၁၉၉၆ ခုနှစ်မှ စတင်ခါ ပထမဆုံးအကြိမ်အဖြစ် စာနယ်ဇင်းသမား များအား ထောင်ချ ထားသော နိုင်ငံများ စာရင်း၌ မြန်မာနိုင်ငံ မပါဝင်တော့သည်ကို တွေ့ရသည်။ သို့ရာတွင် တစ်ကမ္ဘာလုံး၌ အကျဉ်းချခံနေရသည့် စာနယ်ဇင်းသမား ဦးရေမှာ အမြင့်ဆုံးသို့ ရောက်ရှိနေသည်ဟု နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုက နှစ်ပတ်လည် ကောက်ယူသည့် စာရင်းတွင် ဖော်ပြထားသည်။ “အရပ်သား အုပ်ချုပ်မှုသို့ သမိုင်းဝင် ကူးပြောင်းလာမှု၏ တစ်စိတ်တစ်ဒေသအဖြစ် လွန်ခဲ့သော နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် များတွင် အကျဉ်းချ ခံထားရသည့် စာနယ်ဇင်းသမား ၁၂ ဦးထက်မနည်းကို လွှတ်ပေးခဲ့သည်” ဟု စာနယ်ဇင်း သမားများ စောင့်ရှောက်ရေး အဖွဲ့ (စီပီဂျေ) က ထုတ်ပြန်သည့် မြန်မာနိုင်ငံ အခြေအနေဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ မီဒီယာ အခြေအနေသည် ဝေဝေဝါးဝါး ရှိနေဆဲ ဖြစ်သည်။ “မီဒီယာ အခြေအနေ ပြောင်းလဲမှုက တိုင်းပြည်ရဲ့ အလုံးစုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကနေ ရောင်ပြန်ဟပ် တာပါ။ အခုမှ အစပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ အများကြီး မျှော်လင့် ထားလို့ မရသေးပါဘူး။ ဒါပေမယ့် ဖြည်းဖြည်းချင်း ရှေ့တိုးနေမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုကျော်စွာမိုးက ပြောသည်။ ၁၉၉၀ ပြည့်နှစ်မှ စတင်ကောက်ယူခဲ့သည့် နှစ်ပတ်လည် စာရင်းများအရ ဒီဇင်ဘာလ ၁ ရက်နေ့အထိ တစ်ကမ္ဘာလုံးတွင် စာနယ်ဇင်းသမား ၂၃ ဦး ဖမ်းဆီးခံထားရသည်။ ယခင်နှစ်ကထက် ၅၃ ဦး တိုးလာခြင်းဖြစ်ကာ ၁၉၉၆ ခုနှစ်က စံချိန်တင်ခဲ့သည့် ၁၈၅ ဦးထက်လည်း ကျော်လွန်နေသည်။ တူရကီ၊ အီရန်နှင့် တရုတ်နိုင်ငံတို့သည် စာနယ်ဇင်းသမားများအား အကျဉ်းချမှု အများဆုံးပြုလုပ်သည့် နိုင်ငံများအဖြစ် စီပီဂျေက ဖော်ပြထားသည်။ အီရီထရာနှင့် ဆီးရီးယား နိုင်ငံများသည် ထိပ်ဆုံးငါးနိုင်ငံတွင် ပါဝင်သည်။ အဆိုပါ နိုင်ငံများမှ အုပ်ချုပ်သူများသည် စာနယ်ဇင်းသမား များကို လျှို့ဝှက်နေရာများတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစီရင်မှု မရှိသလို၊ ရှေ့နေများ၊ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် မရရှိကြဟု ဖော်ပြ ထားသည်။ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (Reporters Without Borders) မှ ထုတ်ပြန်သည့် ၂၀၁၁/၁၂ ခုနှစ် စာနယ်ဇင်း လွတ်လပ်ခွင့် စာရင်းတွင်လည်း အီရန်၊ တရုတ်၊ အီရီထရာနှင့် ဆီးရီးယားနိုင်ငံများသည် အောက်ဆုံး ခြောက်နိုင်ငံတွင် ပါဝင်နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၌ စာနယ်ဇင်းများအား ပုံနှိပ်ခြင်းမပြုမီ စာပေစိစစ်ရေးသို့ တင်ပြရသည့် စနစ်ကို ယခုနှစ် သြဂုတ်လတွင် ပယ်ဖျက်ပေးခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


ခေတ်လူငယ်မှ

Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

black-box ဆိုတာ ဘာလဲ?

လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုးပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR)လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကိုမှတ်သားပေးနိုင်တဲ့recorder ပါ… နောက်တစ်ခုကတော့Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်…ဒါကတော့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ကြတဲ့လေယာဉ်မှုးနဲ့တကွအခြား အမှုထမ်းများရဲ့ စကားပြော ဆက်သွယ်မှုများကို မှတ်သားပေးတဲ့recorderပေါ့…

Black-box = FDR + CVR

ဒေတာအချက်အလက်တွေကို ဘယ်လိုသိမ်းမလဲ

သိမ်းပေးမယ့်ပစ္စည်းက နှစ်မျိုးရှိပါတယ်… magnetic tape နဲ့solid-state device ပါ… ဒီနှစ်မျိုးထဲက တစ်မျိုးမျိုးသုံးနိုင်ပါတယ်… magnetic tape တွေကတော့ခံနိုင်ရည် သိပ်မရှိပဲပျက်စီးလွယ်ပါတယ်… solid-statedevice ကတော့ ပိုပြီးခံနိုင်ရည်ရှိသလို အချက်အလက်တွေကိုသိမ်းဆည်းရာမှာလဲ ပိုပြီး မြန်ပါတယ်… black-box ကသိမ်းပေးမယ့် အချက်အလက်အချို့ကအောက်ပါအတိုင်းဖြစ်ပါတယ်…


ပျံသန်းမှုအရှိန်နှုန်း(Acceleration) ပျံသန်းမှုအမြန်နှုန်း(AirSpeed) ပင်လယ်ပြင်မျက်နှာပြင်အမြင့် (Altitude) လေယာဉ်တောင်ပံအနေအထား(Flap Setting) ပြင်ပအပူချိန် (External Temperature) လေယာဉ်တွင်းအပူချိန် (Cabin Temperature) ဖိအား(Pressure) အင်ဂျင် စွမ်းဆောင်မှုအနေအထား(Engine Performance)

ဒါတွေကတော့black-box ကသိမ်းမယ့် ဒေတာအချက်အလက်အချို့ပါ.. ကြီးမားတဲ့ လေယာဉ်ကြီးတွေမှာ ဒီလိုမျိုးအချက်အလက်ပေါင်း ၇၀၀ကျော်ကိုblack-box ကမှတ်သားမှာပါ… black-box မှာ on-board generatorပါပါတယ်.. အဲဒါနဲ့ ပါဝါပေးမှာဖြစ်ပြီးDCပေးရင် 28V နဲ့ AC ပေးရင်115V

Black-box ကိုတီထွင်ခဲ့သူAustralia နိုင်ငံသားDavid

CVR (cockpit voice recorder) ဒီrecorderလေးကတော့အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ လေယာဉ်အမှုထမ်းတွေရဲ့ စကားပြောဆိုဆက်သွယ်မှုကိုမှတ်သားပေးမယ့်အပြင် လေယာဉ်တွင်းမှာရှိတဲ့အခြားအသံတွေကိုလဲ မှတ်တမ်းတင်မှာပါ… ဒီdevice လေးထဲမှာ မိုက်ခရိုဖုန်းများပါဝင်ပြီး သိမ်းရင်digital format နဲ့ သိမ်းပါတယ်… တစ်ခါတစ်လေ အသံကတိုးနေနိုင်တဲ့အတွက်ထပ်ချဲ့ (amplify) လုပ်ပြီးမှသိမ်းမှာပါ…storage device က magnetic tape ဆိုရင် မိနစ် ၃၀ သာ သိမ်းနိုင်မှာဖြစ်ပြီး solid-state ဆိုရင်တော့၂နာရီစာ သိမ်းမှာပါ… သိမ်းနိုင်တဲ့ ဒေတာပြည့်ပြီးတိုင်း နောက်ထပ်အသစ်သိမ်းမယ့် ဒေတာများကို overwrite(ဖျက်ပြီးအသစ်တွေကို ထပ်သိမ်း)နည်းကိုသုံးမှာပါ…

Flight Data Recorder (FDR) ဒီဟာကတော့ပျံသန်းမှုစနစ်တစ်ခုလုံးရဲ့မှတ်တမ်း အချက်အလက်တွေကိုသိမ်းမှာပါ… ခလုပ်လေး(switch လေး) တစ်ခုရဲ့အဖွင့်အပိတ်ကအစ မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်… လေကြောင်းဥပဒေအရ မှတ်တမ်းတင်သိမ်းမယ့် ဒေတာအမျိုးအစား(parameter)က အနည်းဆုံး ၈၈ခု အထိရှိရမယ်လို့သိရပါတယ်…FDR device မှာတော့ solid-statedevice သုံးမယ်ဆိုရင်dataသိမ်းတာ ပိုမြန်မယ့်အပြင်၂၅နာရီကြာတဲ့ အတိုင်းအတာ ထိ သိမ်းဆည်းမှတ်တမ်းတင်နိုင်မှာပါ…

black-box ရဲ့ကြံ့ခိုင်မှု လေယာဉ်တစ်စီးရဲ့ အရေးပေါ် အခြေအနေ (သို့) ပျက်ကျတဲ့ အခြေအနေတွေမှတ်တမ်းတင်တဲ့ တစ်ခုတည်းသော အရာကblack-box ပါ… လေယာဉ်ပျက်စီးခဲ့လို့ အခြားအစိတ်အပိုင်းတွေ ဘယ်လိုပဲ သဲလွန်စ ရှာမရအောင် ပျောက်ပျက်သွားပါစေ… black-box ကတော့ မှတ်တမ်းတင်ပြသနိုင်တဲ့ တစ်ခုထဲသော ပစ္စည်းအဖြစ်နဲ့ ကျန်ခဲ့ရပါမယ်…ဒါကြောင့်FDR နဲ့CVR တို့ကို crash-survivable memory units (CSMUs)လို့ ခေါ်ကြပါတယ်…

black-box တွေကိုလေယာဉ်ထုတ်လုပ်ပေးတဲ့ စက်ရုံတွေကပဲ တစ်ခါတည်းတပ်ဆင်ပေးလိုက်တာပါ… အများသောအားဖြင့်လေယာဉ်ရဲ့အမြီးပိုင်းမှာ ထားလေ့ရှိပါတယ်… ကျွမ်းကျင်သူများ အဆိုအရ လေယာဉ်အမြီးပိုင်းကအပျက်အစ်ီးအနည်းဆုံး အပိုင်းဖြစ်တယ်လို့သိရပါတယ်… ဒါပေမယ့် လေယာဉ်အမျိုးအစာပေါ် လိုက်ပြီး blak-box ထားတဲ့ နေရာအနည်းငယ်ကွဲလေ့ရှိပါတယ်… အထိအခိုက်အနည်းဆုံးဖြစ်နိုင်တဲ့နေရာတွေမှာပဲ တပ်ဆင်ကြတာပါ…

ဒါကြောင့်black-box ဟာ လေယာဉ်မတော်တဆမှုတွေ ဖြစ်ပြီးတိုင်း ဖြစ်ရတဲ့ အကြောင်းအရင်း(root cause) ကိုစုံစမ်းစစ်ဆေးနိုင်ဖို့အတွက် တစ်ခုထဲသော အရာအဖြစ် လေယာဉ်တိုင်းမှာ အသုံးပြုနေကြတာပဲဖြစ်ပါတယ်…

လေယာဉ်ပျက်စီးမှုတစ်ခုအပြီးတွင်တွေ့ရသော black-box (အဆိုပါ black-box ကို ကျွမ်းကျင်သူများက စစ်ဆေးမှာ ဖြစ်ပါတယ်)


Copy From မြန်မာ Express

Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


သမ္မတကြီး၏ ထိုးစစ်ရပ်ဆိုသည့် အမိန့်သည် ဒို့တာဝန် အရေး(၃)ပါး ကာကွယ်သည့် တပ်မတော် သားများ အား သေဒဏ်ချမှတ်နေသကဲ့သို့ ဖြစ်နေပြီလို့သာ ဆိုချင်တော့သည်။ အင်တာနက်ပေါ်တွင် ယခုလို တိုက်ပွဲ ဓာတ်ပုံ များကို ကြည့်နိုင်သူများသည် ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေသည့် စစ်သားများ မဟုတ်ကြ သလို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရ၊ ကြားနေရသည်မှာ မြန်မာ့တပ်မတော်၏ ထိခိုက်ကျဆုံးမှု သတင်းများ သာ ဖြစ်နေသည်။
သေဆုံးနေသည့် ငါတို့ တပ်မတော်သားသည် အလှဓာတ်ပုံ အရိုက်ခံဖို့ မဟုတ်
တပ်မတော်သည် မည်သည့်အခါမျှ စစ်ပွဲသတင်း ထုတ်ပြန်လေ့မရှိသည့်အတွက် သတင်း အတိအကျ မသိသော်လည်း ကေအိုင်အေ ခေါ် ကချင်သောင်းကျန်းသူများ ထိခိုက်ဒဏ်ရာရမှု မရှိဘဲ တစ်ဖက်သတ် စစ်ပွဲကို ဆင်နွှဲနေ ခြင်းကို လွှတ်တော်အမတ်များ သိပါလေစ။ နယ်မြေ လုံခြုံရေး အတွက်သာ လှည့်လည် သွားလာနေသည့် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်သည်။ တိုက်ပွဲများ အပြင်းအထန် ဖြစ်နေသယောင် ဗွီဒီယိုများ ရိုက်ပြသည်။ ကေအိုင်အေ တပ်သားများ အထိအခိုက် အကျအဆုံး မရှိ။ လမ်းပေါ်တွင် ပစ်ခတ်နေ သည့် ဗီဒီယိုများ၊ စခန်းပေါ်မှ ပစ်ခတ်နေသည့် ပုံများ သည် မည်သည့်အတွက် ကြောင့် ရိုက်နိုင်ပါသလဲ။ တစ်ဖတ်သတ် စစ်ဆင်နွှဲနေခြင်းနှင့် တပ်မတော်၏ အသက်စွန့် သည်းခံနေရခြင်းကို ငြိမ်းချမ်းရေး ကိုယ်စား လှယ် များ သိပါလေစ။
ဘယ်သူဒေါသ မထွက်ထွက် ကိုယ်ဒေါသ ထွက်သည်။ မပစ်ရ၊ ထိုးစစ်မဆင်ရဆိုသည့် အမိန့်အတွင်း အသေခံနေရသည့် တပ်မတော်သားများ ဘ၀ကို စာနာသည်။ တပ်မတော်သား ရွတ်ဆိုသည့် သစ္စာ ၄ ချက်တွင် အသက်ကိုစွန့်လွှတ်ဖို့ အဓိဌာန် ပြုပြီး ဖြစ်သည်။ စစ်သည် ၅ သိန်းကျော် ရှိသော မြန်မာ့တပ်မတော်မှ တပ်သား ၅ ယောက်အား မိုင်းဆွဲ ချောင်းပစ်ရာမှ ဖမ်းမိခြင်းအား ကေအိုင်အေ တို့ အဟုတ်မှတ်ကြလေသည်။ မြန်မာ့တပ်မတော်၏ သည်းခံနိုင်မှုကို ဆွကြလေသည်။ ဒီထက်ပို ပြီး သည်းခံရန် သင့်တော်ပါမည်လော။
လေကြောင်းမှသာ အသုံးပြုတိုက်ခိုက်ပါက လိုင်ဇာမြို့တွင် လူတစ်ယောက်မှ ကျန်မည် မဟုတ်သလို စခန်းကုန်းများတွင်လည်း ကေအိုင်အေ ခေါင်းထောင်နိုင်မည် မဟုတ်။ တပ်မတော်သားများ အသက်ပေး နေရခြင်းသည် တိုက်ရင်းဖြင့် အသက်ပေးနေရခြင်း မဟုတ်ဘဲ ကာကွယ်ရင်းဖြင့် ငြိမ်းချမ်းရေးအတွက် အသက်ပေးနေရခြင်းကို နားလည်ဖို့ကောင်းသည်။ ငြိမ်းချမ်းရေးကို လက်နက်ဖြင့် ဖန်တီး၍ မရလျှင် ပထမ မြန်မာနိုင်ငံ၊ ဒုတိယ မြန်မာနိုင်ငံ၊ တတိယ မြန်မာနိုင်ငံ ဖြစ်လာမည် မဟုတ်သလို၊ အမေရိကန် ပြည်ထောင်စုကြီးလည်း ဖြစ်လာမည် မဟုတ်။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း နားလည်ဖို့ ကောင်း ပေသည်။ သစ္စာလေးချက်ကို ပြင်ဖို့ထက် တပ်မတော်သားတွေရဲ့ အသက်တွေကို ဘယ် ရက် ဘယ်လ ထိ အလဟသ အသေခံခိုင်းနေမည်လဲဆိုတာ အရင် စဉ်းစားသင့်ပါသည် လို့ ပြောလိုက်ချင်တော့သည်။ OppositEye မှ ကူးယူဖော်ပြသည်။
 ထိုးစစ်ရပ်ဆိုသည့် အချိန်တွင် ချောင်းမြောင်းရယူပြီး တပ်မတော်က ဒီလို လက်နက်တွေ ဆုံးရှုံးခံရတယ်
 တိုင်းပြည်ကို ကာကွယ်ဖို့ ထမင်းကြမ်းနဲ့ရေသောက်ပြီး တာဝန်ထမ်းဆောင်တဲ့ စစ်သားက ဒီလိုသေရတယ်
 ကြည်းရေလေ ခါးပတ်ခေါင်းနဲ့ စစ်ထွက်လာတဲ့ စစ်သားဆိုတာ ဒါမျိုး အသေခံဖို့ မဟုတ်ဘူး။ စစ်စိမ်းရောင် ၀တ်ပြီး တာဝန်ထမ်းဆောင်တာ မင်းတို့ ဆန္ဒပြ ဆူပူသူလောက်မှ တန်ဖိုးမရှိဘူး ထင်နေသလား
 ဒီလို အဖမ်းဆီး ခံရသူတွေအတွက် ဘယ် နိုင်ငံချစ် ပုဂ္ဂိုလ်တွေ တာဝန်ယူမှာလဲ
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


ဆယ်စုနှစ်ပေါင်းများစွာ အဂတိလိုက်စားတဲ့ အစိုးရအုပ်ချုပ်ရေး ကြောင့်သာမက၊ မလုံလောက် တဲ့ နိုင်ငံတကာ အကူအညီ အထောက်အပံ့ပေးရေး အနေအထား အောက်က မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်မှာ ၀မ်းနည်းစရာ ကောင်းလောက်အောင် ချို့တဲ့အားနည်းတဲ့ ပြဿနာတွေ ရှိနေပါတယ်။ နောက်ဆုံး ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ဦးဆောင်တဲ့ ကလေးတွေအတွက် အာဟာရထောက်ပံ့ရေး အစီအစဉ်က တဘက်တလမ်းကနေ ဒီပြဿနာကို ဖြေရှင်းရတဲ့အထဲမှာ ပါဝင်လာပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေ အကြီးအကျယ် ရှိနေတယ်ဆိုတဲ့အကြောင်း AP သတင်းကို အခြေခံပြီး မမိုးဖြူ တင်ပြထားပါတယ်။

ရိုးသားစင်ကြယ်တဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်ထားကြပေမဲ့ နံရိုးတွေ ပေါ်နေအောင် ပိန်လှီနေတဲ့ ခန္ဓာကိုယ် ပိုင်ရှင်လေးတွေကတော့ မြန်မာနိုင်ငံရဲ့ ဆင်းရဲတဲ့ လူနေ ရပ်ကွက်တွေမှာ တွေ့ရတဲ့ ကလေးလေးတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတ၀ှမ်းမှာ ထောင်သောင်းချီတဲ့ ကလေးငယ်တွေဟာ အာဟာရချို့တဲ့တဲ့ ဝေဒနာ ခံစားနေကြရ ပါတယ်။ စုစုပေါင်း ကလေးဦးရေရဲ့ သုံးပုံတပုံကျော်က အာဟာရ ချို့တဲ့လို့ ကြီးထွားမှု နှေးကွေးတဲ့ ဝေဒနာ ခံစားနေကြရတာပါ။ အဂတိ လိုက်စားမှုနဲ့ အစိုးရ စီမံ အုပ်ချုပ်ရေး ချွတ်ချော် မှားယွင်းမှုတွေ ပေါင်းလိုက်တဲ့အခါ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူထုကျန်းမာရေး စောင့်ရှောက်မှု အညံ့ဖျင်းဆုံး တိုင်းပြည်တွေထဲမှာ ရှေ့ဆုံးက ပါလာပါတယ်။ အတိအကျ ပြောရရင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ အညံ့ဆုံး လူထုကျန်းမာရေး စောင့်ရှောက်မှုစနစ် ရှိတဲ့ နိုင်ငံစာရင်းမှာ မြန်မာက ဒုတိယ စွဲပါတယ်။

ဒီလို အခြေအနေမှာ မြန်မာနိုင်ငံက ကလေးတွေကို အကူအညီပေးနေတဲ့ အဖွဲ့တခုက ယူနီဆပ်ဖ် (UNICEF) လို့ခေါ်တဲ့ ကမ္ဘာ့ကလေးငယ်များ ရန်ပုံငွေအဖွဲ့ ပါ။ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာ တွေ့ရတဲ့ ယိုယွင်းပျက်စီးနေတဲ့ ကျေးလပ်ကျန်းမာရေး စောင့်ရှောက်မှုဌာန တခုကို ကြည့်ရင် နှစ်ပေါင်းများစွာ ကမ္ဘာကြီးက မေ့ထားကြတဲ့ မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှုရဲ့ ဆင်းရဲချို့တဲ့ ညံ့ဖျင်းမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။ လျှို့ဝှက်တဲ့ မြန်မာစစ်အာဏာရှင် အစိုးရဟောင်းက စစ်အသုံးစရိတ် တခုကိုပဲ ဦးစားပေးပြီး တိုင်းပြည် လူထုအရေးအတွက် သုံးစွဲ ဆောင်ရွက်ရမယ့် ကိစ္စတွေကို ရာစုနှစ် တ၀က်လောက်ကြာအောင် လစ်လျူရှု ထားခဲ့တာပါ။

၂၀၀၈ ခုနှစ်က ကျန်းမာရေးဘက်မှာ လူတယောက်အတွက် ပျမ်းမျှ တဒေါ်လာ ဒါမှမဟုတ် ကျပ် ၈၀၀ ထက် နည်းပြီးတော့ မြန်မာအစိုးရက သုံးစွဲခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ကိုယ့်ပြည်သူအတွက် ကျန်းမာရေး စောင့်ရှောက်တဲ့နေရာမှာ အဖျင်းဆုံး ကျန်းမာရေးစနစ်လို့ ပြောရမှာပါ။ အခုလို ငွေကြေးဆေးဝါး အထောက်အပံ့ ချို့တဲ့လှပေမဲ့ ကိုယ်တတ်နိုင်သမျှ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အမျိုးသမီးတချို့ကတော့ ဆင်းရဲသားတွေကို နေ့စဉ် ဆေးကုသပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးနေပါတယ်။ သူတို့တွေဟာ ရရာ ယာဉ်တစီးကို တား စီး၊ ဒါမှမဟုတ်လည်း လမ်းလျှောက်ပြီး လူနာတွေဆီအရောက် သွားကြရပါတယ်။ အမျိုးသား အာဟာရ ကျန်းမာရေးအဖွဲ့နဲ့ ပေါင်းပြီးတော့ ၂၀၁၂ ခုနှစ် မေလတုန်းက ယူနီဆပ်ဖ် က ဧရာဝတီ၊ သာပေါင်း မြို့နယ်မှာ ခြောက်လနဲ့ သုံးနှစ်ကြား ကလေး ၃ ထောင်လောက်ကို အာဟာရ ထောက်ပံ့ရေး လုပ်ငန်း စခဲ့ပါတယ်။

ဒီဆေးခန်းလေးမှာရှိတဲ့ ၁၀ ယောက်မပြည့်တဲ့ သူနာပြုတွေဟာ ရွာပေါင်း ၁၅ ရွာက လူ ၃ ထောင်လောက်ကို လှည့်ပြီးတော့ ဆေးကုရတာပါ။ သန်ကောင် အပါအ၀င် ရောဂါ ပိုး အန္တာရာယ်နဲ့ ကြုံနေရတဲ့ ဒီဒေသမှာ ကလေး မီးဖွားပေးတာ၊ ကာကွယ်ဆေး ထိုးပေးတာ အပြင် ၀က်သက်၊ ငှက်ဖျားနဲ့ အာဟာရ ချို့တဲ့ တဲ့ ရောဂါတွေကိုပါ သူတို့ စောင့်ရှောက် ကုသပေးရတာပါ။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် အမေတွေမှာ သွေးအားနည်း ရောဂါ အဖြစ်များတာကြောင့် ဆီးဖြူကွင်း ရွာ ကျန်းမာရေး လုပ်သားတွေက နှစ်လနဲ့ သုံးနှစ်ကြား ကလေးငယ်တွေကို အာဟာရ အားဖြည့်တာတွေ ဝေငှရပါတယ်။ မြစ်ဝကျွန်းပေါ်မှာ ဖြစ်လေ့ရှိတဲ့ ရေလွှမ်းမိုးမှုက သွေးအားနည်း ရောဂါ ဖြစ်စေတဲ့အကြောင်း တခုပါလို့ ယူနီဆပ်ဖ် က အဟာရဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ ကျော်ဝင်းစိန်က အခုလို ပြောပါတယ်။

“တကိုယ်ရည် သန့်ရှင်းမှုနဲ့ ရေသန့်ရှင်းမှု လိုအပ်တဲ့ ပြဿနာတွေ ရှိပါတယ်။ ဒီဒေသမှာ ရေကြီးတာကလည်း မကြာခဏ ဖြစ်တတ်ပါတယ်။ ရေသန့်ရဖို့ အခက်အခဲ ရှိတဲ့အခါ တကိုယ်ရည် သန့်ရှင်းဖို့ ခက်သလို ကူးစက်ရောဂါ ပိုးတွေ ရှိလာပြီး သွေးအားနည်း ရောဂါ လည်း ဖြစ်လာပါတယ်။”

ဆင်းရဲလွန်းလို့ အစား ၀အောင် မစားရတာ၊ အမေနို့ မတိုက်နိုင်တာ စတဲ့ ပြဿနာတွေကြောင့် အာဟာရ ချို့တဲ့လာတယ် လို့လည်း သူက ရှင်းပြပါတယ်။

“အဓိက အချက်ကတော့ သုံးခု ရှိပါတယ်။ နံပါတ် တစ်၊ အစားအစာ မလုံလောက်တာ။ နံပါတ် နှစ်၊ ရောဂါ ပျံ့ပွားတာ။ နံပါတ်သုံး ကတော့ အရေးကြီးဆုံးပါပဲ။ မြန်မာနိုင်ငံမှာ ကလေးကို မိခင်နို့ တိုက်နှုန်းက သိပ်နည်းပါတယ်။ ဖြည့်စွက် အာဟာရ ကျွေးတာကလည်း အရမ်းနည်းပါတယ်။ ဒါကြောင့် ကလေးတွေမှာ အာဟာရ ချို့တဲ့ကြပါတယ်။”

ယူနီဆပ်ဖ် ရဲ့ ဖြည့်စွက် အာဟာရထုပ်ထဲမှာ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ ပါတာကြောင့် သံဓာတ်နဲ့ တခြား လိုအပ်တဲ့ အာဟာရ ချို့တဲ့မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ခုလို ဖြည့်စွက် အာဟာရထုပ်တွေ ဝေပေးပြီးတဲ့အခါ အာဟာရ နည်းလို့ ကလေးတွေ နေမကောင်းဖြစ်တဲ့နှုန်း သိသိသာသာ ကျသွားပါတယ်။ ဒါပေမဲ့လည်း ကလေးတွေ အာဟာရ မပြည့်တဲ့ပြဿနာ ကို ဖြေရှင်းနိုင်ဖို့ အရေးကြီး လိုသေးတယ်၊ ဖြည့်စွက် အာဟာရ ရဖို့နေနေသာသာ၊ ပုံမှန် ထမင်း နှစ်နပ်စားဖို့တောင် မနည်း ရုန်းကန်နေကြရတာပါလို့ ဆရာဝန်တယောက်က ခုလို ရှင်းပြပါတယ်။

“အဓိက ကတော့ အာဟာရ ပြည့်ဝအောင် သားငါး၊ အသီးအရွက် အဲဒါတွေ သူတို့ မစားနိုင်ဘူး။ အာဟာရ ပြည့်ဝဖို့ထက် စားရေးဝတ်ရေး နေရေးက အဓိက အခက်အခဲ ရှိတယ်။”

၂၀၀၉ ခုနှဟ်တုန်းက အိမ်နီးချင်း ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို နိုင်ငံက ပြည်သူ တဦးချင်း ဟာ နိုင်ငံတကာ အကူအညီ ၂၄ ဒေါ်လာကနေ ဒေါ်လာ ၅၀ လောက် ရနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ က ၇.၅ ဒေါ်လာလောက်ပဲ ရခဲ့တာပါ။ အခုတော့ အဲဒီ မြန်မာနိုင်ငံဟာ ကိုယ့်ဖာသာ ပိတ်ထားခဲ့တဲ့ တံခါးကို ဖွင့်လိုက်ပါပြီ။ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွေ ဖြေလျှော့ပြီး အမေရိကန် သမ္မတ အိုဘားမားလည်း အလည်အပတ် ရောက်လာခဲ့ပါပြီ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ သမိုင်း စာမျက်နှာသစ် တကယ် စပြီး လူထုလည်း ကျန်းမာရေး စောင့်ရှောက်မှု ပိုရလာမယ်လို့ မျှော်လင့်ရပါတယ်။


Copy From VOA Burmese
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

165
မိုဘိုင်းဟန်းဆက်ဈေးရောင်းပွဲတစ်ခုမြင်ကွင်း
ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဆင်းကတ်များကို ကျပ်တစ်သိန်းခွဲဖြင့် ရောင်းချခြင်းများရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ယင်းသို့ ရောင်းချရာတွင် မိမိအမည်ပေါက်မဖြစ်ဘဲ ဖုန်းစာချုပ်တွင် အခြားသူအမည်ဖြင့် ရှိနေမည်ဖြစ်သော်လည်း ၎င်း၏မှတ်ပုံတင်မိတ္တူပါ ပူးတွဲပါဝင်ပြီး လိုအပ်သောကိစ္စများကို ဆောင်ရွက်နိုင်မည်ဟု သိရသည်။
“လှည်းတန်းက ဆိုင်တစ်ဆိုင်မှာ ဂျီအက်စ်အမ်ဆင်းကတ်တွေကို ကျပ်တစ်သိန်းခွဲနဲ့ ရောင်းတယ်။ အဲဒီ ဆိုင်က ဟန်းဆက်ကိုဝယ်မှ ကျပ်တစ်သိန်းခွဲနဲ့ ၀ယ်နိုင်ပြီး ဟန်းဆက်မ၀ယ်ရင်တော့ ကျပ် ၁၆၀၀၀၀ ပါ။ WCDMA ဆင်းကတ်တွေကိုတော့ ကျပ်နှစ်သိန်းခွဲနဲ့ပဲ ရောင်းတယ်။ ကိုယ့်အမည်ပေါက် မဖြစ်တာကလွဲရင် မှတ်ပုံတင်မိတ္တူ ပါလာလို့ အင်တာနက် လျှောက်ချင်တာပဲဖြစ်ဖြစ် လုပ်ဆောင်လို့ ရနိုင်တယ်လို့ ပြောပါတယ်။ နံပါတ်ကတော့ ၄၂၀ နဲ့စပြီး ရန်ကုန်နံပါတ်လို့ ဆိုပါတယ်” ဟု ဂျီအက်စ်အမ်ဆင်းကတ် စုံစမ်းဝယ်ယူ ခဲ့သူတစ်ဦးက ပြောပြသည်။
“ဒီရက်ပိုင်းမှာ ဆင်းကတ်ဝယ်လိုအားက ခပ်ပါးပါးပဲ။ ပုံမှန် ရောင်းဈေးကတော့ ကျပ် ၂၀၅၀၀၀၊ ကျပ် ၂၁၀၀၀၀ နဲ့ ရောင်းကြပါတယ်။ လုံးဝမရောင်းရတာမျိုးတော့ မဟုတ်ဘူး။ အရင်ကထက်စာရင်တော့ သိသိသာသာပါးတယ်။ အရင်တစ်ရက်ကို သုံးကတ်လောက် ရောင်းရတယ်ဆိုရင် အခုက တစ်ပတ်ကိုမှ သုံးကတ်လောက်ရောင်းရတာမျိုးပါ” ဟု 09 Mobile မှ တာဝန်ရှိသူက လက်ရှိဈေးကွက် အခြေအနေကို ပြောပြခဲ့သည်။
၂၀၁၃ နှစ်ဆန်းပိုင်းတွင် ယခုဈေးနှုန်းထက် လျော့နည်းသော ဆင်းကတ်များကို ရောင်းချပေးနိုင်ရန် စီစဉ်မှုများရှိနေပြီး ကျပ်တစ်သိန်းခွဲအောက်ထိ လျော့နည်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက ပြောကြားထားခဲ့ သည်။            


Copy From Eleven Media Group Web page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

မြန်မာ့လေကြောင်းမှ ၀ယ်ယူထားသော EMBRAER 190 လေယာဉ်သစ်တစ်စီးသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် လက်ရှိအသုံးပြုနေသည့် သက်တမ်းရင့် လေယာဉ်များနေရာတွင် လေယာဉ်သစ်များ အစားထိုးပျံသန်းပြေးဆွဲရန် ဆောင်ရွက်လျက်ရှိပြီး ပထမဆုံးအနေဖြင့် EMBRAER 190 လေယာဉ်သစ်နှစ်စီးအား အမေရိကန်နိုင်ငံ GE Capital Aviation Services ကုမ္ပဏီမှ အငှားဝယ်ယူသည့် စနစ်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
''EMBRAER 190 လေယာဉ်က ခရီးသည် ၁၀၀ တင်ဆောင်နိုင်မှာဖြစ်ပြီး ပြည်တွင်းခရီးစဉ်တွေအပြင် ဗုဒ္ဓဂါယာ၊ ချင်းမိုင်မြို့တွေကိုပါ ခရီးစဉ်တွေ ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ စင်းလုံးငှား ခရီးစဉ်တွေကိုလည်း လက်ခံပေးသွားဖို့ ရှိပါတယ် '' ဟု မြန်မာ့လေကြောင်းမှ အထွေထွေမန်နေဂျာ ဦးသန်းထွဋ်က ပြောပါသည်။
ယခုရောက်ရှိလာသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များသည် Air-Bus A 320 လေယာဉ်များထက် ထိုင်ခုံနေရာ ကျယ်ဝန်းခြင်း၊ လေယာဉ်အပိုပစ္စည်းဈေးနှုန်း သက်သာခြင်းနှင့် လေယာဉ်ပျံသန်းမှု သမိုင်းတွင် မတော်တဆ ထိခိုက်မှု တစ်ကြိမ်တည်းသာ ဖြစ်ခဲ့ခြင်း စသည့်အချက်များကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လေကြောင်းလိုင်းများမှ ၀ယ်ယူရန် စိတ်ဝင်စားလာကြောင်း သိရသည်။
မြန်မာ့လေကြောင်းအနေဖြင့် ရောက်ရှိလာသည့် ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ်နှစ်စီးအား အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၊ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ပြည်တွင်း၌ အသုံးပြုနေသည့်နှစ် ၃၀ ကျော်သက်တမ်းရှိ F-28 လေယာဉ်များနေရာတွင် အစားထိုးပြေးဆွဲသွားမည်ဟု သိရသည်။
မြန်မာ့လေကြောင်းတွင် လေယာဉ်အမျိုးအစား လေးမျိုးဖြစ်သည့် F-28 သုံးစီး၊  ATR သုံးစီး၊ MA-60 သုံးစီး၊ Beech-1900D နှစ်စီး ရှိသည့်အနက် F-28 လေယာဉ်များမှာ သက်တမ်းရင့်လာပြီဖြစ်သဖြင့် EMBRAER190 လေယာဉ်သစ်များဖြင့် အစားထိုးပြေးဆွဲနိုင်ရန် လေယာဉ်သစ်များကို အငှားဝယ်ယူခဲ့ခြင်းဖြစ်သည်။

Copy From Eleven Media Group Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသည့် ဒေသများတွင် ပါဝင်သော ရှမ်းပြည်နယ် အရှေ့ပိုင်း၌် ဘိန်းခင်းများ စတင် ဖျက်ဆီးပြီ ဖြစ်ကြောင်း မိုင်းဆတ် ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က The Voice Weekly သို့ ပြောကြားသည်။


“တပ်မတော်က လုံခြုံရေး လိုက်ပြီး ဖျက်ဆီး နေတာပါ။ ဖျက်ဆီးတဲ့ စာရင်းကို တရားဝင် ထုတ်ပြန်မှာ ဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။

မိုင်းဆတ် ခရိုင် အတွင်းရှိ ဘိန်းခင်းများကို မူးယစ် ဆေးဝါနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ကာကွယ် တားဆီးရေး အဖွဲ့၊ ဌာနဆိုင်ရာ များနှင့်ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ ပါဝင်သော အဖွဲ့ ၁၂ဖွဲ့ဖြင့် သွားရောက် ဖျက်ဆီးခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။ ထော့ထမ်မိုင် ကျေးရွာမှ ဒေသခံ တစ်ဦးကမူ “ဒီနှစ်တော့ ဘိန်းအထွက် နည်းနိုင်တယ်။ မိုးရွာတော့ ဘိန်းခင်း တော်တော်များများ ပျက်စီး တယ်လို့ ကြားတယ်” ဟု ဆိုသည်။

မြန်မာ နိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့ ဒုတိယ ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံအဖြစ် ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာ ရုံး၏ အစီရင် ခံစာတွင် ဖော်ပြ ထားသည်။ မြန်မာနိုင်ငံတွင် ဘိန်းအများဆုံး စိုက်ပျိုးသော ဒေသ များမှာ ရှမ်းပြည်နယ် ၏ အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ကချင်ပြည်နယ် ဖြစ်ကြပြီး ၉၀ ရာခိုင်နှုန်းမှာ ရှမ်းပြည်နယ်တွင် စိုက်ပျိုးခြင်း ဖြစ်သည်ဟု အစီရင် ခံစာတွင် ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံသည် ဘိန်းတန်ချိန် ၆၁၀ တန်ချိန်မှ ၆၉၀ တန်ချိန် တိုးမြှင့် ထုတ်လုပ် ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၅၉ သန်းဖိုး ထုတ်လုပ် ခဲ့သည်ဟုလည်း ပါရှိသည်။

မင်းဇော် (မိုင်းတုံ)


Copy From The Voice Weekly Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်အရ ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ ၃/ခ ရပ်ကွက်နှင့် အခြေခံပညာအလယ်တန်းကျောင်းတို့သို့ဆက်သွယ်ထားသောဘူတာရုံဟောင်းလမ်းမကြီးအား ပိတ်ဆို့ဆောင် ရွက်ထားရခြင်းဖြစ်ကြောင်း”  (သ.မ.က) တပ်မှူးမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသည်ကိုပြန်လည်ဖြေ ကြားသည်။နေ့စဉ်ပညာသင်ကြားရန်အတွက် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်း၊မင်္ဂလာဒုံ၊ အောင်ဆန်း သူရိယလှသောင်ကျောင်း၊အထက (၂) မင်္ဂလာဒုံ ကျောင်းများရှိရာသို့ သွားနေကြရသည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသားကျောင်းသူများနှင့် ထို့နည်းအတူ နေ့စဉ်နှင့်အမျှဝမ်းရေးအတွက်လှုပ်ရှားရန်အတွက် ပြည်လမ်းရှိ စာတိုက်မှတ်တိုင်သို့ တိုင်းပြည် တာဝန် ထမ်းဆောင်နေကြသောဝန်ထမ်းများ၊ ၀မ်းစာရှာနေကြရသောလုပ်သားများ၊ ရောင်းချစားသောက် နေကြရသော ဈေးသည်များ၊ ဆွမ်းခံကြွနေသော ရဟန်းသံဃာတော်များ၊ အခြားကိစ္စအမျိုးမျိုးဖြင့်သွားလာနေရသော ပြည်သူလူထုများ သွားလာနေသောမင်္ဂလာဒုံမြို့နယ်ရှိ ဘူတာရုံဟောင်းလမ်းမကြီးအား တပ်မတော်မှ ပိတ်ဆို့ ထားသောကြောင့် သွားရေးလာရေးခက်ခဲမှုဒုက္ခများနေ့စဉ်နှင့်အမျှရှိနေသည်ဟု မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၁)၊ ၃-လမ်း ၊ ၃/ခ ရပ်ကွက်မှ ရပ်မိရပ်ဖဖြစ်သော ဦးလှဌေးမှပြောသည်။ထိုသို့သွားရေးလာရေးခတ်ခဲခဲ့ပြီး အများပြည်သူများ ဒုက္ခရောက်ခဲ့သည်မှာ (၃-၆-၂၀၁၂)နေ့ ကတည်းကဖြစ် သည်။ ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်ရှိ၊အမှတ် ၃/က ရပ်ကွက်၊ အမှတ် ၃/ခ ရပ်ကွက်၊အမှတ် ၁/က စံပြရပ်ကွက်၊(ချစ်တီးကုန်း)၊အမှတ် ၂/ခ ရပ်ကွက်များတွင်နေထိုင်လျက်ရှိသော ခန့်မှန်းလူဦးရေ (၁၆၀၀၀) ကျော်ခန့်မှာ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀)ကျော်ကတည်းက လွတ်လပ်စွာအသုံးပြုသွားလာနေခဲ့သော တပ်မတော်စစ်ဆေးရုံကုတင် (၁၀၀၀)၏ အရှေ့ဘက်စာတိုက်ကားမှတ်တိုင်အနီိး ယခင်မင်္ဂလာဒုံဘူတာဟောင်း သို့ဦးတည်ဆက်သွယ်ထားသောလမ်းမကြီးအား တပ်မတော်သားဖွားမီးယပ်နှင့်ကလေးဆေးရုံကုတင် (၃၀၀)နှင့် တပ်မတော်သူနာပြုတက္ကသိုလ်တို့မှ (၂၈-၅-၂၀၁၂) ရက်နေ့တွင် ခြံစည်းရိုးများနှင့်သံတံခါးမကြီးများပြုလုပ်တပ် ဆင်ခဲ့ပြီး (၃-၆-၂၀၁၂) နေ့မှစ၍ ယနေ့ထိတိုင် တံခါးများအား သော့ခတ်ပိတ်ဆို့ထားခဲ့ပါသည်။ထိုသို့ပိတ်ဆို့ထားမှုကြောင့် အထပ်ဖော်ပြပါရပ်ကွက်များမှ နေ့စဉ်သွားလာနေကြသောကျောင်းသား၊ကျောင်းသူ လူမမယ်လေးများ၊ဆရာ၊ဆရာမများ၊အစိုးရ၀န်ထမ်းများ၊ကုမဏီဝန်ထမ်းများ၊ဈေးသည်များ၊ရဟန်းသံဃာများ၊သက်ကြီးရွယ်အိုများမှာ ထိုလမ်းမထက် အဆပေါင်းများစွာဝေးကွာလှသော အခြားလမ်း (ခရေပင်လမ်းမကြီး)မှ ကွေ့ပက်၍သွားလာနေရသောကြောင့် မလိုလားအပ်သောအချိန်များစွာကုန်ခြင်း၊လူပင်ပန်းခြင်း၊ကားများအချိန် ပြည့်ရှုပ်ထွေးသောလမ်းမကြီးဖြစ်သဖြင့် ကျောင်းသား၊ကျောင်းသူများနှင့်ကလေးသူငယ်များအဖို့ ယာဉ်အန္တရာ ယ်များစိုးရိမ်ရခြင်းကြောင့် မိဘ မောင် အမများက နေ့စဉ်နှင့်အမျှ ဆင်းရဲဒုက္ခခံပြီး သက်သက်အချိန်ပိုကုန်နေ ကြရပါသည်။ထို့ကြောင့် ရပ်ကွက်နေပြည်သူများမှစုပေါင်း၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတင်ပြရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ သက်ဆိုင်ရာတာဝန်ရှိသူများသို့ ဆက်လက်တင်ပြနိုင်ရေးအတွက် ကြိုးပမ်းခဲ့သော်လည်းတွေ့ခွင့်မရခဲ့ကြောင်း၊ “တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းသောအခါ ထိုကိစ္စမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း”၊  (သ.မ.က) တပ်မှူးမှ ပြန်လည်ဖြေကြားခဲ့ပါသည်။ထို့ကြောင့်မြို့နယ်အုပ်ချုပ်ရေး မှူးသို့ဆက်လက်တင်ပြခဲ့သော်လည်း မည်သို့မျှတာဝန်ယူဖြေရှင်းမပေးနိုင်ခဲ့သောကြောင့် ” ၊(၄) ရပ်ကွက်နေပြည် သူများမှာ များစွာအတိဒုက္ခရောက်လျက်ရှိကြောင်း ရပ်မိရပ်ဖဖြစ်သော ၄င်း ဦးလှဌေးမှ ပြောသည်။ရဟန်းရှင်လူ၊ပြည်သူများ၏ကြုံတွေ့နေရသော ဒုက္ခကို တာဝန်ရှိသူအဆင့်ဆင့်ထံသို့ တင်ပြခဲ့သော်လည်း မည်သို့မျှ တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိပါသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ၀န်ကြီးချုပ် ဦးမြင့်ဆွေထံသို့ အသနားခံစာကို (၂၄-၆-၂၀၁၂) နေ့ရက်စွဲပါစာမူဖြင့်တင်ပြခဲ့သော်လည်း “ယနေ့အချိန်ထိ တစ် စုံတရာအကြောင်းမထူးသေးကြောင်း၊ဒီအတိုင်းသာဆို ခန့်မှန်းလူဦးရေ (၁၆၀၀၀) ကျော်ခန့်နေထိုင်ကြသော (၄) ရပ်ကွက်နေ ရဟန်းရှင်လူ ပြည်သူများမှာ ရေဘေး၊မီးဘေးအတွက်အထူးစိုးရိမ်ရကြောင်း၊အကယ်၍ အခန့် မသင့် မီးဘေးများနဲ့ ကြုံတွေ့ခဲ့ရလျင် မီးသတ်ကားများ အ၀င်အထွက်လုံးဝမရနိုင်ကြောင်း၊သို့ပါသောကြောင့် အများပြည်သူများအား သနားငဲ့ညာသောအားဖြင့် ယခင်ကအတိုင်း လွတ်လပ်စွာသွားလာအသုံးပြုခွင့်ရရှိရေး အတွက် ပြည်သူပိုင်လမ်းအဖြစ်အမြန်ပြန်လည်သတ်မှတ်ပေးစေလိုကြောင်း” ၃/ခ ရပ်ကွက်၊ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ကပြောသည်။
­­

ကိုဆက်


Copy From Hot News Weekly Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

မုံရွာမြို့တွင် ကျောင်းတိုက်အသီးသီးမှ သံဃာတော်များနှင့် ချောင်းဦးမြို့မှ ကြွရောက်လာသော သံဃာ အပါး ၃၀၀ အပါအ၀င် စုစုပေါင်း သံဃာအပါး ၂၀၀၀ ကျော်သည် ယနေ့မွန်းလွဲ ၁၂ နာရီကျော်တွင် မုံရွာမြို့ ရွှေစည်းခုံစေတီတော်ရင်ပြင်ပေါ်၌ စတင်စုဝေးကြွချီလာပြီး မွန်းလွဲ ၁ နာရီဝန်းကျင်မှစတင်၍ ရွှေစည်းခုံစေတီတော်မြောက်ဘက်မုခ်မှ စတင်ကာ မုံရွာမြို့တွင်းသို့ ငြိမ်းချမ်းစွာ ကြွချီခဲ့ကြသည်။
ရွှေစည်းခုံစေတီတော်မြောက်ဘက်မုခ်မှ ဘူတာလမ်း၊ သာစည်လမ်း၊ ပေရှစ်ဆယ်လမ်း၊ ကျောက္ကာလမ်း၊ ဗိုလ်ချုပ်လမ်း၊ မြို့ပတ်လမ်း၊ ကမ်းနားလမ်း၊ သို့ သံဃာတော်များက မေတ္တာပို့၍ ငြိမ်းချမ်းစွာ ကြွချီကာ မွန်းလွဲ ၃ နာရီခွဲတွင် ရွှေစည်းခုံစေတီတော်သို့ ပြန်လည် ကြွချီရောက်ရှိလာကြသည်။ ထို့နောက် သံဃာတော်များသည် ကျောင်းတိုက်အသီးသီးသို့ ပြန်လည် ကြွချီခဲ့ကြသည်။ မြို့တွင်းသို့ သံဃာတော်များ မေတ္တာပို့၍ ကြွချီရာတွင် ဒေသခံ ပြည်သူ ၂၀၀ ၀န်းကျင် လိုက်လံအားပေးခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀ ၀န်းကျင်မှာလည်း အရပ်ဝတ်ဖြင့် တာဝန် ထမ်းဆောင်နေသည်ကို တွေ့ရပြီး မြို့ခံပြည်သူများက သံဃာတော်များကို ရေချမ်းနှင့်ဖျော်ရည်များ ဆပ်ကပ်ကြကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။
မုံရွာမြို့မှ သံဃာတော်များ ယနေ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းမှာ ဒီဇင်ဘာ ၈ ရက်တွင် အခြားမြို့ များနည်း တူ မုံရွာမြို့မှ သံဃာတော်များကလည်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်၍ အစိုးရကို တောင်းဆိုချက် များပြုလုပ် ခဲ့ခြင်းဖြစ်သည်။ သို့သော် တောင်းဆိုချက်များကို အစိုးရက ကျေနပ်လက်ခံအောင် ဆောင်ရွ က်ပေးခြင်းမရှိသောကြောင့် ထပ်မံဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး အောက်ပါအချက်များကို အစိုးရအား ထပ်မံတောင်း ဆိုလိုက်သည်။
၁။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ဒေသခံများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ကျေနပ် လက်ခံအောင် ဆောင်ရွက်ပေးရန်။( စုံစမ်းရေးကော်မရှင် ဆက်လုပ်မည်)
၂။ အကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်၍ သံဃာထုတစ်ရပ်လုံးအား နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ေ ထာင် စုအဆင့် ၀န်ချတောင်းပန်ရန်။ (ပြည်ထောင်စုဝန်ကြီးတောင်းပန်ပြီး)
၃။ အကြမ်းဖက်နှိမ်နင်းမှုတွင် ပါဝင်ပတ်သက်သော ပုဂ္ဂိုလ်များအား ထိရောက်စွာ အရေးယူပေးရန်။
၎။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန် လွှတ်ပေးရန်။(ပြီး)
၅။ သမိုင်းဝင် ဘာသာ၊ သာသနာ အမွေအနှစ်များအား ဖျက်ဆီးခြင်းကို ချက်ချင်းရပ်ဆိုင်းပေးရန်။ (သမ္မတ စာထွက်ပြီး)
၆။ သံဃာတော်များအား ယခုလို မီးလောင်၍ ထိခိုက်ဒဏ်ရာရရှိနေမှုကို နိုင်ငံတော် သံဃာ့ မဟာနာယကဆရာတော်များအနေဖြင့် ကြည့်နေရက်ကြပါသလား? မကြည့်ရက်ဘူးဆိုလျှင် နိုင်ငံတော် အစိုးရအား ရှုတ်ချကြောင်း စာတစ်စောင်ထုတ်ပေးပါရန် နိုင်ငံတော် သံဃာ့မဟာနာယက နာယက ဆရာတော် များအား လျှောက်ထားတောင်းဆိုအပ်ပါသည်။ 
- မုံရွာသံဃာတော်များ
ထိုတောင်းဆိုချက်များကိုလည်း လိုက်လျောဆောင်ရွက်ပေးခြင်းမရှိပါက နေ့စဉ် ဆန္ဒဖော်ထုတ် သွားမည်ဖြစ်ပါကြောင်း နိုင်ငံတော်အစိုးရအား အသိပေးကြေညာအပ်ပါသည် ဟု ဖော်ပြပါရှိသည်။




Copy From Opposit Eye
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati



 

ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်နေသည်ဟု ထုတ်လွှင့်နေသော အယ်ဂျာဇီးယားသတင်းဌာနမှ Hidden Genocide ရုပ်သံအစီအစဉ်ကိ အချိန်ကုန်ခံချေပသွားမည်မဟုတ်ြေ ကာင်းနယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောသည်။

''လူမျိုးတုံးသတ်ဖြတ်တယ် ဆိုတာကိုကိုယ့်ဦးနှောက် ဥာဏ်လေးနဲ့စဉ်းစားဖို့ပေါ့။

၉၈ဝ ခုနှစ်မှာ အဲဒီလူမျိုးနှစ်သိန်းခွဲရှိတာ ကနေ ၂ဝ၁၂ ခု နှစ်ရောက်တော့ ၁ဝ သိန်း ဖြစ်လာတယ်။ ရခိုင်လူမျိုးအားလုံးလည်း အကြမ်းဖက်တာ မ ဟုတ်သလို၊ဘင်္ဂါလီ အားလုံးလည်းအကြမ်းဖက်တာ မဟုတ်ပါဘူး။ အုပ်စုနှစ်ခုကြားမှာ ဖြစ်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်နိုင်ငံရေးမျှော်မှန်းချက်တွေရှိတာပဲ၊အကောင်အထည် ဖော်တဲ့ နေရာမှာ မီဒီယာနဲ့ရုပ်ပုံခြယ်လေ့ ရှိပါတယ်။ မိမိလိုချင်တဲ့ ပုံစံကိုထုတ်လွှင့်တာကို မူတည်ပြီးချေပသင့်ရင်ချေပမယ်။ မချေပသင့်ရင် အချိန်ကုန်ခံချေပနေမှာ မဟုတ်ပါဘူး''ဟုဝန်ကြီးက ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံရှင်း လင်းပွဲတွင် ပြောကြားသည်။

ယင်းကဲ့သို့ သတင်းထုတ်လွှင့် ခြင်းသည် တစ်ဖက်စောင်းနင်းဆန်နေသော ကိစ္စဖြစ်ကာ လိုအပ်ပါကတရားစွဲဆိုနိုင်သည့်အခြေအနေ အထိရောက်ရှိသွားနိုင်ပြီးရခိုင် တိုင်းရင်းသားများတိုးတက်ရေးပါ တီအနေဖြင့် အချက်အလက်များကို

အသေးစိတ်လေ့လာပြီးထုတ်ပြန်ချက် တစ်ခုထုတ်သွားမည်ဖြစ်ကြောင်းယင်းပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်(အမျိုးသား လွှတ်တော် ကိုယ်စားလှယ်)ကဒီဇင် ဘာလ၁၁ ရက်နေ့တွင်ပြောသည်။

''ရုတ်တရက်နားထောင်တဲ့ အခါဘင်္ဂါလီတွေကို ရခိုင်တွေကမီးရှို့သလို၊သတ်သလို ဖြစ်သွား လိမ့်မယ်၊အဲလိုဖြစ်အောင်သူတို့က ဖန်တီးသွား ကြတာ၊ ပြကွက်တော်တော်များများဟာ ဘင်္ဂလားဒေ့ရှ်မှာ ရိုက်ထား တာဖြစ်ဖို့များတယ်။ အမျိုးသမီးတစ်ယောက်ဆိုသူကိုယ်တိုင်က မုဒိမ်းကျင့်ခံရတယ်။ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောပြီးကာမှ ဘင်္ဂလားဒေ့ရှ်မှာ ဆေးသွားကုတယ်။ အဲဒီအမျိုးသမီးက အခု သေသွားပါပြီဆိုတာမျိုးတွေပေါ့။ အစအန ဖျောက်ပစ်တာမျိုးပေါ့ဗျာ။ လုပ်ကြံထားတယ်ဆိုတာကိုနားထောင်တဲ့ပရိသတ်ကလည်းသိ ပါတယ်။ ဒီဘက်ကအစိုးရကပဲ မကောင်းသလိုလို ဒီကပါတီကပဲအနိုင်ကျင့်ပြီး ကာမှမောင်းထုတ်ပြီး လူမျိုးတုံးသတ် ဖြတ်နေသလိုအစွန်းရောက်တဲ့အကြောင်း ပြော ချင်တာပေါ့။ အခြေအမြစ်မရှိဘဲ ပြောတာဆိုတာမျိုးတွေက လိုအပ် လို့ရှိရင် တရားစွဲတာတို့ ဘာတို့ဖြစ်ကောင်းဖြစ်လာနို င်တယ်''ဟု ၄င်းကဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍မြန် မာအစိုးရအနေဖြင် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် သတင်းထုတ် ပြန်ချက်တစ်ခုဒီဇင်ဘာ ၆ ရက် နေ့ကထုတ်ပြန်ခဲ့ပြီးရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများနှင့် ရခိုင် တိုင်းရင်းသားများအကြား အကြမ်း ဖက်မှုသည်စတင်ဖြစ်ပွားသည် အချိန်မှစ၍ပွင့်လင်းမြင်သာမှုရှိစွာ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း၊ ယင်း အကြမ်းဖက်သည့်နေရာများသို့ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ များ၊အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊သံ တမန်များ၊Muslim Aid အဖွဲ့တို့အပါအဝင် တူရကီ၊ အင်ဒိုနီးရှား၊မလေးရှားစသည့် နိုင်ငံများနှင့်OIC (အစ္စလာမ္မစ်ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့)မှနိုင်ငံခြားရေး ဝန်ကြီးနှင့် အဆင့်မြင့် ကိုယ်စားလှယ် များကိုသွားရောက်ခွင့်ပြုခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင်အစိုးရအနေဖြင့်အကြမ်းဖက်မှုများ အား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက်ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင် ရွက်ခဲ့ပြီးအသေးစိတ်စုံစမ်း ဖော် ထုတ်နိုင်ရန်လွတ်လပ်သည့်စုံစမ်း ရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်းထုတ်ပြန်ချက် အရ သိရသည်။

''စုံစမ်းဖော်ထုတ်ဆဲဖြစ်တာ ကြောင့် အထောက်အထားခိုင်လုံပြီးမှရှင်းလင်းပေးပါ့ မယ်''ဟု ရဲချုပ် ကျော်ကျော်ထွန်း ကစာနယ်ဇင်းရှင်း လင်းပွဲတွင်ဝင်ေ ရာက်ပြောကြားသည်။

လက်ရှိအချိန်တွင်မြန်မာနိုင်ငံမှတပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်နေပြီး မြို့နယ်တစ်ခုချင်းစီအလိုက်ဘင်္ဂါလီအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦး၊ရဲတပ်ဖွဲ့မှတစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စုစုပေါင်း၆ ဦးအဖွဲ့ဖြင့်စစ် ဆေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှ င့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားသည်။

''ကျွန်တော်တို့ကတော့ကုလသမဂ္ဂညီလာခံမှာ အစိုးရရဲ့ ကြေ ညာချက်နဲ့ ထပ်တူဖြစ်ကြောင်း ကြေညာထားတာရှိပါတယ်။ ကျွန်တော်တို့က ချက်ချင်းကြီးမထုတ်ပြန်တာကဖြစ်စဉ်နဲ့ ပတ်သက်လို့အသေးစိတ်လေ့လာဖို့ဘယ်လို အချက်အလက်တွေလဲ၊ ယုတ္တိရှိရဲ့လား၊သူတို့ကဘယ်လိုထောက်ပြ သွားသလဲ၊မှန်ရော မှန်ကန်ရဲ့လား၊ သူတို့မထုတ်လွှင့်ခင်ကတည်းကစောင့်ကြည့်ဖို့ အတွက်အစည်းအဝေးလုပ်ပြီး ပြောထားပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်းအ သေးစိတ်လေ့လာပါ့မယ်။ အခုပြောတာနဲ့ တော့တူချင်မှတူတော့မှာ၊ပြကွက်တစ်ခုချင်း တစ်ကွက်ချင်းပြန်ပြီးကြည့်သွားမှာပါ။ အားနည်းချက်အားသာချက်ပြန်ထောက်ပြဖို့ တော့ရှိပါတယ်။ ကြေညာချက်လေးတစ်ခု ထွက်ပါမယ်။ လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတာ တော့ကျွန်တော်တို့လက်မခံပါဘူး။ သတ်ဖြတ် ရလောက်အောင်လည်းဒီဘက်က ဘာသာဝင်တွေက မရိုင်းပါဘူး။ အတူတူနေဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာပဲ။ နောက်ဆုံး ကျရင်မြေပါယူသွားမယ့် သဘောကို လုပ်ကြံထားတာမျိုးပါ။ ဒါမျိုးလုပ်ကြံနေသမျှ လိမ်ညာနေသမျှပြဿနာကိုပြန်ဆွသလို ဖြစ်လာတာပေါ့''ဟုဒေါက်တာအေးမောင် ကထပ်လောင်းပြောသည်။ ယင်းရုပ်သံထုတ်လွှင့်မှုအတွက်ဒေါက်တာအေးမောင်အား အင်တာဗျူးခဲ့သည့်သတင်းထောက် မှာလန်ဒန်သတင်းဌာနမှဟုအမည်ခံကာ မေးမြန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
 -အောင်ထက် (NYK)

Copy From Myanmar Express
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


၂၀၁၂ ခုနှစ် နိုဝင်ဘာ အတွင်းမှာ ပြည်တွင်း စီးပွားရေး ထိပ်တန်း ကုမ္ပဏီ များဖြစ်သည့် ရွှေသံလွင်၊ ရာဇာမင်း၊ ကံလင်းသူ၊ မြေပြန့်သား၊ မြန်မာ့စည်းစိမ် ကုမ္ပဏီ များ၏ တန်ချိန် ထောင်ချီ ဆံ့သော ဆီတင် သင်္ဘောကြီးများဖြင့် တရား မဝင် မှောင်ခို တင်သွင်းခဲ့ကြောင်း ဒေါက်တာဝင်းမြင့်က ဆက်ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ရှင်းလင်း ရာတွင် "၂၀၀၉ ခုနှစ်တွင် ပြည်ထဲရေး ဝ

န်ကြီးဌာနမှ ထုတ်ပြန်ထား သည့် စက်သုံးဆီတင် သင်္ဘော များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် တားဆီး စစ်ဆေး ပိုင်ခွင့် မရှိ ဟူသည့် အမိန့်ကြောင့် အဆိုပါ တရားမဝင် စက်သုံးဆီ တင်သွင်း နေသည့် သင်္ဘောများအား စစ်ဆေးနိုင်ခြင်း မရှိခဲ့ကြောင်း" ပါဝင်သည် ဟု လွှတ်တော် ကိုယ်စားလှယ် များထံမှ သိရသည်။

နိုဝင်ဘာလ ၂၇ ရက် နေ့ထုတ် Flower News ဂျာနယ်ပါ “ပြည်တွင်း ထိပ်တန်း ကုမ္ပဏီ များက စက်သုံးဆီများ တရားမဝင် ခိုးသွင်းခဲ့၊ နိုင်ငံတော် အနေဖြင့် နှစ်စဉ် ငွေကျပ် ဘီလီယံ ၆၀ နီးပါး ထိခိုက်နေဟု လွှတ်တော်တွင် ထုတ်ဖော်” သတင်းမှ ကောက်နုတ်ချက်ဖြစ်သည်။


Copy From The Voice Weekly Facebook Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ပါမောက္ခ William Schabas – International Association of Genocide Scholars ၏ ဥက္ကဌဟောင်း

မနေ့ကစပြီးပြသတဲ့အယ်လ်ဂျဇီးရားရဲ့မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ “ဖုံးကွယ်ထားတဲ့လူမျိုးတုန်းသတ်ဖြတ်မှု” ဆိုတဲ့ခေါင်းစဉ်မှာ လူမျိုး တုန်းသတ်ဖြတ်မှု (Genocide) အသုံးအနှုန်းကိုကမ္ဘာ့ရှေ့နေတွေကထောက်ခံ ခဲ့တယ်လို့ အဲဒီမှတ်တမ်းရုပ်ရှင် ရိုက်ကူး တဲ့ ဗြိတိန်နိုင်ငံက Mr. Phil Rees ကမနေ့က ဘီဘီစီမြန်မာပိုင်း နဲ့အင်တာဗျူးမှာပြောဆိုလိုက်ပါတယ်။
Mr. Phil Rees ကအခုလိုပြောပါတယ်။ 

“Genocide” ဆိုတဲ့အသုံးအနှုန်းကိုသုံးရတာကတော့လူမျိုးတစ်ခုပျက်စီးရာပျက်စီးကြောင်းသေချာ စီစဉ်ပြီး   တော့ဆောင် ရွက် တဲ့ကိစ္စဆိုလိုရှိရင်ဒီသဘောအဓိပ္ပာယ်သက်ရောက်တယ်ဆိုပြီးတော့ Genocide Convention သဘောတူ စာချုပ်တွေ မှာပါ သလိုရှေ့နေရှေ့ရပ်တွေနဲ့ လည်းတိုင်ပင်ပြီးတော့မှဒီလိုသုံးရ တာဖြစ်ပါတယ်။ လူတွေကိုအစုလိုက် အပြုံ လိုက်သတ်တဲ့ကိစ္စမျိုး၊ ဥပမာ ဂျာမဏီမှာဒီဂျူးတွေကိုသတ်တဲ့ ကိစ္စမျိုးကျမှ Genocide လို့ပြောတာမဟုတ်ပါဘူး။ ရခိုင်ပြည် ရဲ့ပြဿနာကိုကြည့်မယ်ဆိုလို့ရှိရင် ရိုဟင် ဂျာတွေကိုရည်ရွယ်ချက်ရှိရှိနဲ့လူဦးရေမတိုးအောင်လို့ လူသား အဖြစ်ရပ် တည်မှုမရအောင်လို့ ပြီးတော့ ခရီး သွား လာခွင့်ကန့်ကွက်တာတွေ၊ ပညာရေးအရဖိနှိပ်တာတွေ ဒါတွေဟာသူ တို့ရဲ့ရှင်သန် ခွင့်ပိတ်ပင် တားမြစ် တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ရှေ့နေတွေကလည်းဘဲ Genocide ဆိုတဲ့အဓိပ္ပာယ်နဲ့ ကိုက်ညီ တယ်။ ကျွန်တော်တို့ဒီအခုတင်ပြတဲ့ Documentary ထဲမှာလည်းဘဲ ကျွန်တော်မေး တဲ့ရှေ့နေကရှင်းပြထား ပါတယ်။” 

မြန်မာအစိုးရကကန့်ကွက်တာနဲ့ပတ်သက်ပြီးတော့ Mr. Phil Rees က - 
“ကျွန်တော့်အနေနဲ့ရခိုင်အစိုးရဘက်ကအာဏာပိုင်တွေနဲ့စကားပြောဖြစ်ပါတယ်။ အခုတကယ်ဖြစ်နေတာ ကတော့ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာတွေကိုနိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့ကိစ္စကနေ စတယ်လို့ပြောနိုင်ပါတယ်။ ပြီးတော့ရခိုင်ပြည်လက်ရှိအာဏာရနေတဲ့ပါတီတွေကလည်းဘဲ ဒီအမျိုးသားရေး ပါတီတွေဖြစ်သလို သူတို့ကလည်းဘဲ ဒီကိစ္စတွေ ကြီးထွားလာအောင်တစ်ဖက်တစ်လမ်းက ဆောင်ရွက်နေ ပါတယ်။ အစိုးရကလည်းဘဲ ဒီရိုဟင်ဂျာတွေ ကိုသတ် ဖြတ်မှုတွေကိုကာကွယ်မပေးပါဘူး။ အခုရိုဟင်ဂျာတွေ ထွက်ပြေးတဲ့အတွက်ပင်လယ်ထဲမှာသေဆုံးတာတွေ အများအပြား ရှိတယ်။ ဘယ်လောက်သေတယ် ဆိုတာကိုလည်းအတိအကျမပြောနိုင်သလို အစိုးရရဲ့ကိန်းဂဏာန်းတွေ ကိုလည်း အတည် ယူလို့မရပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတွင်ကိုဘဲ ဒီဒုက္ခသည်ပေါင်းလေးသောင်းလောက်ရောက်နေတဲ့ အတွက် ဒီနေရာမှာ ပြဿနာမရှိဘူးဘဲနဲ့ သူတို့ဘယ်လိုမှထွက်ပြေးမှာမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ဘင်္ဂလားဒေ့ရှ် ကိုထွက်ပြေးရောက်ရှိလာတဲ့ မျက်မြင်သက်သေ ၁၂ ယောက်ကိုမေးမြန်းပြီးတော့ ဒီအခုဇတ်လမ်းတွဲထဲမှာ သူတို့ရဲ့ဖြစ် စဉ်တွေ ကိုဖော်ပြ ထားတာဖြစ်ပါတယ်။
ကုလသမဂ္ဂနဲ့အခြားသော NGO များက Genocide လို့မသုံးနှုန်းတာနဲ့ပတ်သက်ပြီးတော့ Mr. Phil Rees က ဒီလိုပြောခဲ့ ပါတယ်။
“ကျွန်တော် UN ကတာဝန်ရှိတဲ့အကြီးအကဲတစ်ယောက်နဲ့ စကားပြောကြည့်ပါတယ်။ သူကဘယ်သူဆိုတာ အမည်ဖော်လို တဲ့သဘောမရှိပါဘူး။ သူ့အနေနဲ့ဒီမျိုးနွယ်စုတွေကိုဖယ်ရှားစေ လိုတဲ့စစ်ရာဇ၀တ်မှု သဘောလို့သူမြင်တယ် တဲ့။ နောက် တစ်ခါ ဒီအန်ဂျီအိုလို့ခေါ်တဲ့ ဒီရခိုင်ဒေသမှာသွားရောက် အလုပ်လုပ်နေတဲ့တာဝန် ရှိပုဂ္ဂိုလ်တွေကိုမေးတဲ့ အခါမှာ လည်း ဘဲ ကျွန်တော်ပြောသလို Genocide လို့တော့ သူတို့ကမသုံးချင်ဘူး။ ဘာကြောင့်လဲဆိုတော့ အခုဖြစ်နေတာ က မြန် မာပြည်ဖြစ် နေတဲ့အပြောင်းအလဲ တွေကို ကမ္ဘာကစောင့်ကြည့်နေ တယ်။ နောက် အဲဒီအပြောင်းအလဲတွေကို ထိခိုက် ပျက်ဆီး မှာကို လည်းမလိုလားဘူး။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကဆိုလိုရှိရင်အာရှပစိဖိတ်ဒေသထဲမှာ သူတို့ ကွန် ယက်ကိုချဲ့ ထွင်နေတဲ့အခါမြန်မာဟာလည်းဘဲအရေးကြီးတဲ့မဟာမိတ်အဖြစ်ရှူမြင်ကြတယ်။ ဒါကြောင့်မို့ လို့ပွင့် ပွင့် လင်းလင်း Genocide ဆိုပြီးတော့ ဝေဖန်စွပ်စွဲမှုတွေမလုပ်ဘူးလို့ကျွန်တော်ထင်ပါ တယ်။
အယ်လ်ဂျဇီးရားသတင်းဌာနက “ဖုံးကွယ်ထားတဲ့လူမျိုးတုန်းသတ်ဖြတ်မှု” ဆိုတဲ့သတင်းမှတ်တမ်းရုပ်ရှင် ကိုပြသမယ့် လို့ ကြေညာအပြီးမှာ Genocide ဆိုတဲ့အသုံးအနှုန်းနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ (၇) ရက်နေ့က မြန်မာနိုင်ငံ မှာရောက် ရှိနေခဲ့တဲ့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ပံ့ရေး လက်ထောက်အထွေထွေရေး မှူးချုပ် Ms. Valerie Amos က သတင်းစာရှင်းလင်းပွဲမှာ – တကယ်လို့အဲဒီအသုံးအနှုန်းကိုသုံးခဲ့ရင် ဟုတ်/မဟုတ်စုံစမ်းသင့်တယ် လို့ သတင်းထောက်   တွေ ကိုဖြေကြားသွားခဲ့ပါတယ်။


ကျော်စွာဝင်း
RB News
ဒီဇင်ဘာ (၁၀) ၂၀၁၂


Copy From Forward Mail
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီ ဆိုတဲ့ စာအုပ်ကို ဖတ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကတော့ မြန်မာပြည်မပါလို့ တွေးခဲ့တာ ရှိပေမယ့် နှေးလွန်းလို့။  အခုတော့ ကမ္ဘာတကယ်ပြားသွားပြီ။ တစ်နေ့ တစ်နေ့ ဂျပန်က သူငယ်ချင်း၊ အမေရိကားက သူငယ်ချင်း၊ မန္တလေးက သူငယ်ချင်းတွေနဲ့ ပြောနေ ဆိုနေ လိုက်တာ၊ လူချင်းလည်း မသိ။ နေရာဌာန အကွာအဝေး ဆိုတာကို အင်တာနက်ကြီးက ချုံ့ချ ပစ်လိုက်တာ ဘေးချင်းကပ်ပဲ ရှိနေ သလိုလို။
ဟိုးတုန်းက သတင်းတွေဆိုတာ တီဗီမှာ လာသွားတာ ပြန်လိုချင်လို့ မရတော့။ လေထဲ ပျောက်သွားပြီ။ သတင်းစာတွေဆိုရင်တော့ တစ်ထပ်ကြီးစုထား။ တောင်ပုံရာပုံ။ နှစ်ချို့တော့မှ အဟောင်းဆိုင်မှာ ရောင်းစား။ အခုတော့ ဂူးဂဲထဲမှာ တစ်ချက် ခေါက်လိုက်တာနဲ့ ဘယ်နှနှစ်စာ လိုချင်သလဲ၊ အကုန်ရ။ အချိန်ဆိုတာကို ချုံ့ချပစ် လိုက်တဲ့ အင်တာနက်။ သူ့ကျေးဇူးကြောင့်ပဲ သတင်းအဟောင်းတွေကို ဆက်စပ် ဖတ်ကြည့်လိုက်တော့ ဇာတ်လမ်း တစ်ပုဒ်စာ ထွက်ပါရော လား။ တကယ်ပဲ ကမ္ဘာကြီးဆိုတာ ရွာကြီးပဲကိုး။ ဂေဟစနစ်နဲ့ ပတ်ဝန်းကျင် ဆိုတာ ဒိုမီနို သီအိုရီလို တစ်ဆက် တစ်စပ်တည်း ရှိနေ တာကလား။

ကမ္ဘာကြီး ပူနွေးလာတယ်လို့ ပြောကြတာ ကြားတော့ကြားဖူး နေတာပဲ။ အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂိုး ရိုက်ပြထား တဲ့ An Inconvenient Truth သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု မှတ်တမ်းခွေ ကို ကြည့်ရတော့မှ ပဲ နည်းနည်း တီးမိ ခေါက်မိတာ။ ကမ္ဘာမြေ အပူချိန် ဒီဂရီဟာ ၀ ဒသမ ၆ စင်တီဂရိတ်နှုန်းနဲ့ တက်နေ ပါသတဲ့။ အလွယ် စဉ်းစားနိုင်တာကတော့ အပူချိန် များလာတော့ ရေအပြန့် ကျယ်လာတယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ အရည် ပျော်လာတယ်။ ရေထုထည် များတော့ ပင်လယ်ရေ မျက်နှာပြင်က ၁၀-၂၀ စင်တီမီတာနှုန်းနဲ့ မြင့်တက် နေပါတယ်တဲ့။ ပင်လယ်ရေ မျက်နှာပြင် မြင့်လာတော့ ကုန်းမြေ ကျဉ်းသွားတာပေါ့။ တချို့ကျွန်းနိုင်ငံ သေးသေးလေးတွေဆို ၁၀ နှစ်ကနေ နှစ် ၅၀ အတွင်း ရေအောက် ရောက်သွားမယ်ဆိုပဲ။  လူဦးရေ သုံးသိန်းကျော်သာ ရှိတဲ့ မော်လဒိုက် ကျွန်းနိုင်ငံဆိုရင် ဆောက်တည်ရာ မရ ဖြစ်နေတာ ကြာပြီ။ ဘယ်ပြေး ရမှန်းလဲ မသိ။ ကြောက်စရာကြီးနော်။
ကမ္ဘာကြီး ဘာကြောင့် ပူနွေးလာသလဲ ဆိုတော့ ကာဗွန် ဓာတ်ငွေ့ ထုတ်လုပ်မှုတွေ များလို့တဲ့။ ကာဗွန်ဓာတ်ငွေ့ ဘယ်ကထွက် လဲဆိုတော့ စက်ရုံတွေ၊ ကားတွေကတဲ့။ နောက်ဆုံး စာရင်းချတော့ လူလုပ်တဲ့ ဘေးအန္တရာယ် ပါတဲ့။ ဘယ်လူတွေလဲဆိုတော့ စက်ရုံတွေ၊ ကားတွေများတာ ဘယ်သူရှိလဲ။ ကမ္ဘာ့ထိပ်သီး ကာဗွန်ထုတ်လုပ်မှု အများဆုံး သုံးနိုင်ငံ - အမေရိကန်၊ တရုတ်၊ အိန္ဒိယတဲ့။ တခြားသော ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများလည်း ပါတာပေါ့။
ဒီပြဿနာကို ဖြေရှင်းဖို့ ကျိုတို ပရိုတိုကောဆိုတဲ့ စာချုပ် ကြီး ပေါ်လာပါရော။ စည်းကမ်းတွေ သတ်မှတ်၊ ကာဗွန်တွေ လျှော့ထုတ် ကြမယ်ပေါ့။ နိုင်ငံစုံ အစည်းအဝေးကြီးလုပ်ကြတယ်။ သဘောတူညီမှုတွေ ညှိနှိုင်းကြတယ်။ အစကတော့ ဟုတ်သလိုလိုပဲ။ နောက်တော့ မဟုတ်ဘူးဖြစ်ပြန်ရော။ ဘာလို့လဲဆိုတော့ အများဆုံး ထုတ်တဲ့ သုံးနိုင်ငံက လက်မှတ် မထိုးလို့။ နင်လျှော့ရင် ငါလည်း လျှော့မယ်နဲ့ အပြန်အလှန် လက်ညှိုးထိုးနေတာနဲ့ပဲ အဖြေမထွက်ဘူး တဲ့။ ကောင်းရော။
အားတက်စရာလေး ပြောလိုက်ဦးမယ်။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံ က ကာဗွန် ထုတ်လုပ်တဲ့ စာရင်းထဲမှာ နံပါတ် ၉၁။ လူတစ်ယောက်ချင်း ထုတ်တဲ့နှုန်းနဲ့သာ ပြန်တွက်ရင် နံပါတ် ၁၈၅။ တစ်ကမ္ဘာလုံး ထုတ်လုပ် မှုရဲ့ ၀ ဒသမ ၀၄ ရာခိုင်နှုန်းပဲ ရှိသတဲ့။ ကြွားချင်ရင် ကမ္ဘာပတ်ကြွားပေ တော့။ တို့များက သန့်သန့်ရှင်းရှင်း သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းအောင် နေတဲ့ တိုင်းပြည်လို့။ လူသားတစ်မျိုးလုံးနဲ့ တောရိုင်း တိရစ္ဆာန်များကို တစ်ထောင့် တစ်နေရာကနေ စောင့်ရှောက်ပေးနေ တဲ့အကြောင်း ကမ္ဘာ့ဆူပါ ပါဝါ သုံး နိုင်ငံသားတွေ ရှေ့မှာ ခေါင်းကို မော့ပြီးပြောလို့ရတယ်။
အဲဒီလို ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာရင် ရေအောက် ရောက်သွားမယ်လို့ စာရင်းပြုစု ခံရတဲ့ နိုင်ငံ ရှစ်နိုင်ငံ ရှိပါတယ်။
(၁) မော်လဒိုက် ကျွန်းစုများ၊ (၂) ဘင်္ဂလားဒေ့ရှ်၊ (၃) ဖိလစ်ပိုင်၊(၄) အီဂျစ်၊ (၅) တူဗာလု၊ (၆) ပေါ်ပူဝါ နယူးဂီနီ၊ (၇) ဘာဘေးဒိုး၊ (၈) ကီရိဘာတီတို့ ပါတယ်။
ဒီအထဲကမှ ကျွန်မတို့ အိမ်နီးချင်းကြီးရဲ့ဒုက္ခကို ပြက်ရယ် မပြုချင်ပေမယ့် သူ့ပြဿနာ ဖြေရှင်းပုံ ဖြေရှင်းနည်းလေး တွေကိုတော့ အနီးကပ်နေရသူ ပီပီ သိထားဖို့ လိုပါတယ်။
ပင်လယ်ရေ တက်လာမှုကြောင့် တစ်ကမ္ဘာလုံး လူပေါင်း သန်း ၂၀၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သန်း ၂၀ ဟာ ၂၀၅၀ မတိုင်ခင်မှာ ရွှေ့ပြောင်း နေထိုင်ရပါလိမ့်မယ်တဲ့။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးက ဒီလိုမျိုး လူလုပ်တဲ့ ဘေးအန္တရာယ်ကို ခံစား ရတာမို့ အနောက် အုပ်စုထံက ဒေါ်လာ လေးဘီလီယံ လိုချင်ပါသတဲ့။ အတိုးနဲ့ချေးတာ မဟုတ်ဘူးတဲ့။ ဒီအတိုင်း အလွတ်ပေးရမှာတဲ့။ တောင်းပုံလေးက သင်းတယ်နော်။
ဒါ့အပြင် ဒီလို ဒုက္ခရောက်တဲ့ လူတွေကို လက်ခံဖို့ ဗြိတိန် နိုင်ငံက ဗီဇာတံခါးကို ဖွင့်ပေးသင့် သတဲ့။ ဥရောပနဲ့ အမေရိကန် ကလည်း ဒီသန်းနဲ့ ချီတဲ့ ဘင်္ဂါလီတွေကို တာဝန် ယူသင့် တာတဲ့။ သိပ်ရယ်ရတာပဲ။ ဒါတွေက ၂၀၀၉ ခုနှစ် ကတည်းက တောင်းဆိုနေ ခဲ့တာ။ ရသွားလား မရသွားလားတော့ မသိ။
ဒီလောက်ဆိုရင် ၂၀၁၂ ရခိုင် အရေးအခင်း ပြဿနာ ထဲကို ဘာလို့များ တစ်ကမ္ဘာလုံးက စိတ်ဝင်စား၊ အာရုံစိုက်၊ ကရုဏာ တွေသက်ပြီး စုတ်တသပ်သပ်နဲ့ တက်တက်ကြွကြွကြီး ဝင်ရောက် ကူညီ ချင်နေသလဲ ဆိုတာကို ဆက်စပ်လို့ ရလောက်ပါပြီ။
OIC ရယ်၊ BBC , VOA, RFA, Irrawaddy, DVB တို့အပြင် လက်သည် တရားခံတွေ ထဲမှာ ရေကြီးတာလည်း ပါသကိုး။ ဒါကြောင့် လည်း အန်တီစုက ဘင်္ဂလားဒေ့ရှ် ကလည်း နယ်စပ်ကို တာဝန်ယူ သင့်ကြောင်း ပြောလိုက်တာနဲ့ ဆတ်ဆတ်ခါ ထွန့်ထွန့်လူး ဖြစ်ကုန်ကြ တာပဲ။
သူ့လူသန်း ၂၀ ကို နဂိုကမှ ဘယ်ပို့ရမှန်း မသိရတဲ့ အထဲနော်။ တရုတ်ကြီးလိုပဲ တစ်အိမ်ထောင် ကလေးတစ်ယောက် အမိန့် ထုတ်လိုက်ပြီးရော။
နောက်ခံအကြောင်းတွေ အများကြီး ရှိနေတဲ့ ရခိုင်၊ ဘင်္ဂါလီ အရေးကို လူမျိုးစု နှစ်စု မကျေမနပ် သတ်ဖြတ်ကြခြင်းလို့ လွယ်လွယ် ကလေး လက်ခံဖို့ မသင့်ပါဘူး။ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲ ရေးလို့ အကျယ်ကြီး အော်နေပေမယ့်လည်း အနောက်ဘက် စည်းရိုး ပေါက်သွားတာကတော့ ငြင်းလို့မရတော့ပါ။ လက်နက်ကို လက်နက် ချင်းတိုက်တာ ထင်သာမြင်သာ ရှိလှပေမယ့်လည်း လူကိုလူချင်း
ဖိသတ်နိုင်တဲ့ အနေအထားမျိုးမှာ ကျည်ဆန်ကလည်း အသုံးဝင်လိမ့် မယ် မဟုတ်ပါဘူး။
လတ်တလော သတင်းကောင်းကတော့ အာဆီယံ အဖွဲ့ကရော၊ ဧည့်သည်တော်ကြီး အိုဘားမားကပါ နိုင်ငံသားဖြစ်ခွင့် ဆိုတာကို ဝင်ရောက် စွက်ဖက်လို့ မရပါဘူးလို့ ပြောသွားပါတယ်။ နားလည် သလောက်ကတော့ ဘင်္ဂါလီတွေကို လူ လူချင်း ကူညီမှုတော့ ပြုရမယ်။ နိုင်ငံသားပေးတာ မပေးတာကတော့ မြန်မာတွေသာ ဆုံးဖြတ်နိုင် တယ်လို့ ဆိုပါတယ်။ နိုင်ငံသား ဥပဒေကို ပြင်ပါလို့ သူတို့မှာ ပြောခွင့် မရှိပါဘူးတဲ့။
အချုပ် ဆိုရရင်တော့ ရခိုင်အရေးဟာ မြန်မာ တစ်မျိုးသားလုံး အရေးမို့ သွေးအေးနေလို့ မဖြစ်တော့ပါကြောင်း။
သန္တာဝင်း



Copy From The Voice Weekly Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

ဘယ်နေရာမှာ သံဃာတော်တွေ တစ်ခုခုဖြစ် ပွဲဆူအောင် ပါလိုက်တတ်သည့် မန္တလေးမြို့မှ ဆူပူသူ သံဃာတော် အချို့သည် ကိုယ့်မန္တလေးမြို့အတွင်း  အမျိုးဘာသာ သာသနာနှင့် ယဉ်ကျေးမှုကို ကာကွယ် စောင့်ရှောက်ရန်တော့ စိတ်မ၀င်စားကြ။ ငယ်ရွယ်သော သံဃာတော်များ ရှိသလို၊ ကြီးသည် အထိ သံဃာမစစ်သော သံဃာများ ရှိနေသည်ကိုလည်း မန္တလေး တစ်ပတ်ပြည့်အောင် ပတ်စရာ မလိုတွေ့ နိုင်သည်။

ဘာသာခြားတို့၏ အပြစ်ဆို၊ လက်ညှိုးထိုးစရာ နေထိုင်ပြောဆိုမှုများလည်း မမြင် ချင်ယောင် ဆောင် ၍ ပင် မရ။ အရှင် ဘုရားတို့ ဘာသာရေး သာသနာရေး မလုပ် ချင်ပါက ယဉ်ကျေးမှုကို ကာကွယ် ထိန်းသိမ်းရန်၊ အမျိုးေ ကာင်း သား သမီးများကို ကာကွယ်စောင့်ေ ရှာက်ရန်၊ လူငယ် များကို စိတ်ဓာတ်ကောင်း မွန်စေရန် ဆိုသော ရည်ရွယ် ချက်များဖြင့် သုဓမ္မာ ဇရပ်များတွင် ထမင်း မစား ရေမသောက် ငုတ်တုပ်ထိုင် ဆန္ဒပြနိုင် ပါတယ်။ အရှင် ဘုရားတို့ မန္တလေးမှာ ဒီလို မှောင်ရိပ်ခိုပြီး မကောင်းမှုတွေ ဖြစ်နေတာကို သွားေ ရာက် ဆောင် ရွက်ေ ပးကြပါ။
မန္တလေးမြို့၏ အထင်ကရ နေရာများ ထဲတွင် သုဓမ္မာ ဇရပ်တန်း တွေ သည်လည်း ပါဝင် ပေသည်။ သမိုင်း ဝင် အမွေ အနှစ်များ ဖြစ်သောကြောင့် နို င်ငံတော်မှ ပြုပြင် ထိန်း သိမ်း ခဲ့ကြ သည်။  နိုင်ငံခြား ခရီး သွား များသ ည် လည်း ထိုနေရာသို့ လာရောက်၍ လေ့လာနေသည် ကိုလည်း တွေ့မြင်နေကြရသည်။ နန်းမြို့ ကြီးနှ င့် ကျုံး ၊ေ ကျာက်တော်ကြီး၊ ကုသိုလ်တော်၊ မန္တလေးတောင်တို့ဖြင့် သုဓမ္မဇ ရပ်တန်းသည် အလွန် ပနံ သင့်လှပေ သည်။ 

ယခုအခါ ထိုနေရာတွင် အအေးဆိုင်များ ၏ကြီစိုးရာဇုန် တစ်ခုလို ဖြစ်နေသည်။ သက်ဆိုင်ရာမှ လည်း မျက် ကွယ်ပြု ထားသည် ဟုထင် သည်။ အများသူငါ၏ ထမင်းလုတ်ကို ပုတ်ခြင်းမျိုး မဟုတ်ပေ။  အရှိန် အ ဟုန်မြင့် ဖွံ့ဖြိုး တိုး တက်လာသောအချိန်တွင် အမျိုးသားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရန် မှာနိုင်ငံ သူနိုင် ငံသား အားလုံး၏ တာဝန်ပင်ဖြစ်သည်။
ရိုးရိုး သားသားဖြင့် မိသားစု ဝမ်းရေးကို ဈေးရောင်း၍ ဖြေရှင်းနေကြ သည်ကို ဂုဏ်ယူမိ ပါသည်။ ရိုးရိုး သား သား ဖွင့်လှစ် ရောင်းချနေလျှင် သုဓမ္မ ဇရပ်များနှင့် အအေး ဆိုင်များမှာ အလွန် ပင်နှစ်လိုဖွယ်ဖြစ် သည်။ အခုေ တာ့ ခြုံတွေကြားမှာ ထီးတိုင် ပုတွေနှင့် ကာရံ ထားကြပြီး အတွဲများ သီးသန့် ထိုင်ရန် ပြုလုပ်မြူ ဆွယ် ၍ ရောင်းချနေခြင်းမျိုးမှာ မဖြစ်သင့်ပေ။  ယဉ်ကျေးမှု အမွေအနှစ်များနှင့် ဗုဒ္ဓအမွေအနှစ်များ ထွန်းကား ရာ နေရာ တွင် ဤသို့သော အမြင်မတင့် စရာများ မရှိသင့်ဘူးဟု ထင်သည်။ 
ဥပမာအနေဖြင့် ဖော်ပြပေးသော ပုံသာဖြစ်သည်
မန္တလေးမြို့တော်သူမြို့တော် သားများသည် လည်း မြင်တွေ့ကြ ရမည်မှာမလွဲပေ။  အထူး သဖြင့် မြောက်ြ ပင် တွင်နေ ထိုင်ကြ သူများ ပို၍ပင်မြင်တွေ့ကြ ရပေမည်။ ညမှောင် ရိပ်လေး သမ်းလာ လိုက်သည်နှင့် သမီး ရည်း စား အတွဲများသည် အလျှိုလျှိုအဖြိုင်ဖြိုင် လာရောက် နေထိုင်ကြပေတော့သည်။ ရိုးရိုး အတွဲရော၊ ဆန်းဆန်း အတွဲရော အလွယ်တကူပင် ကူးလူး နေကြတော့သည်။  ည(၁၀) နာရီရောက်သည့် တိုင် အမှောင် ထု ထဲတွင် အအေးသောက် နေကြသည်။ လူများ ကိုတော့ မတွေ့ရ။ ရပ်ထားသည့် ဆိုင် ကယ်နှ င့် စက်ဘီး တစ်ချို့သာမြင်တွေ့ နေကြရသည်။

ပို၍ ဆိုး သည်က မီးထွန်း မထားခြင်းပင်။ ဝန်ဆောင်မှုများမှာ လည်း အလွန်ကောင်း သည်။ ခြင်ဆေးခွေ များ ထွန်းပေးထား သောကြောင့်ဖြစ်သည်။

အသိမကြွယ်၊ စမ်းသပ်ချင်သော အရွယ်များသည် ထိုနေရာကို စမ်းသပ်ကွင်း တစ်ခုနှယ် အသုံးချနေကြ သည်။ မိဘ အများစု သည်လည်း သားသ မီးများ ကျုံးဘေး အအေးသောက် သွားမည် ဆိုလျှင် ယုံကြည် စိတ်ချ လွှတ် တတ်ကြသည်။ သို့ပေမယ့် သုဓမ္မ ဇရပ်တန်းကို မကျော်နိုင်ကြပေ။

ငယ်ရွယ်သူတွေကို အမှားထဲဇွတ် တိုးဝင်စေရန် သုဓမ္မဇရပ်တန်းကို အမှီပြုပြီး အအေးဆိုင်များ ဖွင့်လှစ်ေ နကြသူ များက ကာဗာပေးပြီးတွန်းပို့ သလိုဖြစ်နေတော့ မိဘမ်ားမွာေ သာကမီးေ တြ ဝေနေကြ ရတော့ သည်။  အမျိုးဂုဏ် နှင့်ယဉ်ကျေးမှု အမွေကို ဖျက်ပြီး နိုင်ငံ၏ မျက်နှာကို အိုးမဲ သုတ်နေသလို ခံစားနေကြ ရသည် ။နိုင်ငံတကာ မှေ လ့လာသူများ အများဆုံး ဝင်ထွက် သွားလာရာတွင် ဟန်ပြပြီး မဖွယ် မရာ ရောင်းချနေသော အအေးဆိုင်များ ဖယ်ရှား ရှင်းလင်းပြီး စနစ်တကျ အချိန် သတ်မှတ်ကာ မီးများ လင်း ထိန် စွာ ထွန်းပြီးရောင်း ချနိုင်လျှင် မိသားစု ဝမ်းရေး မခက်ခဲဘဲနှင့် မန္တလေး သည်လည်း မန္တလေးပင်ဖြစ် လာပေ လိမ့်မည်။

From: အောင်ကိုဦး
Copy From Myanmar Daily Star Group
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

အဆင့်-1


ဖေ့ဘုတ်ကိုဖွင့်ပါ မူလမျက်နှာမှာ အောက်ကအတိုင်း လွတ်တဲ့နေရာမှာ ညာဘက်ကလစ်ကိုနှိပ်လိုက်ပါ 
(အောက်ပါပုံကိုကြည့်ပါ)
အဆင့်-2


ထို့နောက် ပေါ်လာသည့် boxမှ view page source ဆိုတာကိုနှိပ်လိုက်ပါ ... ထို့နောက်အောက် ပါပုံ အတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ် ... အောက်ပါအတိုင်ပေါ်လာပါက Ctrl+F ကိုတွဲးလိုက်ပါက အောက်ပါအတိုင်း boxပေါ်လာပါမည်..အောက်ပါပုံမှာ Google chrome မှာ ပြုလုပ်ထား သည့်ပါဖြစ်ပါသည်။Google chrome Ctrl=+F နှင့်တွဲးနှိပ်ပြီးပါက အပေါ်မှာပေါ်မှာဖြစ်ပြီး mozilla firefox မှာတော့အောက်ခြေ မှာပေါ် လာမှာဖြစ်ပါသည်။
  
အောက်ပါပုံမှာ mozilla firefox မှာ Ctrl=+F နှင့်တွဲးနှိပ်ပြီး ပေါ်လာသည့်ပုံဖြစ်ပါသည်။
ထို့နောက်ပေါ်လာသည့် Box မှာ orderedfriends ဆိုတာကိုရိုက်ထည့်လိုက်ပါ..

ထို့နောက် အောက် ပါပုံ အတိုင်း highlight ဖြင့် ပြထား သော စာ ၏နောက် မှ list ထဲမှာ ပထမဆုံဂဏာန်အတွဲးကို ကော်ပီကူးယူလိုက်ပါ..

အဆင့်-3

ထို့နောက် Facebook စာမျက်နှာရှေ့ ကိုသွာပြီးေ နာက် https://www.facebook.com/ စောစောေ ကာ် ပီ ကူးယူလာသည့် ဂဏာန်ကိုနောက်မှာထည့်ပြီး Enter ခေါက်လိုက်ပါ

ထို အခါ မိမိ profile ကို အကြည့်များဆုံးသူကိုယ်တွေ့၇မှာဖြစ်ပါတယ်...




  Copy From Myanmar Daily Star Group
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati


သုံးရက်ဆက်တိုက် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ အဆက်မပြတ်ရွာသွန်းခဲ့သော အခါလွန်မိုးကြောင့် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်အတွင်းရှိ စပါးခင်
းအားလုံး၏ ခုနစ်ဆယ်ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။

ဒေးဒရဲမြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၁၈၀၀၀၀ တွင် ပေါ်ဆန်းဘေးကြား စပါးမျိုးစိတ်ကို အဓိကထား စိုက်ပျိုးထားပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧက ၁၃၀၀၀၀ ကျော်မှ မရိတ်သိမ်းရသေးသော စပါးခင်းများနှင့် ရိတ်သိမ်းပြီးသော်လည်း အမိုးအကာအောက်သို့ မရောက်သေးသော ကောက်လှိုင်းများအားလုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

မိုးရွာသွန်းမှု ရပ်တန့်သွားချိန်တွင် ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာ ၉၃ အုပ်စုမှ ဒေသခံတောင်သူလယ်သမားနှင့် မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှ တာဝန်ရှိသူများ ကွင်းဆင်းကာ စာရင်းကောက်ယူမှုမှ ပျက်စီးမှုပမာဏကို သိရှိခဲ့ရကြောင်း ဒေါက်တာစိုးထွန်းကပြောသည်။

"အခုလိုပျက်စီးရတာက လယ်သမားတွေက သူတို့ရိတ်ပြီးသား စပါးတွေကို ကန်သင်းပေါ်တင်ထားပြီး နောက်သီးနှံအတွက် ပြင်ဆင်နေကြတာကြောင့် အခုလိုဖြစ်ကုန်ကြတာများတယ်။ အဲဒီ သမားရိုးကျလုပ်ကိုင်ပုံတွေကို ပြောင်းလဲလုပ်ကိုင်ကြဖို့ အသိပညာပေးရမယ်"ဟု ၎င်းကပြောသည်။

ထို့ကြောင့် နှစ်စဉ်မိုးစပါးထွက်နှုန်းမှာ တစ်ဧကလျှင် တင်းလေးဆယ်ကျော်ထွက်နေရာမှ ယခုနှစ်တွင် ရေနစ်နေသော စပါးခင်းများမှ တစ်ဧကတင်းနှစ်ဆယ်ခန့်သာ ထွက်နိုင်ကြောင်း တောင်သူတစ်ဦးက ခန့်မှန်းသည်။ သို့သော် ရိတ်သိမ်းပြီး ကောက်လှိုင်းများမှာမူ ရေစိုပြီး အညှောင့်ပေါက်နေသောကြောင့် ဆန်ကောင်းမရနိုင်တော့ကြောင်း တညင်ကုန်းကျေးရွာမှ ကိုဟန်ရွှေကပြောသည်။

"လက်ရှိစပါးတွေကို ၀ယ်မယ့်လူလည်းရှိမှာ မဟုတ်ဘူး။ ဒီစပါးတွေကို ရအောင်နယ်ပြီးလို့ ကြိတ်ရင်လည်း အ၀ါဖောက်ပြီး ဆန်ကွဲပဲရမှာ"ဟု ၎င်းကပြောသည်။

ထို့ကြောင့် လယ်သမားများသည် ရေနစ်နေသော မိုးစပါးရိတ်သိမ်းရန်နှင့် ဆောင်းသီးနှံစိုက်ပျိုးရန် ငွေကြေးအဓိက လိုအပ်နေကြောင်း လယ်သမားတိုင်းကပြောကြသည်။


Copy From 7day News Facebook Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati



နိုဝင်ဘာ ၂၈ ရက်(တန်ဆောင်မုန်း လပြည့်နေ့)က ၉၄ ရပ်ကွက်၊ ယုဇန ဥယျာဉ်မြို့တော် ဒဂုံဆိပ်ကမ်းမြို့နယ် NLD ရပ်ကျေးညီလာခံ
ကျင်းပခဲ့ရာ အောင်မြင်မှုမရှိဘဲ ပွဲပျက်ခဲ့သည်။


ယုဇန NLD ကွဲနေသည့် သတင်းတွေကကြား နေရသည်။
ညီလာခံမတိုင်မီ တစ်ရက် လူငယ် ကျား၊မ (၂)ဦး ဂျာနယ်တိုက်ကို ဖိတ်စာလာပို့သည်။

ထူးခြားသည်က ရပ်ကျေး/မြို့နယ်ကော်မရှင်က ဖိတ်ခြင်း မဟုတ်ဘဲ ကွဲနေသော အစုအဖွဲ့တစ်ဖက် က ပုဂ်္ဂိုလ်တစ်ဦးအမည်ဖြင့် ဖိတ်ကြား
ခြင်းဖြစ်သည်။

ညီလာခံစောင့်ကြည့်ရေး အဖွဲ့ဟုကင်ပွန်းတပ်ထားသည်။ ညီလာခံနေ့တွင်
ညီလာခံ မစတင် မီ ကွဲနေသော အစုတစ်စုမှ ပုဂ်္ဂိုလ်များ၏ အမည်စာရင်း
စာရွက်တွေ ဝေနေတာ တွေ့ရသည်။ ကော်မရှင်က ၎င်းစာရွက် များဝေခြင်းသည် တရားဝင် ကော်မရှင် က ဝေခြင်းမဟုတ်ဘဲ မိမိကြိုက်သူကိုသာ အဆိုပြု တင်သွင်းကြရန် ကြေညာသည် ကို ကြားရသည်။

ဂျာနယ်များသို့ ဖိတ်ကြားခဲ့သည့် ပုဂ်္ဂိုလ်ကလည်း မီဒီယာအချို့နှင့် ပွဲမစမီ အင်တာဗျူးနေသည်ကို တွေ့ရသည်။ ညီလာခံအပြင်အဆင်က အသွင်သဏ္ဍာန် ကောင်းသည်။လျို့ဝှက်ဆန္ဒပြုခန်းများ၊ မဲ ထည့်ရန် ပုံးများပါဝင်သည်။

ညီလာခံ စတင်ကျင်းပရာ ဖိတ်ကြားသူ သုံးရာကျော်၊ တက်ရောက်သူ
နှစ်ရာ့လေးဆယ် ကျော်ရှိ၍အထမြောက်ကြောင်းကြေညာကာ အဆိုပြုခြင်းကို ဆောင်ရွက်ရာတွင် တက်ရောက်လာသူများက လူ(၄၀)ကို အဆိုပြုခဲ့ကြသည်ကို အထဲကမှ ၁၁ဦး ကို မဲစနစ်ဖြင့် ရွေးချယ်ကြသည်။

ဤတွင် ပြဿနာက ၀င်လာသည်။ မဲလာထည့်ရန် အမည်ခေါ်ယူရာတွင် (၈)ယောက်တစ်တွဲ ခေါ်ရာ နှစ်ယောက် သုံးယောက်သာ ထလာကြသည်။

နောက်ဆုံးတွင် မဲပေးသည့် အစီအစဉ်ပြီးဆုံးပြီ ဖြစ်ကြောင်း ကြေညာ
လိုက်ရာ မဲမထည့် ရသေးသူများ ကျန်ရစ်နေသည်ဟု ဆိုကြ သည်။ အမည်များ မပါဝင်သဖြင့် ကျန် ရစ်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုကြသည်။

တစ်ယောက်တစ်ခွန်း ကန့်ကွက် ပြောကြားမှုများ ပြင်းထန်လာပြီး ကော်မရှင် တာဝန်ရှိသူများထံ ၀ိုင်းအုံလာကာ ၀ိုင်းဝန်း ပြောဆိုခဲ့ကြသည်။ ကော်မရှင် တာဝန်ရှိသူများက နေရာတွင် ပြန်ထိုင် ကြရန်၊ တစ်ယောက်တစ်ပေါက်
ပြောနေလျှင် ရှင်း၍မရကြောင်း၊ ငြိမ်သက်စွာနေပေးကြရန်၊မေတ္တာရပ်ခံ
ကြောင်း မဲထည့် လို့ရအောင် ရှင်းပေးမည်ဖြစ်ကြောင်း အကြိမ်ကြိမ်
မေတ္တာရပ်ခံခဲ့သော်လည်း လိုက်နာခြင်းမရှိသူက အများစုဖြစ်နေသည်။

မဲပေးရန် ကျန်ရစ်ခဲ့သူများတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ
ကြောင်း လက်မှတ်မထိုးခဲ့သူများလည်း ပါဝင်နေသည်ကို တွေ့ရသည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် NLD ဒေါက်တာမျိုးအောင်က အခြေအနေကို ထိန်းသိမ်းသည့်အနေဖြင့် ““အမှားအယွင်း ရှိသွားတဲ့အတွက် အခု ဒီနေ့လုပ်တဲ့ပွဲက တော့
မအောင်မြင်ဘူး။သူတို့ အဆင့်ဆင့် တင်ပြပါမယ်။ (၇)ရက် ကြိုပြီး ဖိတ်ပါ မယ်။ ဒီထက်ပိုပြီး စနစ်ကျအောင် ဆောင်ရွက်ပါမယ်။ နောက်တစ်ပိုင်းက ဒီကိစ္စဖြစ်ရတာကို စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ ပြန်စုံစမ်းပြီး သင့်တော်တဲ့ အရေးယူမှုတွေဆောင်ရွက်ပေးဖို့ ကျွန် တော် တင်ပြပေးပါ့မယ်။ ကော်မရှင် ကိုယ်စား ကျွန်တော်ပြောပြခြင်းဖြစ်ပါ တယ်””ဟု မကျေမနပ်ဖြစ်နေသော NLD ပါတီဝင်များကို ပြောကြားခဲ့ရာ ပါတီဝင် များက အရေးယူပေးရန်နှင့် ညီလာခံ ကျင်းပရေးကော်မရှင်ကိုလဲလှယ်ပေးရန် ၀ိုင်းဝန်းအော်ဟစ်
ပြောကြားခဲ့ကြသည်။

ဒေါက်တာမျိုးအောင်အနေဖြင့် အဆိုပါစကားပြောကြားနိုင်ရန်အတွက် တက်ရောက်လာသော ပါတီဝင်များကို နားထောင်ပေးပါရန် အတန်ကြာ
မေတ္တာ ရပ်ခံပြီးမှ ပြောကြားခဲ့သည်ကို တွေ့ရသည်။

ဒေါက်တာမျိုးအောင် ပြောကြား အပြီးတွင် တက်ရောက်လာသူများက
ပြန်ရန် ပြင်ဆင်နေစဉ် မဲမပေးရသေးသူ များ လက်မှတ်လာထိုးကြပါဟု ဆိုကာ လက်မှတ်များစုဆောင်းမှု ပြုခဲ့ကြသည် ကိုလည်း တွေ့ရသည်။

အဆိုပါအချိန်တွင် ကိုသားလေးဆို သူက ခုံတစ်ခုံပေါ်တက်ကာ ““ဒီရွေး ကောက်ပွဲကတော့ လုံးဝယုတ်ညံ့စွာနဲ့ ပျက်စီးသွားပါပြီ။ အဲဒီတော့ ကျွန်တော် တို့က ဒါကို လက်ခံလို့မရတဲ့အတွက်ကြောင့်နောက်တစ်ကြိမ်
ရွေးကောက်ပွဲ ကို ပြန်ခေါ်ကြမယ်။ ခေါ်တဲ့အခါမှာ လည်း ကျွန်တော်တို့က သိသာမြင်သာ အောင်လို့ ဖြစ်နေရပါမယ်။ ကျွန်တော် တစ်ခု
ပြောချင်ပါတယ်။ ဒီနေ့မှာ ဘာ ဖြစ်လည်းဆိုတော့ရွေးကောက်ပွဲကို””ဟု
ပြောဆိုနေစဉ်မှာပင် ပင်နီဝတ်ပါတီဝင် တစ်ဦးက လူအုပ်ကို တိုးဝင်လာပြီး ကိုသားလေးပြောနေသော မိုက်ခွက်ကို လုယူလိုက်စဉ် ၀ရုန်းသုန်းကား
ဖြစ်ကာ ဆွဲကြလွဲကြ ခုံနှင့်ပစ်သူကပစ်၊ မိုက်လု သွားသူနောက် လိုက်သူကလိုက်၊ တား သူက တားဖြစ်နေကြစဉ် ပရိသတ်အတွင်း၌လည်း အပြန်အလှန်ထိုးကြိတ်ခြင်း အချို့ဖြစ်ပေါ်နေခဲ့သည်ကို တွေ့ရသည်။

ညီလာခံပျက်သွားပြီးနောက် ကော် မရှင်နှင့်ပါတီဝင်အချို့ကို ယင်းနေ့တွင် ပင် လိုက်လံမေးမြန်းခဲ့ရာ ၀င်ရောက်အရွေး ခံသည့် ဦးထွန်းဝက ““ဒီ ညီလာခံမှာ ပြည် သူတွေဟာ အချိန်ပေးပြီး လာတက်ပါ တယ်။ ကထိန်နေ့ကြီးတောင်မှ သင်္ကန်း လှူတာတို့ ကျောင်းသွားတာတို့ မပြုဘဲ နဲ့ ညီလာခံကို တက်ပါတယ်။ ညီလာခံ တက်ရောက်သူပေါင်းက (၂၄၄)ဦးရှိပါ တယ်””ဟု ပါတီဝင်ပေါင်းက (၈၉၄)ဦး၊ သူတို့ကြေညာချက်အရ (၃၃၀)ဖိတ် ပါတယ်။ (၃၃၀)အပေါ်မှာ သူတို့က ရာ ခိုင်နှုန်းတွက်လိုက်တော့ ၇၃.၉၃ ရာခိုင် နှုန်းဆိုတော့ အထမြောက်ကြောင်း ဖြစ်သွားတယ်။

အဆိုတင်သွင်းမှုနဲ့ ထောက်ခံ မှုပြုပြီးတဲ့အခါမှာ အမှုဆောင်လောင်း (၄၀)ဦးထွက်လာတာပေါ့။ ဒါက မဲပေး ပြီးရွေးရမယ့်အဆင့်ရောက်သွားပါပြီ။ အဲဒီလို မဲပေးပြီးရွေးမယ့်အချိန်ရောက် တော့ မသမာမှုစမြင်ရတယ်။ ဘယ်အချိန် က စမြင်ရလဲဆိုတော့ ကျွန်တော်လက် မှတ်ထိုးတဲ့စာရွက်က
ခေါ်တဲ့စာရွက် မဟုတ်တာကို တွေ့ရတယ်။ ကျွန်တော် အစည်းအဝေး
တက်တုန်းက သူတို့ attendance ယူတယ်။ ကျွန်တော် အဲဒါကို ဓာတ်ပုံရိုက်ထားတယ်။ ခေါ်တဲ့အခါကျ တော့ မဟုတ်တော့ဘူး။ စီနီယာအလိုက် မဟုတ်တော့တာသိတယ်။ ဘေးကို မေး ကြည့်တော့ ““ဟာ မင်းပျောက်ပြီ ထင် တယ်””တဲ့။ မကြာခင်ပဲ လုပ်ရင်းလုပ်ရင်း ကနေ ပါတီဝင်က ကုန်ပါပြီလို့ ကြေငြာ လိုက်တဲ့အခါကျတော့ ကျွန်တော်နောက် မှာ တို့ဘက်ကို ထောက်ခံပေးမယ့် ပါတီ ၀င်တွေက အများကြီးကျန်ပါ
သေးတယ်။ ရာချီကို ကျန်သေးတဲ့အခါကျတော့ မခံ မရပ်နိုင်ဖြစ်ပြီး
မေးမြန်းတဲ့အခါကျတော့ အဖြေက ထွက်ပေါ်မလာဘူး။ ကိုသားငယ်ဆိုတဲ့ ပုဂ်္ဂိုလ်ဟာ စာရင်းမှားတယ်လို့ ကြေညာလိုက်တဲ့အခါကျတော့
ပြည်သူ တွေဟာ ပိုပြီးတော့ မခံမရပ်နိုင်ဖြစ်လာ တာပေါ့။ မမှားသင့်တဲ့ စာရင်းပဲ။ ကော် မရှင်ဥက္ကဋ္ဌဟာ ဒီအမှားမျိုး လုံးဝမှားခွင့် မရှိဘူး။ ဘာနဲ့တူလဲဆိုရင် ကျွန်တော်လူ တစ်ယောက်ကို မှားပြီး သတ်မိရင်လည်း ပုဒ်မတပ်ရမှာပဲ။ ကော်မရှင်လည်း ထို နည်းလည်းကောင်းပဲ။ ဒီအမှားကို မှားပြီး လုပ်မိတာနဲ့ပဲ NLD ပါတီကို လုံးဝ ထိ ခိုက်သွားပြီ။ ကျွန်တော်တို့ ဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း တရား ဥပဒေစိုးမိုးရေးနဲ
အေးချမ်းသာယာရေး ဥက္ကဋ္ဌ တာဝန်ယူထားတယ်။ နိုင်ငံတော် ကပေးထားတာ။ ဒီညီလာခံရွေးကောက် ပွဲကလေးတောင်မှ တရားဥပဒေ
စိုးမိုးမှု မရှိဘူး။ ညီလာခံအေးချမ်းမှုမရှိဘူးဆိုလို့ ရှိရင် NLD ကို ဘယ်လောက်ထိခိုက် သွားလဲ။ ကျွန်တော်တို့ အဲဒါကို သိပ်ပြီး ၀မ်းနည်းတယ်။ ကော်မရှင်အပြစ်လို့ ကျွန်တော်မြင်တယ်။ ရဲရဲလည်းရင်ဆိုင် ရဲ တယ်။ ကော်မရှင်အမှား၊ ကော်မရှင် အပြစ်၊ တမင်ကလာမှားအောင် လုပ် ထားတယ်။ ဒါ ကျွန်တော့်အမြင်ပဲ ဒီစာရင်းကမဲထုတ်တုန်းက စာရင်းဆိုရင် လည်း အားလံုးပါလာရမယ်။ ၈၉၄ ယောက်စလုံး တက်ရောက်သူဆိုရင် လည်း ၂၄၄ စလုံးပါရမယ်။ ဘာကြား စာရင်းလဲ၊ ဒါက ၀င်လာရတာလဲ၊ လူ တွေ ရန်ဖြစ်အောင် သတ်ဖြတ်ကြအောင် ဒါက ဖန်တီးလိုက်တာပဲ။ ညီလာခံပျက် ပြားအောင် လုပ်လိုက်တာပဲ။ ဒါကို ကျွန်တော်တို့ပါတီပိုင်း
ကရော ဥပဒေပိုင်းက ရော ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ပါ””ဟု
ပြောကြားခဲ့သည်။

NLD ဗဟိုသို့လည်း အချက်အ လက် ပြည့်ပြည့်စုံစုံကိုစာဖြင့် ဗီဒီယိုမှတ် တမ်းခွေပါထည့်သွင်းတင်ပြသွားမည်ဖြစ် ပြီး တိုင်း(သို့မဟုတ်) ဗဟိုမှ ကြီးကြပ်ကာ ညီလာခံ လာရောက်ကျင်းပပေးရန် တောင်းဆိုသွားမည်
ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

““ဒီမှာက လူတွေအချင်းချင်း နေရာ လုတဲ့အတွက်ကြောင့် ဖြစ်တာပါ။ ဟိုလူ တွေကျတော့ နေရာလုစရာမရှိပါဘူး။ မှန်မှန်ကန်ကန် လုပ်သွား
နိုင်ပါလိမ့်မယ် လို့ ကျွန်တော်တို့လည်း ယုံကြည်ထား တယ်””ဟု ၎င်းက
ပြောသည်။

ညီလာခံမအောင်မြင်သဖြင့် (၉၄) ရပ်ကွက်ညီလာခံကိစ္စကို ဆိုင်းငံ့
မထားစေလိုကြောင်း ၉၄ ယုဇနနေ ပြည်သူ များမှာ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လူဦး ရေများပြားသောကြောင့် မဆိုင်းငံ့ထား သင့်ကြောင်းလည်း ၎င်းကပြောသည်။

ဝင်ရောက် အရွေးချယ်ခံခဲ့သည့် ကိုစိုင်းကျော်သူက ““ညီလာခံကျင်းပပြီဆို ရင် အခြားရပ်ကွက်တွေမှာရော၊ ညီလာ ခံရဲ့လုပ်ထုံးလုပ်နည်းအရရော၊ ညီလာခံ ကိုတက်ရောက်လာတဲ့ ပါတီဝင်အင်အား စာရင်းကို ညီလာခံ
မကျင်းပမီမှာ ကြိုပြီး ကြေညာရပါတယ်။ ဒါပေမဲ့ ညီလာခံ ကျင်းပပေးသွားတဲ့
ကော်မရှင်ကတော့ အဲဒီစာရင်းကို ကြိုတင်ကြေညာခြင်းမရှိဘူး။ အဲဒါကတော့ အားလုံး အသိပဲ။ ပရိသတ်အားလုံးလည်း အမြင်ပဲ။ အဲဒီလို ကြိုတင်ကြေညာခြင်းမရှိဘဲ သူတို့ဆီကို ၂၄၀ တက်ရောက်လာတဲ့
အခါကျတော့မှ သာလျှင် ၃၃၀ ဖိတ်ပါတယ်လို့ ကြေညာတာ။ အမှန်တကယ်က ညီလာခံကိုလာ ရောက် တက်ရောက်တဲ့စာရင်း၊ မကြေ ညာခင်မှာ ဘာကို ကြေညာပေးရမလဲဆို ရင် ညီလာခံကို ဖိတ်ကြားတဲ့ စာရင်းကို ကြေညာပေးရမှာပါ။ အဲဒါလဲ သူက ပထမပျက်ကွက်တယ်။ သူမှားတာဘာ ကြောင့်လဲဆိုတဲ့ အကြောင်းပြချက်က ကျွန်တော်တို့အတွက်
နောက်ထပ်စဉ်း စားစရာ အချက်တစ်ချက် ထပ်ထွက် လာတာပေါ့။ ညီလာခံနဲ့ ပတ်သတ်လို့ ဒီနေ့လုပ်သွားတာက လပြည့်နေ့။လပြည့် နေ့နဲ့ ပတ်သက်လို့ ညီလာခံကို ကျွန် တော်စာတစ်စောင်ရေးတင်ပါတယ်။ လပြည့်နေ့မှာ လုပ်လို့ရှိရင် ကထိန်ရှိ တယ်။ စတုဒိဿာရှိတယ်။ နိဗ္ဗာန်ဈေးရှိ တယ်။ ဒါကြောင့်မို့လို့ ပါတီဝင်တွေ စုံစုံ လင်လင်တက်ရောက်နိုင်ခြင်း
မရှိနိုင်ဘူး။ အဲဒီအခါမှာ ညီလာခံရဲ့ အနှစ်သာရ မပြည့်နိုင်ဘူးလို့ ကျွန်တော်စာရေးပြီး တင်ပါတယ်။ ကျွန်တော်ထင်တာက နောက်ကျပါ
သေးတယ်။ မြို့နယ် ကော်မ ရှင်က ဒေါက်တာဖြူဖြူခိုင်ပြောတယ်။ နောက် တိုင်းကော်မရှင်က ကိုသားလေး ကဒါကို အကြံပေးပြီးပြောတယ်။ ဒါပေမဲ့ အဲဒါကို သူတို့ပြင်ဆင်ခဲ့ခြင်းမရှိဘူး။ အဲဒီ နေ့ကို ဘာကြောင့်ရွေးပြီး သူတို့ကျင်းပ ရသလဲဆိုတာ စဉ်းစားဖို့တစ်ခုကောင်း တာပေါ့နော်။ အဲဒီမတိုင်ခင်ကကော ညီ လာခံနဲ့ပတ်သက်လို့ ဘယ်လို မဲပေးရ မယ်၊ ဘာကြောင့်မဲပေးရမယ်၊ ဘယ်သူ တွေကိုမဲပေးရမယ်၊ ညီလာခံကျင်းပ
ရခြင်းရဲ့ အနှစ်သာရနဲ့ ရဖို့ရည်ရွယ်ချက် က ဘာလဲဆိုတာ ညီလာခံ
ကော်မရှင်က ညီလာခံသာ ကျင်းပပြီးစီးသွားတယ်။ လုံးဝ ပြောကြား
ခဲ့ခြင်းမရှိဘူး။ သူတို့တွေ က တောက်လျှောက် ဆက်တိုက်ဆက် တိုက် တစ်ခုပြီးတစ်ခု မှားလာခဲ့တဲ့အချိန် ကျတော့ သူတို့ လုပ်ဆောင်ရမယ့်
အလုပ်တွေ မလုပ်ခဲ့ဘူး။ နောက် မလုပ်ရ မယ့်ရက်မှာလည်း လုပ်ခဲ့တယ်။ သူတို့ လုပ်ဖို့ အလုပ်တွေလည်း ညီလာခံထဲ ရောက်မှ ဘာကြောင့် ပျက်ကွက်သလဲ။ အဲလို ပျက်ကွက်တဲ့ကိစ္စတွေ ပေါ်လာပြီး ကာမှ
နောက်ထပ်အမှားကြီးတွေကို ဆက်တိုက်ဘာကြောင့် ကျူးလွန်သွား သလဲဆိုတာ စဉ်းစားစရာရှိလာတယ်။

NLDမြို့နယ်ညီလာခံကျင်းပရေး ကော်မရှင်အတွင်းရေးမှူးလည်းဖြစ်ပြီး ဦးသိင်္ခက ညီလာခံပျက်ခဲ့ရခြင်းနှင့်ပတ် သက်၍ ““ကျွန်တော်ပြောချင်တာက ကျွန် တော်က အခုလက်ရှိ မြို့နယ်ကော်မရှင် အတွင်းရေးမှူး ညီလာခံ
စည်းမျဉ်းအရ ကျွန်တော်တို့ (၉၄)ရပ်ကွက်ကို ရပ်ကျေး ကော်မရှင်တွေ
တောင် ကိုယ့်ရပ်ကွက်ကို ညီလာခံနဲ့ပတ်သက်ရင် တာဝန်မရှိဘူး။ အခြားရပ်ကွက်တွေကနေ ပြောင်းလဲပြီး တာဝန်အလှည့်ကျပေးထားတာ။ တကယ့် တကယ် တာဝန်ရှိတာက ဒီ(၉၄)ရပ်ကျေး ကို ဦးစီးကျင်းပပေးတဲ့ (၈၈)ရပ်ကွက် ညီလာခံကျင်းပရေးကော်မရှင်မှာပဲ လုံးလုံးလျားလျား တာဝန်ရှိတယ်။ အခု ဖြစ် သွားတဲ့ ကိစ္စမှာ သံသယဖြစ်ဖွယ်ရာတွေ အများကြီးတွေ့နေရတယ်။ မဲမပေးရ သေးတဲ့ လူတွေရဲ့ လက်မှတ်ကို လာထိုး ပါ၊ လာထိုးပါဆိုပြီး လှုံ့ဆော်တဲ့သူ့ရဲ့ လက်ထဲမှာလက်မှတ်
စုဆောင်းဖို့အတွက် စနစ်တကျ ချထားတဲ့ ဇယားနဲ့ စာရွက် တွေ အမြောက်အများပါလာတယ်။ ပါ လာတယ်ဆိုတဲ့ အနေအထားကလည်း ဒီလိုအနေအထားကို ဖြစ်မယ်လို့ ရည် ရွယ်ပြီးတော့မှ လုပ်တာလို့ သုံးသပ်လို့ရ တယ်။ နောက်တစ်ချက်က ဒီ ၈၈ ရပ် ကွက်ရပ်ကျေးကော်မရှင်
ကို ကျွန်တော် တို့ ကိုယ်တိုင်က ယခင်ကတည်းက သံ သယရှိနေတဲ့အထဲမှာ ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ကျွန်တော်တို့ကို အခု အတိုက်အခံ
လုပ်နေတဲ့ ဦးထွန်းဝတို့၊ ကို ကျော်သူတို့နဲ့ အမတန် ရင်းနှီးတဲ့ ပုဂ်္ဂိုလ် တွေမို့လို့ ဒီပွဲကြီးကို ကျွန်တော်တို့ကိုယ် တိုင်က လုံးဝ သံသယရှိတယ်။ တိုင်းက ဦးဘိုဘိုဦးက ဒီကိစ္စကို အချိန်မီ မြန်မြန် အစီအရင်ခံစာရေးတင်ပေးပါတဲ့””ဟု ပြောကြားခဲ့သည်။

၉၄ ရပ်ကွက် NLD ရပ်ကျေးကော် မရှင်ဥက္ကဋ္ဌလည်းဖြတ်ပြီး ၀င်ရောက် အ ရွေးချယ်ခံခဲ့သူ ဒေါ်ဝင်းဝင်းချိုက ““ရပ် ကျေးကော်မရှင်က ကိုယ့်ရပ်ကျေးမှာဆို ရင် ကျွန်မတို့က ပြည်သူပဲ၊ ဘာမှ ဒီမှာ လုပ်ပိုင်ခွင့်မရှိဘူး။ ကျွန်မတို့က ပါတီဝင် ကတ်ပြားတွေကို ပါတီဝင်တွေဆီ လက် ၀ယ်ရောက်ရှိအောင် ဖိတ်စာတွေ ဖိတ် ပေးရတယ်။ ကတ်ပြားတွေပို့ပေးရတယ်။ ညီလာခံဖြစ်မြောက်အောင် ကျွန်မတို့က အဆောက်အအုံတွေ၊ နေရာတွေ၊ ဧည့် သည်တွေ လာဖို့နေရာတွေ အားလုံးကို စီစဉ်ပေးရတာ။ ကိုယ့်ရပ်ကွက်ကျရင် ဘာမှ ၀င်ရောက်
စွက်ဖက်ခွင့်မရှိဘူး။ ၀င် ရောက်တော့ ရွေးချယ်ခံခွင့်ရှိတယ်။ ဖိတ် ကြားထားတဲ့ လူစာရင်းကို လာကြီးကြပ် တဲ့ (၈၈) ရပ်ကွက်ကော်မရှင်
လက်ထဲကို ထည့်ရတယ်။ တက်ရောက်လာတဲ့ လူ စာရင်းကိုလည်း
ပေးရတယ်။ သူတို့က တက်ရောက်လာသူ စာရင်းနဲ့ ဖိတ်ကြား ထားသူ စာရင်းနဲ့ ဘယ်နှစ်ရာခိုင်နှုန်းရှိ ရင် အောင်မြင်ပါတယ်ဆိုပြီး သူတို့က ကြေညာပြီးတော့ မဲထည့်ဖို့ခေါ်ပေးရ တယ်။ သူတို့ အကုန်စီမံခွင့်ပဲရှိတယ်။ ကျွန်မတို့ရပ်ကျေးကော်မရှင်နဲ့ဘာမှ စီမံခွင့်မရှိဘူး။ အပေါ်ကလည်းမူချထား တယ်။ ကိုယ့်ရဲ့ မဲရမှုကလည်း သူတို့ ပြောသမျှပဲနေရတယ်။ ရပ်ကျေး ကော် မရှင်တိုင်း အဲဒီအတိုင်းပဲ။
ဒီနေ့ ပွဲမှာ တက်ရောက်မယ့် လူ ၃ ရာကျော်အတွက် စာရင်းတွေ အကုန်ပေးလိုက်ရတယ်။ တက်ရောက်လာတဲ့ လူစာရင်းကိုလည်း (၈၈)ရပ်ကျေးကော်မရှင်လက်ထဲကို ထည့်ပေးရတယ်။ တက်ရောက်သူ လက် မှတ်ထိုး လက်ခံတဲ့သူတွေရှေ့မှာပဲ တစ် ခါတည်း ထည့်ပေးတာ။ လက်ခံတဲ့သူ တွေကလည်း တခြားရပ်ကွက်ကပဲ လာ ကူကြတာ။ အဲဒီ စာရင်းတွေ အပ်လိုက် တာနဲ့ ကျွန်မတို့နဲ့ဘာမှမဆိုင်တော့ဘူး။ ဘယ်သူ ရိုးသားတယ်၊ မရိုးသားဘူးဆို တာကတော့ ကျွန်မတို့ကတော့ ကိုယ့် ကိုယ်ကိုပဲ တာဝန်ယူတတ်တယ်။ ကိုယ့် တာဝန်ဖြစ်တဲ့ ပါတီဝင်တွေဆီကို ပါတီ ၀င်ကတ်တွေပို့ပေးတယ်။ တက်ပါမယ်ဆို တဲ့သူတွေဆီကို ဖိတ်စာပို့ပေးတယ်။ ဒီ ဘက်အပိုင်းမှာ မှားသလား၊ မှန်သလား ဆိုတာတော့ ကာယကံရှင်လုပ်တဲ့သူတွေ ပဲ သိမယ်။ မှားတာဆိုရင်လည်း (၈၈) ရပ်ကျေးက လုပ်တာပဲ မှန်တာဆိုရင် လည်း သူတို့လုပ်တာပဲ။ ညီလာခံမလုပ် ခင်မနေ့က ကိုစိုးမိုးကျော်သူ ဦးထွန်းဝနဲ့ ပါတီဝင် ၁၀ ဦးလက်မှတ်ရေးထိုးပြီး ညီ လာခံကို နောက်ရွှေ့ပေးပါဆိုပြီး စာလာ တင်တယ်။ ညီလာခံလုပ်မယ့်
ရက်ကို အထက်ကို ၁၀ ရက်ကြိုတင်ရတယ်။ ၈ ရက်လောက်ကြိုပြီး ချပေးတယ်။ ၇ ရက် ကြိုပြီး ဖိတ်စာဖိတ်ရတယ်။ ဒီလို အခြေ အနေမှာ နက်ဖြန်လုပ်ရမယ့်ပွဲမှာ ဒီနေ့ လာပြီး ဒီပွဲနောက်ဆုတ်ပေးပါဆိုပြီး လာ ဖျက်တဲ့ အပေါ်မှာ ကျွန်မတို့ လုံးဝ သံ သယရှိတယ်။ သူတို့အစီအစဉ်တကျနဲ့ ဒီပွဲကို ဖျက်ခိုင်းတဲ့ပုံစံမျိုးဖြစ်နေတယ်။ ညနေပိုင်းမှာ သူတို့က အစည်းအဝေး ရှိတယ်ဆိုပြီး မိုက်နဲ့လိုက်ကြေညာပြီး ခေါ်တယ်။ သူတို့ ဘာပြောတယ်
ဆိုတာ ကတော့ မသိဘူး။ အခုဖြစ်ပြီးတဲ့ အချိန် မှာလည်း မဲမထည့်ရသေး
တဲ့သူတွေကို လက်မှတ်လာထိုးလို့ သူတို့ ချပေးတဲ့ စာ ရွက်ဟာ Planဆွဲပြီးသား စာရွက်တွေ ဖြစ်နေခြင်းကို ထောက်ခြင်းအားဖြင့် သူ တို့ဟာဒါကို ကြိုတင်ကြံစည်ထားတာလို့ ကျွန်မတို့က စွပ်စွဲတယ်။ ရိုးရိုးသားသား မဲလာထည့်တဲ့သူဆိုရင် အဲဒီလို (စာရင်း ဇာယားကွက်
ချထားသော) စာရွက်မပါ လောက်ဘူး။ ပါလာစရာအကြောင်းလဲ မရှိဘူး။ အကြံအစည်ရှိလို့သာ ဒီစာရွက် ကို ယူလာတာလို့ထင်တယ်။ အဲဒါကျွန်မ အမြင်ပဲ။ ကျွန်တာကတော့ ရိုးသား တယ် မရိုးသားဘူးဆိုတာ (၈၈)ရပ်ကျေး ပဲသိမယ်။ ပါတီဝင် ၈ ရာကျော်ရှိတဲ့ အထဲက ၃ ရာကျော်ပဲဖိတ်တာက ပါတီ ၀င်ကတ်သွားပေးတဲ့အခါမှာ ညီလာခံ တက်ရောက်နိုင်ခြင်းရှိ၊ မရှိမေးတယ်။ တက်မယ်ဆိုတဲ့သူ စာရင်းကို ယူထား တယ်။ ၇ ရက်အလိုမှာ ဖိတ်စာပို့ပေး တယ်။ လပြည့်နေ့ လုပ်တယ်ဆိုတာက ဒီမှာ အလုပ်သမားတွေများ
တဲ့အတွက် အလုပ်ပိတ်ရက် ရွေးလိုက်ရတာ။ ကျန်တဲ့ ရပ်ကွက်တွေက ကြိုတင်ထားကြတော့ ကျွန်မတို့က စနေ၊ တနင်္ဂနွေရက်မျိုး မရ တော့ဘူး။ ဒါကြောင့်ပါ။ အချိန်ကိုလည်း ၁၂ နာရီလုပ်လိုက်တယ်။
မနက်ပိုင်း ဘုန်းကြီးကျောင်းသွား ဘာသွား ပဒေသာပင်ပို့ပြီးချိန် ၁၂ နာရီ ဆို အားကြပြီဆိုပြီးရွေးလိုက်တာ ဖိတ် ကြားတဲ့စာရင်းတွေ၊ ပါတီဝင်တွေက ကျွန်မတို့ဆီမှာပဲရှိတာမဟုတ်ဘူး။ ဒေါက် တာ ဖြူဖြူခိုင်အိမ်က ကွန်ပျူတာမှာလည်း ရှိတယ်။ ၂၅ ရက်ကလည်း ဦးကျော်သူ တို့က ဦးထွန်းဝအိမ်မှာလုပ်တဲ့ အစည်း အဝေးမှာ ပါတီဝင်တိုင်း အိမ်ကို ဖိတ်စာ နဲ့ ဖိတ်တယ်။ အဲဒါ NLD ပါတီက ကျွန်မတို့ ရပ်ကျေးကော်မရှင်မှအပလုပ် ခွင့်မပေးထားပါဘူး။ ဒါကိုကြည့်ရင် ဒီနေ့ စာရင်းတွေ ဘယ်ကထွက်နိုင်
ပါသလဲ။ ဘယ်ကရသလဲ။ ကျွန်မတို့တကယ်ပေး တဲ့ စာရင်းဟုတ်မဟုတ်
ဆိုတာ ကျွန်မ တစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ သူတို့လက်ထဲ
ရောက်မှ ကျွန်မတို့ ပေး ထားတဲ့ တကယ်စာရင်းဟုတ်မဟုတ်ကို
ကြော်ငြာတယ်၊ မကြော်ငြာဘူးဆိုတာ ကျွန်မတို့ မေးခွင့်လည်းမရှိဘူး။
သိခွင့် လည်းမရှိဘူး။ ကျွန်မတို့ကိုလည်း ဘာမှ မဖြေသွားဘူး။ အဲဒီ အဖြစ်အပျက်ဖြစ် ပြီးတာနဲ့ ၈၈ ရပ်ကျေးကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းစိန်လုံးဝ ကျွန်မကို အတွေ့အခံ ဘဲ ပျောက်သွားတယ်။ စာရွက်တွေလည်း သူတို့ပဲယူသွားတယ်။ ကျွန်မတို့ကိုဘာမှ မပြသွားဘူး။ အဲဒီအတွက် ကျွန်မတို့ ပေး ထားတဲ့ စာရင်းလား၊ သူတို့ဟာသူတို့ လုပ်ပြီး ယူလာတဲ့စာရင်းလားဆိုတာ ကျွန်မမပြောနိုင်ဘူး””ဟု ပြောကြားခဲ့သည်။

NLD ပါတီဝင်မဟုတ်သော်လည်း ညီလာခံသို့တက်ရောက်ခဲ့သည့်
ပြင်ပ ကျောင်းဆရာ ဦးကျော်သာ(ခ)မင်းတေဇက ““ကျွန်တော့်အမြင်
ကတော့ တာဝန်ယူပြီး ဆောင်ရွက်ရတဲ့ ပုဂ်္ဂိုလ်တွေက တာဝန်ပိုင်း
ဆိုင်ရာကို ကျေပွန်အောင် မထမ်းဆောင်လို့ ဖြစ်သွားတယ်လို့ထင် တယ်။ ဒါက ပါတီတွင်းရွေးချယ်ပွဲဖြစ်လို့ လက်ရှိလည်း ပါတီမှာ အရွေးချယ်ခံထား ရတဲ့ လွှတ်တော်ကိုယ်စားလှယ်လည်းရှိ တယ်။ ညီလာခံကို လွှတ်တော်ကိုယ်စား လှယ်ကိုယ်တိုင် တက်တယ်။ ညီလာခံမှာ လုပ်ငန်းပိုင်းဆိုင်ရာ အားနည်းချက် ကြောင့် ညီလာခံပျက်သလိုမျိုးဖြစ်သွား တယ်။ အဲဒီလို ဖြစ်သွားတဲ့ အပေါ်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မျိုးအောင်ကိုယ်တိုင်က နောက်တစ်ပွဲ ထပ်လုပ်ဖို့ ပြောလိုက်တယ်ဆိုရင်
respect ကတော့ ရှိရမယ်။ ပါတီဝင်အချင်းချင်း အောက်ခြေပဲဖြစ်ဖြစ်၊ အဲဒီမှာ အပြန် အလှန်လေးစားမှုသာရှိခဲ့မယ်ဆိုရင် ရုန်း ရင်းဆန်ခတ်
ဖြစ်စရာအကြောင်းမရှိဘူးလို့ ကျွန်တော်မြင်တယ်။ ကိုယ်စားလှယ်ကြီး
ပြောပြီးတဲ့နောက် အားလုံး လက်ခံသွား ပြီးတဲ့နောက်မှာ ထပ်ဖြစ်တဲ့ အဓိကရုဏ်း ကတော့ အချင်းချင်းအပြန်အလှန် လေး စားမှုတွေ အားနည်းနေတယ်လို့ ကျွန် တော်မြင်တယ်။ ကျွန်တော်တို့ပြည်သူ တွေက political knowledge အတော် လေး အားနည်းနေသေးတယ်လို့ ပြော ချင်တယ်။ NLDပါတီဝင်တွေ ပြောပြော နေတဲ့ အမေကို တကယ်ချစ်တယ်
ဆိုရင် ကော်မရှင်ကလည်း စေတနာပါပါ ဆောင်ရွက်မယ်၊ လူတွေလည်း စည်းနဲ့ ကမ်းနဲ့ လိုက်နာမယ်ဆိုရင်တော့ ဖြစ်စ ရာ အကြောင်းမရှိဘူးလို့ ကျွန်တော် ထင်တယ်။ ရွေးချယ်ခံတွေကလည်း ငါ နေရာရရှိရေးဆိုတဲ့ အတ္တကို ရှေ့တန်း တင်ပြီးတော့ သွားနေတဲ့အတွက်ကြောင့်ု မို့လို့လည်း
ဒီလို ထိန်းသိမ်းလို့မရတဲ့ အ နေအထားမျိုးဖြစ်သွားတယ်လို့ ထင် တယ်။ နိုင်ငံရေးနဲ့ပတ်သက်လို့ လုပ်စား မယ့်သူတွေဟာ တကယ်တမ်းသာ
စေတနာပါမယ်ဆိုရင် မလုပ်စားပဲနဲ့ ပြည်သူ အကျိုးပြုလုပ်ငန်းတွေကို ပွင်လင်းမြင် သာတဲ့ပုံစံမျိုးနဲ့ အားသွန်ခွန်စိုက်ကြိုးစား ပြီးတော့ အလုပ်လုပ်ပြီးတော့မှ အလုပ် ကပေးသော နေရာကို လက်ခံပါလို့
ပြောချင်တယ်။ အလုပ်ကပေးတဲ့ နေရာ ကို လက်မခံဘဲနဲ့ နေရာအတွက်ပဲ အ လုပ်လုပ်မယ်ဆိုရင်တော့ ဒီလိုပြဿနာ မျိုးတွေဟာ ဒီနေရာမှာမှ မဟုတ်ဘူး။ နေရာတိုင်းနေရာတိုင်း၊ ဒီပါတီမှ မဟုတ် ဘူး။ ပါတီတိုင်း ပါတီတိုင်း၊ ဒေသတိုင်း၊ ဒေသတိုင်းမှာတော့ ဖြစ်နေဦးမယ်လို့ ကျွန်တော်ထင်တယ်””ဟု ၎င်း၏ အမြင် ကို ပြောကြားခဲ့သည်။

အဆိုပါ ညီလာခံသို့တက်ရောက် ခဲ့သည့် ယုဇနဥယျာဉ်မြို့တော်နေ ဦးလှမိုးက ညီလာခံပျက်ခဲ့ရခြင်းအပေါ် ““ဒီဥစ္စာဖြစ်တာ ဒေါက်တာမျိုးအောင် NLD(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ပြောပြီးပြီ။ ဒေါက်တာမျိုးအောင်ပြော ပြီးတဲ့အခါမှာ ထပ်ဖြစ်ရတဲ့အကြောင်းက အမှန်က သူတို့စည်းလုံးမှုမရှိတာ။ စည်းလုံးမှုမရှိတဲ့ အပိုင်း၊ ပါတီထဲမှာကွဲနေ တာ။ ကွဲနေတဲ့အခါကျတော့ တစ်ဖက် ကနေ အမြင်စောင်းပြီးတော့ ဒီဥစ္စာကို ထပ်ပြီးတော့ ဖွလိုက်တာပဲ။ ဒါပဲ။ ဒီချို့ ယွင်းချက်ကို ဒီအားနည်းချက်ကို ထပ်ပြီး မီးမောင်းထိုးပြ
လိုက်တော့ ကျန်တဲ့လူတွေ မထိန်းနိုင်ဘူး။ အဲဒါကနေ ပြဿနာက မမျှော်လင့်ဘဲ ဖြစ်သွားတာ””ဟု ၎င်း အမြင်ကို ပြောကြားခဲ့သည်။

သိုးထိန်း (မြန်မာပြည်သား)
Copy From Hot News Weekly Web Page
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Join Free