http://www.myitmakhamediagroup.com/administratorpanel/image/15-11-12-1%20(1).JPG
ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီလူမျိုးများနေထိုင်ရာ ဘင်္ဂလီကျေးရွာ များ၌  နိုဝင်ဘာ ပထမအပတ်အတွင်းက ဘင်္ဂလီ လူဦးရေ စာရင်း ကောက် ခံ ရာတွင် ရိုဟင်ဂျာလူမျိုးဟု သုံးနှုန်းမှသာ လက်မှတ်ထိုးပေးနိုင် မည်ဟု တောင်းဆိုမှုများရှိ လာကြောင်း သိရသည် ။ပေါက်တောမြို့ နယ်ကျေးရွာ အချို့၌ ဘင်္ဂလီလူဦးရေ စာရင်း(အစမ်း)ကောက်ခံယူမှု
ကို နိုဝင်ဘာ (၇)ရက်နေ့က စတင် ကောက်ခံခဲ့ရာ လူမျိုးအမည် များ ကို ပြော ဆိုရန် ငြင်းဆန်ခဲ့ကြောင်းကိုလည်း သိရသည်။
 
ထိုသို့ လူဦးရေစာရင်းကောက်ယူမှုကို ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာ၊ ကြိမ်နီပြင်ကျေးရွာ ၊ ငှက်ချောင်းကျေးရွာ ပြိုင်းတောင်ကျေးရွာတို့တွင် ပြုလုပ်ခဲ့ရာ မူဆလင် ဘင်္ဂါလီအချို့မှာ လက်မှတ်မထိုးဘဲ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း  စာရင်းကောက်ယူရာ၌ ကိုယ်တိုင်လိုက်ပါခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။
 
အခုလဲ အဲဒီဒေသတွေမှာ စစ်ဆေးနေပါတယ်၊ စစ်ဆေးနေတဲ့ နေရာငါးနေရာပြီး သွားပြီး  (၆)ရက်နေ့ က စတယ်၊ (၇) ရက်နေ့မှာ စစ်ဆေးတယ်၊  စစ်ဆေးမခံတာက  ကြိမ်နီပြင်ကျေးရွာပါ၊ စစ်ဆေးခံတဲ့ ရွာတွေရှိတယ်၊ ဒါပေမယ့် သူတို့က လက်မှတ်မထိုးဘူး ဟု ပေါက်တောမဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။
 
ထိုသို့စစ်ဆေးရာတွင် လူဦးရေစာရင်းကောက်ခံပြီး ပုံစံတခါတည်း ဖြည့်ရကြောင်း၊ ၁၉၈၂ ဥပဒေနှင့် လူမျိုး ဘာသာစသဖြင့် ပုံစံ(၄)ခုရှိကြောင်း ပုံစံနှစ်နေရာတွင် လက်မှတ်ထိုးရကြောင်း ၊ ၄င်းတို့မှာ လက်မှတ် မထိုးသေးပဲ သူတို့အား ရိုဟင်ဂျာဟု ထည့်သွင်းမှ လက်မှတ်ထိုးမည်ဟု ဆိုကြောင်း ဦးတက်ထွန်းအောင်က ရှင်းပြသည်။ပေါက်တောမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း(၅)ခုရှိပြီး  လူဦးရေစာရင်းကောက်ခံရန်အတွက် အဖွဲ့(၁၅) ဖွဲ့ သတ်မှတ်ထားကြောင်း ကိုလည်း သိရှိရသည်။ လူဝင်မှုကြီးကြပ်ရေးအပါဝင်အဝင် စစ်တပ်နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများလည်း အဆိုပါအဖွဲ့များ၌ ပါဝင်သည်။
 
  “ ရခိုင်မှာက ဘင်္ဂလီလို့ဘဲ သုံးလာတာ၊ သူတို့လဲ မူဆလင် ဘင်္ဂလီလို့ဘဲ ပြောကြတာ၊ဒီနောက်ပိုင်းသူတို့ဆီက ရိုဟင်ဂျာလို့ တပြိုင်နက်အသံထွက်လာတော့ အံ့သြမိတယ်ဟု အစိုးရအငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောသည်။ 
ဘင်္ဂလီလူဦးရေစာရင်းကောက်ယူမှုကို ပေါက်တောမြို့နယ်တွင် အစမ်းကောက်ခံနေခြင်းဖြစ်ပြီး စစ်တွေမြို့၌ လည်း  ကောက်ယူမည်ဟု သိရသည်။

http://www.myitmakhamediagroup.com/administratorpanel/image/15-11-12-1%20(1).JPG 
http://www.myitmakhamediagroup.com/administratorpanel/image/15-11-12-1.jpg
 

Copy From
မြစ်မခမီဒီယာ
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free