သုံးရက်ဆက်တိုက် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ အဆက်မပြတ်ရွာသွန်းခဲ့သော အခါလွန်မိုးကြောင့် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်အတွင်းရှိ စပါးခင်
းအားလုံး၏ ခုနစ်ဆယ်ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။

ဒေးဒရဲမြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၁၈၀၀၀၀ တွင် ပေါ်ဆန်းဘေးကြား စပါးမျိုးစိတ်ကို အဓိကထား စိုက်ပျိုးထားပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧက ၁၃၀၀၀၀ ကျော်မှ မရိတ်သိမ်းရသေးသော စပါးခင်းများနှင့် ရိတ်သိမ်းပြီးသော်လည်း အမိုးအကာအောက်သို့ မရောက်သေးသော ကောက်လှိုင်းများအားလုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

မိုးရွာသွန်းမှု ရပ်တန့်သွားချိန်တွင် ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာ ၉၃ အုပ်စုမှ ဒေသခံတောင်သူလယ်သမားနှင့် မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှ တာဝန်ရှိသူများ ကွင်းဆင်းကာ စာရင်းကောက်ယူမှုမှ ပျက်စီးမှုပမာဏကို သိရှိခဲ့ရကြောင်း ဒေါက်တာစိုးထွန်းကပြောသည်။

"အခုလိုပျက်စီးရတာက လယ်သမားတွေက သူတို့ရိတ်ပြီးသား စပါးတွေကို ကန်သင်းပေါ်တင်ထားပြီး နောက်သီးနှံအတွက် ပြင်ဆင်နေကြတာကြောင့် အခုလိုဖြစ်ကုန်ကြတာများတယ်။ အဲဒီ သမားရိုးကျလုပ်ကိုင်ပုံတွေကို ပြောင်းလဲလုပ်ကိုင်ကြဖို့ အသိပညာပေးရမယ်"ဟု ၎င်းကပြောသည်။

ထို့ကြောင့် နှစ်စဉ်မိုးစပါးထွက်နှုန်းမှာ တစ်ဧကလျှင် တင်းလေးဆယ်ကျော်ထွက်နေရာမှ ယခုနှစ်တွင် ရေနစ်နေသော စပါးခင်းများမှ တစ်ဧကတင်းနှစ်ဆယ်ခန့်သာ ထွက်နိုင်ကြောင်း တောင်သူတစ်ဦးက ခန့်မှန်းသည်။ သို့သော် ရိတ်သိမ်းပြီး ကောက်လှိုင်းများမှာမူ ရေစိုပြီး အညှောင့်ပေါက်နေသောကြောင့် ဆန်ကောင်းမရနိုင်တော့ကြောင်း တညင်ကုန်းကျေးရွာမှ ကိုဟန်ရွှေကပြောသည်။

"လက်ရှိစပါးတွေကို ၀ယ်မယ့်လူလည်းရှိမှာ မဟုတ်ဘူး။ ဒီစပါးတွေကို ရအောင်နယ်ပြီးလို့ ကြိတ်ရင်လည်း အ၀ါဖောက်ပြီး ဆန်ကွဲပဲရမှာ"ဟု ၎င်းကပြောသည်။

ထို့ကြောင့် လယ်သမားများသည် ရေနစ်နေသော မိုးစပါးရိတ်သိမ်းရန်နှင့် ဆောင်းသီးနှံစိုက်ပျိုးရန် ငွေကြေးအဓိက လိုအပ်နေကြောင်း လယ်သမားတိုင်းကပြောကြသည်။


Copy From 7day News Facebook Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free