မြန်မာ့ ဗီဇစိတ်ရင်း မသေသေးပါ



မြန်မာလူမျိုးတို့၏ ဗီဇ စိတ်ရင်းသည် အလွန် ယဉ်ကျေးသည်။ ရိုးသားသည်။ သနားကြင်နာ တတ်သည်။ ရိုင်းပင်းကူညီ တတ်သည်။

ှူဒါန်းချင်သည်။ ပေးကမ်း စွန့်ကြဲချင်သည်။ လမ်းဘေးမှာ အရိပ်ရ သစ်ပင် စိုက်သည်။ သောက်ရေချမ်းစင် တည်သည်။

သာလာယံဇရပ် ဆောက်သည်။ ရေတွင်းတူးသည်။ စတုဒီသာ ကျွေးသည်။ ဒီလို လုပ်တာတွေဟာ မိမိ၏ကိုယ်ကျိုးအတွက် မဟုတ်၊ အယုတ်အလတ် အမြတ်မရွေး လူသားအားလုံး အတွက်သာဖြစ

်သည်။ မြန်မာတို့၏ ဗီဇစိတ်ရင်းသည် အလွန်ကောင်းသည်။ မွန်မြတ်သည်။

မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု စရိုက်တွေထဲက လမ်း ဘေးမှာ အရိပ်ရ သစ်ပင် စိုက်ခြင်း၊ သာလာယံ ဇရပ် ဆောက်ခြင်း၊ ရေတွင်းတူးခြင်း၊ ရေကန် တူးခြင်းတွေသည် လူသားတွေ အတွက် သာမက တိရစ္ဆာန်တွေ အတွက်ပါ ရည်ရွယ်တာဖြစ်သည်။ လူသား နှင့် သတ္တဝါများ အရိပ်ခို နားကြပါစေ၊ ရေသောက်ကြပါစေ ဆိုသည့် ရည်ရွယ်ချက်ဖြစ်သည်။

ဒီစေတနာကို နက်နက်နဲနဲ ခံစား နားလည် ကြည့်ပါက ပြုလုပ် တည်ဆောက်သူတို့၏ စိတ်ရင်း စေတနာကို သိ နိုင်သည်။ အလွန်လေးစား ကြည်ညိုစရာ ကောင်းသည်။

ကျွန်တော်ငယ်ငယ် အရွယ်၊ လွန်ခဲ့သည့် နှစ်ပေါင်း ခြောက် ဆယ်ကျော်က ကျွန်တော်တို့ ဒေသမှာ တစ်နေရာမှ တစ်နေရာသို့ ခရီး သွားလျှင် ခြေလျင်သွားကြရသည်။ အဆင့်အမြင့်ဆုံး ယာဉ်ရထားက နွားလှည်းဖြစ်သည်။ အင်္ဂလိပ်မင်း ဖောက်လုပ် ခဲ့သည့် မော်တော် ကားလမ်းသည် ရောင်စုံသူပုန်တို့ အုပ်စိုးရာ နယ်မြေအတွင်း ကျ ရောက်နေသည့်အတွက် မော်တော်ယာဉ် အသွားအလာ မရှိတော့ဘဲ နွားလှည်းပဲ သွားလို့ရသည့် လမ်းဖြစ်ခဲ့သည်။

အဲဒီလမ်းကိုပဲ ဒေသခံ ရဟန်းရှင်လူ ပြည်သူများ အသုံးပြုခဲ့ကြရသည်။ မြို့ကိုသွားကြသည့် ဈေးရောင်း ဈေးဝယ်၊ ကျွဲ၊ နွားကုန်သည်နှင့် အလှူအတန်းပွဲလမ်း သဘင်က ပင့်ဖိတ်လို့ကြွကြသည့် ရဟန်းသံဃာတော်များပါ ခြေ လျင်ကြွကြရသည်။

အမြော်အမြင် ကြီးမားသည့် အင်္ဂလိပ်မင်း အစိုးရနှင့် ရှေးခေတ် မြန်မာလူကြီးများက လမ်းဘေး ဝဲယာမှာ အရိပ်ရ သစ်ပင်ကြီးတွေ စိုက်ခဲ့ကြသည်။ ကုက္ကိုပင်ကြီးတွေ၊ ပိတောက်ပင်ကြီးတွေ ဖြစ်သည်။ အသီးနှင့် အပွင့်ပါ စားသုံးလို့ ရသည့် သရက်ပင်ကြီးတွေနှင့် သော် ကပင်တွေ၊ လက်ပံပင်တွေပါ စိုက်ခဲ့ကြသည်။ ဆောင်းအဝင်၊ နွေ အကူး ရာသီတွေမှာ ရဲရဲနီအောင် ပွင့်ကြသည့် သော်က၊ ပေါက်နှင့် လက်ပံတွေ ကောက်ယူလို့ မကုန်၊ စားသုံးမကုန် ရှိခဲ့ကြသည်။ ဖွေး ဖွေးဖြူသည့် သခွပ်တွေ ပင်လုံးညွတ် ပွင့်ကြသည်။ ခရီးသွား ရဟန်း ရှင်လူများ အရိပ်ခို နားနေလို့ရသည့် သစ်ပင်ကြီးတွေ ရှိခဲ့တာကို မှတ် မိသေးသည်။

ရွာနှင့်ဝေးသည့် နေရာက လမ်းဘေးမှာ သာလာယံ ဇရပ် ဆောက်ထားကြသည်။ အမိုးနှင့် အကာသုံးဖက်သာ ရှိသည့် အဆောက်အအုံဖြစ်သည်။ ပျဉ်ခင်း၊ ပျဉ်ကာပြီး သွပ်မိုးထားသည်။

ခရီးသွားများ အိပ်စက် နားနေလို့ ရအောင်အထိ ရည်ရွယ်ပြီး ဆောက် ပေးထားတာဖြစ်သည်။ ဇရပ်အနီးမှာ ရေချိုတွင်း တူးပေးထားသည်။ ကျောက်ဂွေချပြီး စက်သီးတပ်ကြိုးဖြင့် ဆွဲခပ်လို့ရသည့် ရေပုံးပါ အသင့် ပြုလုပ် ပေးထားသည်။

သာမည စေတနာမဟုတ်၊ မိမိအကျိုး မပါ၊ မောပန်းလာသူတွေ နားကြပါစေ၊ ရေအေးအေး သောက်ကြပါ စေဆိုသည့် စေတနာသာဖြစ်သည်။ မြန်မာဆိုတာ တကယ်စိတ်ရင်း စေတနာ ကောင်းခဲ့သည့် လူမျိုးဖြစ်သည်ဆိုတာကို သက်သေပြခဲ့ သည့် သာဓကတွေဖြစ်သည်။

အဲဒီလို ဗြဟ္မစိုရ် တရားဖြင့် နေထိုင်ခဲ့ကြသည့် မြန်မာလူမျိုး တို့ရဲ့ ကောင်းမွန်တဲ့ ဗီဇစရိုက်တွေကို အာဏာရှင် အုပ်ချုပ်သူ တစ်စု က စနစ်တကျ ဖျက်ဆီးပစ်တာ ခံခဲ့ရသည်။ မိမိတို့ အာဏာတည်မြဲ ဖို့၊ မိမိတို့ ချမ်းသာဖို့ အတွက် ထင်ရာစိုင်းသည့် အုပ်ချုပ်သူ အာဏာ ရှင်က သူလုပ်ချင်တာလုပ်သည့် စီးပွားရေးစနစ်ကို စမ်းသပ် လုပ်ကိုင် ခဲ့သည်။

တိုင်းပြည် ဆင်းရဲပြီး ပြည်သူတွေ စရိုက် ပျက်ခဲ့ရသည်။ ပြည် သူတွေဆင်းရဲပြီး စားဝတ်နေရေး ကျပ်တည်း လာသည့်အခါ အကျင့် စာရိတ္တ ပျက်လာသည်။ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်း စား၊ ဘယ်သူသေသေ ငတေမာလျှင် ပြီးရော စိတ်တွေ မွေးလာကြသည်။
မွန်မြတ် ကောင်းမွန်သည့် ဗီဇစရိုက်တွေကို ဖျက်ဆီး ခံလိုက်ရ သည့်အခါ ရိုးသားခဲ့ကြသည့် ပြည်သူတွေဟာ သူခိုး၊ ဓားပြတွေ ဖြစ်လာသည်။

လမ်းဘေးက အရိပ်ရ သစ်ပင်ကြီးတွေ ခုတ်လှဲ ခံရ သည်။ သာလာယံဇရပ်က ပျဉ်ခွာ၊ သွပ်ခွာ၊ တိုင်ချွတ် ယူကြသည်။ ရေချို တွင်းထဲ အမှိုက်ပစ် ထည့်သည်။ စိတ္တသုခ ရေချမ်းစင်က သောက်ရေ အိုးနှင့် သောက်ရေခွက်ကို အိမ်မှာသုံးရန် ယူသွားကြသည်။ ပြည်သူ့ ဝန်ထမ်းတွေက ပြည်သူ့ဝန်ကို မထမ်းတော့ဘဲ တိုင်းပြည်ဘဏ္ဍာကို ခိုးကြသည်။

ပြည်သူ့အသက်နှင့် အိုးအိမ်ကို ကာကွယ်ရမည့် လက် နက်ကိုင်အဖွဲ့က ဓားပြအကြီးစားတွေ ဖြစ်သွားကြသည်။ နှမြောစရာ ကောင်းလိုက်တာ၊ ရှက်စရာ ကောင်းလိုက်တာ၊ တိုင်းပြည်အတွက် နစ်နာလိုက်တာဟု တွေးမိပါသည်။ အစဉ်အလာ ကောင်းခဲ့သည့် မိကောင်းဖခင် သားသမီးတွေနဲ့ ဖွဲ့စည်းထားခဲ့တဲ့ ဝန်ထမ်းအဖွဲ့ အစည်းတွေနှင့် ပြည်သူတွေရဲ့ ဗီဇစရိုက်ကောင်းတွေကို အာဏာရှင် က သူ့အာဏာတည်မြဲဖို့အတွက်၊ သူလုပ်ချင်တာ လုပ်ဖို့အတွက် စနစ်တကျ ဖျက်ဆီးပစ်တာ ခံခဲ့ရသည်။

မိမိအုပ်ချုပ်မည့် တိုင်းပြည်မှာ လူတော်တွေ၊ ပညာတတ်တွေ မရှိမှ တိုင်းပြည်ကို အုပ်ချုပ်ရတာ လွယ်ကူသည် ဆိုသည့် အတွေး အခေါ် ရှိသည့်အတွက် လူတော်တွေ ကိုယ့်တိုင်းပြည်မှာ ကိုယ်မနေ နိုင်အောင် လုပ်ပစ်ခဲ့သည်။ ပညာရေးကို အဆင့်အတန်း မရှိအောင် လုပ်ပစ်လိုက်သည်။ ငါးနှစ်မျှ အသည်းအသန် ကြိုးစားရသည့် ဝိဇ္ဇာ ဘွဲ့ကို ကျောင်းပြေးရင်း သုံးနှစ်မျှ နေရုံဖြင့် ဘွဲ့ပေးလိုက်ပြီး ကျောင်း နှင့် ဝေးကွာသွားအောင် လုပ်ပစ်ခဲ့သည်။ ကျောင်းသားတွေ စုစည်း မရအောင်၊ အလှမ်းဝေးသည့် ဒေသတွေမှာ ပြန့်ကျဲနေအောင် စနစ် တကျ ဆောင်ရွက်ခဲ့သည်။

အစိုးရ ဝန်ထမ်းတွေ နိုင်ငံရေး မလုပ်လျှင်ပြီးရော ကျန်တာ လုပ်ချင်တာလုပ် ဆိုသည့် သဘောဖြင့် လွှတ်ပေးထားပြီး မျက်စိ မှိတ်နေသည်။ အကျင့်ပျက် ဝန်ထမ်းတွေ ဖြစ်အောင် တမင်လွှတ် ကျောင်းထားခဲ့သည်။ စားချင်သလို ဝင်စား၊ ဆွဲစားတာကို သိနေခဲ့ သည်။ ကြည့်နေခဲ့သည်။ နိုင်ငံရေး လုပ်လျှင်ဖြစ်စေ၊ မိမိကိုအာခံ လျှင်ဖြစ်စေ၊ စားမှု၊ ဝါးမှုတွေဖြင့် အရေးယူနိုင်အောင် စနစ်တကျ မှတ်တမ်း တင်ထားပြီးဖြစ်သည်။ အာဏာရှင်ကို အာခံသည့်နေ့မှာ အကျင့်ပျက်မှုဖြင့် အရေးယူ ခံရတော့မည်ဖြစ်သည်။ အကျင့်ပျက်နေ သည့် ဝန်ထမ်းသည် အာဏာရှင် အကြိုက် လိုက်လုပ်ပေးနေရတော့ သည်။

ကျက်သရေ မင်္ဂလာရှိသည့် ဒီမိုကရေစီ နိုင်ငံရေးအရုဏ်ဦး ကာလမှာပင် မြန်မာတို့၏ မွန်မြတ် ကောင်းမွန်သည့် ဗီဇစရိုက်တွေ ငုပ်လျှိုးနေရာမှ ခေါင်းထောင်ထလာပြီဟုယူဆရသည့် မင်္ဂလာ သတင်းတစ်ပုဒ်ကို ကြားသိ လိုက်ရသည်။ မြန်မာ့စိတ်ရင်းက ဒီ အတိုင်းသာ ဖြစ်သည်လို့ ယုံကြည်သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် ကြာသပတေးနေ့ နံနက် က မလွှကုန်းဘူတာပလက်ဖောင်းပေါ်မှာ အသက် ၁၉ နှစ်သာရှိ သေးသည့် မခင်သန္တာဌေးကလေးမီးဖွားသည်။ ခင်သန္တာဌေးသည် ဆင်းရဲနွမ်းပါးသူဖြစ်သည်။ အဘွားအိုနှင့်အတူနေရသူဖြစ်သည်။ ခင်ပွန်းကလည်း နေ့စေ့လစေ့ဗိုက်ကြီးသည်ဇနီးကိုထားခဲ့ပြီး ပိုက်ဆံ ရှာဖို့ ခရီးထွက် နေရသည်။ ဗိုက်ကြီးသည်ကလည်း ကြုံရာကျပန်း လုပ်ပြီး ပိုက်ဆံရှာရန် သွားဖို့ အတွက် ရထား စောင့်နေစဉ် ဗိုက်နာ လာတာ ဖြစ်သည်။

ဗိုက်ကြီးသည် မိန်းကလေး ဗိုက်နာလို့ ငိုညည်း နေသည့်အခါ ခရီးသည် အမျိုးသမီးတွေနှင့် ဈေးသည် အမျိုးသမီးတွေက ဝိုင်းအုံ လာကြပြီး ဖေးမ ကူညီကြသည်။ ကလေးထွက်ချင်လို့ ရေမြွှာပေါက်ပြီ ဆိုသည့်အခါ ရရာ အဝတ်တွေဖြင့် ပတ်ကာပြီး မီးနေခန်းလေးဖြစ် အောင် ပလက်ဖောင်းပေါ်မှာပင် လုပ်လိုက်ကြသည်။ အတွေ့အကြုံ ရှိသည့် ဈေးသည် ဒေါ်မြမြကြည်က ဦးဆောင်ပြီး မခင်သန္တာဌေး၏ သမီးဦးလေးကို မွေးဖွားပေးလိုက်ကြသည်။ ဘူတာရုံက လက်မှတ် ရောင်း ဝန်ထမ်း ကိုနိုင်ဝင်းက ကရုဏာကြေး အလှူခံရာ ခရီးသည် တွေနှင့် ဈေးသည်တွေက ထည့်ဝင် လှူဒါန်းကြတာ ၅၃၀၀၀ ရသည်။ မိခင် မခင်သန္တာဌေးနှင့် မွေးကင်းစ သမီးလေးတို့ကို အိမ်တိုင်ရာရောက် လိုက်ပို့ လိုက်ကြသည်။ အဲဒါမြန်မာ့စိတ်ရင်းဖြစ်သည်။

မြန်မာလူမျိုးတို့၏ ပင်ကို စိတ်ရင်းကောင်း၊ ဗီဇစရိုက်ကောင်း တွေသည် အာဏာရှင်၏ စနစ်တကျ ဖျက်ဆီးခြင်း ခံရလို့ နှစ်ပေါင်းငါးဆယ်မျှ ပျက်စီး နေခဲ့ရသော်လည်း ဒီမိုကရေစီ အနံ့အသက် ရလာသည်နှင့်တစ်ပြိုင်နက် သက်ဝင် လှုပ်ရှားလာတော့သည်။ သင်း သတ်ခံထားရသည့် မြန်မာ့စိတ်ရင်းကောင်း၊ ဗီဇစရိုက်ကောင်းတွေ ခေါင်းထောင်ထလာပြီး မသေသေးဘူး ဆိုတာကို မခင်သန္တာဌေး၏ အဖြစ်က သက်သေ ပြလိုက်တာဖြစ်သည်။

မြန်မာနိုင်ငံကို တစ်ခါမျှ မလာဖူးသည့် အမေရိကန် သမ္မတ လာတော့မည် ဆိုသည့် သတင်းကို ကြားကာမျှဖြင့် မြန်မာတို့၏ စိတ် ရင်းကောင်းတွေပြန်ပေါ်လာတာ များလား လို့တောင် တွေးတော စရာ ဖြစ်နေသည်။

သမ္မတအိုဘားမား မရောက်မီ လေးရက်အလိုမှာ မခင်သန္တာဌေး ကိစ္စ ပေါ်ပေါက် ခဲ့တာဖြစ်သည်။

တိုက်ဆိုက်မှု ဖြစ်နိုင် သော်လည်း နှစ်ပေါင်းငါးဆယ်မျှ သင်းသတ် ခံခဲ့ရသည့် မြန်မာ့ဗီဇ စိတ်ရင်း မသေသေးတာ ကတော့ သေချာသည်။

အဏ္ဏဝါစိုးမိုး

Copy From The Voice Weekly Facebook Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free