ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာ ဌာနအနီးရှိ အိမ်သာတွင် ကျည်ဆန်များ တွေ့ရှိသောကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လုံခြုံရေးကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ အထူးတင်းကျပ် ထားကြောင်း လေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ “အရေအတွက်ကိုတော့ လုံခြုံရေး အနေအထားအရ ပြောလို့မရပါဘူး။ လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဝင်ပေါက်ထွက်ပေါက်တွေကို လုံခြုံရေး အပြည့်အဝထားရှိတဲ့အပြင် လေယာဉ်စီးမယ့်သူတွေ အားလုံးကိုလဲ တစ်ဦးချင်းစိစစ်တယ်။ ဝတ္လာတဲ့ ကုတ္အက်ႌေတြထဲအထိကို ရွာတာ။ အရင်ကတော့ မျက်မြင်ပဲစစ်တာ။ မသင်္ကာတဲ့သူမှန်သမျှကိုလဲ အမြဲတမ်း စောင့်ကြည့်နေတယ်။ လက်ရှိအချိန်ထိတော့ ထူးခြားမှု မတွေ့သေးဘူး” ဟု အဆိုပါ တာဝန်ရှိသူ က ပြောသည်။ တွေ့ရှိခဲ့သော ကျည်ဆန်အမျိုးအစားများမှာ ၅ ဒသမ ၅၆ မမ ကျည်ဆန်များနှင့် ၂၉ မမ ကျည်ဆန်များဖြစ်ပြီး တွေ့ရှိသော ကျည်ဆန်များကို ယခုအခါ လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ ထိန်းသိမ်းထားကြောင်း သိရသည်။ “ဒီကျည်ဆန်တွေကို လေဆိပ်မှာ အလုပ်လုပ်နေတဲ့ ပိုင်အိုနီးယား ကုမ္ပဏီဝန်ထမ်းက အမျိုးသားသီးသန့် အိမ်သာမှာ တွေ့ခဲ့တာ။ သူက လေကြောင်းရဲတပ်ဖွဲ့မှူးရုံးကို အကြောင်းကြားတယ်” ဟု ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် လုပ်ကိုင်နေသည့် အထွေထွေ ဝန်ထမ်းတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ကျည်ဆန်များ တွေ့ရှိခဲ့သည့် နောက်ပိုင်းတွင် လေဆိပ် ပြည်တွင်းပြည်ပ အဆောက်အအုံနှင့် လေဆိပ်ခြံစည်းရိုး ဝန်းကျင်များအား မိုင်းရှာစက်များဖြင့် ရှာဖွေခဲ့ကြကြောင်း သိရသည်။ “တွေ့ရှိခဲ့တဲ့ ကျည်ဆန်တွေက လက်ရှိ အသုံးပြုလို့ရတဲ့ ကျည်ဆန်တွေပါ။ ဒီအိမ်သာထဲကို ဘယ်လိုကနေ ဘယ်လိုရောက်လာသလဲဆိုတာ စုံစမ်းနေပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုနှစ် လလယ်ပိုင်း အချိန်ကလည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ဗုံးခွဲရန် ကြံစည်သူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ခေတ်လူငယ်မှ ဖြစ်သည်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

မီဒီယာ

အသံ
TEXT SIZE
ဗွီအိုအေ (မြန်မာဌာန)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလာမယ့် တနင်္ဂနွေနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို သွားရောက်မယ်လို့ အမျိုးသား ဒ်ီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အေအက်ပီ သတင်းဌာနကို ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဆု ဖြစ်တဲ့ ကွန်ဂရက်စ် ရဲ့ ၂၀၀၈ ခုနှစ် Gold Medal ဆုကို အခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမှာ ဖြစ်ပါတယ်။ အခု ခရီးစဉ်ဟာ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီး နောက်ပိုင်း အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ် လာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ မြန်မာပြည် သွားရောက်စဉ် ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ ဖိတ်ကြားထားတာပါ။ အမေရိကန်ပြည်ထောင်စုမှာ ရှိစဉ်တော့ အမေရိကန် အစိုးရဘက်က ထိပ်တန်း တာဝန်ရှိသူတွေကိုရော၊ လွှတ်တော်က နိုင်ငံရေး ခေါင်းဆောင်တွေ ကိုပါ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ နယူးယောက် ကုလသမဂ္ဂရုံး ကိုလည်း သွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေ မြန်မာ မိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ ဒေသခံတွေက မြို့အတော်များများမှာ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာသမ္မတ ဦးသိန်းစိန် ဟာလည်း ကုလသမဂ္ဂ အထွေထွေညီလာခံ တတ်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုကို အဲဒီ ရက်ပိုင်းကာလမှာပဲ ရောက်ရှိမှာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ သမ္မတဦးသိန်းစိန်ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှု အမေရိကန်သမ္မတ အမိန့်နဲ့ လျှော့ပေါ့ ပေးလိုက်တာကြောင့် သမ္မတ ဦးသိန်းစိန် ဟာ အမေရိကန်အစိုးရ ရုံးစိုက်ရာ ၀ါရှင်တန်ဒီစီ ကိုလည်း လာရောက်မယ်လို့ မျှော်လင့်ရပါတယ်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ဟားဗတ် တက္ကသိုလ်မှ ပညာရှင်များ က အမေရိကန် ဒေါ်လာသည် မြန်မာ ပြည်တွင် တန်ဖိုး ၁၃၀၀ နှင့် အထက်ရှိလျှင် စီးပွားရေးလုပ်ငန်းများ ပိုမို အဆင်ပြေနိုင်မည်ဟူ၍ ပြောကြားချက်အား ပြည်တွင်းဘဏ်လုပ်ငန်းမှ တာဝန်ရှိသူ ပညာရှင်များက ငြင်းဆိုခဲ့ ကြသည်။ အမေရိကန် ဒေါ်လာ တန်ဖိုးသည် ၁၀၀၀ကျပ်ထိမရောက်ရှိနိုင်ဟု ခန့်မှန်းပြောဆိုခဲ့ ပြီး ယခု ပေါက်ဈေးနှင့် ၉၅၀ ကျပ်ကြားတွင် သာလျှင် ပိုမို သင့် လျော်သော ပမာဏများ ဖြစ်သည်ဟု သိရသည်။

" အမေရိကိကန်ေ်ဒေါ်လာ တန်ဖိုးက ၉၀ဝ ကျပ်မှ ၉၅၀ ကြားရှိရင်သီးနှံတွေနဲ့တခြား တင်ပို့မှုတွေ ပြုလုပ်နေတဲ့ Exporter တွေကော စားသုံးသူတွေကော အဆင်ပြေသင့် တင့်တဲ့ အတိုင်းအတာ ပမာဏဖြစ် ပါတယ်။ ၁၀၀၀ထိ ရောက်ဖို့ မရှိနိုင်ပါဘူး" ဟု သမဝါယမဘဏ်မှ တာ ဝနရ် သှိ တူ စဉ်ီး က ပြောသည။် " ၈၇၀ ကျပ်လောက်ဆိုရင် ပိုမို လုပ်ကိုင်လို့ အဆင်ပြေတဲ့ ပမာဏဖြစ်ပါတယ်။ စားသုံး သူဘက်ကလည်း ကြည့်ပေးရပါတယ်။ အ ခက်အခဲ အကျပ်အတည်းကတော့ အနည်း ငယ်ရှိနေပါသေးတယ်"ဟု အရှေ့တိုင်းဘဏ် လီမိတက်ဥက္ကဋ္ဌဦးမြသန်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် အသုံးပြုနေသော နိုင်ငံခြားငွေ သုံးစွဲမှုကို အမေ၇ိကန်ဒေါ်လာအပြင် ယူရိုနှင့် စင်ကာပူဒေါ်လာတို့အား ထင်ထင်ရှားရှား ကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန် လိုအပ်သည်ဟု သုံးသပ်ခဲ့သည်။

ထိုကဲ့သို့ အသုံးပြုနိုင်လာ လျှင် နိုင်ငံခြားငွေကြေးကဏ္ဍ သုံးစွဲမှု တိုး တက်လာနိုင်သည်ဟု ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် အသုံးပြုနေသော Currency များသည် နည်းနေသေးသဖြင့် တရုတ်နှင့် ဂျပန်ငွေများကိုလည်း ခွင့်ပြုပေးရန် လိုအပ်သည်ဟု သိရသည်။ ပေးရန် လိုအပ်သည်ဟု သိရသည်။ ထို့ပြင် ပုဂ္ဂလိကဘဏ်များနှင့် အစိုးရဘဏ်တို့၏ ငွေလဲကောင်တာများကို ပိုမိုဖွင့်လှစ်ပေး ရန် လိုအပ်ပြီး ဘတ်ငွေအသုံးပြုမှုများ သော နေရာများတွင် ဘတ်ငွေဖြင့် ဘဏ် အကောင့်ဖွင့်နိုင်ရန် လိုအပ်သည်ဟု သိရ သည်။

ပြည်မြန်မာ မှ ကူးယူပါသည်။
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

 ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာအစိုးရကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ သူ့ရဲ့ မိသားစုကနေ တဆင့် ဖိတ်ခေါ်ထားပါတယ်။ မြန်မာအစိုးရဘက်က ဒီလိုဖိတ်ခေါ်ချက် အပေါ်မှာ ဗိုလ်မှူးချုပ်ကျော်ဇောဘက်က သဘောထား ဘယ်လိုရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ ကျန်းမာရေးအတွက် အနီးကပ် ပြုစုစောင့်ရှောက်နေတဲ့ သမီးဖြစ်သူ ဒေါက်တာ လှကျော်ဇောကို ဗွီအိုအေက ကိုရန်နိုင်က ဆက်သွယ် မေးမြန်ထားပါတယ်။

ဗိုလ်မှူးချုပ်ကျော်ဇော ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ မြန်မာပြည်ကို ပြန်လာခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်က တရားဝင် အကြောင်းကြားလာပါပြီလား ခင်ဗျာ။ -
“ဟုတ်ကဲ့ အကြောင်းကြားလာပါတယ်။ သမ္မတရုံးဝန်ကြီး ဖြစ်တဲ့ ဦးအောင်မင်းက ကျမကို တိုက်ရိုက် ဖုန်းဆက်ပြီးတော့ သမ္မတကြီးရဲ့ ခွင့်ပြုချက်အရ  အဘဗိုလ်ကျော်ဇောကို ရဲဘော်သုံးကျိပ်ဝင် တဦး အဖြစ်နဲ့ ပြန်လာခွင့် ပြုပါတယ်လို့ ပြောပါတယ်။ ပြန်လာဖို့ ဖိတ်ပါတယ်လို့ ကျမကို တိုက်ရိုက် ပြောပါတယ်။”

အဲဒီကိစ္စကို ဘယ်လိုများ စီစဉ်ထားလဲ ခင်ဗျ။ -

“သူကပြောတာက ရဲဘော်သုံးကျိပ်အနေနဲ့ ဖိတ်တယ်လို့ ပြောတာပါ။ အဲတော့ ကျမ ပြောတာကတော့ ကျမတို့ ဒီမှာနေနေတဲ့ အဆင့်ဟာဆိုရင် ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်း တစ်ယောက်အနေနဲ့ နိုင်ငံရေး ခိုလှုံပြီးနေနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို ကျမတို့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ နဲ့ ညှိနှိုင်းဖို့ ဆွေးနွေးဖို့တွေ ရှိပါတယ်။ အဲဒါက တစ်ချက်ပေါ့။ နောက်တစ်ချက် ကတော့ ဖေဖေရဲ့ အခုလောလောဆယ် ကျန်းမာရေး အခြေအနေက ခရီးထွက်လို့လည်း မဖြစ်ပါဘူး။ ဒါကြောင့်မို့လို ကျန်းမာရေး တစုံတရာ တည်ငြိမ်လာတဲ့အထိ ကျမတို့ စောင့်ရပါလိမ့်အုံးမယ်၊ ကျန်းမာရေးကောင်းလာမှ ဆက်ပြီးတော့ ဆွေးနွေးတာပေါ့လို့ ပြောထားပါတယ်။”

အဲဒါဆိုရင် ရဲဘော်သုံးကျိပ်ဝင် တစ်ယောက်အနေနဲ့ ပြန်လာဖို့ သူတို့က ဖိတ်တာပေါ့။ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်း တစ်ယောက်အနေနဲ့ မဟုတ်ဘူးပေါ့။ -

“ဟုတ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဖိတ်တာမဟုတ်ပါဘူး။ ဒါကို သူတို့က ရှင်းအောင် သေချာပြောတာပါ။ ရဲဘော်သုံးကျိပ်ဝင် အနေနဲ့ ဖိတ်တာပါလို့၊ သေချာအောင် ရှင်းရှင်းလင်းလင်းကို ပြောထားတာပါ။”

အဲဒါဆိုရင် ဒေါ်လှကျော်ဇော တို့က အခုလိုဖိတ်တဲ့အပေါ်မှာ ဘယ်လိုလုပ်သွားဖို့ ရှိပါသလဲ။ တကယ်လို့ သူတို့က ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်အနေနဲ့ မဖိတ်ခဲ့ဘူးဆိုရင်ရော ဘယ်လိုမျိုး ဆုံးဖြတ်ဖို့ရှိပါသလဲ။ -

“ဒီလိုလေ ကျမတို့က မြန်မာပြည်ကို ပြန်ချင်တယ်။ ကျမတို့ ပြန်ချင်တဲ့ ဆန္ဒရှိတယ်ဆိုတာက ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကျမတို့ ဒီအတိုင်းရှိတယ်။ ဒါကို ကျမတို့ ပြန်ချင်တဲ့ဆန္ဒကိုလည်း အမြဲဖော်ပြနေတယ်။ သို့သော်လည်း ကျမတို့ ပြန်ချင်တယ်ဆိုတာ ကျမတို့ ယုံကြည်ချက်တွေ၊ ကျမတို့ နိုင်ငံရေးတွေကို ပစ်ခွာခဲ့ပြီး ၊ စွန့်ပစ်ခဲ့ပြီးတော့ ပြန်လာဖို့ မဟုတ်ဘူး။ ကျမတို့က မြန်မာပြည် တပြည်လုံးမှာရှိတဲ့ နိုင်ငံတကာကို ရောက်နေတဲ့ တခြားတနေရာကို ရောက်နေတဲ့ ဘယ်သူမဆို၊ ဘယ်ဝါဒကို ယုံကြည်သူမဆို၊ လွတ်လွတ်လပ်လပ် ယုံကြည်ခွင့်တို့ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်တို့၊ လွတ်လွတ်လပ်လပ် စည်းရုံးခွင့်တို့ အဲဒီလိုဟာမျိုးတွေပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဦးသိန်းစိန်ပြောတာက ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတယ် ဆိုရင် အဲဒီလို  ဘက်စုံ ဒီမိုကရေစီကျတဲ့ ပတ်ဝန်းကျင် အခြေအနေအောက်မှာသာ ပြန်ချင်တာဖြစ်ပါတယ်။”

ဗိုလ်ချုပ်ကျော်ဇော ကလည်း မြန်မာပြည်ကို ပြန်ချင်တယ်လို့ ပြောထားတာဆိုတော့ တကယ်လို့များ ဗမာပြည်ကွန်မြူနစ်ပါတီ အနေနဲ့ ဖိတ်ကြားတာမဟုတ်ဘဲနဲ့ဆိုရင် ဘယ်လိုလုပ်မလဲခင်ဗျ။ -

“အဲဒါဆိုရင်တော့ မပြန်ရုံပဲရှိတာပေါ့။”

ဗိုလ်ချုပ်ကျော်ဇော ရဲ့ သဘောထားကရော အဲဒီလိုပါပဲလား ခင်ဗျ။ -

“ဖေဖေ့သဘောထား ကိုကလည်း ဒီလိုပါပဲ။ ဖေဖေတို့ကတော့ ရွှေတိဂုံဘုရား ဖူးချင်တယ်ဆိုတာ ကျမတို့အားလုံးက မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေတာကိုး။ အဲဒီတော့ ရွှေတိဂုံဘုရား ဆိုတာလည်း ကျမတို့ မြန်မာနိုင်ငံရဲ့ အမျိုးသားသင်္ကေတ တရပ်ပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ ရွှေတိဂုံဘုရားဆိုတာ ကျမတို့ စိတ်အစဉ်မှာ အမြဲစွဲမြဲနေတဲ့ ယုံကြည်ချက်တခု၊ ပုံသဏ္ဍာန်ကြီးတခု ဖြစ်တာပေါ့။ အဲဒါကို ဖေဖေ့အနေနဲ့ အခုလို အသက်ကြီးလာတဲ့ အခါမှာ စွဲစွဲလန်းလန်းနဲ့ ရွှေတိဂုံဘုရား ဖူးချင်လိုက်တာ ဆိုတာ သူသဘာဝကျစွာ ပြောတာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ တသက်လုံး စောင့်ထိန်းပြီး လုပ်ကိုင်လာတဲ့ နိုင်ငံရေးတရပ်၊ ယုံကြည်ချက်တရပ်ကို စွန့်လွှတ်ပြီးတော့မှ ပြန်ရမယ်ဆိုရင် ပြန်မှာမဟုတ်ပါဘူး။”

ဒါဆိုရင်တော့ အခုချိန်ထိ ပြန်ဖို့၊ မပြန်ဖို့ ကိစ္စက မဆုံးဖြတ်ရသေးဘူးပေါ့။ -

“မဆုံးဖြတ်ရသေးပါဘူး။ မဆုံးဖြတ်ရသေးတယ် ဆိုတာထက် လောလောဆယ်က ဖြစ်ကိုမဖြစ်နိုင် သေးတာပါ။ ခုနက ပြောသလို နိုင်ငံရေးအကြောင်းတွေလည်း ရှိတယ်၊ လက်တွေ့ ကျန်းမာရေး အကြောင်းတွေလည်း ရှိတယ်။ ဒါကြောင့် လောလောဆယ် မဖြစ်နိုင်သေးပါဘူး။”

ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇောကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

အသက် ၉၃ နှစ် ရှိပြီဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ အခုအခါမှာ ကျန်းမာရေး မကောင်းတဲ့အတွက် တရုတ်နိုင်ငံ ကူမင်းမြို့ အထွေထွေရောဂါကု ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။

ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေထဲက ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော နဲ့ ဗိုလ်ရဲထွဋ်တို့ ၂ ဦး သာ အခုချိန်အထိ သက်ရှိထင်ရှား ကျန်နေတော့တာ ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကို အဖဦးပန်း၊ အမိဒေါ်တင့်တို့က ၁၉၁၉ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့မှာ သာယာဝတီခရိုင် သုံးဆယ်မြို့နယ် ဆိုင်းစုရွာမှာ မွေးဖွားခဲ့ပြီး မွေးချင်း ၆ ယောက် အနက် ဒုတိယမြောက်သား ဖြစ်ပါတယ်။

ဗမာ့တပ်မတော် အရာရှိဟောင်းတဦး ဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာစ ကာလတွေအတွင်း ဖြစ်ခဲ့တဲ့ ပြည်တွင်းရောင်စုံ သူပုန်ထမှုတွေ နဲ့ ပြည်ပတရုတ်ဖြူတွေရဲ့ ကျူးကျော်မှုတွေကို တွန်းလှန် ကာကွယ်တိုက်ပွဲဝင်ခဲ့တဲ့သူ -*2ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၅၇ ခုနှစ်မှာ သူ့ကို ဗမာ့တပ်မတော်ကနေ ထုတ်ပယ်ခဲ့ပြီး၊ ၁၉၇၆ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်တဲ့ တရုတ်နိုင်ငံ နယ်စပ်ကို မိသားစုနဲ့အတူ ထွက်ခွာလာခဲ့ပြီး၊ ၁၉၈၉ ခုနှစ်ကစပြီး တရုတ်နိုင်ငံ ကူမင်းမြို့မှာ နေထိုင်နေတာ ဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့  စည်ပင်သာယာနယ်နမိတ်အတွင်း ဖြစ်သော ဇိုင်ဂနိုင်း၊မြောက်ပိုင်း  (၃)လမ်းတွင်ပျံကျဈေးသည်များ  စွာတို့မှာ အဆင်မခြင်အမှိုက်တို့အား  စွန့်ပစ်ခြင်းတို့ကြောင့် ရေနုတ် မြောင်းများပိတ်ဆို့ကာ လူနေ အိမ်များပတ်ဝန်းကျင်နှင့်အနီးရှိ  ကျောင်းပတ်ဝန်းကျင်တို့မှာလည်း  ညစ်နွမ်းမှုဖြစ်နေရသည်ကိုဆို သည်။သို့ပါသောကြောင့် အဆို ပါ ပျံကျဈေးသည်များကို ဖယ် ရှားခြင်းများပြုရန် ၎င်းဝန်းကျင်   နေသူများဆန္ဒပြင်းပြလျက်ရှိကြ သည်ဆိုသည်။
ကုန်ပစ္စည်းအစုံရောင်း ချသော ပျံကျဈေးဖြစ်သော  ကြောင့် ပတ်ဝန်းကျင်မှာညစ်နွမ်း   မှုများဖြစ်နေရသည်ဆိုသည်။ ကျောင်းသား/သူများ၊ဆရာ/ ဆရာမများ၊ရဟန်းသံဃာတော် များလည်းသွားလာရန် အခက် အခဲများဖြစ်နေရသည်။၎င်းင်း နောက်သက်ကြီးရွယ်အိုများသံဃာ တော်များပတ်ဝန်းကျင်တွင် နေ ထိုင်ကြသူတို့မှာလည်း လေထု ညစ်ညမ်းမှုတို့နှင့်အနံ့အသက်ဆိုး  တို့အား နေ့စဉ်ရှုရှိုက်နေကြရပါ သောကြောင့် ပျံကျဈေးသည်များ   ကို ဖယ်ရှားပေးနိုင်ရန် ဆန်္ဒများ ဖြစ်ပေါ်လာရပါကြောင်း ၎င်းင်းတို့ ကဆိုသည်။
အဆိုပါဈေးသည်တို့မှာ ဟင်းသီးဟင်းရွက်အပုပ်၊အဆွေး၊  အနွမ်းများနှင့်အသား၊ငါးခုတ်ထစ် စွန့်ပစ်အပိုပစ်္စည်းများ၊စည်း ကမ်းမဲ့စွန့်ပစ်နေခြင်းအား၊သက် ဆိုင်ရာတို့မှ ထုတ်ပိုးစွန့်ပစ်စနစ် ကျင့်သုံးစေခိုင်းခြင်းများမရှိ စေခြင်းတို့ကြောင့် ၎င်းထိန်းသိမ်း  ဟန့်တား၊နည်းပေးလမ်းပြမှုအား နည်းပါးသောကြောင့် ၎င်းပတ်ဝန်း ကျင်မှာညစ်နွမ်းနေရခြင်းဖြစ်သည်။
သို့ပါ၍ ဈေးရောင်းချနေကြ သော ဈေးသည်များ အဆင်ပြေ   စေရန်အတွက် အဆိုပါပတ်ဝန်း ကျင်သာယာလှပစိတ်နှလုံးချမ်း မြေ့ရန် ပျံကျဈေးသည်များအား၊  ဥဿာမြို့သစ် နန်းတော်ရာရပ်ကွက်   အတွင်းရှိ ယခင်မြို့သစ်အကောင်  အထည်ဖော်ဆောင်ရေးစီမံကိန်း၊  အကောင်အထည်ဖော်ရာ နယ် နိမိတ်အတွင်းရှိ သတ်မှတ်ထားရှိ သော ဈေးမြေနေရာတွင် ဥဿာ မြို့သစ်ဈေးအဖြစ် ၎င်းနေရာသို့ ပြောင်းရွှေ့နေရာချထားပေးမည် ဆိုပါက၊ဈေသည်များနှင့်လုပ်သား   ပြည်သူများအဆင်ပြေချောမွေ့ သွားနိုင်မည်ဖြစ်ပါကြောင်း တင်ပြ   လိုက်ရပါသည်။

Copy From Hot News Weekly
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

စည်းစနစ်ရှိတဲ့ အငှားယာဉ် မောင်းတစ်ဦးက ဆီဆိုင်တချို့ ကနေ ၀ယ်ယူသုံးစွဲခဲ့တဲ့ လောင် စာဆီတွေ မပြည့်ကြောင်းပြောပါ တယ်။ အဲဒါနဲ့ ဆီဆိုင်တွေမှာ အသုံးပြုတဲ့စက်တွေကိုပြင်နေတဲ့ သူတစ်ဦးနဲ့တွေ့ပြီး စုံစမ်းလိုက် တော့ အခုလိုပြောပါတယ်။
““စက်သုံးဆီတွေ လျော့တာ နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဆိုင်တွေမှာ အသုံးပြုတဲ့ Pump အတွင်းမှာ ဆီအထွက်နည်း အောင် လုပ်ထားမယ်ဆိုရင် (၁) ဂါလံကို (၄.၅)လီတာ မရှိတော့ ဘဲ ကားရဲ့ဆီတိုင်ကီထဲကို (၄.၃) လီတာလောက်ပဲ ၀င်သွားမှာပါ။ စက်ရဲ့  Display Board မှာတော့ (၄.၅) လီတာပြနေမှာပါ။ အခု ပေါ်တဲ့ Display Dispenser    တွေမှာဆီကို Password နဲ့ Increase လုပ်ပြီး တိုးလို့ရသလို၊ Decrease လုပ်ပြီး လျော့လို့လည်း ရတာကြောင့် ဆီဆိုင်တွေက ဆီ ကို အတိုး၊ အလျော့လုပ်မယ်ဆို ရင်လည်း လုပ်နိုင်တယ်။  Display မှာ ဂဏန်းတွေကတော့ အလွန်မြန်ပြီး ဆီကတော့အထွက် နည်းပါမယ်။ ဒီတော့  Display မှာပြတာ အမှန်မဖြစ်နိုင်တော့ပါ ဘူး။ နောက်တစ်ခုကတော့ တစ် ဂါလံ၊ လေးဂါလံဆိုတဲ့ ခွက်ကိစ္စ ပါ။ ဂါလံခွက်အစစ်တွေရဲ့ဘေး မှာ ပင်မရေနံ (ဓနိတော)ရဲ့အသား တံဆိပ်ရိုက်နှိပ်ထားပါတယ်။ အဲဒီ တံဆိပ်ပါမှသာ စံနှုန်းခွက်အစစ် ဖြစ်ပါတယ်။ (၁)ဂါလံခွက် အစစ် ထဲကို ရေသန့်ဘူး(၄)ဘူးနဲ့ တစ် ၀က်ထည့်ရင် ခွက်အပေါက်ဝထိ ရောက်ပါတယ်။ လေးဂါလံခွက် ဆိုရင်တော့ ရေသန့်ဘူး(၁၈)ဘူး ထည့်လို့ရပါတယ်။ အပြင် သံဖြူ ဆိုင်မှာလုပ်တဲ့ ဂါလံခွက်ကတော့ ရေသန့်ဘူး(၄)ဘူးနဲ့ နည်းနည်း ပဲဆန့်ပါတယ်””ဟု ၎င်းင်းကပြောပြ ခဲ့ပါတယ်။
စွမ်းအင်ဝန်ကြီးဌာနက စက် သုံးဆီအရောင်းဆိုင်တွေကို စံနှုန်း မှန်မှန်နဲ့ သတ်မှတ်ဈေးနှုန်း အ တိုင်းသာ ရောင်းဖို့ညွှန်ကြားထား ပြီးသားပါ။ အခုလို မပြည့်ဘဲ ရောင်းတဲ့ ဆိုင်ရှိတယ်ဆိုရင် အ ပြည့်အ၀ရောင်းချပေးတဲ့ဆိုင်တွေ အနေနဲ့ နစ်နာသလို တန်ရာတန် ကြေးပေးပြီး ၀ယ်ယူသုံးစွဲတဲ့သူ တွေလည်း နစ်နာပါတယ်။
အဲဒီပြဿနာတွေ၊  ယုံမှား သံသယ၀င်နေတာတွေ မရှိစေ ချင်ရင် စက်သုံးဆီရောင်းတဲ့ဆိုင် တိုင်းမှာ ဓနိတော တံဆိပ်ပါတဲ့ စံနှုန်းခွက်တွေထားပေးပြီး မကျေ နပ်မှုရှိက ချိန်တွယ်နိုင်ကြောင်း စာတန်းရေးပေးထားမယ်ဆိုရင် သုံးစွဲနေသူတွေအနေနဲ့ သံသယ ကင်းရှင်းလိ့မ်မယ်လို့ ထင်ပါ တယ်။

Copy From Hot News Weekly
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာသည်ကို စောင့်ကြိုနေကြသူများအား တွေ့ရစဉ်
အစိုးရသစ်လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားအများအပြား လွှတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုရှိခဲ့သော်လည်း လက်ရှိအချိန်ထိ အကျဉ်းထောင်အသီးသီး၌ ယခင်အစိုးရလက်ထက်က ထောက်လှမ်းရေးမှ ဖောက်ခွဲရေးပုဒ်မများအပါအ၀င် ကျိုးကြောင်းဆီလျော်ခြင်းမရှိဘဲ ဖမ်းဆီးခဲ့သော နိုင်ငံရေးအကျဉ်းသားများ များစွာကျန်ရှိနေသေးကြောင်း ပြန်လည်လွတ်မြောက်လာခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောကြားခဲ့ကြပါသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီးနောက် အရပ်သားအစိုးရအနေဖြင့် အကျဉ်းသားအများအပြားကို လွတ်ငြိမ်းချမ်းသာခွင့် သုံးကြိမ်ထုတ်ပြန်ပြီး လွှတ်ပေးခဲ့ရာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့တွင် အကျဉ်းသား ၆၀၈၇ ဦး၊ အကျဉ်းသူ ၅၆၉ ဦး စုစုပေါင်း ၆၆၅၆ ဦးကို လွှတ်ပေးခဲ့သလို ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့တွင်လည်း အကျဉ်းသားစုစုပေါင်း ၆၅၁ ဦးကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ်ဇူလိုင်လ ၃ ရက်နေ့တွင် အကျဉ်းသား ၃၇ ဦး၊ အကျဉ်းသူ ၄၆ ဦးကို လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။
ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်များဖြင့် အကျဉ်းသားအများအပြားကို လွှတ်ပေးခဲ့သော်လည်း ယခင်အစိုးရလက်ထက်က နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို ဖောက်ခွဲရေးပုဒ်မများအပါအ၀င် နိုင်ငံရေးနှင့် ဆက်စပ်ခြင်းမရှိသော ပုဒ်မများဖြင့် ထောက်လှမ်းရေးမှ ဖမ်းဆီးထိန်းသိမ်းထားသူများ ကျန်နေသေးကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောကြားခြင်းဖြစ်ပါသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) AAPP မှ ထုတ်ပြန်သောစာရင်းတွင် မြန်မာနိုင်ငံ၌ စက်တင်ဘာလ ၁ ရက်နေ့အထိ အတည်ပြုနိုင်သော နိုင်ငံရေး အကျဉ်းသားအရေအတွက်မှာ ၄၂၄  ဦးရှိကြောင်း သိရသည်။ AAPP ၏ စာရင်းများအရ အဆိုပါနိုင်ငံရေး အကျဉ်းသားများမှာ ယခင်အစိုးရလက်ထက်က ဖမ်းဆီးခဲ့သူများဖြစ်ပြီး အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မများ၊ မတရားအသင်းနှင့် ဆက်သွယ်သော ပုဒ်မများ၊ ဖောက်ခွဲရေးပုဒ်မများဖြင့် စွဲချက်တင်ပြီး ဖမ်းဆီးခံထားရသူများဖြစ်ကြောင်း သိရသည်။
"၁၇(၁)တို့ ၁၇(၂)တို့ဆိုတာ ပြောရရင် တပ်မတော်စစ်ကြောင်းက ရွာတွေကိုရောက်ရင် သူပုန်နဲ့အဆက် အသွယ်ရှိလားဆိုပြီး ရွာသားတွေကို မေးတယ်။ ကြောက်ရလို့ ကျွဲလေးကောင်အတွက် ဆက်ကြေး တစ်သောင်းပေးဖူးပါတယ်ဆိုရင် ခင်ဗျားတို့ မိ သားစုက တစ်ယောက်လာ။ သူပုန်နဲ့ ဆက်သွယ်တာ ထောင် ၂ နှစ်ဆိုပြီး ချခံခဲ့ရသူတွေ။ အဲဒီလိုထောင်ချခံခဲ့ ရတဲ့သူတွေကို တောင်ကြီးထောင်မှာ အများအပြား တွေ့ခဲ့ရတယ်။ သူတို့ကတော့ ကံမကောင်းလို့ ထောင်ကျရ တာပဲဆိုပြီး ထောင်ပိုင်လည်း ကြောက်ရ၊ ထောင်ဝါဒါတွေကိုလည်း ကြောက်ရပြီး ခိုင်းသမျှ အကုန်လုပ်ရတာ။ ICRCလည်း သတင်းပို့ရမှန်းမသိ။ ဒါမျိုးတွေများပါတယ်''ဟု  ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် တောင်ကြီးထောင်မှ လွတ်မြောက်လာသူ ကိုဇော်သက်ထွေးက ပြောပါသည်။
ထို့အပြင် ၎င်းကပင် ''နယ်စပ်ကလူတွေမပြောပါနဲ့ ကျွန်တော်လို မြို့ပေါ်မှာနေတဲ့သူကိုပဲ ၁၂၂(၁) တို့၊ ၁၇(၁)တို့၊ ဖောက်ခွဲတို့တောင် တပ်ခံခဲ့ရသေးတာပဲ။ တောထဲလည်း မရောက်ဖူးဘူး၊ နယ်စပ်လည်းမရောက်ဖူးဘဲနဲ့ ဒီလိုပုဒ်မတွေတပ်ပြီး အဖမ်းခံခဲ့ရတာလေ။ တပ်ချင်တဲ့ပုဒ်မကိုတပ်ပြီး စစ်ထောက်လှမ်းရေးခေတ်က အဖမ်းခံခဲ့ရတာ။ ပထမအကြိမ် အဖမ်းခံရတုန်းကဆိုရင် တပ်တဲ့ပုဒ်မက ၁၇(၁)တဲ့။ ဘာဖြစ်လို့တပ်တာလဲဆိုတော့ သူပုန်တွေနဲ့ ဆက်သွယ်လို့တဲ့။ တယ်လီဖုန်းဆိုတာ ဘယ်က ဆက်ဆက် ဆက်လို့ရတာပဲ။ တယ်လီဖုန်းဆက်တယ်ဆိုတာ စစ်ကြောရေးမှာ စစ်လို့ပေါ်သွားရင် ၁၇(၁) ဖြစ်သွားတော့တာပဲ။ ဒီလိုမျိုးမခိုင်မာဘဲနဲ့ ၁၇(၁)ဖြစ်တဲ့သူတွေ အများကြီးရှိတယ်''ဟု ဆက်လက်ပြောကြားခဲ့သည်။
''ကျွန်တော်လွတ်လာတော့ ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား ၆ ယောက်ကျန်သေးတယ်လို့ ပြောခဲ့ဖူးပါတယ်။ ၁၇/၁ လေးယောက် ရှိတယ်။ ဖောက်ခွဲရေးအမှုနဲ့ကျနေတဲ့ HRDP ဦးမြင့်အေးတို့အမှုတွဲက ကိုရန်ရွှေဆိုတာရှိတယ်။ နောက် ထောက်လှမ်းရေးဟောင်းပေါ့ ဗိုလ်မှူးကြီးတင်လှဆိုတာ ရှိတယ်။ ကျွန်တော်ကတော့ ထောက်လှမ်းရေးကိုလည်း နိုင်ငံရေးအကျဉ်းသားလိုပဲ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို စွဲတဲ့ပုဒ်မတွေမှာ တကယ် ကျူးလွန်တဲ့သူတွေလည်း ပါကောင်း ပါမယ်။ အသေးစိတ်တော့ မသိနိုင်ဘူးပေါ့။ ဒါပေမယ့် သူတို့ သည်အထဲကို ၀င်သွားရတာဟာ ဗိုလ်ချုပ်ကြီးခင်ညွန်နဲ့ အပေါ်ကနိုင်ငံရေး ပဋိပက္ခကြောင့်ဆိုတာကတော့ သေချာတယ်။  အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ဥက္ကဋ္ဌ တာဝန်ပေးထားတယ်ဗျာ။ ဒါဆိုရင် NLD လို တခြားဒီမိုကရက်တစ် အဖွဲ့အစည်းတွေကပြုစုတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းကို အစိုးရအနေနဲ့ ဘာလို့ အ လေးအနက်ထားပြီး မသုံးသပ်တာလဲလို့ မေးချင်ပါတယ်။ ဟိုတစ်နေ့က လုပ်သွားတဲ့ နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ကူညီရေးအဖွဲ့က လုပ်တဲ့ပွဲမှာပြောသွားတာကတော့ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၃၀၄ ယောက် ရှိတယ်ပြောတယ်။ NLDက လုပ်တဲ့စာရင်းမှာတော့ ဒီထက်များတယ်လို့ သိရပါတယ်။ ဒါကလည်း ထောက်လှမ်းရေးတွေကိုပါ ထည့်တွက်ထားတဲ့အတွက်လို့ သိရပါတယ်။ ကျွန်တော့်သဘောကတော့ ထောက်လှမ်းရေးတွေကိုပါ ထည့်စေချင်ပါတယ်။ သူတို့လည်း အစုအလိုက် အပြုံလိုက် အဖမ်းခံခဲ့ရတာဟာ နိုင်ငံရေးပဋိပက္ခကြောင့်ဆိုတာ ရှင်းတယ်။ လက်နက်ကိုင်နေတဲ့ အဖွဲ့တွေနဲ့တောင် ငြိမ်းချမ်းရေးစကားပြောနေနိုင်ပြီဆိုရင် ဘာကြောင့် အထဲမှာရောက်နေတဲ့သူတွေကို ဘာကြောင့် မလွှတ်ပေးနိုင်ရတာ လဲ။ ကျွန်တော်လည်းနားမလည်ဘူး''ဟု ဇူလိုင်လ ၃ ရက်နေ့က ကလေးထောင်မှ လွတ်မြောက်ခဲ့သော နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သည့် ကိုအေးအောင်က ပြောကြားပါသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က''ကျွန်တော်တို့ လက်လှမ်းမီသလောက် စာရင်းပြုစုထားမှုအရ ထောင်အသီးသီးမှာ နိုင်ငံရေး အကျဉ်းသားပေါင်း ၃၀၃ ယောက် ကျန်နေပါသေးတယ်။ အဲဒီစာရင်းကျွန်တော်တို့ဆီမှာ ရှိပါတယ်။ လက်ရှိအချိန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတယ်လို့ ဘယ်လောက်ပဲ ကျယ်ကျယ်လောင်လောင် ပြောနေပါစေ ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရှိနေတဲ့အတွက် အဓိပ္ပာယ် ပြည့်ဝတဲ့ လုပ်ဆောင်မှုမျိုးမဟုတ်ဘူးလို့ ဆိုချင်ပါတယ်။  ABSDF နဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်လို့ဆိုပြီး ပုဒ်မအမျိုးမျိုးတပ်ပြီး အကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသား အများကြီးရှိနေပါတယ်။ မျက်ကွယ်မှာ သေဒဏ်ပေးခြင်းခံ ထားရတဲ့  ABSDF ခေါင်းဆောင် ဖြစ်သူတွေကိုကျတော့  အစိုးရအနေနဲ့ ပြည်တွင်းအထိ ဖိတ်ခေါ်ပြီးတော့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်။ အဲဒီခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိုတော့ လက်ခံစဉ်းစားပေးခြင်းမရှိဘဲ မျက်ကွယ်ပြု လျစ်လျူရှုထားတဲ့အပေါ် ကျွန်တော်တို့အနေနဲ့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတို့ကို အပြည့်အ၀ ဖော်ဆောင်စေချင်တယ်ဆိုရင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းကသာ ထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာနိုင်မှာဖြစ်သလို အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေတဲ့သူတွေအနေနဲ့ ပြည်တွင်းကို ဂုဏ်သိက္ခာရှိရှိ လုံခြုံ စိတ်ချစွာ ပြန်လာနိုင်လိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်''ဟု ပြောပြခဲ့ပါသည်။

တိုင်းပြည်ရဲ့ အကြီးမားဆုံးရန်သူလို့ တစ်လျှောက်လုံးပြောလာခဲ့တဲ့သူတွေ အခုတိုင်းပြည်ထဲ ပြန်ရောက်လာပြီ။ ပြည်ထောင်စုဝန်ကြီးတွေကိုယ်တိုင် တိုင်းပြည်ထဲပြန်လာဖို့ ဖိတ်ခေါ်ခဲ့တာ။ သူတို့ကိုတော့ တိုင်းပြည်ထဲ ပြန်လာခွင့်ပေးပြီး သူတို့နဲ့ ဆက်သွယ်တဲ့အတွက် နှစ်ရှည်ထောင်ဒဏ်ချခံထားရတဲ့သူတွေကို ပြန်လွှတ်မပေးဘူးဆိုရင် ကျိုးကြောင်းဆီလျှော်မှုမရှိတဲ့နိုင်ငံရေးဖြစ်စဉ်လို့ သတ်မှတ်ရမှာပဲ  . . .
''ကျွန်တော့်အနေနဲ့ အဖေနဲ့ပတ်သက်ပြီးပြောရရင် ပုဂ္ဂိုလ်ရေး ဆန်နေလိမ့်မယ်။ ဒါကြောင့်အများအနေနဲ့ပဲ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူမသိသူမသိနဲ့ ကျန်နေတဲ့သူတွေ အများကြီးပဲ။ ကျွန်တော်တို့က မြို့ကြီးမို့တော်သေးတယ်။ တခြားမြို့ငယ်တွေ၊ အစွန်အဖျား ပြည်နယ်တွေက လူတွေအများကြီး ကျန်နေသေးတယ်ဆိုတာ သေချာတယ်။ အဲဒီသူတွေအားလုံးကို အမြန်ဆုံး ပြန်လွှတ်စေချင်တယ်။ ခုချိန်မှာ လုပ်ပါတယ်လို့ ၀န်ခံထားတဲ့သူတွေကိုတောင်မှ အရေးတယူနဲ့ ခေါ်တွေ့ ပြီး သူတို့နဲ့ပတ်သက်တဲ့ အရင်ပြစ်မှုတွေကို ရေငုံနှုတ်ပိတ်နေသေးတာပဲ။ ပြည်တွင်းမှာရှိတဲ့သူတွေကိုကျတော့ ဒီလိုအရေးမစိုက်ဘူး။ လွှတ်ပေးဖို့ အသံမထွက်ဘူး။ တောတွင်းဆက်သွယ်လို့ဆိုတာ ခုချိန်မှာ သဟဇာတ မဖြစ်တော့ဘူး။ တောထဲရောက်နေသူတွေကို ခေါ်ယူဆွေးနွေးနေတဲ့အချိန်မှာ ဒီလိုအမှုတွေနဲ့ ပြစ်ဒဏ်ချထားတာတွေကို ပြန်စဉ်းစားသင့်ပြီ။ ပြန်စဉ်းစားတဲ့အချိန်ကလည်း တော်တော်လွန်နေပါပြီ''ဟု ၁၉၉၈ ခုနှစ် မေလအတွင်း အမျိုးသားထောက်လှမ်းရေး ၁ မှဖမ်းဆီးပြီး ၁၂၄(က)အရအနှစ် ၂၀၊ ဖောက်ခွဲ(၅)အရ ထောင်ဒဏ် ၁၄ နှစ်၊ ပုဒ်မ ၁၇(၂)အရ ထောင်ဒဏ် ၅ နှစ်၊ပုဒ်မ ၁၉(စ)အရ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသော ဦးရွှေထူး၏သား ကိုရွှေသွေးမှ ပြောကြားခဲ့သည်။
မတ်လ ၁ ရက်က ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသော မိန့်ခွန်းတွင် ပြောကြားခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ မိန့်ခွန်း၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးတွင် All Inclusive Political Process ဖြစ်စေရေးကို အလေးထား ပြောကြားထားခဲ့သည်။ ထို့အပြင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ပြီးခဲ့သော ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ရွေးကောက်ပွဲဥပဒေအချို့ကို ပြင်ဆင်ပေးခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေမှုမှာလည်း အောင်မြင်မှုရရှိနေပြီး KIA/KIO အဖွဲ့နှင့်သာ သဘောတူညီချက် မရရှိသေးခြင်းဖြစ်ပြီး ၎င်းတို့နှင့် ဆွေးနွေးမှုသာ အောင်မြင်ခဲ့ပါက မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ အောင်မြင်ပြီဟုပင် ဆိုနိုင်ကြောင်း နိုင်ငံတော်သမ္မတက ပြီးခဲ့သော စက်တင်ဘာ ၇ ရက်နေ့က ပြောကြားထားသည်။
ယခုကဲ့သို့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် လုပ်ဆောင်နေချိန်တွင် ယခင်က သဘောထားခြင်း မတူညီသူများအား ဆက်လက်ဖမ်းဆီးထားခြင်းမှာ မရှိသင့်တော့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောကြားကြပါသည်။ ယခု အကျဉ်းကျခံနေရသော လူပုဂ္ဂိုလ်အများစုမှာ တစ်ချိန်က မတရားအသင်းဟု သတ်မှတ်ခံထားရသော အသင်းအဖွဲ့များနှင့် ဆက်သွယ်သည်ဟု သံသယရှိမှုဖြင့် ဖမ်းဆီးပြီး လျော်ကန် သင့်မြတ်ခြင်းမရှိသော ပုဒ်မများတပ်ကာ ထိန်းသိမ်းခံထားရသူများ ဖြစ်သောကြောင့် ၎င်းတို့အားခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်လိုကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောကြားသည်။
''အရင်က တိုင်းပြည်ရဲ့ အကြီးမားဆုံးရန်သူလို့ တစ်လျှောက်လုံး ပြောလာခဲ့တဲ့သူတွေ အခုတိုင်းပြည်ထဲ ပြန်ရောက်လာပြီ။ ပြည်ထောင်စုဝန်ကြီးတွေကိုယ်တိုင် တိုင်းပြည်ထဲပြန်လာဖို့ ဖိတ်ခေါ်ခဲ့တာ။ သူတို့ကိုတော့ တိုင်းပြည်ထဲ ပြန်လာခွင့်ပေးပြီး သူတို့နဲ့ဆက်သွယ်တဲ့အတွက် နှစ်ရှည် ထောင်ဒဏ်ချခံထားရတဲ့သူတွေကို ပြန်လွှတ်မပေးဘူးဆိုရင် ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ နိုင်ငံရေးဖြစ်စဉ်လို့ သတ်မှတ်ရမှာပဲ''ဟု ကိုဇော်သက်ထွေးက ပြောပါသည်။
''တော်တော်များများ လွတ်သွားပြီလို့ ထင်နေတာ။ ထောင်ထဲမှာ နိုင်ငံရေးကျဉ်းသားမရှိလောက်တော့ဘူးလို့ မေ့မေ့ပျောက်ပျောက် နေနေကြတယ်။ နာမည်ရှိပုဂ္ဂိုလ်တွေ တော်တော်များများ လွတ်သွားပြီဆိုတော့ ပြီးသွားပြီလို့ သွေးအေးသွားကြတာ။ နောက်ပိုင်းအသံတွေ တအားတိုးတယ်လို့ ခံစားရတယ်။ ကျန်တဲ့သူတွေက ဒီလိုနဲ့ တစ်နှစ်တစ်နှစ် ပြီးသွားတော့မှာလား။ အခုဖေဖေ့အသက်ဆိုရင် ၆၈ နှစ်ရှိပြီ''ဟု ကိုရွှေသွေးက ပြော ကြားပါသည်။
''နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ကတော့ အားလုံးလွှတ်ပေးပါလို့ အမြဲပြောခဲ့ပါတယ်။ ကျွန်မတို့ရရှိထားတဲ့ စာရင်းအရကတော့ နိုင်ငံရေးအကျဉ်းသား ၃၃၀ ရှိတယ်လို့ ပြောပါတယ်။ ဒီတော့ကျွန်မတို့အနေနဲ့ ဒီ ၃၃၀ လုံး လွှတ်ပေးဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဇူလိုင်လ ၃ ရက်နေ့က ဥရောပခရီးစဉ်နှင့်ပတ်သက်ပြီး ရှင်းလင်းခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားပါသည်။

Copy From Eleven Media Group
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

7493
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)အဖွဲ့တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့ အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းမှစတင်ခဲ့ကာ လက်ရှိအချိန်၌ တစ်နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်သော်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေဆဲဖြစ်သည်ဟု သိရှိရသည်။
“ကချင်ပြည်နယ်ထဲမှာ တောင်ပိုင်းမှာ မဖြစ်ရင် မြောက်ပိုင်းမှာဖြစ်တယ်ပေါ့။ တိုက်ပွဲတွေ ဖြစ်တာကတော့ ရှိနေတာပဲ။ တပ်မတော်စစ်ကြောင်း ရွေ့လျားမှုနဲ့ ရင်ဆိုင်တွေ့ကြရင် ဖြစ်တာပဲ။ အခုပိုပြီးလှုပ်နေတယ်။ ရှမ်းမြောက်ပိုင်းကတော့ နည်းနည်းငြိမ်နေတယ်။ မကြာသေးခင် က ဖြစ်တာကတော့ ဖားကန့်ပေါ့”ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က ပြောပြသည်။
၂၀၁၁ ခုနှစ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားရာ ဒေသသည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် တည်ရှိသည်။ နောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုသည် မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော် မြို့နယ်၊ မန်စီမြို့နယ်များသို့ သက်ရောက်မှုများရှိလာသည်ဟု သိရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ပထမပတ်အတွင်းတွင် ဖားကန့်မြို့နယ်၌လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

 ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကေအိုင်အေ တပ်စခန်းများအား ထိုးစစ်မဆင်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲများတစ်ကျော့ပြန် ဖြစ်ပွားသည့် ၂၀၁၁ ခုနှစ် ဇွန်လမှ လက်ရှိကာလအထိ တိုက်ပွဲ အကြိမ်အရေအတွက်မှာ ၂၀၀၀ ၀န်းကျင်ရှိပြီဖြစ် . . .

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းကလည်း ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ၊ စက်တင်ဘာ လဆန်းတွင် မန္တလေး-မြစ်ကြီးနား ရထားလမ်း၌ တိုက်ပွဲဖြစ်ပွားမှု စသည်တို့ ရှိခဲ့သည်။
“စက်တင်ဘာလ ၆ ရက်နေ့ည ပိုင်းက မန္တလေး-မြစ်ကြီးနားရထား လမ်းဘက်မှာ တိုက်ပွဲဖြစ်တယ်။ ရထားလမ်း အသွားအလာ ရပ်သွားတာပေါ့။ ကုန်စည်အ၀င်အထွက်က ရထားကို အားထားနေရတော့ စိတ်ပူကြတယ်။ ဒါပေမယ့် ရထားက အခုတော့ ပုံမှန် ပြန်သွားနေပါပြီ”ဟု မြစ်ကြီးနားမြို့မှ စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးက ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က ပြောပြသည်။
၂၀၁၁ ခုနှစ် ဇွန်၊ ဇူလိုင်လများ မှ စတင်ကာ ဒေသခံများသည် နေ ထိုင်ရာကျေးရွာများကို စွန့်ခွာမှုများရှိ လာခဲ့သည်။ မြို့ပေါ်ကယ်ဆယ်ရေး စခန်းများ၊ ကျေးရွာများမှ သာသနိ က အဆောက်အအုံများတွင် ဖွင့် လှစ်သော ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံမှုများအပြင် တောတွင်း ကယ်ဆယ်ရေးစခန်းများသို့ ရောက် ရှိခိုလှုံသူများလည်း ရှိလာခဲ့သည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်မျိုးစုံ၊ အဖွဲ့အစည်းမျိုးစုံ ပေါ်ပေါက်လာပြီး ပြည် တွင်းလက်နက်ကိုင် ဆူပူမှုများဖြစ်ပွားရာတွင် ကချင်ပြည်နယ်လည်း ပါဝင်လာခဲ့သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါ တီမှ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်း လှမ်းချက်အရ ၁၉၆၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ လာရောက် ဆွေးနွေးသော်လည်း သဘောတူညီမှု မရရှိခဲ့ဘဲ တိုက်ပွဲများသာ ဆက်လက်ဖြစ်ပွားခဲ့သည်။
၁၉၈၀ ပြည့်နှစ် သြဂုတ်လမှ ၁၉၈၁ ခုနှစ် မေလအထိ ၁၀ လကြာ နှစ်ဖက် အပြန်အလှန် အပစ်အခတ် ရပ်စဲခဲ့သည်။
ထို့နောက် ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် တပ်မတော် ထောက်လှမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ် မြောက်ရေးအဖွဲ့(ကေအိုင်အို) ကိုယ်စားလှယ်အဖွဲ့ တို့ တွေ့ဆုံခဲ့သည်။၁၉၉၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် အစိုးရနှင့် ကေအိုင်အိုတို့ ပြန်လည်တွေ့ဆုံဆွေးနွေးခဲ့ကြ သည်ဟုမှတ်တမ်းများအရသိရသည်။
၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေး ထိုးခဲ့သည်။
အပစ်အခတ်ရပ်စဲပြီးနောက် ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင်မူ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)တို့အကြား တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားမှုရှိလာကာ က ချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက် မြို့နယ် တာပိန်ရေအားလျှပ်စစ် တည်ရှိရာ ဒေသတစ်ဝိုက်တွင် စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦး သိန်းစိန်သည် ကေအိုင်အေတပ်စ ခန်းများအား ထိုးစစ်မဆင်ရန် ညွှန် ကြားခဲ့ကြောင်း သိရှိရသည်။တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားသည့် ၂၀၁၁ခုနှစ်ဇွန်လမှ လက်ရှိကာလ အထိ တိုက်ပွဲအကြိမ် အရေအတွက်မှာ ၂၀၀၀၀န်းကျင်ရှိပြီ ဖြစ်ကြောင်းလည်း လေ့လာသိရှိသူတို့က ဆိုပါသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် ကချင် လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို) မှ တာဝန်ရှိသူများသည် ပြည်ထောင်စုအဆင့် သုံးကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
လက်ရှိကာလသည် စစ်ဖြစ်ပွားသည့်ကာလ တစ်နှစ်ကျော်လွန်ခဲ့ပြီဖြစ်ပြီး ကချင်ပြည်နယ်တွင်း စီးပွားရေး၊ လူမှုရေးပိုင်းဆိုင်ရာ သက်ရောက်မှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ဆိုပါသည်။

Copy From Eleven MEdia
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

သမ္မတ၏ ဖိတ်ကြားချက်ဟု အကြောင်းပြပြီး ပြည်တွင်းသို့ သွားရောက် ခဲ့သော ပြည်ပ အတိုက်အခံ အုပ်စုကို သမ္မတက တွေ့ဆုံရန် ငြင်းပယ် ခဲ့သည်ဟု ပြည်တော်ပြန် အဖွဲ့ဝင် တဦးက ဆိုပါသည်။
“ ကျနော်တို့ဗျာ သမ္မတနဲ့ တွေ့ဖို့ ဆိုပြီးတော့ မနေ့ကနေ ပြည်တော်မှာ သွားစောင့်ပါတယ်။ ဦးအောင်မင်း၊ ဦးစိုသိန်း၊ အလုပ် သမား ၀န်ကြီး ဦးမောင်မြင့်တို့နဲ့တော့ တွေ့ပါရဲ့ ။ ဒါပေမဲ့ သမ္မတက သူမအားတော့ပါဘူး ဆိုပြီး မတွေ့လိုက်ရဘဲ ရန်ကုန်ကို ပြန်ခဲ့ရတယ်လေ” ဟု ဆိုပါသည်။
သမ္မတနှင့် တွေ့လိုသော ပြည်တော်ပြန် အဖွဲ့တွင် ၊ လူ့ဘောင်သစ် ပါတီဥက္ကဌ ကိုမိုးဇော်၊ ကျောင်းသား တပ်မတော် (ABSDF) ဥက္ကဌဟောင်း ကိုမိုးသီးဇွန် ကိုနိုင်အောင်နှင့် ကိုထွန်းအောင်ကျော်၊ အန်အယ်ဒီ(LA)မှ ကိုညိုအုန်းမြင့်၊ မြန်မာနိုင်ငံ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုမောင်မောင် နှင့် တခြား အဖွဲ့ဝင်များက သွားရောက် ခဲ့ခြင်းဖြစ်ပါ သည်။
သမ္မတ၏ ဖိတ်ကြားချက်ဟု ဆိုသော်လည်း သမ္မတနှင့် တွေ့ခွင့် မရဘဲ သမ္မတရုံး၏ ၀န်ကြီး များနှင့်သာ တွေ့ခွင့်ရလိုက်ခြင်း ဖြစ်ပါသည်။ ပြည်တော်ပြန်ထဲမှ ကိုနိုင်အောင်အပါဝင် အဖွဲ့ဝင် (၇) ဦးကိုလည်း ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ကျောင်း သား တပ်မတော် လူသတ်မှုကိစ္စ၌ သေဆုံး သွားခဲ့သော ရဲဘော်များ၏ မိသားစုများက တရားစွဲရန် ဖြစ်လာခဲ့ပေသည်။
ထို့အပြင်၊ တော်လှန်ရေး ကာလ၌ ဆောင်ရွက်ခဲ့သော လိမ်လည်မှုများ၊ နစ်နာမှုများ၊ ကိုယ်ကျိုးရှာမှုကြောင့် ထိခိုက်ခဲ့မှုများကို တရားစွဲရန် ပြင်ဆင်နေသူများလည်း ရှိသည်ဟု တရားစွဲရန် စောင့်စားနေသူတဦးက ပြောပါသည်။
“ ဒီလိုပါဗျ၊ ၈၈ ကြောင့် တောခိုသွားတဲ့ ခေါင်းဆောင်တွေကို သိပ်လေးစားခဲ့တယ်။ ယုံတယ်။ ပုံလည်း ပုံအပ်ခဲ့ဘူး ပါတယ်။ အဲဒီ ယုံကြည်ချက်ကို ခုတုံး လုပ်ပြီးတော့ လိမ်ကြတယ်ဗျ၊ နာမည် မပြောချင်သေးဘူး။ တရားစွဲဖို့ အခွင့်အလန်းကိုဘဲ စောင့် နေမယ်။ ဘ၀ ပျက်သွားတဲ့သူတွေလဲ အများကြီးဘဲ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ဒီတော့ ဘုရား မဟုတ်မှန်းတော့ ပြည်သူကိုဖွင့် ချဖို့ အချိန်တန် ပြီးလို့ ယူဆတယ်။ ကိုးကွယ်မှု မမှားအောင်လို့ပါ။ ဘုရားမဟုတ်ဘူး တောင်ပို့ပါဗျာ။ တခုတော့ပြောထား မယ် စစ်မှန်တဲ့ တော်လှန်ရေး သမား အားလုံးကို ပြောတာ မဟုတ်ဘူးနော်”ဟု ရန်ကုန်ကို ရောက်ရှိနေတဲ့ ၈၈ အရေးအခင်းမှ တောခို ကျောင်းသားဟောင်း တဦးက ဆိုပါသည်။
_Labour_Ministry_ghပြည်တော်ပြန်များနှင့် သမ္မတရုံး ၀န်ကြီးများ တွေ့ဆုံစဉ်
အစိုးရသည် ပြည်တော်ပြန် များကို ပုဂ္ဂိုလ်အရ တဦးချင်း ဖိတ်ကြား ခဲ့ခြင်းသာ ဖြစ်ပါသည်။ ၄င်းတို့ကိုလည်း နာမည်ပျက်စာ ရင်းမှ ပယ်ဖျက် ပေးခဲ့ပါသည်။ သို့သော် ၄င်းတို့ ပါဝင် ပတ်သက်နေသော အဖွဲ့အစည်းကို ဥပဒေအရ မတရား အသင်းကနေ လွတ်ငြိမ်းချမ်း သာခွင့် ပေးနေခြင်း မဟုတ်ပေ။ ဥပမာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုမောင်မောင်ကို ပုဂ္ဂိုလ်အရ ဖိတ်ကြား ခဲ့သော်လည်း ၄င်း၏ အဖွဲ့ကိုမူ တရားမ၀င် အသင်းမှ ပယ်ဖျက်ပေးခဲ့ခြင်း မဟုတ်ပေ။
ဤသို့ကြောင့် ပြည်တော်ပြန်များနှင့် ပါဝင် ပါတ်သက်နေသော အဖွဲ့အစည်း ၀င်များက ဤအခြေအနေကို သတိထားကြရန် ဖြစ်သည်ဟု ၈၈ တောခိုကျောင်း သားဟောင်းများက သတိပေးနေပါသည်။
၁၉၆၃ ခုနှစ်တွင် အိမ်စောင့် အစိုးရ ဦးနေ၀င်းသည်၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး လမ်းစဉ်ကို တော တွင်း အတိုက်အခံအဖွဲ့ မှန် သမျှကို ဖိတ်ကြားခဲ့ပါသည်။ တောမှ မြို့ပေါ် တက်လာသော ခေါင်းဆောင် များသည် မြို့ပေါ်ရှိ ၄င်းတို့၏ မြေအောက် အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံကြပါသည်။ အချိန် ကာလ တခုကို ပေးထားပြီးနောက် ဗိုလ်ချုပ်ကြီးနေ၀င်းသည် ၊ သဘော တူညီချက် မရပါဟု အကြောင်းပြကာ တွေ့ဆုံ ဆွေးနွေးရေးကို ဖျက်ပြီး လိုက်လံ တိုက်ခိုက် ခဲ့ပါသည်။
ဤအထဲတွင် တွေ့ဆုံ ဆွေးနွေးရေး ကာလ၌ မျက်နှာပြခဲ့ကြသော မြေအောက် အုပ်စုဝင် အားလုံးနီးပါးသည် ထောင်နန်းစံရ ခြင်း၊ သတ်ပစ်ခံရခြင်း၊ ဘ၀ပေါင်းများစွာ နှိပ်စက်ခံရပြီး ဘ၀ ပျက်ခဲ့ကြရသည်ဟု လက်တွေ့ဖြစ်ခဲ့ သူများက ဆိုပါသည်။ ဤအဖြစ် အပျက်ကို ယခုအချိန်ထိ သမိုင်းမှီသူများ ဒုနဲ့ဒေး ရှိနေဆဲဖြစ်ပါသည်။
ယခု၌လည်း ပြည်တော်ပြန်များသည်၊ မိမိတို့ ဆိုင်ရာဆိုင်ရာ အုပ်စုများနှင့် တွေ့ဆုံ ဆွေးနွေးနေကြပါသည်။ ဘယ်သူက ဘယ်သူ့ကို ဘာကိစ္စ ဆွေးနွေးခဲ့သည်မှာ မိမိတို့အပြင် အပြင်လူလည်း သိရှိနိုင်ပါ လိမ့်မည်။ ဤကိစ္စအတွက် ပြည်တွင်း လှုပ်ရှား နေသူများ သတိထားကြရန် လိုအပ်ကြောင်း ၁၉၆၃ ငြိမ်းချမ်းရေး ဆွေးနွေး ခဲ့စဉ်က ပါဝင်ခဲ့သူများမှ သတိပေးနေပါသည်။

Copy From : ရွှေဟင်္သာ
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ကေအိုင်အေသောင်းကြမ်းသူအဖွဲ့မှ အင်အား(၂၀)ဦးခန့်သည် အရပ်ဝတ်ဖြင့် စက်တင်ဘာ(၈)ရက်နေ့ ညသန်းခေါင်အချိန်တွင် မိုးကောင်းမြို့နယ် နောင်ပုံရွာထဲသို့ ၀င်ရောက်လာပြီး အမျိုးသမီးငယ်(၂)ဦး အပါအ၀င် လူငယ်(၆)ဦးအား တနိုင်းဘက်သို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ အမျိုးသမီး(၂)ဦးမှာ အသက်(၂၀)နဲ့(၂၅)နှစ် အရွယ်ရှိတဲ့ ကချင်တိုင်းရင်း သူလေးများ ဖြစ်ကြပါတယ်။ ယခင်က ကေအိုင်အေဟာ အမျိုးသားများကိုသာ လူသစ်စုဆောင်း သော်
လည်း ယခုအခါ အပျိုအရွယ်အမျိုးသမီးများကိုပါ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းတွေ လုပ်လာတဲ့အတွက် ဒေသခံတွေအနေနဲ့ ကလေး၊ ယောက်ျား၊ မိန်းမပါမကျန် အပြင်မထွက်ရဲတော့ဘဲ ကိုယ့်အိမ်မှာ ကိုယ်နေရတာတောင် ကျီးလန့်စာစားဘ၀ကိုရောက်နေ ရကြောင်း ဒေသခံတစ်ဦးမှ ပြောပြချက်မှ သိရှိရသည်။

Copy From : ကချင်နေ့စဉ်သတင်း

Join Free