိန်မှာ ကုလသမဂ္ဂကိုယ်စားလှယ်တွေ၊ အကူအညီတွေ လာတယ်ဆိုတာကြောင့် ရခိုင်ဒုက္ခသည် များ ပျော်ရွှင်ခဲ့ကြပေမယ့် ကင်တားနားရဲ့ ဘက်လိုက်မှုတွေကို သိရှိပြီးနောက်ပိုင်းမှာ ရခိုင်ဒုက္ခသည်များဟာ ကုလ NGO တွေ က ထောက်ပံ့တဲ့ အစားအစာနဲ့ ဆေးဝါးတွေကို တောင် မယူတော့ဘဲ အငတ်ခံကြရတဲ့အထိ ဖြစ်လာပါတယ်။ရခိုင်ပြည် နယ် ဟာ ပြည်မကြီးနဲ့ သွား၊ လာရတာ အလွန်ခက်ခဲပြီး ရခိုင်တိုင်းရင်းသားအများစုမှာလည်း ငါးဖမ်းလုပ်ငန်းနဲ့ စိုက်ပျိုးရေးနဲ့သာ ရပ်တည်နေထိုင်ကြရသူတွေဖြစ်ပါတယ်။ ရာသီဥတုဖောက်ပြန်မှု ဒဏ်ကို လည်း အများဆုံးခံစားရသူများဖြစ်ပေမယ့် ရခိုင်တိုင်းရင်သားတို့ စိတ်မပျက်ခဲ့ကြပါဘူး။ အခုနောက်ဆုံး ဘင်္ဂါလီ ဒဏ်ကို အနှစ်နှစ်အလလ သည်းခံခဲ့ပြီး လုံးဝမခံ စားနိုင်တော့လို့ ပွင့်အန်ထွက်လာကြတာပါ။ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား ကတော့ ရခိုင်တိုင်းရင်းသားတို့ရဲ့ အခွင့်အရေးကို လစ်လျူရှုထားပါတယ်။မသီတာတွေး ကို မုဒိန်းကျင့်ပြီး အသတ်ခံရ မှု၊ စစ်တွေတက္က သိုလ်ကျောင်းသူတစ်ဦး အသတ်ခံရမှု၊ ရခိုင်တိုင်းရင်းသားတို့ နေအိမ်များ မီးရှို့ခံရမှုများအတွက် လူသားချင်းစာနာဖို့ တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်း
မရှိပါဘူး။ ဘင်္ဂါလီများ ဒုက္ခသည်စခန်းအတွင်း အချင်းချင်း မုဒိန်းကျင့်နေမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ရှိနေတာကိုလည်း မျက်ကွယ်ပြုနေခဲ့ပါတယ်။

ကင်တားနား အနေဖြင့် လူ့အခွင့်အရေး ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက် (၃၀) နဲ့ မြန်မာနိုင်ငံထဲက ဘင်္ဂလီဒုက္ခသည်တွေရဲ့ ဘဝကိုတိုင်းတာခဲ့ပါတယ်။ ကမ္ဘာပေါ်က မွတ်ဆလင်နိုင်ငံအသီသီးက အစ္စလာမ်ဘာသာဝင်များ လူ့အခွင့်အရေး ဆုံးရှုံးနေတာကိုတော့ ၎င်း နဲ့ မသက်ဆိုင်သကဲ့သို့ တစ်ခွန်းမှ မပြောခဲ့ပါဘူး။
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လုပ်နေတဲ့ ကင်တားနားဟာ မြန်မာနိုင်ငံရဲ့ သမိုင်း နဲ့ ဥပဒေ ကိုတော့ လေးစား ဖို့လိုပါတယ်။ ၂၀၁၂ ဇန်နဝါရီလတွင် (၅) ကြိမ်မြောက်ခရီးစဉ်မှာ ကင်တားနားမှ ဘင်္ဂါလီ များကို မြန်မာတိုင်းရင်း သားအဖြစ်လက်ခံဖို့ အစိုးရကို ဖိအားပေးလာရုံမျှမက ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ ကိုပါ ပြင်ဆင်ဖို့ ပြောလာ ရာ မြန်မာလူထုတစ်ရပ်လုံး ဒေသအမျက် ချောင်းချာင်းထွက်ခဲ့ကြပါတယ်။နိုင်ငံတော် သမ္မတကြီးမှ ဒုက္ခသည်များ ကို ကုသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှခွင့်ပြုလျှင် တတိယနိုင်ငံများသို့ တဖြည်းဖြည်းပို့ဆောင်ပေးဖို့ ပြောဆိုခဲ့သဖြင့် အစိုးရကို ဖိအားပေးလို့မရချိန်မှာ လွှတ်တော် ဘက်ကို ကင်တားနား လှည့်ခဲ့ပြန်ပါတယ်။နေပြည်တော် သို့သွားရောက်ပြီး အထက်လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌနဲ့ ကော်မတီ (၁၂) ခုက ဥက္ကဌ တွေနဲ့ တွေ့ချိန်မှာ ကင်တားနားမှ တည်ဆဲဥပဒေတွေ ကို ပြင်ဆင်ဖို့ တိုက်တွန်းခဲ့ပြန်ပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ်လတွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ မှ ကင်တားနား အစား အခြား ကိုယ်စားလှယ်တစ် ဦး ပြောင်းခန့်ဖို့အထိ တောင်းဆိုမှုကို ကြေညာချက်တစ်ခုအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်တွင် ကင်တား နား မှ သတင်းစာရှင်းလင်းပွဲတွင် ဒေသခံပြည်သူများ၏ဆန္ဒကို အလေး မထားဘဲ တစ်ဖက်သတ် ပြောဆိုသွားကြောင်း၊ ရိုဟင်ဂျာဟု မသုံးရန် တိုက်တွန်းလိုကြောင်း၊ ဘူးသီးတောင် နှင့် မောင်းတောတွင် အဆမတန် လူဦးရေပေါက်ပွားမှုကြောင့် ရခိုင်ဒေသခံတွေ ဒုက္ခရောက်နေသည်ကို ကင်တားနား မှ လူသားချင်းစာနာမှု လုံးဝမရှိတဲ့အပြင် ကုလလက်အောက်အဖွဲ့များနဲ့ INGO များက ခိုးဝင် လာတဲ့ ဘင်္ဂါလီများကို တစ်ဖက်သက် ကူညီနေကြကြောင်း၊ ဒုက္ခသည်အချင်းချင်းပင် ခွဲခြား ဆက်ဆံနေ ကြောင်း၊ ၈၂ နိုင်ငံသားဥ ပဒေပြင်ဆင်ဖို့ တောင်းဆိုခြင်းက နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုခွင့်အာဏာကို ဝင်ရောက် စွက်ဖက်ရာရောက်နေကြောင်း၊ ရခိုင်ပြည် နယ် တွင်ပြဿနာများတွင် ပဋိပက္ခဇစ်မြစ်ကို မသိဘဲ တစ်ဖက်သက် အမြင်နဲ့ ဖိအားပေးပြောဆိုနေသဖြင့် သမာသမတ်ကျသည့် အထူးကိုယ်စားလှယ်တစ်ဦး ပြောင်းလဲ တာဝန် ပေးရန် တောင်းဆိုပါကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

 


 

ကိုဇာဂနာ ၊ ကိုကိုကြီး တို့ပါဝင်တဲ့ စုံစမ်းရေးကော်မရှင်မှ စနစ်တကျ အချိန်ယူ လေ့လာစုံစမ်းပြီးနောက် ရလဒ်များနဲ့ အကြံပြုချက်များကို ထုတ်ပြန်ခဲ့ပေမယ့် ၂၀၁၃ မေလ တွင် ကင်တားနားက အဆိုပါ စုံစမ်းရေးကော်မရှင်ရလဒ်ကို ကန့်ကွက်ခဲ့ပြန်ပါတယ်။ ကင်တားနား၏ ထုတ်ပြန်ချက်တွင် ဘင်္ဂါလီများ (၄င်းအဆို ရိုဟင်ဂျာ မွတ်ဆလင်များ) သည် အခွင့်အရေး ချိုးဖောက်ခံနေရသဖြင့် ပဋိပက္ခ ဖြစ်ပေါ် လာခဲ့သည်ဟု ဆိုထားပြီး ဘင်္ဂါလီများ လွတ်လပ်စွာသွားလာ ခွင့်နှင့်ပတ်သက်၍ ကော်မရှင်က အကြံပြုထားခြင်း မရှိကြောင်း ဝေဖန်ထားကာ ဘင်္ဂါလီများ နိုင်ငံသားဖြစ်ရေးအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင် ရမည်ဆိုသောမှတ်ချက်များ၊ ပဋိပက္ခဖြစ်အောင် လုပ်ဆောင်ခဲ့သော ဘင်္ဂါလီခေါင်းေ ဆာင်
ဒေါက် တာ ထွန်းအောင် ကို လွှတ်ပေးရမည်ဆိုသော ပြောဆိုချက်များ ပါဝင်ပါတယ်။

လူသားချင်းစာနာဖို့ နဲ့ တန်းတူအခွင့်အရေးရဖို့ ပါးစပ်က မချသော်လည်း မိတ္ထီလာတွင် ဦးသောဘိတ ရက်ရက်စက်စက် အသက်ခံရမှု၊ လားရှိုးတွင် မအေးဝင်း ဓာတ်ဆီလောင်းမီးရှို့ခံရချိန်၊ မလေးရှားမှ မြန်မာ ဗုဒ္ဓဘာသာ လူနည်းစုအကြမ်း ဖက်ချိန်များမှာတော့ ကင်တားနား နှုတ်ဆိတ်နေခဲ့သည်။ ကင်တားနား၏ သိသိ သာသာ ဘက်လိုက်မှုများကြောင့် ၂၀၁၂ ဇွန်လ နောက်ပိုင်း ခရီးစဉ်များတွင် မြန်တိုင်းရင်းသားများက ဆန္ဒပြ မှုများ အမြဲလိုလို ကြုံခံ့ရပါတယ်။ မန္တလေးတွင် ဆရာတော်များဦးဆောင်က သမ္မတဦးသိန်းစိန်ကို ထောက်ခံကြောင်းနဲ့ ကင်တားနားကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့ UN ရုံးရှေ့တွင်လည်း ဆန္ဒပြခဲ့ကြပြီး ယခု ၂၀၁၃ သြဂုတ်လ ခရီးစဉ်တွင်လည်း စစ်တွေမြို့အဝင်ကတည်းက ဆန္ဒပြနေကြပြီ ဖြစ်ပါတယ်။ ကင်တားနားအရေးသည် အမျိုးသားရေးဖြစ်ပြီး ရခိုင်များကိုဖိနှိပ်ပြီး ဘင်္ဂလီများအပေါ် ဘက်လိုက်မှုကလည်း မြန်မာတိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်သော အရေးဖြစ်ပါတယ်။

ကင်တားနား အနေဖြင့် အစ္စလာမ်ဘာသာဝင်နိုင်ငံများ၏ အထောက်ပံ့ကြောင့်သော်လည်းကောင်း၊ မြန်မာအစိုးရကို အတိုက် အခံလုပ်လို၍သော်လည်းကောင်း၊ UN နှင့် အမေရိကန်တို့၏ မူဝါဒအရသော်လည်းကောင်း တစ်ဖက်သက် ဘက်လိုက် ကာ မြန်မာတိုင်းရင်းသားများကို ဖိနှိပ်ပြီး ဘင်္ဂါလီကို နိုင်ငံသား သတ်မှတ်ဖို့ လုပ်ဆောင်ခြင်းကို ကာကွယ်တားဆီးရန်တာဝန်မှာ ရခိုင်တိုင်းရင်းသားတွေသာမကဘဲ မြန်မာလူထုတစ်ရပ်လုံးမှာ တာဝန်ရှိ ပါတယ်။ ကင်တားနားအစား အခြား သမာသမတ်ကျသူ တစ်ဦး (သို့မဟုတ်) မြန်မာတိုင်းရင်းသားတို့၏ အခွင့် အရေးနဲ့ ဥပဒေကို လေးစား လိုက်နာသူတစ်ဦး ပြောင်းလဲခန့်ထားစေဖို့ ဝိုင်းဝန်းတောင်းဆိုကြရန်နဲ့ ကင်တားနားကို ရောက်လေရာ အရပ်မှာ ဆန္ဒပြကြဖို့ လိုပြီဖြစ်ပါကြောင်း တိုက် တွန်းရေးသား လိုက်ရပါတယ်။
 Copy from
www.MyanmarExpress.net
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့၏ ၁၅ ကြိမ်မြောက် ညီလာခံအပြီးတွင် လူ့အခွင့်အရေး ကော်မတီတစ်ရပ် ဖွဲ့စည်းသွားရေး သဘောထား ချမှတ်ခဲ့ကြောင်း ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်နေ့) တွင်  KNU အဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ လူ့အခွင့်အရေးကော်မတီကို စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ ချမှတ်သွားရန်နှင့် ပြည်သူလူထု၏ နစ်နာမှုများကို အကာအကွယ် ပြုနိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။
KNU အဖွဲ့၏ တွဲဖက်အတွင်းရေးမှူး (၂) အသစ်ဖြစ်သူ ပဒိုမန်းမန်းက ''သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေးအဖွဲ့နဲ့ အခြားလူမှုအဖွဲ့အစည်းတွေက တင်ပြလာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ KNU မှာ ဒီလူ့အခွင့်အရေးကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည် '' ဟု ပြောကြားခဲ့ ကြောင်းသိရသည်။
နိုဝင်ဘာလ ၂၉ ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နင်းခဲ့မှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးအတွက် စိုးရိမ်ကြောင်း တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်းက ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လူ့အခွင့်အရေးကော်မတီကို မကြာမီပြုလုပ်မည့် KNU ဗဟိုကော်မတီ အစည်းအဝေးတွင် အသေးစိတ်ညှိနှိုင်းကာ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပြီးပါက လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း KNU အလုပ်အမှုဆောင်အဖွဲ့အား ပြန်လည်ချပြသွားမည်ဖြစ်ကြောင်း သိရသည်။
KNU အဖွဲ့၏ ထုတ်ပြန်ချက်တွင် ''လက်ရှိမြန်မာနိုင်ငံ၌ အစိုးရအဖွဲ့မှ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေချိန်တွင်  လူထုလှုပ်ရှားမှုအား အကြမ်းဖက်နှိမ်နင်းခဲ့ကြောင်း၊ ယင်းအကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်ပြီး ဖြစ်ရပ်မှန်များ ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့သည်ကို ကြိုဆိုသော်လည်း  စိုးရိမ်မှုများရှိနေကြောင်း'' စသည်တို့ ပါဝင်သည်ဟု သိရသည်။
KNU အဖွဲ့၏ ၁၅ ကြိမ်မြောက်ညီလာခံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံခရိုင် တပ်မဟာ (၇) KNU နယ်မြေတွင် ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းညီလာခံသို့ ကိုယ်စားလှယ် ၁၇၁ ဦးနှင့် လေ့လာသူ ၇၄ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


Copy From Eleven Media
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ရခိုင်ပြည်နယ် ပဋိပက္ခများ အပြီးသတ် အစီရင်ခံစာ တင်သွင်းနိုင်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ပထမအပတ်အတွင်း ရခိုင်ပြည်နယ် ဒေသများသို့ သွားရောက်ပြီး လိုအပ်သော အချက်အလက်များ ကောက်ယူမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက် အမှတ် (၃) အရ သိရသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ ကြားဖြတ်အစီရင်ခံစာ တစ်စောင်ကို ပေးပို့တင်ပြခဲ့ပြီး ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နောက်ဆုံးအပြီးသတ် တင်သွင်းရမည့် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ပြရန်လည်း နိုင်ငံတော်သမ္မတက ရက်တိုးမြှင့် ပေးထားကြောင်းလည်း သိရသည်။
အဆိုပါ ကြားဖြတ်အစီရင်ခံစာတွင် ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်း အကျဉ်း၊ ရခိုင်ပြည်နယ်အတွင်း လူအဖွဲ့အစည်းနှစ်ခု တို့အကြား ဖြစ်ပွားခဲ့သည့် ပဋိက္ခဖြစ်စဉ်မျး၊ ဆူပူအကြမ်းဖက်မှုများကြောင့် ဆုံးရှုံးမှုများ၊ လက်ရှိရခိုင်ပြည်နယ်ရှိ လူမှုရေး၊ စီးပွားရေး အခြေအနေများ စသည်မြေပြင် အခြေအနေ တွေ့ရှိချက်များနှင့် ထိုတွေ့ရှိချက်များအပေါ် အခြေခံကာ ပဋိပက္ခချုပ်ငြိမ်းရေးအတွက် လုပ်ဆောင်သင့်သည်များအပေါ် အကြံပြုချက် ၄ ချက်၊ အစိုးရအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များအပေါ် အကြံပြုချက် ၂၆ ချက်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အကြံပြုချက် ၉ ချက်တို့ကို အစီရင်ခံထားကြောင်းလည်း သိရသည်။
ထို့အပြင် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ ဘာသာရေး အစွန်းရောက်သည့် အတွေးအခေါ်များ ၀င်ရောက်မလာရေးအတွက် တားမြစ်ကာကွယ်ရေး တရားမ၀င် ခိုးဝင်လာသူများ မရှိစေရေးအတွက် ထိရောက်စွာ ကာကွယ်ရေး၊ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေး၊ လှုံ့ဆော်သူများကို ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူရေး၊ နိုင်ငံသား ဥပဒေပြုရေးကိစ္စများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် နှစ်ဖက်လူ့အဖွဲ့အစည်းမှ ရပ်တည်ချက်သဘော မှန်ကန်သည့် ခေါင်းဆောင်များပါဝင်သော လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်အဖွဲ့ ဖွဲ့စည်းရေး၊ လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အပြင် စနစ်မကျသည့် ဘာသာရေးကျောင်းများကို စိစစ်ကြပ်မတ်ရေး စသော အကြောင်းအရာများအပြင် ရခိုင်ပြည်နယ် လူမှုရေး စီးပွားရေး ကဏ္ဍများကို ထည့်သွင်းအစီရင်ခံထားကြောင်းလည်း သိရသည်။


Copy From Eleven Media
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


 မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး၏ သတိပေးစာ ပေးပို့ခဲ့ပြီး နောက်ပိုင်း အစိုးရဘက်မှ ကချင် လွတ်လပ်ရေးအဖွဲ့ KIO တပ်စခန်းများအား လက်နက်ကြီး ပစ်ကူအပြင် စစ်ရဟတ်ယာဉ်များ သုံးစွဲ တိုက်ခိုက်လာသည်ဟု ထိုဒေသရှိ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ABSDF (NB) က ပြောဆိုသည်။

ခရစ္စမတ် အကြိုနေ့မှ စတင်ကာ ယခုအချိန်အထိ အစိုးရဘက်မှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်လျှက်ရှိပြီး KIA ဘက်မှလည်း ခုခံတိုက်ခိုက် လျက်ရှိကြောင်း ၎င်း က ဆက်ပြောသည်။

“ KIA ရော၊ ABSDF တွေရော အားလုံးက ရဟတ်ယာဉ်သံကြားတိုင်း KIA ထိပ်လန့်သွေးပျက်နေကြတယ်.. ခရစ္စမတ်နေ့ တနေကုန် ဂမ်ဒေါင်ယန် ဟိုဘက်မှာ ရှိတဲ့ ဂွမ်ရှောင် တပ်ကုန်း၊ မဟာမိတ် KIA ၂၅၅ တပ်ရင်း တပ်စခန်းထိုင်ထားတဲ့ (လိုင်ဇာမြို့နှင့် ၁၂ မိုင်အကွာ) လက်နက်ကြီးနဲ့ ၈၄ မမ၊ ၈၁ မမ၊ ၁ဝ၅ မမ လက်နက်ကြီးတွေနဲ့ ပစ်၊ လေယာဉ် စစ်ကူနဲ့ ပစ်၊ တပ်ရင်း ၃ ရင်းနဲ့ ခြေလျှင်နဲ့ တက်ထိုး နေတယ် " လို့ ကျောင်းသား တစ်ဦးကဆိုသည်။

 
အစိုးရဘက်မှ ဗျူဟာ ၃ ခု လက်အောက်ခံ တပ်ရင်းများမှ အင်အား ၅ဝဝ ခန့်ဖြင့် လဂျားယန်ဒေသသို့ တိုက်ခိုက် လျက်ရှိရာ KIA ဖက်မှာ အင်အား ၈၀ ကျော် ကျဆုံးပြီး၊ KIA နှင့် ကျောင်းသား စုစုပေါင်း ၂၀၀ ကျော် လက်နက်ကြီး စ များ ထိမှန်ထားကြောင်း သိရသည်။



မြေပြင်တိုက်ပွဲများသာ မက အင်တာနက်ပေါ်တွင်လည်း ကျချင်ဝဘ်ဆိုက်များကို မြန်မာပြည်သူအချို့မှ DDos နှင့် တိုက်ခိုက်သဖြင့် kachin news ဆိုက်မှာ ယနေ့အချိန်ထိ ၃ ရက်တိုင်တိုင် ဖွင့်မရကြောင်း သိရသည်။

KIA မီဒီယာများတွင် ဆာဗာ တိုက်ခိုက်ခံရမှုနှင့် မြေပြင်တိုက်ပွဲ ကျဆုံး ဒဏ်ရာရမှုများကို ဖော်ပြခြင်း မရှိပဲ အစိုးရ ရဟက်ယဉ် အကြောင်းကို အသားပေးဖော်ပြလျှက်ရှိပြီး ပျက်ကျကြောင်း သတင်းများ လွှင့်လျှက် ရှိသေည်။ အထောက်အထား၊ ဓာတ်ပုံ တစုံတရာ ဖော်ပြနိုင်ခြင်း မရှိပဲ ရုရှားစစ်တပ်မှ ရဟက်ယဉ်များ ပုံဖြင့် ဝါဒါ ဖြန့်နေကြောင်း သိရသည်။



Copy From Myanmar Express
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးတောင်းဆိုတဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်ပြီးတော့ သံဃာတော်တွေကို ၀န်ချတောင်းပန်တဲ့ အခမ်းအနား ဒီကနေ့ မန္တလေးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို နှိမ်နင်းမှုအတွင်း ဒဏ်ရာရခဲ့ကြတဲ့ သံဃာတော်တွေ အပါအ၀င် မန္တလေး၊ မုံရွာ၊ ပခုက္ကူ အစရှိတဲ့ ဒေသတွေက ဆရာတော်ကြီးတွေ ကိုယ်တိုင် ကြွရောက် ခဲ့တာပါ။ ဒီဝန်ချတောင်းပန်မှုကို လက်ခံတဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေကို လည်း လောလောဆယ် ရပ်ဆိုင်းထားမယ်လို့ သံဃာတော်တွေဘက်က သဘောတူခဲ့ပါတယ်။ ဒီအခြေအနေတွေကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

နှစ်ဘက် ကြိုတင်ညှိနှိုင်းပြီးတော့မှ ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက် စနေနေ့ နေ့ခင်းက မန္တလေးမြို့ မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီးမှာ သံဃာတော်တွေ တောင်းဆိုထားတဲ့အတိုင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ဦးဆောင်ပြီး ကျန်းမာရေးဝန်ကြီး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံ ရဲချုပ် ဦးကျော်ကျော်ထွန်း တို့ကနေ ၀န်ချတောင်းပန်တဲ့ အခမ်းအနား ပြုလုပ်ခဲ့တာပါ။ ဒီတောင်းပန်ပွဲကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆို သပိတ်စခန်းတွေကို အာဏာပိုင်တွေက နှိမ်နင်းမှုအတွင်း ဒဏ်ရာရရှိခဲ့ကြတဲ့ သံဃာတော်တွေအပါအ၀င် မုံရွာမြို့ ဇောတိကာရုံကျောင်းတိုက်က သံဃာတော်တွေ၊ မန္တလေးမြို့က ဘ၀အလင်းဆရာတော်၊ ဂဠုန်နီဆရာတော်၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝီရသူ နဲ့ တိုင်းသံဃာနာယက ဆရာတော်ကြီးတွေပါ စုစုပေါင်း သံဃာအပါး ၁၀၀ ကျော် ကြွရောက်ပြီး သြ၀ါဒ ပေးခဲ့တာဖြစ်ပါတယ်။ သံဃာတော်တွေဘက်ကလည်း အခုတခေါက် တောင်းပန်မှုကိုတော့ လက်ခံခဲ့ပါတယ်လို့ ဘ၀အလင်း ဆရာတော် ဦးဥတ္တမသာရ က ဗွီအိုအေကို အခုလို မိန့်ကြားခဲ့ပါတယ်။

“ဦးပဉ္စင်းတို့ ကြိုပြီးတော့ ညှိနှိုင်းထားပြီးတော့မှ ဒီပွဲဖြစ်အောင်လို့ လုပ်တာပေါ့။ ပြည်ထောင်စုအဆင့် ၀န်ကြီး နှစ်ယောက် အစိုးရကိုယ်စား လာပြီးတော့ တောင်းပန်ဖို့ရယ်၊ သူတို့က အဲဒီလို တောင်းပန်လို့ ဖြစ်မလားလို့ မေးတယ်လေ။ ဦးပဉ္စင်းတို့ကတော့ သမ္မတ လို့ ပြောထားတာကိုး အရင်တုန်းက။ အဲဒီလို ပြောလာလို့ ဦးပဉ္စင်းတို့ကတော့ အခုဟာက အကျယ်အကျယ်လည်း မဖြစ်ချင်လို့ တခြားအချက်တွေရော အဆင်ပြေရင် လက်ခံပေးမယ်လို့၊ အဲဒီလို လုပ်တာ။ လာပြီးတော့ တောင်းပန်တဲ့ ကိစ္စမှာတော့ ဦးပဉ္စင်းတို့က ကျေနပ်မှု ရှိပါတယ်။ အခုက လောလောဆယ် ဆန္ဒပြပွဲတွေ လုပ်တာကို ရပ်ထားပေးတယ်။ ဒါမှ နောက် ကျန်တဲ့နှစ်ချက်ကိုလည်း အမြန်ဆုံး လုပ်ပေးဖို့ အဲဒါကိုလည်း ဦးပဉ္စင်းတို့က တောင်းဆိုချင်ပါတယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးဆန္ဒပြမှုတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့မှုအပေါ် မကျေနပ်လို့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ သံဃာတော်တွေကနေ အချက် (၃) ချက်ကို အဓိကတောင်းဆို ဆန္ဒပြခဲ့ကြတာပါ။ ဒီတောင်းဆိုချက်ထဲမှာ ဒဏ်ရာရသံဃာတော်တွေကို သမ္မတကိုယ်တိုင်ကနေ ၀န်ချတောင်းပန်ပေးဖို့၊ အဲ့ဒီဖြိုခွင်းမှာ တာဝန်ရှိသူတွေကို အရေးယူ ပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ပြန်လွှတ်ပေးဖို့တွေ ပါဝင်ပါတယ်။ အခု အဲ့ဒီထဲက ကျန်နေတဲ့ ၂ ချက်နဲ့ပတ်သက်ပြီး အစိုးရနဲ့ကြားမှာ ဘယ်လို သဘောတူမှု ရထားသလဲဆိုတာကိုတော့ ဘ၀အလင်းဆရာတော် ဦးဥတ္တမသာရ က အခုလို ဆက်လက် မိန့်ကြားခဲ့ပါတယ်။

“သူတို့ကို ဖမ်းတာက ဦးပဉ္စင်းတို့ကို ဖမ်းတာနဲ့ အတူတူပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ သူတို့က ဦးပဉ္စင်းတို့ လုပ်တဲ့ကိစ္စတွေမှာ ၀ိုင်းပြီးတော့ ကူညီပေးတာလေ။ သံဃာတွေ ဦးဆောင်တဲ့ နောက်ကနေပဲ လိုက်တာ။ အဲဒါကို ဖမ်းတယ်ဆိုတော့ ဒါ သံဃာတွေကို ဖမ်းတာနဲ့ ဘာမှမထူးဘူး။ အဲဒီလိုမျိုးဆိုတော့ ဒီဟာကို အဆင်ပြေအောင် သူတို့ လုပ်ပေးရမယ်။ ပြန်လွှတ်ပေးဖို့ လည်း ဦးပဉ္စင်းတို့က တောင်းဆိုသွားမှာပါ။ မနေ့ကလည်း အဲဒါကို ပြောထားတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို အရေးယူပေးဖို့၊ အဲဒါတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ကနေမှ ဒီလူ ဒီလူ အပြစ်ရှိတယ်ဆိုရင် အဲဒီလူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့။ အဲဒီတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အဖြေကို စောင့်သွားမှာပါ။ စောင့်သွားတဲ့အခါမှာ ဒီလူ ဒီလူ အပြစ်ရှိတယ်လို့ သူတို့က စုံစမ်း ဖော်ထုတ်လို့ရတဲ့ဟာကို နိုင်ငံတော် အစိုးရကလည်း တကယ် ထိထိရောက်ရောက် အရေးယူလား မယူလား၊ နောက် ဒေသခံပြည်သူတွေ အပေါ် ကျေနပ်အောင် လုပ်ပေးသလား မလုပ်ပေးဘူးလား။ အဲဒါတွေ အပေါ်မှာ မူတည်တယ်။ အဲဒီလို သဘောတူညီချက် ရအောင်တော့ ပြောတော့ပြောထားတယ်။”

ဘ၀အလင်းဆရာတော် ဦးဥတ္တမသာရ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း သံဃာတော်တွေ တောင်းဆိုထားတဲ့အတိုင်း ဒီအမှုမှာ တာဝန်ရှိသူတွေကို အစိုးရအနေနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“အရေးယူတာတွေက လုပ်မယ်။ အရေးယူတာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရှိတယ်။ စစ်ဆေးမှုတွေ ထွက်လာမယ်။ အဲဒီအခါမှာ အရေးယူတာတွေ ရှိပါမယ်။”

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက် ကြာသပတေးနေ့ မနက်ပိုင်းက လက်ပံတောင်းတောင် ဒေသမှာရှိတဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းတွေကို အာဏာပိုင်တွေက မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံးတွေ အသုံးပြု ဖြိုခွင်းခဲ့တာကြောင့် မီးလောင်ဒဏ်ရာ ရရှိလို့ ဆေးကုခံယူနေတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် ၈၄ ဦး ရှိပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ကိုလည်း  အစိုးရက ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီအဖွဲ့အနေနဲ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ကို နောက်ဆုံးထားပြီး သမ္မတဆီကို အစီရင်ခံစာတင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ကြာသပတေးနေ့ညကလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး သံဃာတော်တွေရဲ့ တောင်းဆိုမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ မန္တလေးနဲ့ မြင်းခြံမြို့တွေက အနည်းဆုံး လှုပ်ရှားသူ ၅ ဦးကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး ဆန္ဒထုတ်ဖော်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ ဒီလူတွေကိုလည်း ပြန်လွှတ်ပေးဖို့ ဘ၀အလင်း ဆရာတော် ဦးဥတ္တမ သာရ က တောင်းဆိုသွားခဲ့ပါတယ်။


Copy From VOA Burmese
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အို (KIO) ကချင်လွတ်မြောက်ရေးတပ်ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် အပြန်အလှန် ပစ်ခတ်မှုတွေဟာ ကချင်လွတ်မြောက်ရေးတပ် ထိန်းချုပ်ထားတဲ့နယ်မြေက ဒုက္ခသည်စခန်းတွေနားအထိ ရောက်လာတဲ့အတွက် ဒုက္ခသည်တွေဟာ စခန်းတွေကနေ စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ တိုက်ပွဲမှာ လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ပြီး ထိုးစစ်ဆင် တိုက်နေကြတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် လုံခြုံရေးဟာ အခုလက်ရှိ အရေးကြီးဆုံး အနေအထားမှာ ဖြစ်နေတယ်လို့ ကချင်အရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်တွင်းမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အိုတို့ကြား အခုဒီဇင်ဘာလဆန်းပိုင်းမှာပဲ အပြင်းထန်ဆုံး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။ အခုလိုမျိုး တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန် အပြန်အလှန် ပစ်ခတ်မှုတွေဟာ ကချင်လွတ်မြောက်ရေးတပ် ထိန်းချုပ်ထားတဲ့နယ်မြေက စစ်ပြေးဒုက္ခသည် စခန်း တချို့နားအထိ ရောက်လာတဲ့အတွက် ဒုက္ခသည်တွေဟာ စခန်းတွေကနေ စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ အခုလက်ရှိ ဒုက္ခသည်တွေ အတွက် လုံခြုံရေးဟာ အရေးကြီးဆုံး အနေအထားမှာ ဖြစ်နေတယ်လို့ ကချင်အရေး ကူညီဆာင်ရွက်ပေးနေတဲ့ ကချင်ပြည်နယ် NDF ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“လက်နက်ကြီးနဲ့ ပစ်တာတွေက တချို့နေရာတွေက စစ်ပြေးဒုက္ခသည်တွေ စခန်းတောင်မှ ပစ်ပြီးတော့ အကုန်ထွက်ပြေး ကြရတဲ့ အခြေအနေအထိအောင် ရောက်တယ်။ ပစ်တာတွေကလည်း ဆက်တိုက် ဖြစ်တာပေါ့နော်။ စစ်ပြေးဒုက္ခသည်တွေ ကလည်း ထွက်ပြေးရတာပါပဲ။ အဲဒီလို စစ်ပြေးဒုက္ခသည်တွေ ထွက်ပြေးရသလို စစ်တွေ ဖြစ်လာတဲ့အခါကျတော့လည်း ရွာကို မီးရှို့မှာ ကြောက်တာတွေ၊ ရွာသားတွေကို နှိပ်စက်မှာကြောက်တာတွေ ကြောင့်၊ စစ်ပြေးဒုက္ခသည် အရင်က အဟောင်းရှိသလို အသစ်တွေကလည်း ထပ်ပြီးတော့ ပြေးနေရတဲ့ အခြေအနေ ရောက်နေတယ်။ သူတို့အတွက် လုံခြုံရေးက ပိုအရေးကြီးသလို ဖြစ်နေတာပေါ့။ စစ်ပြေးဒုက္ခသည်တွေရဲ့ ဘ၀ဟာ လုံခြုံမှု မရှိပါဘူး။”

အခုလို မြန်မာစစ်တပ်နဲ့ ကချင်တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ စစ်ဖြစ်နေတဲ့နေရာတွေ နားကို တပ်တွေဘက်က လာစခန်းချတဲ့ အတွက် အဲ့ဒီကျေးရွာတွေက ဒေသခံပြည်သူတွေဟာ သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာပြီး ရွာလုံးကျွတ် ထွက်ပြေးနေ ကြရပါတယ်။ တချို့ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေထဲအထိ ရောက်အောင် မပြေးနိုင်လို့ တောထဲမှာပဲ ပုန်းအောင်းနေရတဲ့ အနေအထားမှာလည်း ရှိတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“မနေ့ကပဲ ဖုန်းဆက်လာတာက အီမျောင် ဆိုတဲ့ရွာကလည်း တရွာလုံး စစ်တပ်က လာထိုင်လိုက်တဲ့အခါ ကျတော့ ရွာကလူတွေက ကြောက်တော့ ထွက်ပြေးကြတယ်။ ထွက်ပြေးတော့ အဲဒီရွာမှာရှိတဲ့ ကြက်ဝက်တွေ အကုန်လုံး ပစ်သတ် စားနေကြတော့ ရွာသားတွေက ခုချိန်မှာ တောမှာပုန်းနေရတဲ့ အခြေအနေ ဖြစ်နေတယ်တဲ့ ဆိုပြီးတော့ အဲဒါ ဖုန်းဆက်လာတယ်။”

အခုလို တိုက်ပွဲတွေ ပြင်းထန်နေလို့ စခန်းတွေကိုပါ စွန့်ခွာပြေးနေရတဲ့အတွက် ရာသီဥတုကလည်း ဆိုးဝါးနေတဲ့အချိန်၊ ဒုက္ခသည်တွေ၊ အထူးသဖြင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် ဆေးဝါး၊ လူအသုံးအဆောင်ပစ္စည်းနဲ့ ရိက္ခာတွေ အထူးလိုအပ်နေတယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒုက္ခသည်တွေဆီကို လိုအပ်နေတဲ့ လူသားချင်းစာနာမှု အထောက်အပံ့ ပစ္စည်းတွေကို ကုလသမဂ္ဂနဲ့ NGO အဖွဲ့အစည်းတွေ ဘက်ကလည်း ပို့ဆောင်ပေးဖို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဆက်ပြောပါတယ်။

“ကျမတို့ ဒီဘက်မှာက အရမ်း အေးနေတဲ့ကာလ ဖြစ်တယ်။ အဲဒီအချိန်မှာ ခုလို အပြင်မှာနေတဲ့သူတောင်မှ ကျန်းမာရေးတွေက မကောင်းဘူးဆိုတော့ ဒီလို တောထဲတောင်ထဲမှာ နေနေတဲ့သူတွေ၊ ဟင်းလင်းပြင်မှာ နေနေတဲ့သူတွေက ပိုပြီးတော့ ကျန်းမာရေးက စိုးရိမ်ရတာပေါ့။ လုံလုံခြုံခြုံ အနွေးထည် စောင် အစစအရာရာ လိုအပ်နေတယ်။ စားဝတ်နေရေးလည်း အရင်ကလိုမျိုး နိုင်ငံတကာ ထောက်ပံ့တာတွေကလည်း နည်းပါးတယ်။ ဒီက တတ်နိုင်သလောက် ၀ိုင်းပြီးတော့ ကူညီပြီး ကြည့်နေတာတွေကလည်း ကြာကြာ ကျတော့ မတတ်နိုင်ဘူး။ အဲဒီအခါကျတော့ စစ်ပြေးဒုက္ခသည်တွေလည်း တော်တော်လေး ဒုက္ခရောက်နေတယ်။”

အခုဆိုရင် ကချင်လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ဒုက္ခသည် စခန်းတွေရော၊ မြန်မာစစ်တပ် ထိန်းချုပ်မှု လက်အောက်နယ်မြေမှာ ရှိနေတဲ့ စခန်းတွေမှာဆိုရင် လက်ရှိ ရှိနေတဲ့ ဒုက္ခသည်တွေနဲ့ နောက်ထပ် ထပ်ရောက်လာတဲ့ ဒုက္ခသည်တွေအပါအဝင် ဒုက္ခသည်ဦးရေဟာ တစ်သိန်းခွဲကျော်နေပြီလို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“တသိန်းက တော်တော်လေး ကြာနေပြီပေါ့နော်။ ဒါတောင်မှ စာရင်းမ၀င်တဲ့ သူတွေလည်း ရှိတယ်။ တချို့က ချောင်ကြိုချောင်ကြားမှာ ခဏ ခိုတောင်းနေတာတွေ ရှိတယ်။ အသိအမှတ် မပြုခံရတဲ့ စစ်ပြေးဒုက္ခသည်တွေလည်း အများကြီး ရှိသေးတယ်။ အဲဒါကြောင့် အနည်းဆုံက တသိန်းနဲ့ တသိန်းခွဲကြားမှာ ရှိတယ်။”

အခုလို မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်တွေကြား နှစ်ဘက်အပစ်ရပ်ဖို့ အကြိမ်ကြိမ် တွေ့ဆုံမှုတွေ ရှိခဲ့သလို ဆွေးနွေးပွဲတွေလည်း ပျက်ပြားခဲ့ရတဲ့ အနေအထားတွေ ရှိနေပါတယ်။ အခုဆိုရင် နှစ်ဘက် တိုက်ပွဲတွေဟာ ပိုပြီးပြင်းထန်လာနေတဲ့ အတွက် စစ်မီးက ပိုမြင့်လာတဲ့အနေအထားမှာ ဒေသခံပြည်သူတွေ တော်တော်များများ ဒုက္ခရောက်နေရတဲ့ အတွက် ပြည်တွင်းစစ်မီးငြိမ်းဖို့၊ နှစ်ဘက်အပစ်ရပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
အခုဆိုရင် ကချင်ပြည်နယ် လိုင်ဇာမြို့က ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေဌာနချုပ် နဲ့ အနီးဆုံးနေရာ အထိကို မြန်မာစစ်တပ်ဘက်က စစ်သုံးရဟတ်ယာဉ်တွေနဲ့ပါ လာရောက်ပစ်ခတ်မှုတွေ ရှိနေသလို  ကချင်ဗဟိုဌာနကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး အပြင်းထန်ဆုံး ထိုးစစ်ဆင်နေတာ ဖြစ်တဲ့အတွက် မြန်မာအစိုးရနဲ့ ကချင်တပ်တွေကြား အတင်းမာဆုံး အနေအထားကို ရောက်ရှိနေပြီလို့လည်း ကချင်ကေအိုင်အို လွတ်မြောက်ရေး တပ်မတော်ဘက်က ပြောပါတယ်။

Copy From VIA Burmese
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ရခိုင်ပြည်နယ်က ပဋိပက္ခ၊ ကချင်ပြည်နယ်က စစ်ပွဲနဲ့ ရန်ကုန်မှာလိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်တို့နဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Hugo Swire ဟာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းပွဲ လုပ်ခဲ့ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ Mr.Hugo Swire uရန်ကုန်မြို့ကိုပေးနေတဲ့ လျှပ်စစ်က ၁၉၄၀ လောက်ကလုပ်ခဲ့

တာဆိုတော့ အတော့်ကို ဟောင်းနေပါပြီ အစားထိုးဖို့လိုအပ်တယ်လို့ ကျွန်တော်တောင် စဉ်းစားမိပါတယ်။ လုပ်ငန်းကြီးပါပဲ၊ အိမ်တွေမီးရဖို့ လေ့လာချက်တွေလုပ်ဖို့ အများကြီးလိုအပ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

ဗြိတိန်သံရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ လာမယ့် ၁၀ နှစ်မှာ လျှပ်စစ် ၁၀ဆ တိုးပေးဖို့ မြန်မာနိုင်ငံမှာ လိုအပ်တာကိုကူညီဖို့ ရည်ရွယ်ချက်နဲ့ စွမ်းအင်ကဏ္ဍကိုအလေးထားတဲ့ ကုန်သွယ်ရေးအဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံကိုလာတာလို့ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ ရိုဟင်ဂျာတို့ သင့်မြတ်လာရင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်တဲ့အကြောင်း၊ အမုန်းတရားတွေပျောက်ကွယ်လို့ အတူတကွအလုပ်တွေလုပ်နိုင်ပြီး လူသားချင်းစာနာထောက်ထားမှုတွေပါ ရရှိလာမယ့်အကြောင်းလည်း ပြည်တွင်းသတင်းမီဒီယာတွေကို ပြောကြားပါတယ်။

ဗြိတိန်သံအမတ်ကြီး Mr. Heyn နဲ့ ဗြိတိန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr. Hugo Swire တို့ဟာ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ အခြေချနေထိုင်တဲ့ ဘင်္ဂါလီလူမျိုးတွေအရေးနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာရှိတဲ့ နိုင်ငံရေးပါတီ ၃ ခုက တာဝန်ရှိသူတွေနဲ့ စစ်တွေမြို့ နိုဗယ်ဟိုတယ်မှာ မနေ့ မနက်(၁၁) နာရီမှာ သီးသန့် ဆွေးနွေးခဲ့ပါတယ်။

Copy From RFA
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati




ရန်ကုန်

ရန်ကုန်

သံတွဲမှ သံဃာတော်များ

ကလေးမြို့

ပခုက္ကူမြို့မှ

မြို့တော်ခန်းမရှေ့တွင် တွေ့ရစဉ်
၁၂-၁၂-၁၂ နေ့တွင် မြန်မာနိုင်ငံအထင်ကရမြို့ကြီးများစွာ၌ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး ပခုက္ကူမြို့ဆန္ဒပြပွဲတွင် သံဃာတော်၁၀၀၀ကျော်နှင့် လူအများအပြားပါဝင်ခဲ့ပြီး မေတ္တာသုတ်ရွတ်ဆိုမှုများ လှည့်လည်လမ်းလျှောက်မှုများ ပြုလုပ်ခဲ့သည်။ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌မူ သံဃာတော်အပါး ၃၀၀ကျော်ပါဝင်ခဲ့ပြီး လူအမြောက်အမြား ခြံရံကာ ဆန္ဒပြခဲ့ပြီး မေတ္တာသုတ်ရွတ်ဆိုမှုလည်း လုပ်ခဲ့ဟုဆိုသည်။ ကလေးမြို့တွင်မူ ကလေးမြို့ရှိ ရွှေဘုံသာ ဘုရားကြီးဝန်းတွင် သံဃာတော်နှင့် လူ စုစုပေါင်း ဦးရေ ၂၀၀ ခန့် ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီခန့်အထိ ထိုင်သပိတ် ပြုလုပ်၍ ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်းလည်း သိခဲ့ရပြီး သံတွဲတွင်လည်း သံဃာတော်များ ဆန္ဒပြမှုရှိခဲ့သည်ဟု သိရှိရပါသည်။


Photo Copy From Myanmar Local Media Facebook Pages
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


၂၉-၁၁-၂၀၁၂ ရက်နေ့ အချိန်က နေ့လယ် ၂ နာရီ လောက်ရှိပါပြီ။ ဆောင်းပါးတစ်ပုဒ် ရေးရတာ တကယ်တော့ အချိန်ဘာမှ မကြာပါဘူး။ အလွန်ဆုံး တစ်နာရီကျော်ကျော်ပေါ့ ခင်ဗျား။

အဲ ... ဒါပေမဲ့ အချက်အလက် ရှာဖွေရတာပါပဲ။ စာရေးတဲ့ဆီ မှာ အချက်အလက် ရှာရတာ သိပ်ခက်ပါတယ်။ အချိန်ယူရပါတယ်။

ဒီအပတ်တော့ အမေရိကန်ပြည်ထောင်စုရဲ့ Foreign Policy

မဂ္ဂဇင်းကြီးက ရွေးချယ်တဲ့ ကမ္ဘာ့အမြင့်ဆုံး တွေးခေါ်ပညာရှင်ကြီး များ စာရင်း (the list of 100 global thinkers for 2012
) မှာ မြန်မာ နိုင်ငံက သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို အဆင့် (၁) ပုဂ္ဂိုလ်နှစ်ဦး အဖြစ် ရွေးချယ် သတ်မှတ်လိုက်တဲ့ အကြောင်းကို ဆောင်းပါး ရေးမလို့ပါပဲ။

ဒီဆောင်းပါးကို ရေးဖို့အတွက် Foreign Policy မဂ္ဂဇင်း အကြောင်းကို (အင်တာနက်) ထဲမှာ အသေးစိတ် ရှာဖတ်ရတယ်။

ဒီဆုရဖူးတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေ အကြောင်းကို လေ့လာရ တယ်။

နောက် ... ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆုရ တဲ့အပေါ်မှာ ကမ္ဘာ့ စာနယ်ဇင်းကြီးတွေက ဘယ်လိုမြင်ကြတယ်ဆိုတာ တွေကို အချိန်ယူ ရှာဖွေ လေ့လာ ရပါတယ်။

အချက်အလက်တွေ စုပြီးပြီ။

စာရေးစားပွဲပေါ်မှာ ထိုင်ပြီး ၁၀ မိနစ်လောက်ပဲကြာပါလိမ့်ဦး မယ်။

မုံရွာကြေးနီတောင် စီမံကိန်းမှာ ဆန္ဒပြနေတဲ့ ရဟန်းတွေ နှင့် လူပုဂ္ဂိုလ်တွေကို ဘယ်လို နှိမ်နင်းလိုက်တယ် ဆိုတဲ့ သတင်းကြီး ထွက်ပေါ် လာပါတယ်။

ကျွန်တော်အလွန် စိတ်ညစ် သွားပါတယ်။

အဓိက စိတ်ညစ်သွားရတာကတော့ ဆန္ဒပြကြတဲ့ ရဟန်းတွေ၊ လူတွေအထဲက မီးလောင် ဒဏ်ခံရတဲ့ လူနာတွေ ပြဿနာပါပဲ။

အစိုးရအဖွဲ့ရဲ့ တရားဝင် သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ အဆို အရ မီးလောင်စေတဲ့ ဖြိုခွင်း ပစ္စည်းတွေကို လုံးဝ မသုံးခဲ့ပါဘူးလို့ ကြေညာ ပါတယ်။

ခက်တာက အင်တာနက်ပေါ်မှာနှင့် ဒီဗီဒီ ရုပ်မြင်သံကြား သတင်းတွေမှာ မီးလောင် ခံထားရတဲ့ လူနာတွေကို ကိုယ့်မျက်စိနှင့် အတိအကျကြီး မြင်နေရတာပါပဲ။

တစ်ခုခုတော့ လွဲချော်နေပါပြီ။

ကျွန်တော်ကလည်း သမ္မတ ဦးသိန်းစိန်ကို အလွန် အောင်မြင် စေချင်ပါတယ်။ လွန်ခဲ့တဲ့နှစ် ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ရေကာတာ ကိစ္စကို သူရပ်ဆိုင်းလိုက်တဲ့ အမိန့်ထုတ်ပြန် လိုက်တဲ့နေ့ ကစပြီး သူ့ကို အလွန် သဘောကျ ခဲ့ပါတယ်။ သူ့ကို ထောက်ခံတဲ့ ဆောင်းပါးတွေ အခွင့်အခါ သင့်တိုင်း ကျွန်တော် သစ္စာ ဂျာနယ်နှင့် Voice ဂျာနယ်တွေမှာ ရေးပေးခဲ့ပါတယ်။ အနည်းဆုံး ကျွန်တော်ရေး ပေးခဲ့တဲ့ ဆောင်းပါးတွေ ဆယ်ပုဒ်ကျော် ရှိနေပါပြီ။

ဒီနေ့လည်း တွေးခေါ်ပညာရှင် ၁၀၀ စာရင်းထဲမှာက နံပါတ် ၁ မှာ သူ့အမည် ပါခဲ့တာမို့ ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ် ဆိုတဲ့အကြောင်း ဆောင်းပါး ရေးတော့မလို့။

စိတ်ညစ်လိုက်တာ ခင်ဗျား။

ဘာတွေဖြစ်ကုန် ပြီလဲ။

ဒီကြေးနီတွင်း ပြဿနာကို ကျွန်တော် ဆောင်းပါးတစ်ပုဒ် ရေး ပြီးပါပြီ။ ၃၀.၁၀.၂၀၁၂ ရက်နေ့ထုတ် သစ္စာ ဂျာနယ်မှာပါ။ ခေါင်းစဉ်က "ကြေးနီတွင်း ပြဿနာနှင့် အဖြေ" ...။ အာဏာပိုင် တွေကလည်း ဘယ်သူမှ ဂရုစိုက်ပြီး ဖတ်ခဲ့ကြပုံ မရပါဘူး။

သမ္မတကြီး ဦးသိန်းစိန်ဟာ ဒီနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်း ရေးဆုကြီး ကိုတောင် ရတော့မလို့။ ကပ်ပြီး လွဲသွားခဲ့တာပါ။ နောက် ဆုံးအဆင့် ရွေးချယ် ခံထားရတဲ့ ပုဂ္ဂိုလ် (၅) စာရင်းမှာ အထိ သူ့ အမည် ပါဝင်ခဲ့ပါတယ်။

ယခု Foreign Policy မဂ္ဂဇင်းက (the list of 100 global thinkers for 2012
) မှာ နံပါတ် (၁) ဖြစ်ရတာ ဟာလည်း ငြိမ်းချမ်း ရေးနှင့် ပတ်သက်ပြီး သူ့ရဲ့အောင်မြင်စွာ မြန်မာနိုင်ငံ အတွက် ဆောင်ရွက် နိုင်ခဲ့တာတွေကို ဂုဏ်ပြုပြီး ရွေးချယ် ခဲ့တာပါ။

ဒီမဂ္ဂဇင်းရဲ့ တာဝန် ရှိသူတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ (၁) နှစ် အချိန်အတွင်းမှာ ဒီနေ့ကမ္ဘာကြီးမှာ စိတ်မချမ်းသာစရာ ဖြစ်ရပ် အမျိုးမျိုးနှင့် တွေ့ခဲ့ရတယ်။

အရှေ့အလယ်ပိုင်း ပြဿနာ။

အာရပ် ဒီမိုကရေစီ တော်လှန်ရေး ပြဿနာနှင့် ဒီတော်လှန်ရေးက ပေါ်ထွက်လာတဲ့ ဆိုးကျိုး ပြဿနာတွေ ...။

နောက် ... အီရန်နိုင်ငံရဲ့ အဏုမြူ စွမ်းအား ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး တင်းမာမှုပြဿနာ ...။

နောက် ... မြောက်ကိုရီးယား ပြဿနာ ပေါ့ခင်ဗျား။

ဒီပြဿနာ ... ဒီစိန်ခေါ်မှုတွေကြောင့် ကမ္ဘာတစ်ခုလုံးကို လှမ်းကြည့်လိုက်ရင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး စိတ်ချမ်းသာစရာ နေရာ တစ်ခုမှ ပြစရာ မရှိတော့ သလို ဖြစ်ခဲ့ပါသည်။

အဲ ... ဒါပေမဲ့ ... မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်း မှုကတော့ အလွန်ညင်ညင်သာသာ ရှိပြီး ပြောင်းလဲသွားခဲ့ပုံ အဆင့်ဆင့် ကလည်း အလွန် လှပနေတဲ့ အတွက် ဒီအသွင် ကူးပြောင်းမှုကို ဦးဆောင်ခဲ့တဲ့ မြန်မာ ခေါင်းဆောင်တွေကို သူတို့ အလွန် ဂုဏ်ယူကြ တယ်။ အထူးသဖြင့် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ပေါ့ခင်ဗျား။

ဆိုလိုတာတော့ သူတို့ အတွက် လွန်ခဲ့တဲ့ တစ်နှစ် ဆိုတဲ့ အချိန် အတွင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် စံပြုစရာ နိုင်ငံ ဆိုလို့ မြန်မာနိုင်ငံပဲ ရှိပါတယ်တဲ့။

ဘယ်လောက် ဝမ်းသာစရာ ကောင်းပါသလဲ ခင်ဗျား။

နောက်ကျန်ပါသေးတယ်။
ICG လို့ အတိုကောက် ခေါ်တဲ့ (The International Crisis Group
) ဆိုတာ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ကမ္ဘာမှာ အလွန် နာမည်ကြီးလှတဲ့ အဖွဲ့အစည်း ခင်ဗျား။

အစိုးရနှင့် ကင်းလွတ်တဲ့ အဖွဲ့အစည်း၊ အမြတ်အစွန်းမဲ့ (Non-Profit)
အဖွဲ့အစည်း၊ ၁၉၉၅ ခုနှစ်မှာ ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဋ္ဌ Mark Malloch Brown
ဦးဆောင်ပြီး စတင် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်း ပါ။

ဒီအဖွဲ့အစည်းက အငြင်းအခုံ ဖြစ်နိုင်တဲ့ ကမ္ဘာ့ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ဖို့အတွက် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ ဘဏ်စတဲ့ ကမ္ဘာ့ဦးဆောင်အဖွဲ့တွေနဲ့ နိုင်ငံကြီးတွေကို အကြံဉာဏ် ပေးနေရတဲ့ အဖွဲ့ခင်ဗျား။

ဒီအဖွဲ့ကြီးက သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေး ဗိသုကာကြီး အဖြစ် ဂုဏ်ပြုညစာစားပွဲ (Persuit of Peace Award Dinner
) ကို နယူးယောက်မြို့တော်ကြီးမှာ ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှာ ကျင်းပပေးကြဖို့ အကုန် စီစဉ် ထားပြီးပါပြီ။

ဒီဂုဏ်ပြုညစာ စားပွဲကြီးက မြန်မာ့ ခေါင်းဆောင်ကြီး တစ်ယောက်ကို အမြင့်ဆုံး ဂုဏ်ပြုတဲ့ ကမ္ဘာ့ဧည့်ခံပွဲလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။

မြန်မာနိုင်ငံ သမိုင်းမှာ ဘယ်ခေါင်းဆောင်မှ ဒီလောက်ကြီးမား တဲ့ အောင်မြင်မှုမျိုးကို မရခဲ့ဖူး ပါဘူး။

ဒုက္ခပါပဲ။

ဒီနေ့ ထွက်ပေါ်လာတဲ့ မုံရွာ ကြေးနီတောင်ရဲ့ ဆန္ဒပြ သမား တွေကို ဘယ်လိုနှိမ်နင်း ဖြိုခွဲ လိုက်တယ် ဆိုတဲ့ သတင်းကိုသာ ကြားကြရရင် ဒီအဖွဲ့ကြီးကို ဦးဆောင် နေတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လို ခံစားကြရမှာလဲ။

ကျွန်တော့်လိုပဲ ဘယ်လိုပြောရမှန်း ... ဘယ်လို ဆက်လုပ်ရမှန်း မသိအောင်ကို စိတ်ညစ် ကြမှာပေါ့ခင်ဗျား။

စာရေးဆရာ တစ်ယောက်သာ ဖြစ်တဲ့ ကျွန်တော့် အတွက်က တော့ မိမိဆောင်းပါးကို တင်စား ပြောတဲ့ အသုံးအနှုန်းတွေကို လျှော့ချလိုက်ရုံဖြင့် ဖြေရှင်းလို့ ရပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးတွေ အတွက်ကျတော့ အလွန်ကြီးလှတဲ့ ဒုက္ခကြီးပါပဲ ခင်ဗျား။

နောက် ... သမ္မတအိုဘားမား။ နောက် ... နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်။

ဒီပုဂ္ဂိုလ်ကြီးတွေကလည်း သမ္မတဦးသိန်းစိန်ကို အလွန် လေးစားကြပါတယ်။ အလွန် အထင်ကြီး ကြပါတယ်။ အမျိုးမျိုး ချီးကျူး ခဲ့ပါတယ်။

မြန်မာပြည်ကို သူတို့ လာလည်ပြီး ပြန်သွားခဲ့ကြသေးတာမှ ရက်ပိုင်းပဲ ရှိပါသေးတယ်ခင်ဗျား။

သူတို့လည်း ဒီနေ့ပေါ်လာတဲ့ အရုပ်ဆိုးလှတဲ့ သတင်းကြီးကြောင့် ဘယ်လို ခံစားကြရမှာလဲ။

စိတ်ညစ် နေကြမှာတော့ သေချာတာပေါ့ ခင်ဗျား။

အဓိကရုဏ်းတွေကို နှိမ်နင်းတဲ့အခါ ရေအားနှင့် ရှင်းပစ်တာတို့၊ မျက်ရည်ယိုဗုံး သုံးတာတို့ (ရော်ဘာ) ကျည်ဆန်နှင့် ပစ်ခတ်တာတို့၊ နံပါတ်တုတ်နှင့် ရိုက်တာ တို့က ဘာမှ မဆန်းပါဘူး။

ဒီနေ့ ဆန်းကြယ်နေတာက ဆန္ဒပြတဲ့ သူတွေကို မီးလောင်တဲ့ ဝေဒနာ ရစေခဲ့တဲ့ ပြဿနာ။

ကျွန်တော် ထင်ပါတယ်။

မျှော်လင့်ပါတယ်။

တစ်ခုခု အမှား ရှိနေပါလိမ့်မယ်။

စောစောက တင်ပြခဲ့သလို သမ္မတ ဦးသိန်းစိန်အတွက် အလွန် အခြေအနေကောင်းတွေ ပေါ်နေ၊ ရနေတဲ့အချိန်မှာ ဒီအကျည်းတန်တဲ့ ဖြစ်ရပ် ဘာကြောင့် ပေါ်လာရသလဲ။

သမ္မတဦးသိန်းစိန် အမိန့် မရဘဲ၊ ခွင့်ပြုချက်မရဘဲ ဒီပြဿနာ ကြီး ပေါ်ပေါက်လာဖို့ဆိုတာလည်း အလွန်ခဲယဉ်းပါတယ်။

ကျွန်တော့်မှာတော့ အဖြေမရှိဘူးခင်ဗျား။

အုပ်ချုပ်မှု အာဏာပိုင်တွေမှာပဲ အဖြေရှိပါလိမ့်မယ်။

ဒီနေ့ကလည်း Information
Age (သတင်းခေတ်သစ်ကြီး) ဖြစ်နေတော့ ဘာမှလဲ ဖုံးကွယ်လို့ မရနိုင်ပါဘူး။

ဆေးရုံပေါ်က မီးလောင်တဲ့ ဝေဒနာ ခံစားနေရတဲ့ ပုဂ္ဂိုလ်တွေကို အင်တာနက်နှင့် တီဗီ (TV) တွေအပေါ်မှာ လူတိုင်းမြင်နေရပါတယ်။

ကျွန်တော် သမ္မတ ဦးသိန်းစိန်ကို အလွန် အားကိုးပါတယ်။ အလွန် အထင်ကြီးပါတယ်။ မြန်မာနိုင်ငံကို ကယ်တင်နိုင်မယ့် ပုဂ္ဂိုလ် အဖြစ် ဒီနေ့အချိန်အထိလည်း ရင်ထဲမှာ မှတ်ယူ ထားပါတယ်။

ကျွန်တော်ဟာ လေသူရဲ စစ်ဗိုလ် ဘဝက စာရေးဆရာ၊ သတင်းစာဆရာ ဖြစ်ခဲ့သူပါ။ စစ်တပ်နှင့် နီးစပ်မှု ရှိခဲ့သူပါ။ ဒီနေ့ မြန်မာ့တပ်မတော်နှင့် တပ်မတော်မှ ထွက်လာပြီးဖြစ်တဲ့ ခေါင်းဆောင် တွေ အထဲမှာ သမ္မတ ဦးသိန်းစိန် နေရာကို အစားထိုး နိုင်မည့်သူမှာ အလွန်ရှားလှပါတယ်။ မရှိတာတော့ မဟုတ်ပါဘူး။

အပြင်လောကမှာရော၊ တကယ် လက်တွေ့ နိုင်ငံကို ဦးဆောင် နိုင်တဲ့လူရှိပါသလား။

ကျွန်တော့် အထင်၊ အမြင်တွေကို ဘာမှ မပြောချင်တော့ပါ။

ဘုရားသခင် ...။

ဒီနေ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းပေါ်ကို တွန်းပို့ခဲ့တဲ့ စစ်ခေါင်းဆောင်၊ အရပ်ခေါင်းဆောင် အားလုံးကို စောင့်ရှောက်ပါ။

မြန်မာပြည်သူလူထု ကြီးကိုလည်း စောင့်ရှောက်ပါ။

ကျွန်တော့်ကိုလည်း စောင့်ရှောက်ပေးပါ။

ကျွန်တော်အားကြီး စိတ်ညစ် နေပါတယ်။



ဦးလှဝင်း (လေသူရဲတစ်ဦး)


Copy From The Voice Weekly Facebook Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီ ဆိုတဲ့ စာအုပ်ကို ဖတ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကတော့ မြန်မာပြည်မပါလို့ တွေးခဲ့တာ ရှိပေမယ့် နှေးလွန်းလို့။  အခုတော့ ကမ္ဘာတကယ်ပြားသွားပြီ။ တစ်နေ့ တစ်နေ့ ဂျပန်က သူငယ်ချင်း၊ အမေရိကားက သူငယ်ချင်း၊ မန္တလေးက သူငယ်ချင်းတွေနဲ့ ပြောနေ ဆိုနေ လိုက်တာ၊ လူချင်းလည်း မသိ။ နေရာဌာန အကွာအဝေး ဆိုတာကို အင်တာနက်ကြီးက ချုံ့ချ ပစ်လိုက်တာ ဘေးချင်းကပ်ပဲ ရှိနေ သလိုလို။
ဟိုးတုန်းက သတင်းတွေဆိုတာ တီဗီမှာ လာသွားတာ ပြန်လိုချင်လို့ မရတော့။ လေထဲ ပျောက်သွားပြီ။ သတင်းစာတွေဆိုရင်တော့ တစ်ထပ်ကြီးစုထား။ တောင်ပုံရာပုံ။ နှစ်ချို့တော့မှ အဟောင်းဆိုင်မှာ ရောင်းစား။ အခုတော့ ဂူးဂဲထဲမှာ တစ်ချက် ခေါက်လိုက်တာနဲ့ ဘယ်နှနှစ်စာ လိုချင်သလဲ၊ အကုန်ရ။ အချိန်ဆိုတာကို ချုံ့ချပစ် လိုက်တဲ့ အင်တာနက်။ သူ့ကျေးဇူးကြောင့်ပဲ သတင်းအဟောင်းတွေကို ဆက်စပ် ဖတ်ကြည့်လိုက်တော့ ဇာတ်လမ်း တစ်ပုဒ်စာ ထွက်ပါရော လား။ တကယ်ပဲ ကမ္ဘာကြီးဆိုတာ ရွာကြီးပဲကိုး။ ဂေဟစနစ်နဲ့ ပတ်ဝန်းကျင် ဆိုတာ ဒိုမီနို သီအိုရီလို တစ်ဆက် တစ်စပ်တည်း ရှိနေ တာကလား။

ကမ္ဘာကြီး ပူနွေးလာတယ်လို့ ပြောကြတာ ကြားတော့ကြားဖူး နေတာပဲ။ အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂိုး ရိုက်ပြထား တဲ့ An Inconvenient Truth သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု မှတ်တမ်းခွေ ကို ကြည့်ရတော့မှ ပဲ နည်းနည်း တီးမိ ခေါက်မိတာ။ ကမ္ဘာမြေ အပူချိန် ဒီဂရီဟာ ၀ ဒသမ ၆ စင်တီဂရိတ်နှုန်းနဲ့ တက်နေ ပါသတဲ့။ အလွယ် စဉ်းစားနိုင်တာကတော့ အပူချိန် များလာတော့ ရေအပြန့် ကျယ်လာတယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ အရည် ပျော်လာတယ်။ ရေထုထည် များတော့ ပင်လယ်ရေ မျက်နှာပြင်က ၁၀-၂၀ စင်တီမီတာနှုန်းနဲ့ မြင့်တက် နေပါတယ်တဲ့။ ပင်လယ်ရေ မျက်နှာပြင် မြင့်လာတော့ ကုန်းမြေ ကျဉ်းသွားတာပေါ့။ တချို့ကျွန်းနိုင်ငံ သေးသေးလေးတွေဆို ၁၀ နှစ်ကနေ နှစ် ၅၀ အတွင်း ရေအောက် ရောက်သွားမယ်ဆိုပဲ။  လူဦးရေ သုံးသိန်းကျော်သာ ရှိတဲ့ မော်လဒိုက် ကျွန်းနိုင်ငံဆိုရင် ဆောက်တည်ရာ မရ ဖြစ်နေတာ ကြာပြီ။ ဘယ်ပြေး ရမှန်းလဲ မသိ။ ကြောက်စရာကြီးနော်။
ကမ္ဘာကြီး ဘာကြောင့် ပူနွေးလာသလဲ ဆိုတော့ ကာဗွန် ဓာတ်ငွေ့ ထုတ်လုပ်မှုတွေ များလို့တဲ့။ ကာဗွန်ဓာတ်ငွေ့ ဘယ်ကထွက် လဲဆိုတော့ စက်ရုံတွေ၊ ကားတွေကတဲ့။ နောက်ဆုံး စာရင်းချတော့ လူလုပ်တဲ့ ဘေးအန္တရာယ် ပါတဲ့။ ဘယ်လူတွေလဲဆိုတော့ စက်ရုံတွေ၊ ကားတွေများတာ ဘယ်သူရှိလဲ။ ကမ္ဘာ့ထိပ်သီး ကာဗွန်ထုတ်လုပ်မှု အများဆုံး သုံးနိုင်ငံ - အမေရိကန်၊ တရုတ်၊ အိန္ဒိယတဲ့။ တခြားသော ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများလည်း ပါတာပေါ့။
ဒီပြဿနာကို ဖြေရှင်းဖို့ ကျိုတို ပရိုတိုကောဆိုတဲ့ စာချုပ် ကြီး ပေါ်လာပါရော။ စည်းကမ်းတွေ သတ်မှတ်၊ ကာဗွန်တွေ လျှော့ထုတ် ကြမယ်ပေါ့။ နိုင်ငံစုံ အစည်းအဝေးကြီးလုပ်ကြတယ်။ သဘောတူညီမှုတွေ ညှိနှိုင်းကြတယ်။ အစကတော့ ဟုတ်သလိုလိုပဲ။ နောက်တော့ မဟုတ်ဘူးဖြစ်ပြန်ရော။ ဘာလို့လဲဆိုတော့ အများဆုံး ထုတ်တဲ့ သုံးနိုင်ငံက လက်မှတ် မထိုးလို့။ နင်လျှော့ရင် ငါလည်း လျှော့မယ်နဲ့ အပြန်အလှန် လက်ညှိုးထိုးနေတာနဲ့ပဲ အဖြေမထွက်ဘူး တဲ့။ ကောင်းရော။
အားတက်စရာလေး ပြောလိုက်ဦးမယ်။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံ က ကာဗွန် ထုတ်လုပ်တဲ့ စာရင်းထဲမှာ နံပါတ် ၉၁။ လူတစ်ယောက်ချင်း ထုတ်တဲ့နှုန်းနဲ့သာ ပြန်တွက်ရင် နံပါတ် ၁၈၅။ တစ်ကမ္ဘာလုံး ထုတ်လုပ် မှုရဲ့ ၀ ဒသမ ၀၄ ရာခိုင်နှုန်းပဲ ရှိသတဲ့။ ကြွားချင်ရင် ကမ္ဘာပတ်ကြွားပေ တော့။ တို့များက သန့်သန့်ရှင်းရှင်း သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းအောင် နေတဲ့ တိုင်းပြည်လို့။ လူသားတစ်မျိုးလုံးနဲ့ တောရိုင်း တိရစ္ဆာန်များကို တစ်ထောင့် တစ်နေရာကနေ စောင့်ရှောက်ပေးနေ တဲ့အကြောင်း ကမ္ဘာ့ဆူပါ ပါဝါ သုံး နိုင်ငံသားတွေ ရှေ့မှာ ခေါင်းကို မော့ပြီးပြောလို့ရတယ်။
အဲဒီလို ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာရင် ရေအောက် ရောက်သွားမယ်လို့ စာရင်းပြုစု ခံရတဲ့ နိုင်ငံ ရှစ်နိုင်ငံ ရှိပါတယ်။
(၁) မော်လဒိုက် ကျွန်းစုများ၊ (၂) ဘင်္ဂလားဒေ့ရှ်၊ (၃) ဖိလစ်ပိုင်၊(၄) အီဂျစ်၊ (၅) တူဗာလု၊ (၆) ပေါ်ပူဝါ နယူးဂီနီ၊ (၇) ဘာဘေးဒိုး၊ (၈) ကီရိဘာတီတို့ ပါတယ်။
ဒီအထဲကမှ ကျွန်မတို့ အိမ်နီးချင်းကြီးရဲ့ဒုက္ခကို ပြက်ရယ် မပြုချင်ပေမယ့် သူ့ပြဿနာ ဖြေရှင်းပုံ ဖြေရှင်းနည်းလေး တွေကိုတော့ အနီးကပ်နေရသူ ပီပီ သိထားဖို့ လိုပါတယ်။
ပင်လယ်ရေ တက်လာမှုကြောင့် တစ်ကမ္ဘာလုံး လူပေါင်း သန်း ၂၀၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သန်း ၂၀ ဟာ ၂၀၅၀ မတိုင်ခင်မှာ ရွှေ့ပြောင်း နေထိုင်ရပါလိမ့်မယ်တဲ့။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးက ဒီလိုမျိုး လူလုပ်တဲ့ ဘေးအန္တရာယ်ကို ခံစား ရတာမို့ အနောက် အုပ်စုထံက ဒေါ်လာ လေးဘီလီယံ လိုချင်ပါသတဲ့။ အတိုးနဲ့ချေးတာ မဟုတ်ဘူးတဲ့။ ဒီအတိုင်း အလွတ်ပေးရမှာတဲ့။ တောင်းပုံလေးက သင်းတယ်နော်။
ဒါ့အပြင် ဒီလို ဒုက္ခရောက်တဲ့ လူတွေကို လက်ခံဖို့ ဗြိတိန် နိုင်ငံက ဗီဇာတံခါးကို ဖွင့်ပေးသင့် သတဲ့။ ဥရောပနဲ့ အမေရိကန် ကလည်း ဒီသန်းနဲ့ ချီတဲ့ ဘင်္ဂါလီတွေကို တာဝန် ယူသင့် တာတဲ့။ သိပ်ရယ်ရတာပဲ။ ဒါတွေက ၂၀၀၉ ခုနှစ် ကတည်းက တောင်းဆိုနေ ခဲ့တာ။ ရသွားလား မရသွားလားတော့ မသိ။
ဒီလောက်ဆိုရင် ၂၀၁၂ ရခိုင် အရေးအခင်း ပြဿနာ ထဲကို ဘာလို့များ တစ်ကမ္ဘာလုံးက စိတ်ဝင်စား၊ အာရုံစိုက်၊ ကရုဏာ တွေသက်ပြီး စုတ်တသပ်သပ်နဲ့ တက်တက်ကြွကြွကြီး ဝင်ရောက် ကူညီ ချင်နေသလဲ ဆိုတာကို ဆက်စပ်လို့ ရလောက်ပါပြီ။
OIC ရယ်၊ BBC , VOA, RFA, Irrawaddy, DVB တို့အပြင် လက်သည် တရားခံတွေ ထဲမှာ ရေကြီးတာလည်း ပါသကိုး။ ဒါကြောင့် လည်း အန်တီစုက ဘင်္ဂလားဒေ့ရှ် ကလည်း နယ်စပ်ကို တာဝန်ယူ သင့်ကြောင်း ပြောလိုက်တာနဲ့ ဆတ်ဆတ်ခါ ထွန့်ထွန့်လူး ဖြစ်ကုန်ကြ တာပဲ။
သူ့လူသန်း ၂၀ ကို နဂိုကမှ ဘယ်ပို့ရမှန်း မသိရတဲ့ အထဲနော်။ တရုတ်ကြီးလိုပဲ တစ်အိမ်ထောင် ကလေးတစ်ယောက် အမိန့် ထုတ်လိုက်ပြီးရော။
နောက်ခံအကြောင်းတွေ အများကြီး ရှိနေတဲ့ ရခိုင်၊ ဘင်္ဂါလီ အရေးကို လူမျိုးစု နှစ်စု မကျေမနပ် သတ်ဖြတ်ကြခြင်းလို့ လွယ်လွယ် ကလေး လက်ခံဖို့ မသင့်ပါဘူး။ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲ ရေးလို့ အကျယ်ကြီး အော်နေပေမယ့်လည်း အနောက်ဘက် စည်းရိုး ပေါက်သွားတာကတော့ ငြင်းလို့မရတော့ပါ။ လက်နက်ကို လက်နက် ချင်းတိုက်တာ ထင်သာမြင်သာ ရှိလှပေမယ့်လည်း လူကိုလူချင်း
ဖိသတ်နိုင်တဲ့ အနေအထားမျိုးမှာ ကျည်ဆန်ကလည်း အသုံးဝင်လိမ့် မယ် မဟုတ်ပါဘူး။
လတ်တလော သတင်းကောင်းကတော့ အာဆီယံ အဖွဲ့ကရော၊ ဧည့်သည်တော်ကြီး အိုဘားမားကပါ နိုင်ငံသားဖြစ်ခွင့် ဆိုတာကို ဝင်ရောက် စွက်ဖက်လို့ မရပါဘူးလို့ ပြောသွားပါတယ်။ နားလည် သလောက်ကတော့ ဘင်္ဂါလီတွေကို လူ လူချင်း ကူညီမှုတော့ ပြုရမယ်။ နိုင်ငံသားပေးတာ မပေးတာကတော့ မြန်မာတွေသာ ဆုံးဖြတ်နိုင် တယ်လို့ ဆိုပါတယ်။ နိုင်ငံသား ဥပဒေကို ပြင်ပါလို့ သူတို့မှာ ပြောခွင့် မရှိပါဘူးတဲ့။
အချုပ် ဆိုရရင်တော့ ရခိုင်အရေးဟာ မြန်မာ တစ်မျိုးသားလုံး အရေးမို့ သွေးအေးနေလို့ မဖြစ်တော့ပါကြောင်း။
သန္တာဝင်း



Copy From The Voice Weekly Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati




ဒေါက်တာမင်းဇော်ဦးသည် ကမ္ဘာတစ်ဝန်းမှ ဒီမိုကရေစီအပြောင်းအလဲ ၁၁၅ ခုအား လေ့လာသုံးသပ်ကျမ်းပြုစုခဲ့ပြီး George Mason University မှ ပါရ
ဂူဘွဲ့ရခဲ့သည်။ Georgetown University မှ အမျိုးသားလုံခြုံရေးဆိုင်ရာ မဟာဝိဇာဘွဲ့နှင့် George Mason University မှ ပဋိပက္ခသုံးသပ်ဖြေရှင်းမှု မဟာသိပ္ပံဘွဲ့တို့ရရှိခဲ့သည်။ လက်ရှိ Myanmar Peace Center တွင် ငြိမ်းချမ်းဆိုင်ရာလုပ်ငန်းများ ကူညီပေးနေသည်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးက ဘယ်အဆင့်ရောက်နေပြီလို့ ထင်ပါသလဲ။

“ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းရေးက တကယ် “စ” လုံးရေ စဖို့တောင်ကြံတဲ့အဆင့်ပဲ ရှိတယ်လို့ ကျွန်တော်ထင်တယ်။ အဓိက ဒီမိုကရေစီအပြောင်းအလဲနဲ့ ဒီမိုကရေစီဖြစ်ထွန်းတဲ့ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် စစချင်း အကူးအပြောင်းဖြစ်တယ်။ အကူးအပြောင်းမဖြစ်ခင်မှာ ဒီအရင်အစိုးရတွေက ဒီမိုကရေစီ မကျတကျ လစ်ဘရယ်လိုက်ဇေးရှင်းဆိုတဲ့ နိုင်ငံရေးတံခါးလေးကို စဖွင့်ပေးတယ်။ အဲဒီကာလတွေပြီးမှ အကူး အပြောင်း တကယ်ဖြစ်လာတယ်။ အကူးအပြောင်းဖြစ်လာရင် ဒီမိုကရေစီဖွံ့ဖြိုးဖို့ လုပ်ရတဲ့ဖြစ်စဉ်တွေ ဖြစ်လာတယ်။

အဲဒီဖြစ်စဉ်တွေ အခြေခိုင်လာပြီ။ နှစ်ပေါင်းများစွာကြာလာတဲ့နောက် consolidation ပေါ့။ ကျွန်တော်တို့အဆင့်က ဒီမိုကရေစီ အကူးအပြောင်းဖြစ်တဲ့ transition အဆင့်လောက်ပြောလို့မရသေးဘူး။ ဘာလို့ပြောလို့ မရသေးလဲဆိုတော့ လက်ရှိအစိုးရက ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတယ်။ ၂၀၁၀ ရွေးကောက်ပွဲက အားနည်းချက်တွေ အများကြီးရှိတယ်။ အဲဒီလို အားနည်းချက်တွေရှိတဲ့အပေါ်မှာ ကျွန်တော်တို့က လက်ရှိအစိုးရကို နိုင်ငံရေးတံ ခါးဖွင့်ပေးတဲ့ အစိုးရလို့ ကြည့်လို့ရှိရင် ပိုပြီးတော့ သင့်တော်မယ်။”

နောက်ပြန်မလှည့်အောင် ပြည်သူဘက်က ဘာလုပ်သင့်လဲ။

လူထုဘက်က နံပါတ်တစ်က ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော်တို့ အကန့်အသတ်ထားဖို့လိုတယ်။ ဒီနေ့အချိန်ဟာ “စ” လုံးရေစအချိန်ပဲဖြစ်တယ်။ အဲဒီတော့ ပြဿနာအများစုကို မဖြေရှင်းပေးနိုင်ဘူး။ အဲဒီအမြင်လေးကို ကျွန်တော်တို့မြင်ဖို့ လိုတယ်။ နောက်တစ်ခုက ဒီမိုကရေစီနိုင်ငံကို ကျွန်တော်တို့သွားတော့မယ်ဆိုရင် ဒီမိုကရေစီသဘောတရားက ကိုယ်လိုချင်တာ တောင်းတာတစ်ခုတည်း မဟုတ်ဘူး။ တခြားသူတွေရဲ့ အခက်အခဲကို ကျွန်တော်တို့က သိနိုင်ဖို့လိုတယ်။ အရင်တုန်းက အာဏာရှင်စနစ်မှာတော့ ဥပဒေဆိုလို့ရှိရင် ဒါဟာ မတရားတဲ့ဥပဒေဆိုတဲ့အတွက် ဒါဟာ ဖီဆန်ရမယ်ဆိုတဲ့သဘော ရှိလာတယ်။ ဒီမိုကရေစီနိုင်ငံ အကူးအပြောင်းဖြစ်ဖို့ ကြိုးစားလာတဲ့အချိန်မှာ ဥပဒေတွေကို ကျွန်တော်တို့ကိုယ်တိုင် လိုက်နာတတ်ရမယ်။ လူထုကြားထဲမှာ ကျင့်သုံးဖို့လိုမယ်။

အခြားဒီမိုကရေစီနိုင်ငံတွေလို တပ်မတော်က သူ့အလုပ်သူ လုပ်နိုင်အောင် ဘယ်လိုအခြေအနေတွေဖြစ်ဖို့လိုလဲ။

တပ်မတော်ကို နိုင်ငံရေးထဲက ထွက်စေချင်တယ်ဆိုလို့ရှိရင် တပ်မတော်နိုင်ငံရေးထဲမှာ ဘာလို့ရှိလဲဆိုတဲ့ အဓိကအကြောင်းအရာ ပြဿနာကို ဖြေရှင်းဖို့လိုတယ်။ အဲဒါဘာလဲဆိုတော့ လုံခြုံရေး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆို လက်ရှိရှိတဲ့ လူမျိုးစုလက်နက်ကိုင် တိုင်းရင်းသားပြဿနာကို မဖြေရှင်းပေးနိုင်ရင် လုံခြုံရေးပြဿနာကို မဖြေရှင်းပေးနိုင်ဘူး။ အဲဒါကို မဖြေရှင်းပေးနိုင်ရင် တပ်မတော်ကိုလည်း ကျွန်တော်တို့က နိုင်ငံရေးထဲက ထွက်ဆိုတဲ့ဟာ ပြောရခက်လာလိမ့်မယ်။ တခြားနိုင်ငံတွေ ကြည့်တဲ့အခါမှာလည်း အင်ဒိုနီးရှားမှာ အာချေမှာ ပြည်တွင်းငြိမ်းချမ်းရေးရခဲ့တယ်။ အဲဒီလို အောင်မြင်မှုတွေရပြီးနောက်ပိုင်းမှာ တပ်မတော်အနေနဲ့ နိုင်ငံရေးထဲက ထွက်ရေးဆိုတာက တစ်ဖြေးဖြေးချင်း ဖြစ်လာတယ်။ နံပါတ်တစ် တပ်မတော်ကို နိုင်ငံရေးထဲမပါစေချင်ရင် တပ်မတော်ပါခဲ့တယ်ဆိုတဲ့အကြောင်း၊ လုံခြုံရေး၊ ဒီပြဿနာကို ကျွန်တော်တို့ ဖြေရှင်းဖို့လိုလိမ့်မယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ တပ်မတော်သားတွေကို အရာရှိ၊ အရာခံအားလုံးကို Professional စစ်တပ်တစ်ခုဖြစ်အောင် လုပ်ပေးဖို့လိုတယ်။ Professional စစ်တပ်ဆိုတာ တပ်မတော်က စစ်သားဆိုတဲ့အတွက် စစ်သားအလုပ်ပဲ လုပ်သွားတယ်။ နိုင်ငံရေးမှာ သူတို့မပါဘူး။ အဲဒီလိုမျိုးတွေ ဖြစ်နိုင်ဖို့ဆိုတာ တပ်မတော်သားတွေရဲ့ စားဝတ်နေရေးပြဿနာ အများကြီးဖြေရှင်းနိုင်ဖို့ လိုလိမ့်မယ်။ အဓိကတစ်ခုက စစ်တပ်ကို ဒီမိုကရေစီအပြောင်းအလဲထဲကို ပါစေချင်ရင် အပြောင်းအလဲဖြစ်ခြင်းကြောင့် စစ်တပ်ရဲ့ ပင်မရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးကို မငြိစွန်းဘဲနဲ့ မပွန်းပဲ့ဘဲနဲ့ ဒီမိုကရေစီတည်ဆောက်လို့ ရတယ်ဆိုတဲ့ အမြင်မျိုး စစ်တပ်ကို ပြောပြနိုင်ဖို့လိုလိမ့်မယ်။ ယုံကြည်အောင် လုပ်ပြရမယ်။ မဟုတ်လို့ရှိရင်တော့ စစ်တပ်က နိုင်ငံရေးထဲကထွက်ဖို့ ခက်မယ်ပေါ့။

သမ္မတဦးဆောင်တဲ့ လုပ်ရပ်တွေကို တောက်လျှောက်ထောက်ခံမှုရလာတာ ရှိတယ်။ လက်ပံတောင်းတောင်ကိစ္စမှာတော့ ဝေဖန်တာတွေ ရှိလာတယ်။ အခုလက်ရှိအခြေအနေမှာ အစိုးရအနေနဲ့ ဘာလုပ်သင့်တယ်ထင်လဲ။

လက်ရှိ အနေအထားမှာတော့ ဒီလိုမျိုး အကျပ်အတည်းတွေက ရှိလာမှာပဲ။ ဒါပထမဆုံးအကြိမ်ဆိုပေမယ့် ဒါမျိုးတွေလည်း နောက်ပိုင်းမှာ ဖြစ်လာနိုင်တယ်။ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ ဘာအကျပ်အတည်းဖြစ်ဖြစ် အစိုးရဘက်ကကော အတိုက်အခံဘက်ကကော လူထုကြားထဲမှာပါ ပဋိပက္ခဖြေရှင်းတဲ့ပုံစံနဲ့ အရင်ချဉ်းကပ်ဖို့လိုတယ်။ ဒီမိုကရေစီစနစ်သွားနေပြီ။ ဒီမိုကရေစီကျင့်စဉ်က ဒီလိုလုပ်ရမယ်ဆိုပြီးတော့ စံပေတံတွေနဲ့ တိုင်းလို့က မလွယ်သေးဘူး။ အခုအချိန်မှာ။ ပြဿနာတွေကို ဖြေရှင်းတဲ့ ပဋိပက္ခဖြေရှင်းတဲ့ အခြေခံမျိုးနဲ့ မချဉ်းကပ်နိုင်သ၍ လက်ပံတောင်းတောင်လို ကိစ္စမျိုးက ဒါအစိုးရဘက်က တစ်ခုတည်းတင်မကဘူး။ ဘက်ပေါင်းစုံက အင်အားစုပေါင်းစုံက ဒီပုံစံနဲ့ ချဉ်းကပ်ဖို့လိုတယ်။ ငါတို့က ဒါတောင်းဆိုတယ်။ မရရင် တစ်လက်မမှ မလျှော့နိုင်ဘူးဆိုတဲ့ ဟာမျိုးကျတော့ ထိပ်တိုက်ရင်ဆိုင်ဖြစ်ဖို့ပဲ ရှိတော့တာပေါ့။ အဲဒီလို ပုံစံမျိုးနဲ့ ချဉ်းကပ်မယ်ဆိုရင် နောက်ပိုင်းမှာလည်း လက်ပံတောင်းတောင်လို ပြဿနာတွေ အများကြီးဖြစ်လာနိုင်တယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ အဟန့်အတားဖြစ်နိုင်တာတွေ တော်တော်များများရှိတယ်ပြောတယ်။ ဒီအခြေအနေက ကျော်လွှားပြီး ဒီမိုကရေစီကူးပြောင်းမှု အောင်မြင်သွားရင် ကမ္ဘာက မြန်မာအပေါ် ဘယ်လိုမြင်မလဲ။

ကျွန်တော်လည်း အသွင်ကူးပြောင်းရေးတွေ အများကြီးလေ့လာခဲ့တယ်။ ကျွန်တော်တို့ အသွင်ကူးပြောင်းရေးက အခက်ဆုံးပဲ။ ကျွန်တော်တို့လောက် ပြဿနာရှုပ်ထွေးတဲ့ အကူးအပြောင်း၊ ပြဿနာများတဲ့ အကူးအပြောင်း မရှိခဲ့သေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ အားကောင်းချက်က ဘာလဲဆိုတော့ အားနည်းချက်လည်း ဖြစ်လာနိုင်တာပေါ့ဗျာ။ စစ်တပ်အုပ်ချုပ်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလ၊ အရင် ဦးနေ၀င်းအုပ်ချုပ်ခဲ့တဲ့ မ.ဆ.လအစိုးရလက်ထက်မှာ တိုင်းပြည်ငြိမ်ဝပ်ပိပြားရေး ဒါကို အများကြီးလုပ်နိုင်ခဲ့တယ်။ အဲဒီတော့ အခြားတိုင်းပြည်တွေမှာ ပြည်တွင်းစစ်တွေဖြစ်ပြီး အပြောင်းအလဲဖြစ်တဲ့အချိန်မှာ တိုင်းပြည်က မီးလောင်ငုတ်တိုပဲ ကျန်တော့တယ်။ အာဖဂန်နစ္စတန်မှာသွားကြည့်လိုက်၊ ရန်ကုန်မြို့လို ကာဘူးလ်ဆိုတဲ့မြို့တော်ကြီးမှာ အိမ်တွေက အမြောက်ရာ၊ ကျည်ရာတွေက နေရာတိုင်းမှာရှိတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ အဲဒီလိုအခြေအနေ မရောက်သွားခဲ့ဘူး။ ဘာကြောင့် မရောက်ခဲ့လဲဆိုရင် စစ်တပ်ဆိုတဲ့ စုဖွဲ့မှုက လုံခြုံရေးအရကော၊ နိုင်ငံရေးအရကော ထိန်းချုပ်ထားနိုင်ခဲ့တယ်။

လက်ရှိအစိုးရရဲ့ လုပ်ခဲ့တာတွေအနက် ကောင်းတာ၊ ဆိုးတာတွေက ဘာလို့မြင်မိလဲ။

အားနည်းချက်ကို အရင်ပြောရရင်တော့ အစိုးရတစ်ခုလုံးမှာ ရှေ့ကိုရွှေ့တဲ့အခါမှာ မြန်မြန်ဆန်ဆန်နဲ့ မူဝါဒတွေချမှတ်ပြီး ရွှေ့နိုင်တာ အားနည်းခဲ့တယ်။ မူဝါဒတွေ အကောင်အထည်ဖော်တာ အားနည်းခဲ့တယ်။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်ပြဿနာ။ မူဝါဒဆိုတာ အပေါ်ကချမှတ်လိုက်တာလွယ်တယ်။ အကောင်အထည်ဖော်တာက ၀န်ကြီးဌာနတွေ ဌာနဆိုင်ရာတွေက အကောင်အထည်ဖော်ရတယ်။ ဒါပေမဲ့ အပေါ်ကလူရဲ့ မူဝါဒကသာ အသစ်ဖြစ်လာတာ အောက်ကယန္တရားက အဟောင်းကြီး။ အဟောင်းကြီးကနေ မူဝါဒအသစ်ကို လုပ်ရတဲ့အခါကျတော့ အများကြီးခက်တယ်။ နောက်တစ်ခုက ခုနကပြောတဲ့ World View ပေါ့။ ပြောင်းချင်တဲ့ဆန္ဒရှိတယ်။ ဒီမိုကရေစီကိုသွားချင်တယ်။ ဒါပေမဲ့ အချို့ World View တွေက ဒီမိုကရေစီဘက်ကိုသွားတဲ့ World View နဲ့ အရင်ခေတ်က World View ကို ဒီမိုကရေစီခေတ်ထဲကို ဆွဲယူပြီးမှ စဉ်းစားတာပိုပြီး ခရီးရောက်တယ်ပေါ့။ နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်မျိုးတွေက ဆန့်ငင်ဆန့်ငင်နဲ့ ပါလာကြတာကိုဗျ။ နောက်တစ်ခုက ကျွန်တော်တို့မှာ Capacity အရမ်းကြီးတယ်။ လုံခြုံရေးဘက်ကပဲကြည့်ကြည့်၊ အစိုးရဘက်ကပဲကြည့်ကြည့်၊ ဌာနဆိုင်ရာဘက်ကပဲကြည့်ကြည့် Capacity ပြဿနာက အရမ်းကြီးတော့ အဲဒီပြဿနာကများလေလေ လုပ်ငန်းအကောင်အထည်ဖော်ဖို့ နှေးလေလေ၊ မူဝါဒကို ထိထိရောက်ရောက် ချမှတ်နိုင်မှု နည်းလေလေဖြစ်တယ်။

အောင်မြင်တဲ့ဘက်က ပြန်ကြည့်ရင် မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေးအင်အားစုအားလုံးလိုလို မြေပေါ်ရောက်သွားတယ်။ ထောင်ချခံရတဲ့သူတွေ ရွေးကောက်ပွဲလုပ်နိုင်တယ်။ လွှတ်တော်ထဲရောက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်ပေါ့။ တစ်ဆက်တည်းမှာ နိုင်ငံရေးနယ်ပယ် ကျယ်လာတယ်။ မီဒီယာလွတ်လပ်ခွင့် အနေအထားမှာ အခုဆိုရင် ဆင်ဆာဆိုတာ မရှိသလောက်ဖြစ်သွားပြီ။ အရင်က စစ်အစိုးရဆိုတာ သုံးလို့မရဘူး။ အခုကပြဿနာမရှိဘူးပေါ့။ နောက်တစ်ခုက ငြိမ်းချမ်းရေးကိစ္စ ကချင်ကလွဲရင် အခြားနေရာတွေ သေနတ်မဖောက်သလောက်ဘဲ။ ကျွန်တော်တို့တိုင်းပြည်မှာ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ ဆယ်ခုမှာ ပြဿနာအသေးလေးတွေ ဖြစ်တယ်ဆိုတာ သုံးခုလောက်ပဲရှိတယ်။ အခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ ပြည်တွင်းစစ်မှာ ကျွန်တော်တို့လောက် အပစ်အခတ်ရပ်စဲတာ အောင်မြင်ခဲ့တာမရှိဘူး။

အပစ်အခတ်ရပ်စဲတယ်ဆိုတဲ့ဘက်ကကြည့်ရင် အောင်မြင်ခဲ့တယ်။ ဟိုအရင်ကလည်း အောင်မြင်ခဲ့တယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး အဓိကအကျဆုံးတစ်ခုက လက်ရှိအစိုးရရဲ့ တိုင်းရင်းသားကိစ္စကို ဖြေရှင်းမယ်ဆိုတဲ့ပုံစံက အကျယ်ကြီး ထားပေးထားတယ်။ ဒီနေ့ ဦးအောင်မင်းလိုလူမျိုးက ပြည်ထောင်စုဝန်ကြီးတစ်ယောက်က ဖက်ဒရယ်ဆိုတာ ရဲရဲပြောရဲလာပြီ။ ဖက်ဒရယ်ကို အတိုက်ခံတွေတောင် ဒီမှာပြောဖို့ တော်တော်စဉ်းစားရတယ်။ ဒီမှာ ဖက်ဒရယ်ကို ကြောက်စရာမလိုဘူးဆိုတာ ဦးအောင်မင်းလိုလူမျိုး ရဲရဲပြောရဲလာတယ်။ တိုင်းရင်းသားအရေးနဲ့ပတ်သက်လို့ မြန်မာပြည်ရဲ့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ဒါကသော့ချက်ပဲ။ ဒီသော့ချက်ကို ရဲရဲပြောရဲပြီး ရဲရဲစားပွဲပေါ်တင်ရဲတဲ့အဆင့် ဖြစ်လာတယ်။

ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

ဒီမိုကရေစီအပြောင်းအလဲမှာ နံပါတ်တစ်အန္တရာယ်အရှိဆုံး ဂိုဏ်းဂဏပြဿနာ၊ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့လိုတယ်။ ကျွန်တော်တို့မှာလည်း ပုဂ္ဂိုလ်ရေးအရတို့၊ ကိုယ်လုပ်နေတဲ့ အလုပ်အရတို့ တိုက်ခိုက်ခံရတာရှိတယ်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေကော၊ကျွန်တော်ကိုယ်တိုင်ကော ဒါတွေကို မတုံ့ပြန်ဖို့လိုတယ်။ ကျွန်တော်တို့က ဒီဟာတွေကိုတုံ့ပြန်ပြီး ထိပ်တိုက်ရင်ဆိုင်ရင် ကျွန်တော်တို့ရဲ့ ပဋိပက္ခက ပိုကြီးလာဖို့ပဲရှိတယ်။ ဂိုဏ်းဂဏပြဿနာကို ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းက အတူအလုပ်တွဲလုပ်နိုင်ဖို့နည်းလမ်း ဖြစ်တယ်။ ကျွန်တော်တို့ကြားထဲမှာ မတူတဲ့ဟာလေးတွေ ခွဲလုပ်လိုက်၊ တူတာတွေတွဲလုပ်၊ အဲဒီယဉ်ကျေးမှု တည်ဆောက်နိုင်ရန် ဂိုဏ်းဂဏပြဿနာ ကျွန်တော်တို့ ကျော်လွှားနိုင်လိမ့်မယ်။ ရှိနေဆဲဆိုရင်တော့ ကျွန်တော်တို့ ဒီမိုကရေစီအရေးသွားဖို့ အဟန့်အတား ဖြစ်နိုင်ပါတယ်။


Copy From 7day News Facebook Page

Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


အမေရိကန် ပြည်ထောင်စု ဝါရှင်တန် အခြေစိုက် နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ အရှေ့ တောင်အာရှ ရုံးချုပ် မှ ဒါရိုက်တာ Mr.IKE REED နှင့် မြန်မာနိုင်ငံ အခြေစိုက် အမေရိကန် သံရုံးမှ နိုင်ငံရေး၊ စီပွားရေး ဌာန မှ ကောင်စစ်ဝန် Douglas Sonnek တို့ လက်ပံတောင

်းတောင် သံဃာတော် များနှင့် မန္တလေး မြို့တွင် လာရောက် တွေ့ဆုံ ကြောင်း The Voice Weekly မန္တလေး သတင်းထောက်က သတင်း ပေးပို့သည်။

မန္တလေးမြို့ မြဝတီ မင်းကြီး ကျောင်းတိုက် ဆရာတော် အရိယဝံသ၊ ဂဠုန်နီ ဆရာတော် ဦးကာဝိရ၊ ဘဝအလင်း ဆရာတော် ဦးဥတ္တမ၊ ဆရာတော် အရှင် ဝီရသူ (မစိုးရိမ် ကျောင်းတိုက်) နှင့် မုံရွာ လက်ပံတောင်းတောင် သပိတ်ခေါင်းဆောင် အမျိုးသမီးများ ဖြစ်သော မသွဲ့သွဲ့ဝင်း၊ မအေးနက် တို့နှင့် ယနေ့ ဒီဇင်ဘာလ (၅)ရက်နေ့ နေလည် ၁၂နာရီခွဲ မှ နေ့လည် ၂နာရီ ၅၀ မိနစ် အထိ မစိုးရိမ် တိုက်သစ်၌ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြကြောင်း ဆရာတော် ဝီရသူက The Voice Weekly သို့ ပြောကြားသည်။


Copy From The Voice Weekly Facebook Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

 ဒေါက်တာဆိတ်ဖွားဆီကနေ ကူးယူထားတဲ့ပုံပါ။ ဆန္ဒပြပွဲများတွင် ခပ်စိတ်စိတ်တွေ့နေရသော သူ့အား မည်ကဲ့သို့ ဝေဖန်မည်နည်း။ အလုပ်အကိုင်ရှိမရှိမသေချာသော်လည်း ဆန္ဒပြပွဲတိုင်းတွေ့နေရသော သူ့မှာ အလုပ်ရှိခဲ့လျှင် ထိုမျှလောက် အားနေမည်ဟု ကျွန်တော်မထင်ပါ။ ပါလေရာ ဖြစ်တိုင်းကောင်းမည် မဟုတ်ဟု သတိပေးပါရစေ
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ဒီဇင်ဘာ လဆန်းမှ စပြီး ကချင်ပြည် လွတ်လပ်ရေး တပ်ဖွဲ့ (KIA) နယ်မြေ စခန်းသိမ်း တိုက်ပွဲ အပါဝင် အစိုးရ စစ်ဆင် ရေး လှုပ်ရှားမှုများ တိုးတက်များပြား လာခဲ့သည်ဟု KIA စစ်ရုံးချုပ် အရာရှိ တစ်ဦးက ပြောပါသည်။ “ ဒီဇင်ဘာ (၂) ရက်နေ့က ကျနော်တို့ တပ်ရင်း (၃) ဖြစ်တဲ့ လော့ပွမ်စခန်းကို အစိုးရတပ်မ (၈၈) လက်အောက်ခံ တပ်တွေ က တိုက်ခိုက် သိမ်းပိုက် လိုက်ပါတယ်။ ပြီးတော့ ကချင်ပြည်နယ် အရှေ့ဖက် ပန်းဝါမှာလည်း တနေ့ကို တိုက်ပွဲတွေ (၉) ကြိမ် အထိ ဖြစ်လာတယ်။ တနိုင်းဖက်မှာလည်း ထိုးစစ် စနေပါတယ်။ ဒီတော့ အစိုးရ တပ်ဖွဲ့က ပိုပြီး လှုပ်ရှားလာနေတာ တွေ့ရပါတယ်” ဟု ဆိုပါသည်။
နိုဝင်ဘာလ (၂၆) ရက်နေ့မှ စပြီး အစိုးရ တပ်ဖွဲ့တို့သည် KIA တပ်ဖွဲ့များ ရှိရာ ဧရာဝတီ ရှေ့ဖက်ခြမ်း တပ်မဟာ (၅) ဒေသ၊ ရှမ်းပြည် မြောက်ပိုင်းရှိ တပ်မဟာ (၄) ဒေသ၊ ဗန်းမော်ခရိုင်တွင်းရှိ တပ်မဟာ (၃) ဒေသ၊ မြစ်ဆုံအောက်ပိုင်းရှိ တပ်မဟာ (၂) ဒေသနှင့် ဧရာဝတီ မြစ်ဆုံ အထက်ပိုင်းရှိ တပ်မဟာ (၁) ဒေသသို့ စတင် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ပါသည်။
တပ်မဟာ (၁) ဒေသတွင် ပန်ဝါမြို့နယ် နယ်ခြားမှတ်တိုင် (၆) ရှိသည့် KIA စခန်းတခုကို တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၇၇) တပ်ဖွဲ့တို့က နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ၈၁ မမ စိန်ပြောင်း အမြောက်ဖြင့် အကြိမ် (၃၀) ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
အစိုးရ စစ်ကြောင်း များသည် ရှမ်းပြည်နယ် လားရှိုးမြို့မှ စစ်ယာဉ် (၃၄) စီးနှင့် အတူ ကွမ်လုံဘက်သို့ ချီတက်ခဲံပြီး ဝိုင်းမော်မြို့ နယ်ရှိ KIA တပ်ရင်း (၃) အခြေစိုက်ရာ စခန်းဘက်သို့ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် စတင် ထိုးစစ်ဆင်ပြီး ဒီဇင်ဘာ (၂) ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက် လိုက်ကြောင်း ဆိုပါသည်။
ထို့အပြင် ဒီဇင်ဘာလ (၁) ရက်နေ့တွင် တစ်နေ့ကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက် ရှိပါသည်။
“အပြင်းထန်ဆုံးက တပ်မဟာ (၅) နယ်မြေနဲ့ တပ်မဟာ (၁) ဒေသ တို့ပါပဲ။ စခန်းသိမ်း တိုက်ပွဲတွေလို့ ဆိုနိုင်ပါတယ်။ တွေ့ ဆုံဆွေးနွေးရေး အတွက်ကို ရည်ရွယ်ရင်တော့ ဒီလိုမျိုး တပ်အင်အားနဲ့ လာတာကိုက ဝမ်းနည်းစရာ ကောင်းတယ်လို့ ဆိုချင် ပါတယ်။”ဟု KIO ဗဟို ကော်မတီဝင် တစ်ဦးက ဆိုပါသည်။
 KIA communication
အောက်တိုဘာ (၃၀) ရက်နေ့ တရုတ်ပြည် ရွှေလီမြို့တွင် တွေ့ဆုံစဉ်က ၀န်ကြီး ဦးအောင်မင်းသည် နိုဝင်ဘာလ အတွင်း နိုင်ငံရေးအရ တွေ့ဆုံရန် ပြောဆိုချက်သည် တရားဝင် ကမ်းလှမ်းတာ မဟုတ်ဘဲ အလွတ် သဘောအရ ပြောဆိုခြင်းသာ ဖြစ်သည် ဟု KIA အရာရှိတို့က ယူဆထားကြောင်း ဆိုပါသည်။
“ကျနော်တို့ ဘက်ကတော့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးကို တရားဝင်ဖြစ်ဖို့ တောင်းဆိုနေတာပါ။ အလွတ်သဘောနဲ့တော့ မတွေ့ချင်ပါဘူး။ ပြီးတော့ စစ်ရေးအရ အပစ်ရပ်ရေး ကိစ္စတွေကိုဘဲ ပြောပြီးတော့ လက်တွေ့မှာ အစိုးရဖက်က စခန်းသိမ်း တိုက်ပွဲတွေ စစ်ဆင်ရေး တွေကိုဘဲ ဆင်လာနေမှတော့ ယုံကြည်နိုင်စရာ မရှိတော့ပါဘူး။ ကျနော်တို့ ဖက်ကလည်း နိုင်ငံရေး အရ ဆွေးနွေးတော့မယ် ဆိုရင် ကချင်ပြည်သူရဲ့ သဘောထားတွေကိုလည်း ရယူဖို့ လိုအပ်ပါတယ်။ ဒါကိုလည်း အချိန်ယူ ရ ပါ့မယ်” ဟု ၄င်းကဆိုသည်။
KIA သည် ၁၉၉၄ ခုနှစ်တုန်းက အစိုးရနှင့် အပစ်ရပ်စဲ ခဲ့ဘူးပြီး ၂၀၁၀ ခုနှစ် ပျက်ပြယ် သွားခဲ့ပါသည်။ ၂၀၁၁ခုနှစ် ဇွန်လမှစ ပြီး အစိုးရက စတင် တိုက်ခိုက်ခဲ့ရာမှ ယနေ့အထိ တိုက်ပွဲပြင်းထန် နေဆဲဖြစ်ပါသည်။ KIA သည် တိုင်းရင်းသား အခွင့် အရေး များကို နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးသည့် နည်းဖြင့် အဖြေရှာ လိုပြီး အစိုးရသည် အပစ်အခတ် ရပ်စဲရေးကိုသာ ဦးစွာရယူ ရန်ပြောနေပါသည်။


Copy From ရွှေဟင်္သာသတင်းဋ္ဌာန
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းမှပြီးခဲ့သည့် နိုဝင်ဘာ  (၂၆) ရက်နေ့၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ရောက်ရှိခဲ့ပြီး ခရီးစဉ်  အတွင်း လက်ပံတောင်းတောင်ဒေသရှိ ရွာသူရွာသားများ၊ ရွာ (၂၆) ရွာမှ တင်မြှောက်ထားသော ကိုယ်စားလှယ်များ  နှင့် တွေ့ဆုံခဲ့ပြီး ယင်းဒေသရှိသံဃာတော်   များအား တွေ့ဆုံလျှောက်ထားရာ၌ မိမိ တို့အနေဖြင့် တရုတ်ကိုကြောက်ရကြောင်း၊   ၈၈ အရေးအခင်းကာလအတွင်းတိုင်းပြည် တွင်စားစရာမရှိ၍ တရုတ်မှရိက္ခာသွင်းခဲ့ ရ၍ ပြည်သူများအသက်ဆက်ခဲ့ရကြောင်း  နှင့် တရုတ်အားရန်မဖြစ်ရဲကြောင်း လျှောက်ထားပြောဆိုခဲ့ခြင်းအပေါ်ဝါရင့်  သတင်းစာဆရာကြီးတစ်ဦးဖြစ်သူဟံသာ ၀တီဦးဝင်းတင်အား Hot news မှ တွေ့ဆုံ ၍ ယင်းစကားများ၏ တိုင်းပြည်နှင့် လူမျိုး  အပေါ်သက်ရောက်မှုများအပေါ်အမြင် သုံးသပ်ချက်များအားမေးမြန်းဖြစ်ခဲ့ပါသည်။
ဦးအောင်မင်းလက်ပံတောင်းတောင်ဒေသ ခံသံဃာတော်တွေနဲ့ တွေ့တဲ့အခါတုန်းက  တပည့်တော်တို့ဟာအရေးအခင်းကာလ က စားစရာမရှိလို့တရုတ်ဆီက ရိက္ခာ သွင်းရလို့အသက်ဆက်ခဲ့ရတယ်လို့ဆိုပါ တယ်။ ဘဘ တကယ်ရောအဲဒီအချိန်က  တိုင်းပြည်မှာ စားစရာမရှိအောင်ငတ်ခဲ့တဲ့  အနေအထားမျိုးဖြစ်ခဲ့ပါသလား။
သူပြောတော့ ၈၈ အရေးတော်ပုံကြီး  မှာ တုန်းကစားစရာမရှိလို့တရုတ်ကနေ သွင်းပြီး ပြည်သူတွေအသက်ဆက်ခဲ့ရ တယ်တဲ့။ ၈၈ တုန်းက လူထုက အစိုးရ   တစ်ရပ်ပြောင်းဖို့ ဒီမိုကရေစီအသွင်ကူး ပြောင်းပေးဖို့ဆန္ဒပြတာပဲ။ အဲဒီတုန်းက တိုင်းပြည်မှာ စားစရာမရှိအောင်ငတ်နေ တယ်ဆိုတာ ကျွန်တော်လုံးဝလက်မခံဘူး။   အဲဒီတုန်းက တိုင်းပြည်မှာ အခြေအနေ တွေ ဘယ်လိုပဲဖြစ်နေပါစေ။ရိက္ခာဖြတ်ပြီး  ငတ်တယ်ဆိုတာမျိုးလုံးဝမဖြစ်ခဲ့ဘူး။ ဦးအောင်မင်းပြောတဲ့ တိုင်းပြည်မှာ အဲဒီ  တုန်းကစားစရာမရှိလို့ တရုတ်ကသွင်းရ တာကြောင့် အသက်ဆက်ခဲ့ရတယ်ဆို တာဟာ ချဲ့ကားပြောတဲ့စကားတရုတ်ကို  စန်းတင်တဲ့စကားပဲ။ ကျွန်တော်ဒီလိုပဲဖြစ် တယ်။
ဟုတ်ကဲ့ နောက်ဝန်ကြီးဦးအောင်မင်းပြော တဲ့ထဲမှာ “တရုတ်ကိုကြောက်ရတယ် ရန်မ ဖြစ်ရဲဘူး”လို့ပါပါတယ် အဲဒီစကားအပေါ်  ဘဘရဲ့အမြင်ကိုသိပါရစေ။
သူပြောတဲ့ထဲမှာ တရုတ်ကကယ်ခဲ့ လို့အဲဒီကျေးဇူးလေးတွေကိုပြန်ကြည့်ရ မယ်ဆိုတာပါတယ်။ တရုတ်ကယ်ခဲ့တာ တရုတ်ရဲ့ ကျေးဇူးရှိတာ မြန်မာပြည်သူ တွေရဲ့ အပေါ်မှာမဟုတ်ဘူး။ သူတို့အပေါ် မှာ။ အာဏာရှင်အစိုးရရဲ့ အပေါ်မှာပဲရှိ တာ။ မြန်မာပြည်သူတွေအပေါ်တရုတ် ကျေးဇူးဘာမှမရှိဘူး။ တရုတ်ကိုကြောက်  စရာရှိလည်း သူတို့ပဲကြောက်မှာ။ မြန်မာ ပြည်သူတွေ တရုတ်ကို ဘယ်တော့မှ မကြောက်ဘူး။ ကျေးဇူးတင်စရာရှိလည်း သူတို့ပဲကျေးဇူးတင်။ သူ့ကိုပြောချင်တာက  မြန်မာ့သမိုင်းကိုပြန်ကြည့်ပါ။ မြန်မာတွေ  တရုတ်ကိုဘယ်တော့မှ မကြောက်ခဲ့ဘူး။  ဘယ်တော့မှလည်းကြောက်မှာမဟုတ်ဘူး ဆိုတာသိရလိမ့်မယ်။ ကုန်းဘောင်ခေတ် တို့၊ ပုဂံခေတ်တို့မှာ တရုတ်တွေဘက်စစ ပြီးရန် စကျူးကျော်မှုတွေလုပ်ခဲ့တာပဲ။ အဲဒီတုန်းက မြန်မာတွေက တရုတ်ကို ကြောက်ပြီး ငြိမ်ခံနေခဲ့လို့လား။မနေခဲ့ဘူး။  တရုတ်ကို ပြန်တော်လှန်ခဲ့တာပဲ။ ဦးအောင်မင်းပြောတဲ့ထဲမှာ တရုတ်ကို ရန်မဖြစ်ရဲဘူးလို့ဆိုတာပါတယ်။ မြန်မာ တွေဟာ ရန်မဖြစ်ရဲတာမဟုတ်ဘူး။ ရန်မဖြစ်တတ်တာ။ကိုယ့်အိမ်နီးချင်းအပေါ်  ရိုင်းပင်းတာကူညီတာ။ အဲဒါကို ခုတုံးလုပ် ပြီး။ တရုတ်တွေမြန်မာ့နိုင်ငံရေးကိုကစား ခဲ့တာလေ။မြန်မာတွေရန်မဖြစ်ရဲတာမဟုတ်ဘူးရန်မဖြစ်ချင်တာ။
ကျွန်တော်တို့မြန်မာတွေဟာ တရုတ်ကို လုံးဝမကြောက်ခဲ့ဘူးဆိုတာနဲ့ ပတ်သက် ပြီးခိုင်မာတဲ့သမိုင်းသာဓကတစ်ခုကို ဘဘ ရဲ့ အတွေ့အကြုံအရပြောပြပေးပါလား။
မြန်မာစာပေမှာ ကာချင်းဆိုတာရှိ တယ်။ အဲဒါဟာ တရုတ်ကို မြန်မာတွေ လုံးဝမကြောက်ဘူးဆိုတဲ့ ခိုင်မာတဲ့သာ ဓကပဲ။ ဘာလို့ဆိုတော့ ပုဂံခေတ်မှာ တရုတ်တွေ မြန်မာပြည်ကိုရန်စကျူးကျော်  တဲ့အခါ မြန်မာတွေအနေနဲ့ စည်းစည်း လုံးလုံးတစ်ယောက်ကိုတစ်ယောက်ညီရင်း   အစ်ကိုစိတ်နဲ့ ဖေးမအားပေးရင်းကနေ ဇာတိမာန်တက်စေမယ့်စစ်သီချင်းတွေ ရေးစပ်သီဆိုကြရာကနေ ကာချင်းဆို တာပေါ်လာတာ။မြန်မာစာပေမှာရှိနေတဲ့ ကာချင်းဆိုတာဟာ မြန်မာတွေ တရုတ် ကိုဘယ်တော့မှ မကြောက်ဘူးဆိုတဲ့ ခိုင်မာတဲ့သာဓကပဲ။အဲဒီတုန်းက တရုတ် တွေနဲ့ ရန်စကျူးကျော်မှုကို ပြန်တော်လှန် ဖို့ မြန်မာ့စစ်သည်တော်တွေရဲ့ စိတ်ဓာတ်   အားမာန်မျိုးချစ်စိတ်ဇာတိမာန်တွေကို ဖြည်းပေးဖို့ စစ်ချီတေးတွေစပ်ခဲ့ရာကနေ ကာချင်းဆိုတာဖြစ်လာတာပဲလေ။ မြန်မာ  တွေ တရုတ်ကိုမကြောက်ဘူးဆိုတာသမိုင်း  နဲ့ ချီတဲ့သက်သေသာဓကတွေရှိနေပါတယ်။  သမိုင်းကိုသေသေချာချာမလေ့လာလာ သူတွေပဲမသိတာ။
တရုတ်နိုင်ငံအနေနဲ့ရောမြန်မာနိုင်ငံရဲ့ အရေးကိစ္စကြီးငယ်တွေမှာ ရပ်တည်ကူညီ ပေးခဲ့တာ၊ ဦးအောင်မင်းပြောသလို ကယ်တင်ပေးခဲ့တာမျိုးရောရှိပါသလား ဘဘ။
သူပြောတဲ့စကားတွေဖြစ်တဲ့ “တရုတ် ကိုကြောက်ရပါတယ်။ တရုတ်ကယ်တင်  ခဲ့ပါတယ်” ဆိုတဲ့စကားတွေကိုကြည့်ရင် ကျွန်တော်တို့ကပဲ တရုတ်ကိုပြန်ပြီးထိုင် ကန်တော့ရမယ့် ပုံစံပေါက်နေပြီ။တကယ်  တမ်းသမိုင်းကိုပြန်ကြည့်ရင်အဖြေပေါ်တာ ပဲ။ တရုတ်က မြန်မာပြည်ကိုကယ်ခဲ့တာ လား။ ဒါမှမဟုတ်မြန်မာ့နိုင်ငံရေးကို ကစားခဲ့တာလား ရှင်းနေတာပဲ။ ဆိုပါစို့။ ကွန်မြူနစ်တွေ တိုင်းပြည်ကို ထိုးစစ်တွေ လုပ်မယ်။ ဆူပူမှုတွေဖြစ်အောင်လုပ်မယ် နောက် မြန်မာပြည်နိုင်ငံရေးကိုပျက်ပြား အောင်လုပ်မယ်ဆိုတော့ အဲဒီကွန်မြူနစ်  တွေကို အဲသလိုလုပ်နိုင်ဖို့ထောက်ပံ့ပေး တာဘယ်သူလည်း တရုတ်ပဲ။ နောက်အဲဒီ  ကွန်မြူနစ်တွေအခြေအနေဟန်ပုံမရတော့   တရုတ်က အဲဒီတုန်းက စစ်အာဏာရှင် တွေကို ပြန်ထောက်ပံ့တယ်။ သူတို့ပြော နေတဲ့  တရုတ်ကကယ်ခဲ့ပါတယ်ဆိုတဲ့ စကားတွေဟာ သူတို့အမြင်သူတို့ရှုထောင့်  ကနေပြောနေတာ ပြည်သူရဲ့အမြင်ရှုထောင့်  ကနေပြီးတော့ ပြောနေတာမဟုတ်ဘူး။ ခေါင်းဆောင်ဆိုတာဘာပြောပြော၊ ဘာပဲလုပ်လုပ်ပြည်သူရဲ့ ရှုထောင်မျိုးက နေပြောရတယ်၊ လုပ်ရတယ်။ ဒါမှခေါင်း ဆောင်ပီသမှာ
ဦးအောင်မင်းပြောခဲ့တဲ့ တရုတ်ကိုရန်မဖြစ်   ရဲဘူး။ ကြောက်ရပါတယ်”ဆိုတဲ့စကားဟာ   ရဲစွမ်းသတိ္တအပြည့်ရှိတဲ့ မြန်မာတွေရဲ့မျိုး ချစ်စိတ်သိက္ခာနဲ့ မာန်မာနအပေါ်ဘယ်လို  သက်ရောက်မှုရှိနိုင်ပါသလဲ။
ကျွန်တော်တို့မြန်မာတွေက သူပြော သလိုတရုတ်ကိုဘယ်တော့မှမကြောက်ဘူး။ ဒါပေမဲ့ တိုင်းပြည်ရဲ့ အကြီးအကဲသမ္မတ ကြီးအနားမှာနေတဲ့ ၀န်ကြီးတစ်ယောက်  က ဒီလိုစကားမျိုးပြောလိုက်တာဟာ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာ၊ ရဲစွမ်း သတိ္တ၊ မာန်မာနနဲ့ မျိုးချစ်စိတ်ကို ချိုးနှိမ့်  လိုက်တာ။ရိုက်ချိုးလိုက်တာလို့ပဲ ကျွန်တော်  ယူဆတယ်။ ဒီလူရဲ့စကားကြီးကသမိုင်း ဖြစ်သွားမှာ ကျွန်တော်တို့မြန်မာတွေအရင်  တုန်းကလည်း တရုတ်ကိုမကြောက်ဘူး၊ ခုလည်းမကြောက်ဘူး၊ နောင်လည်းဘယ် တော့မှမကြောက်ဘူး၊ သူတို့ပဲကြောက်နေ  ရင် တရုတ်ဆီသွားပြီးအလုပ်အကျွေးသွား ပြုကြလေ။မြန်မာတွေကတော့တရုတ်လုံး ၀မကြောက်ဘူး။ ခုဦးအောင်မင်းပြောတဲ့ စကားက မြန်မာလူမျိုးတွေကို ချိုးနှိမ့်ရာ လည်းရောက်သလိုမြန်မာပြည်ကြီးကို တရုတ်ကျွန်ဇာတ်သွင်းဖို့ကြိုလမ်းခင်းနေ  တာလို့ပဲယူဆတယ်။
ဘဘခုနက ပြောခဲ့တယ်နော်။ ဦးအောင် မင်းပြောခဲ့စကားသမိုင်းမှာသာ ကျန်ခဲ့မယ်   ဆိုရင်နောင်လာမယ့်မျိုးဆက်တွေနဲ့ ဂုဏ်သိက္ခာအပေါ်မှာဘယ်လိုထိခိုက်နိုင် ပါသလဲ။
သမိုင်းမှာကျန်ကိုကျန်ခဲ့မှာ။ ခုသူရဲ့ စကားကို ဂျာနယ်တွေတော်တော်များများ   က ဖော်ပြကြပြီး ဒါဟာနောင်သမိုင်းဖြစ် လာမှာ နောင်နှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေး  ဆယ်ပြီးတော့ နောက်ရာချီပြီးနှစ်တွေ ကြာလာတဲ့အခါ တစ်ချိန်က မြန်မာပြည်  ကြီးရဲ့ အရေးပါတဲ့ဝန်ကြီးတစ်ပါး၊ သမ္မတ ရဲ့ လက်ရုံးပုဂ်္ဂိုလ်တစ်ယောက်က တရုတ်   လိုကြောက်ရပါတယ်။ တရုတ်ကိုရန်မဖြစ်  ရဲပါဘူး။ တရုတ်ရဲ့ ကျေးဇူးတွေအလွန် ကြီးမားပါတယ်။ တရုတ်ကျေးဇူးတွေ ပြန်ကြည့်ရပါမယ်ဆိုတဲ့စကားတွေဟာ နောင်သမိုင်းမှာသာကျန်ခဲ့ရင် အဲဒီအချိန်  မှာရှိနေမယ့်မြန်မာတွေရဲ့ အရှက်တွေ၊ ဂုဏ်သိက္ခာတွေ၊ မာနေတွေကို ရိုက်ချိုး  ချိုးနှိမ်ရာရောက်သွားမှာဖြစ်သလို နိုင်ငံ တကာနဲ့ ယှဉ်ရင်လုံးဝခေါင်းမဖော်နိုင် သွားစေမှာအမှန်ပဲ။
နောက်ဆုံးတစ်ခုအနေနဲ့ မြန်မာတွေရဲ့ ဂုဏ်သိက်္ခာကို ရိုက်ချိုးလိုက်တယ်လို့ ဘဘယူဆတဲ့ စကားကိုပြောခဲ့တဲ့သူအပေါ် မှာရော ဘယ်လိုဝေဖန်ချင်ပါသလဲ။
ခုချိန်ဟာ တိုင်းပြည်တည်ဆောက် ရေးကာလဖြစ်နေတဲ့အတွက် ပြည်သူတွေ  ရဲ့ မျိုးချစ်စိတ်ကအရမ်းကိုအရေးပါနေ တယ်။ ဒီအချိန်မှာ ပြည်သူတွေရဲ့ မျိုးချစ် စိတ်၊ ဇာတိမာန်ကို ညှိုးစေမယ့်စကားမျိုး  တွေကို တာဝန်ရှိသူတွေအနေနဲ့ သတိ ထားသင့်တယ်။ ခုဦးအောင်မင်းတရုတ်ကို ကြောက်ပါတယ်ဆိုတဲ့စကားမျိုးပြော တယ်။ အဲဒီစကားပြောတဲ့သူက သာမန်  အရာရှိလောက်ဆိုကျွန်တော်မပြောဘူး။  သမ္မတအနားမှာနေတဲ့ ၀န်ကြီးတစ်ပါး။ နောက်သူ့ရဲ့အတွေးအခေါ်အယူအဆ ပြောစကားတွေဟာ သမ္မတရဲ့ အတွေး အခေါ်အယူအဆတွေ ပြောစကားတွေ  လို့တောင်ယူဆလို့ရတာ။ နောက်သူက သမ္မတနားက၀န်ကြီးတွေထဲမှာ အထင် ရှားဆုံးနဲ့ လူသိအများဆုံးလူလေ။အဲသလို  မျိုးသမ္မတရဲ့ လက်ရုံးတစ်ယောက်နိုင်ငံ တော်သမ္မတရဲ့ အသံကိုထင်ဟပ်ပြောဆို နေတဲ့ ပုဂ်္ဂိုလ်တစ်ယောက်က ဒီလိုစကား  မျိုးတွေကို လုံးဝလုံးဝကို မပြောသင့်ပါ ဘူး။ သေသေချာချာစဉ်းစားချင့်ချိန်ပြီးမှ ပြောသင့်ပါတယ်။ ကျွန်တော်ကတော့ ဒီလိုပဲမြင်ပါတယ်။
ဟုတ်ကဲ့ဘဘ ခုလိုဖြေကြားပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။


ခန့်ခန့်(ဒဿနိက)

Copy From Hot News Weekly Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


သပိတ်စခန်းများကို အင် အားသုံးဖြိုခွဲခဲ့ပြီး သံဃာတော် များနှင့် လူပုဂ်္ဂိုလ်များ ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းအပေါ်  လက်ပံ တောင်းတောင်ဒေသခံ သံဃာ တော်များက သဘောထားကြေ ညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ ကြောင်း သတင်းရရှိသည်။
အဆိုပါ သဘောထားကြေ ညာချက်တွင် အမျိုးဘာသာ သာ သနာကို ငြိမ်းချမ်းစွာဖြင့် ကာ  ကွယ်စောင့်ရှောက်နေသော သံ ဃာတော်များနှင့် ပြည်သူလူထု ကို မီးလောင်စေတတ်သော ဓာတုဗေဒပစ္စည်းများကို အသုံးပြု လျက် အကွက်ကျကျ ကြိုတင် ပြင်ဆင်ပြီး ဥပဒေမဲ့ လူမဆန်စွာ ကြက်မက်ဖြိုခွဲ ဖျက်ဆီးခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ် ချကြောင်း၊ ယခုကဲ့သို့ မီးလောင် စေတတ်သော ဓာတုပစ္စည်းများ ကို အသုံးပြုလျက် အကွက်ကျ ကျ ကြိုတင်ပြင်ဆင်ပြီး ဥပေဒမဲ့ လူမဆန်စွာ အကြမ်းဖက်ဖြိုခွဲ ဖျက်ဆီးခြင်းသည် နိုင်ငံတော် သမ္မတကြီး၏ ““ကောင်းသော အစိုးရ၊ သန့်ရှင်းသော အစိုးရ””ဟု ကမ္ဘာသိ ကြွေးကြော်သံနှင့် လုံးဝ ဆန့်ကျင်နေ၍ အကြမ်းဖက်မှု၌ တာဝန်ရှိသူအားလုံးကို ဒီမိုကရေ စီမှ အပြီးအပိုင် ထုတ်ပယ်၍ အမြန်ဆုံး အရေးယူဆောင်ရွက် ပေးရန်။
ဤအကြမ်းဖက်မှုကို ဆန္ဒပြ ဆန့်ကျင်၍ ဖမ်းဆီးခံထားရသူ အားလုံးကို ချွင်းချက်မရှိ လွှတ် ပေးရန်၊ ဒဏ်ရာရသူများ၏ ဆေး ကုသရေးနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ် ပိုင်းဆိုင်ရာ ပြန်လည်ထူထောင် ရေးအတွက် တာဝန်ယူရန်၊ မီး လောင်ဗုံးများသည် နိုင်ငံတကာ  စစ်ပွဲများတွင် သုံးစွဲမှုကိုပင် ကုလ သမဂ်္ဂမှ ကန့်ကွက်ထားသည်ကို မျက်ကွယ်ပြုကာ အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရတနာသုံးပါးအ၀င် သံဃာတော် များ၏အပေါ် သုံးစွဲခြင်းမှာ ကမ်း ကုန်အောင် ယုတ်မာမှုဖြစ်၍ နိုင်ငံတော်၏ အကြမ်းဖက်ဝါဒ(STATE TERRORESM) ဖြစ် သည်ဟု ခံစားမိကြောင်း၊ မြန်မာ တစ်နိုင်ငံလုံးရှိ ရဟန်းရှင်လူ ပြည် သူအားလုံး တောင်းဆိုနေသည့် ကြေးနီစီမံကိန်းကို လုံးဝ ဖျက် သိန်းပေးရန်။
အထက်ဖော်ပြပါ တောင်း ဆိုချက်များကို လျှင်မြန်စွာ ဆောင်ရွက် မပေးပါက ““ပြည်သူ နှင့် သံဃာ ကြည်ဖြူစွာ လက်တွဲ ၍ ဆက်လက်ဆောင်ရွက်သင့် သည့် အချိန်၌ ဆက်လက်၍ ဆောင်ရွက်သွားမည်””ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ရှိသော ဘာသာသာ သနာကို မြတ်နိုးစိတ်ရှိသော ပတ် ၀န်းကျင်ဆိုးကျိုးသက်ရောက်မှုကို ကာကွယ်လိုစိတ်ရှိသော ပြည်သူ့ ဒီမိုကရေစီ အစိုးရအမှန်ဖြစ်ပါ လျှင် ၍ကိစ္စများကို တာဝန်ယူ လုပ်ကိုင်နိုင်စွမ်းရှိလိမ့်မည်ဟု ယုံ ကြည်၍ မိမိတို့သဘောထားများ ကို အသိပေးကြေညာလိုက် ကြောင်း ဖော်ပြရရှိသည်။


Copy From Hot News Weekly Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ကျွန်တော်တို့ ကလေးဘ၀တွေတုံးက ကမြင်းကြ၊ ဆော့ကြရင် ထုပ်ဆီးတိုးတမ်း၊ ဒီထိုးတမ်း၊ တူတူပုန်းတမ်း၊ စိမ်ပြေးလိုက်တမ်း စတဲ့ ကစားနည်းတွေကို မကစားဘူးတဲ့သူတွေ မရှိသလောက်ဘဲ ထင်ပါတယ်။ အသိုင်း အ၀ိုင်း ကောင်းရင် ကောင်းသလောက်၊ လူအုပ်တောင့်ရင် တောင့်သလောက် ကစားလို့ရတဲ့ ထုပ်ဆီးတိုးတမ်းကစားနည်းက အစ နှစ်ယောက်တည်းရှိလည်း ကစားလို့ရတဲ့ စကားထာ မေးတမ်း ဆော့ကြတာလဲ အခုအချိန်ထိ ကျွန်တော့်မှာ လွမ်းလို့ ကောင်းဆဲ။
ပြီးတော့ ခပ်တင်းတင်း၊ ခပ်ကြမ်းကြမ်း ကစားလို့ရတဲ့ စစ်တိုက်တမ်း ကစားနည်းကတော့ ကျွန်တော့် အကြိုက်ဆုံး ကစားနည်းပေါ့။ လည်လည် ပါတ်ပါတ်ကောင်တွေက ချောင်တစ်ချောင်ချောင်မှာခိုနေပြီး ရန်သူဖြစ်တဲ့ သူငယ်ချင်းကို စောင့်ဖမ်းပြီး “ဒိုင်းညှောင့် ဒိုင်းညှောင့် ဟရောင် မင်းသေပြီ။ ငါအရင်တွေ့တာကွ” ဆိုပြီး အာခေါင်တွေ ခြောက်လောက်အောင် ငြင်းရပေမယ့် ယောင်္ကျားလေး အများစု ခုံခုံမင်မင် ဆော့တဲ့ ကစားနည်းပါ။ ကျွန်တော် ငယ်ငယ်ကဆိုရင် တစ်ဖက် သုံးယောက်လောက်ခွဲပြီး ရွာဘေးက ဆည်တော်ကြီး ချောင်းကြီးမှာ ရွှံ့စစ်တိုက်တမ်း ကစားကြတာ အိမ်က တုတ်နဲ့ လိုက်မလာမချင်း နှုတ်ခမ်းတွေ ပြာလာအောင် ရေထဲမှာ ကမြင်းကြတာ။
နည်းနည်း အသက်ရလာတော့၊ နွေရာသီ ကျောင်းပိတ်ရက်ဆိုရင် ရပ်ကွက်က ဗွီဒီယိုရုံမှာ “ဒီနေ့ စစ်ကားအမေရ၊ ကျွန်တော်သွားကြည့် ချင်တယ်ဗျာ” လို့ ချွဲလိုက်ရင် ခွင့်ပြုတာ များပါတယ်။ “ဒီကောင်လေးဟာလေ လူသတ်တဲ့ ကားတွေ၊စစ်ကားတွေ ဆိုရင် သိပ်ကြိုက်တာဘဲ။ ကြီးရင် စစ်ဗိုလ်ကြီးများ လုပ်မှာလား” ကွယ့် ဆိုပြီး အမေကြီးက မေးတတ်တယ်။ ကျွန်တော်က လဲ ချပ်စ်စနောရစ်တို့၊ ရမ်ဘိုတို့ ကိုကြည့်ပြီး အားကျနေသူဆိုတော့ နဖူးကို ကြိုးစည်းပြီး “လုပ်မှာဗျ” လို့ ဖြေတတ်ခဲ့တယ်။
ကျွန်တော်ငယ်ငယ်ကဆိုရင် စစ်တိုက်ကားတွေအပြင် အမေရိကန်စစ်ကားတွေထဲက ပါတတ်တဲ့ နောက်ဆုံးပေါ် စစ်လက်နက် အဆန်းအပြားတွေဆိုရင် သိပ်ကြိုက်တာ။ Tom Cruse သရုပ်ဆောင်တဲ့ Top Gun ရုပ်ရှင်ဇာတ်လမ်းထဲက F16 ကြီးကိုကြည့်ပြီး လေသူ ရဲဖြစ်ချင်လိုက်တာ အလွန်ပေါ့။  အိပ်မက်ထဲတောင်ထည့်မက်ပြီး လေယာဉ်မောင်းနေလို့ မျက်နှာကြီး မဲ့ရွဲ့လာတာကို အမေက အစိုးရိမ် လွန်ပြီး ရေမန်းတွေတိုက်လို့ သောက်ခဲ့ရတာ မှတ်မိသေးတော့။ အမှန်ပြောလိုက်ရင် စစ်ကား ဇာတ်လမ်းမကြည့်ရလို့ အမိန့်ထွက်လာမှာစိုးလို့ အမေ့ကို အသိမပေးခဲ့ဘူး။
ကျွန်တော်တို့ ငယ်ငယ်က ဗီယက်နမ်စစ်ပွဲ အကြောင်း နောက်ခံထားပြီး ရိုက်ကူးတဲ့ အမေရိကန် ဇာတ်လမ်းတွေ မကြည့်ချင်မှ အဆုံး။ အမေရိကန်ကြီးတွေသာ အကောင်း။ သတ္တိရှိ။ ကူညီသနားတတ်။ ခေတ်မှီ စစ်လက်နက်တွေ သုံးနိုင် စတဲ့ ဇာတ်ကားတွေကို သဘောကျခဲ့တယ်။ အခု အသက်အရွက်လေး နည်းနည်းရလာလို့ ပြန်ကြည့်မိတော့  သဘောမကျချင်တော့ဘူး။ ငယ်ငယ်တုံးက ဘယ်စာစောင်ထဲမှာ ဖတ်မိမှန်း မသိဘဲ ဗီယက်နမ်စစ်ပွဲမှာ သုံးတဲ့ နဗန်းဗုံး အကြောင်းကို စိတ်ဝင်စားမိခဲ့တယ်။
နဗန်းဆိုတာ ဗီယက်နမ်က ချာတိတ်မလေးဆိုတာ ဘယ်သိပါ့မလဲ။ ကျွန်တော်သိတာ နဗန်းဆံ သီချင်းသိတယ်။ နဗန်းဆံ ဆံပင်ပုံစံဆိုတဲ့ ချစ်စရာ့ မြန်မာ့ကျေးလက် ကောင်မလေးတွေရဲ့ ဆံပင်ပုံကို ကာတွန်းတွေထဲမှာ မြင်ဘူးတယ်။ အပြင်မှာ တွေ့ဘူးတယ်။ ဒီတော့ နဗန်းဗုံးဆိုတာကို ဘယ်လို ဗုံးအမျိုး အစားမှန်း မသိပေမယ့် စိတ်ထဲမှာ စွဲနေခဲ့တယ်။ “နဗန်းဗုံးဆိုတာ ဘယ်လိုမျိုးလဲ အမေ” လို့ အမေ့ကို မေးတော့ “အဲဒီဗုံးက မီးလောင်စေတဲ့ ဗုံး သားရဲ့။ရိုးရိုး ဗုံးတွေလို မဟုတ်ဘဲ ရေပေါ်မှာ၊ သစ်ပင် အစိုတွေကိုတောင် မီးလောင် ပြာကျစေတယ်လို့တော့ အမေသိတာဘဲ” လို့ အမေဖြေခဲ့ဘူးတယ်။ အမေက ကျနော့်ကို ရှင်းရှင်းလင်းလင်း ရှင်းပြချင်လို့ စာအုပ်တွေထဲမှာ ရှာပေမယ့် သေသေချာချာ ရှင်းပြထားတဲ့ စာတစ်ပုဒ်လေးတောင် မတွေ့ခဲ့ပါဘူး။
တစ်နေ့က လက်ပန်းတောင်းမှာ သပိတ်စခန်းတွေကို ၀င်စီးကြရင်း အသုံးပြုတဲ့ ဗုံး အမျိုးအစားကို ငြင်းကြ ခုံကြတော့ ငယ်ငယ်က စိတ်ထဲစွဲနေတဲ့ နဗန်းဗုံး ဆိုတာ ပြန်သတိရလာတယ်။ အင်တာနက်မှာ ရှာရင်း၊ ဖွေရင်း Youtube မှာ ဗွီဒီယို Clip လေးတစ်ခု သွားတွေ့မိတယ်။ ဗွီဒီယို Clip လေးထဲမှာ လေယာဉ်တွေ အသဲအသန်ဗုံးကြဲနေတာကို မြင်ရတယ်။ နည်းနည်းကြာတော့ ချာတိတ်မလေးတစ်ယောက် အရေပြားတွေ အလွှာလိုက်ကွာကြပြီး ငိုယိုပြီး လမ်းမပေါ် ပြေးထွက်လာတာကို တွေ့လိုက်ရတယ်။ သူ့နောက်မှာ အလွန်ဆုံး ရှိလှမှ သုံးနှစ်သားလောက်သာ ရှိမယ့် ကလေးလေး တစ်ယောက် အရေတွေ အဖတ်လိုက်၊ အဖတ်လိုက်ကွာကြနေပြီး မိန်းမကြီးတစ်ယောက်ရင်ခွင်ထဲမှာ အသက်ရှင်သလား၊ သေသလားတောင် မသိရဘဲ ပါလာတာ တွေ့ရပြန်တယ်။ စာဖတ်သူ စိတ်ဝင်စားရင် ဒီမှာ ကြည့်နိုင်ပါတယ်။ (https://www.youtube.com/watch?feature=player_embedded&v=Ev2dEqrN4i0)
အင်တာနက်မှာ ဆက်ပြီး ရှာရင်း၊ ဖွေရင်းနဲ့ ဗွီဒီယို Clip လေးထဲက ချာတိတ်မလေးက Nalpm ဆိုတဲ့ ကောင်မလေးမှန်း သိလာရတယ်။ သူ့ကို အစွဲပြုပြီး အဲဒီ ဗုံး အမျိုးအစားကို မြန်မာလို ပြုလိုက်တော့ နဗန်းဗုံး ဖြစ်သွားခဲ့တယ် ထင်ပါရဲ့။ ချာတိတ်မလေးပုံကို အမိအရ ဓာတ်ပုံ ရိုက်ထားနိုင်လိုက်တဲ့ သတင်းထောက်က ဆုတွေ ဘာတွေတောင်ရသွားခဲ့တယ်။ အဲဒီ ဓာတ်ပုံကြောင့် ဆိုးရွား ရက်စက်လွန်းတဲ့ နဗန်းဆိုတဲ့ ဗုန်းအမျိုးအစားကို ၀ိုင်းပြီး ကန့်ကွက်ကြ၊ ဆူကြ၊ ပူကြရင်း စစ်ပွဲတွေမှာ မသုံးရဘူးလို့ သဘောတူကြတယ်လို့ ဖတ်လိုက်ရတယ်။
စစ်ပွဲဆိုတာ ဂျနီဗာ သဘောတူညီချက်အရ၊ စစ်ပွဲစည်းမျဉ်းစည်းကမ်းအရ ဘာဘာ ညာညာဆိုပြီး ကြီးကြီးကျယ်ကျယ် ပြောကြ၊ ရေးကြ ပေမယ့်လဲ တကယ့်စစ်ပွဲမှာ စည်းကမ်း ကာလနားတွေ သိပ်လိုက်နာနေမယ်လို့ဖြင့် ကျွန်တော် မထင်ပါဘူးလေ။ သူ့ကို ကိုယ်က မသတ်ရင် ကိုယ့်ကို သူက သတ်မယ်လို့ အသိကြီး ရှိနေကြတဲ့အချိန်မှာ ဦးရာလူ သတ်ကြစတမ်းကြီး နေမှာပါ။ စစ်ချီ စစ်တက်၊ သေနင်္ဂဗျူဟာတွေ ပြောနေကြပေမယ့်လည်း လက်နက်သာတဲ့သူက၊ အင်အားကြီးတဲ့သူက သူ့ထက် အင်အားနည်းသူကို အသေအကြေ တွယ်ကြ၊ သတ်ကြမှာပါဘဲ။ စစ်ပွဲဆိုတာ တကယ့် အနိဌာအာရုံလို့ အသိကို ရစေတဲ့ We were soldiers ဇာတ်လမ်းကိုကြည့်ပြီး ခံစားမိပေမယ့် စစ်ပွဲအတွင်းမှာ လူသတ်ကြတာ၊ တစ်ဖက်နဲ့ တစ်ဖက် သူသေ ကိုယ်သေ ချကြတာ ကျွန်တော့်အတွက်ကတော့ သိပ်မထူးခြားပါဘူးလေ။ ထူးပြီးတော့လဲ အံ့သြမှု မရှိပါဘူး။ သို့ပေသိ ရန်သူကို ၀ုန်းဒိုင်းဆိုပြီး သေအောင် သတ်နိုင်တာ အပြစ်လို့ မမြင်ပေမယ့် နဗန်းဗုံးတွေလိုမျိုး ကောက်ကျစ်ရက်စက်လွန်းတဲ့ လက်နက်တွေကိုတော့ အများနည်းတူ ကျွန်တော်လဲ မသုံးစေချင်ပါဘူးလေ။
လက်ပန်းတောင်းမှာ ဖြစ်သွားတဲ့ အရေးအခင်းကိုကြည့်ပြီး ကျွန်တော် ငယ်ငယ်က စိတ်ထဲစွဲနေတဲ့ နဗန်းဗုံးဆိုတာကြီးကို မုန်းလာမိတယ်။ စစ်ပွဲလဲ မဟုတ်၊ တစ်ဖက်နဲ့ တစ်ဖက် အသေအကြေ ဆော်နေကြရတဲ့ ပွဲကြီးလဲ မဟုတ်ဘဲနဲ့ နဗန်းဗုံးလိုမျိုး အရေပြားတွေ အလွှားလိုက် အဖတ်လိုက် ကွာကျစေနိုင်တဲ့ လက်နက်အမျိုးအစားကို အသုံးပြုတဲ့ လူတွေကို မှတ်ချက်ပေးစရာ မရှိလောက်အောင် ကျွန်တော်ခံစားရတယ်။
လက်ပန်းတောင်းတောင်အတွက်၊ ကိုယ့်မြေ၊ ကိုယ့်လေ၊ ကိုယ့်ရေအတက် ကိုယ့်လူမျို့း အုပ်ချုပ်သူတွေဆီမှာ အရေးဆိုတဲ့ နေရာမှာ ဘယ်လိုစိတ်ထားမျိုးနဲ့များ ဒီလိုလုပ်ရက်နိုင်ကြပါလိမ့်လို့ အဖြေထုတ်ကြည့်မိတယ်။ ညတာတွေသာရှည်နေပေမယ့် ကျေနပ်လောက်တဲ့ အဖြေတစ်ခုတောင် ကျွန်တော် မထုတ်နိုင်ခဲ့ဘူး။
ကျွန်တော်တို့ ပြည်သူ၊ ပြည်သားတွေ အကုန်သိချင်ကြသလို အဲဒီလက်နက်အမျိုးအစားတွေကို အသုံးပြုခွင့်ပေးခဲ့တဲ့ လူကြီးတွေကို ကျွန်တော် သိချင်တယ်။ အများတုံ့ပြန်ချင်သလို ကျွန်တော်လဲ တုံ့ပြန်ချင်တယ်။ တစ်ချို့က စိတ်ဆိုးဒေါသထွက်ပြီး အရှင် လတ်လတ်အရေခွံခွာပြီး သတ်ချင်ကြနေမလားဘဲ။ တစ်ချို့က ဂျိုးဂျိုး ဂျွတ်ဂျွတ်မြည်အောင် ၀ါးစားနေချင်ကြမလားဘဲ။ တစ်ချို့က အားလုံး ကျေနပ်အောင် ကိုယ့်အမှားကိုယ် ၀န်ခံခိုင်းပြီး တောင်းပန်ခိုင်းကြလေမလား။ ကျွန်တော့်အတွက်ကတော့ လက်တုံ့ပြန်ချင်တဲ့ စိတ်တောင် မရှိတော့လောက်အောင်ပါဘဲ။ အမိန့်ပေး စေခိုင်းခဲ့တဲ့ လူတစ်ယောက်၊ လူတစ်ဖွဲ့ဆိုတာ ဘယ်သူ ဘယ်ဝါဆိုတာ သိခွင့်ရခဲ့ရင် သူတို့တွေရှေ့မှာ အားရ ပါးရသာ ရင်ထဲ ပွင့်ထွက်သွားအောင် ငိုပြစ်လိုက်နေချင် နေမိတယ်။ “ခင်ဗျားတို့ဗျာ..ဘယ်လိုစိတ်ထားမျိုးနဲ့ ကိုယ့်လူမျိုးအချင်ချင်းပေါ်မှာ လုပ်ရက်နိုင်ကြတာလဲ” လို့ ငိုရင်း မေးနေချင်မိတော့တယ်။

Copy From MoeMaKha Media Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာနဲ့ အနီးတစ်ဝိုက်က ဒေသခံတွေကို အခုရက်ပိုင်းအတွင်း အာဏာပိုင်တွေက ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
အဲဒီလို ခေါ်ယူစစ်ဆေးရာမှာ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ်မှူး ဦးအောင်ကျော်ဦး ကိုယ်တိုင် မြောက်ဦးမြို့မှာ ရုံးထိုင်ပြီးတော့ ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။ အာဏာပိုင်တွေက အခုလို ခေါ်ယူစစ်ဆေးနေတဲ့အတွက် ဒေသခံတစ်ချို့က ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေတယ်လို့လည်းသိရပါတယ်။

ဒေသခံတွေကို အာဏာပိုင်တွေဘက်က အခုလို ခေါ်ယူစစ်ဆေးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ နေ့လည် ၃ နာရီခန့်က မြောက်ဦးရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ တာဝန်ကျရဲအရာရှိက ပြန်လည်ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

မင်းပြားမြို့နယ်အတွင်းက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေအပြင် မြောက်ဦး၊ ကျောက်တော်မြို့နယ်က ကျေးရွာအချို့မှာလည်း ဒေသခံတွေကို အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာ အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူ ၂ဝ ဦးထက် မနည်းရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာစတင်ပြီး တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေဟာ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ၊ ရသေ့တောင် စတဲ့မြို့နယ်တွေကို ကူးစက်သွားခဲ့ပြီး သေဆုံးသူဦးရေ ၈၉ ဦး၊ မီးလောင်ဆုံးရှုံးတဲ့ နေအိမ် ၅ဝဝဝ ကျော် နဲ့ လူဦးရေ ၃၂ဝဝဝ ကျော် ဒုက္ခရောက်ခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာတွေမှာ သတင်းထုတ်ပြန်ခဲ့ ပါတယ်။


Copy From RFA Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို ဒီဇင်ဘာလ ၄ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
AFP
၂ဝ၁၁ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် “စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ဒုတိယနေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (Photo: AFP)
မနေ့က ဒီဇင်ဘာလ ၃ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ကော်မရှင်အဖွဲ့ဝင်တွေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းပေးခဲ့အပြီးနောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ အစည်းအဝေး ဖြစ်ပါတယ်။
ဒီကနေ့ အစည်းအဝေးမှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို  နိုင်ငံတကာပြဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက်ခြင်း ရှိ/မရှိ ၊ ဒီစီမံကိန်းက လူထုနဲ့ သဘာဝ ပတ်ဝန်းကျင်အတွက် ကောင်းကျိုး၊ ဆိုးကျိုး ဖြစ်ပေါ်စေမှုတွေနဲ့   ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမှု ရှိ/မရှိ ဆိုတာတွေကို ကော်မရှင် အဖွဲ့ဝင် ၁၆ ဦး အသီးသီး တာဝန်ယူရမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ ဆန္ဒပြမှုတွေ လ နဲ့ ချီ ကြာမြင့်လာခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒေါ်ခင်စန်းလှိုင်က ဒီစီမံကိန်းကို စုံစမ်းရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး စစ်ဆေးပေးဖို့ တင်ပြခဲ့တာကို လွှတ်တော်က အတည်ပြုပြီးနောက် နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။


Copy From RFA Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

KIA  တပ်ချုပ်က ကေအိုင်အို  ဒုဥက္ကဌ ဖြစ်သွားတယ်ဖြစ်သွားတဲ့အချိန်မှာ ကုလား ၈၀ တာလီဘန် ၈ ယောက် နဲ့ ဂေါ်ရခါး တပ်ရင်းဖွဲ့တယ်စည်းခဲ့ပါတယ်။ နောက်ထပ် "၀" တပ်ဖွဲ့တွင်လည်းခေါင်းဆောင်   ပိုင်းအပြောင်းလဲဖြစ်တယ်ဖြစ်ခဲ့ပါတယ်။



နောက်တစ်ဆက် ခေါင်းဆောင်တွေရဲ့ သဘောထား မသိရသေးချိန် ဝ ခေါင်းဆောင်တစ်ချို့တရုတ်လွတ်တော်ကို တတ်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့တယ် ။
ဒီကြားထဲ ဦးအောင်မင်း ပြုတ်မယ်ဆိုတဲ့ ဂယက် ကြောင့် ယူထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကလည်း ခပ်လှုပ်လှုပ်ဖြစ်ခဲ့ရပါတယ်။ပွဲဆူဆူဖြစ်နေ ချိန်တွင် ခံလိုက်ရသူများမှာ ဖွါစုတ်သွားတာ အညတရ တွေပါ။


အဲဒီလို ဖြစ်နေတဲ့အချိန်မှာ ဟိုယောင် ယောင် ဒီယောင် ယောင် လုပ်နေသော ၈၈ အဖွဲ့များ မှာလည်းဒေါသတွေထွက် စာရွက်တွေကိုင်   တတ်လာတာက မီးပူကော့နေအောင် ထိုးထားတဲ့ စတပ်လက်ရှည်ဝတ်တွေ   ပြီး ပြည်သူတွေကို မြှောက်ပေးခဲ့ပါတယ် ။


KIA တပ်ဖွဲ့တွင်လည်း တပ်ရင်း အသစ်များ ဖွဲ့စည်းက ဂေါ်ရခါး တပ်ရင်း ဟုအမည်ခံကာ ဘင်္ဂလီတပ်ရင်း များ ဖွဲ့စည်းခဲ့ပါတယ်။၎င်း အဖွဲ့တွင် ပါကစ္စတန်နဲ့အာဖဂန်မှာလေ့ကျင့်ပေးထားသည့်ဖောက်ခွဲရေး ကျွမ်းကျင်သူ အင်ဂျင်နီယာဆိုသူ သင်တန်းဆရာအများစုပါကြောင်း ။

မွတ်ဆလင်ကုလားများမှ ကေအိုင်အေ ၃၀ဦးအား အထူးဖောက်ခွဲရေး       သင်တန်းပေးလျက်ရှိကြောင်း လည်း သိရှိရပါတယ်။ကေအိုင်အေ တင်မက ABSDF မြောက်ပိုင်း က လက်ရွှေးစင် ကျား ၇ ဦး မ ၂ ဦး နဲ့ VBSWစွမ်းအား မြှင့် မြန်မာ ကျောင်းသားများ စစ်သည်တော် အဖွဲ့ က လက်ရွှေးစင်    ၁၀ ဦးတိတိ တို့လည်း ဖိတ်ကြားပြီး ၅ ရက်ကြာ လျို့ဝှက် စုစည်းခဲ့ပါတယ် ။
KIA တပ်ဖွဲ့များသည် မြန်မာနိုင်ငံတွင် အရေးကိစ္စများ အားလုံး ရှုပ်ထွေးနေချိန် တွင် လျှို့ဝှက် အဖွဲ့များ ဖွဲ့စည်းကာ ပြည်တွင်းနေရာအချို့တွင် ဗုံးခွဲရန် ကြံစည် နေကြောင်း အတွင်း သတင်းမှ ကြားသိ ရကြောင်း..လွန်ခဲ့သော သုံးနှစ်ခန့်က ပဲခူးတိုင်း၊ တောင်ငူမြို့ အနီးရှိ မီးရထား လမ်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ် ။ထိုဗုံးခွဲမှုတွင် လည်း KIA နှင့်
ထို စွမ်းအား မြှင့် မြန်မာ ကျောင်းသားများ စစ်သည်တော် အဖွဲ့သည် နှင့် ပူးပေါင်းဆောင် ရွက် ခဲ့ပါတယ်။ထို့နောက်  နိုင်ငံတွင်း နေရာ အနှံ့အပြား တွင်လည်း ဗုံးခွဲ တိုက်ခိုက်ရန် လှုံဆော် နေမှုများ ပြုလုပ်ခဲ့ပါသည်။အထူးသဖြင့် ဆန္ဒပြလူထုရှိရာနေရာ နှင့် ဆန္ဒပြလူထု စုဝေးရာနေရာများ အပြင်နိုင်ငံရေးခေါင်းဆောင်တို့၏ နေအိမ်ပတ်ဝန်းကျင်များ ဟု သိရှိရသည် ။
 ရန်ကုန် မန္တလေး တောင်ငူ ပြည် မကွေး မော်လမြိုင် တောင်ကြီး စစ်ကိုင်း မုံရွှာ တို့ရှိ ကျောင်းသား/ကျောင်းသူ များ တည်ရှိရာ ပတ်ဝန်းကျင်နှင့် Happy News Year ညများတွင် စတင်ရန် (D)day သတ်မှတ်ထားသည် ။



မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများ၏ သဘောသကန်ကို နားလည်သဘော ပေါက်ရန် အတွက် အချက်အလက်များ စုဆောင်း၍ နှစ်ပေါင်းအတော်ကြာကြာ လေ့လာခဲ့ပါတယ်။တွေ့ရှိရသည်မှာ ဗုံးပေါက်ကွဲမှုများအပေါ် အတိုက်ခံအဖွဲ့အစည်းများမှာ စစ်တပ်အပေါ်တွင် အပြစ်ပုံချလေ့ ရှိသည်ကို တွေ့ရပါသည်။ အတိုက်ခံများက စစ်တပ် နှင့် နိုင်ငံတော်သမ္မတတို့အား  တဖက်သတ် စွပ်စွဲလေ့ရှိသည်ကိုလည်း သာမန်ပြည်သူများက သဘော ပေါက်ထားသည်။



Copy From Myanmar Daily Star Group Blog Page


Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Join Free