လျှပ်စစ်မီးအချိန်ပြည့်ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြဦးဆောင်လှုပ်ရှားသူ အဖွဲ့မှအဖွဲ့ဝင်တစ်ဦးကို မန္တလေးတိုင်း ရဲမင်းကြီးက ယနေ့ည ၈ နာရီ ၄၅ မီနစ်ခန့်တွင် တွေ့ဆုံ၍ တရားမ၀င်သော လူထုစုစည်းမှု ဖြစ်သဖြင့် ဆက်လက်ပြုလုပ်ခြင်းမပြုလုပ်ရန် တားမြစ်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

၎င်းတို့အနေနှင့် မန္တလေးတွင် အမှန်တကယ်ရင်ဆိုင်နေရသော ...ဒုက္ခကို အေးချမ်းစွာဖော်ထုတ်ခြင်းဖြစ်ပြီး ဆန္ဒပြနေခြင်းမဟုတ်ဘဲ သတ်မှတ်ထားသည့် အချိန် တစ်နာရီမပြည့်မချင်း ရပ်ဆိုင်းပေးမည်မဟုတ်ကြောင်း ပြည်လည်ပြောဆိုခဲ့ကြောင်း သွားရောက်တွေ့ဆုံခဲ့သူက ပြောဆိုသည်။

ည ၁၀ နာရီအချိန်ခန့်အထိ ယင်းလှုပ်ရှားမှု ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ၂၆ လမ်းနှင့် ၇၈ လမ်းထောင့်တွင် လူထောင်ချီ ဆက်လက် ဆန္ဒဖော်ထုတ်ဆဲဖြစ်ကြောင်း မန္တလေး ဒေသခံတစ်ဦးက The Voice Weekly သို့ပြောကြားသည်။

Copy From The Voice Weekly
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free