တစ်ခါက အာဆီယံနိုင်ငံတစ်ခုတွင် INGO တို့၌နှစ်တော်တော်ကြာတာဝန်ထမ်း ဆောင်ခဲ့ဘူးသော စီမံကိန်းဝန်ထမ်း DR. Tom WILLIAM (DR. TW) (နာမည်လွှဲ) ဆိုတာရှိပါတယ်။ သူဟာ ယခုတော့ INGO  တွေမှာမလုပ်တော့ဘဲ စာရေး ဆရာလုပ်နေပါတယ်။ တစ်ရက်ကျတော့ သူရေးတဲ့ လုံးချင်းစာအုပ် (၅)အုပ်ကို သူတစ်ချိန်က INGO မှာလုပ်တုန့်က အထက်အရှိဖြစ်ခဲ့ဘူးတဲ့ မစ္စတာဝီလီယံ ဘုရှ် MR. WILLIAM BUSH (MR. WB) (နာမည်လွှဲ) ဆိုသူကိုသွားပြီးလက် ဆောင်ပေးခဲ့ပါတယ်။ MR.WB က DR. TW ကိုစေတနာထားပြီး ဆုံးမပါ တယ်။ သို့သော် MR. WB နဲ့ DR. TW တို့ဟာအယူအဆချင်းမတူညီကြပါ။
မစ္စတာ  WB  ကပြောတာကတော့ တစ်ချိန်တုန်းက  INGO မှာလုပ်ဖော်ကိုင်  ဖက်ဟောင်း (၂)ဦးဖြစ်တဲ့ မစ္စတာ ယက် တောတီမိုသီဟူးဘတ်  MR YETTAW TIMOTHY HUBERT (MR YTH) နဲ့ မစ္စတာသောမစ်မိုက်ကယ်  MR THOMAS MICHAEL (MR. TM) တို့ကို အပေါင်းအသင်းမလုပ်ဖို့ဆုံးမပါ တယ်။ ဘာကြောင့်လဲဆိုတော့ မစ္စတာ TM ၀ီရိယမရှိဘူး။  MR. YTH က မိန်းမတွေတစ်ယောက်ပြီးတစ်ယောက်ယူ ပြလိုက်တာသုံးယောက်ရှိပါပြီ။ ဒီလိုမကောင်း တဲ့ လူတွေနဲ့ ပေါင်းရင်  DR. TW ပါဂုဏ် ပျက်လိမ့်မယ်လို့ဆိုပါတယ်။ သူ့ရဲ့ဆုံးမပုံ ကစေတနာပါသော်လည်း  DR. TW က တွေးပုံကတစ်မျိုးပါ။ MR. YTH ဟာ မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် ယူပြခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ စီမံကိန်း ကို အောင်မြင်အောင်လုပ်သွားခဲ့ပါတယ်။ ဥပမာ ယင်လုံအိမ်သာ စီမံကိန်းလုပ်ရင် ယင်လုံအိမ်သာသုံးစွဲနှုန်းကျေးလက်ဒေသ မှာများလာပြီး။ ယင်ကောင်တွေနည်းပြီး ကလေးတွေဝမ်းမဖောတော့ဘူး။ တဖန် MR YTH က ပညာရေးစီမံကိန်းလုပ်ပြန် တော့စီမံကိန်းနယ်မြေမှာ မူလတန်းကလေး  တွေရဲ့ လေးတန်းအောင်ချက်ရာခိုင်နှုန်း က သိသိသာသာမြင့်မားလာပါတယ်။ ဒါ ကို ဆန်းစစ်တော့ MR. YTH ဟာ ကျေး လက်လူထုအပေါ်မှာစေတနာထားတယ် ဆိုတာတွေ့ရပါတယ်။  MR. YTH   မိန်းမ (၃)ယောက်ယူတာကတော့သူ့ရဲ့ မယား ကြီးအပေါ်မှာမကောင်းတာပါ။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်နေတယ်။ ကျေးလက်လူထုအပေါ်မှာစေတနာထား တော့ကျေးလက်အပေါ်မှာကောင်းပါ တယ်။ ဒါကို  DR.TW   က ခွဲခြားငြီးမြင် လို့ MR. YTH ကို လူတော်လို့သတ်မှတ် ပြီး သူငယ်ချင်းအဖြစ်ဆက်လက်သတ်မှတ်  တယ်။MR. YTH ကိုခွဲခြမ်းစိတ်ဖြာခြင်းANALYSIS လုပ်သော်သူသည်
-လင်ကောင်း၊ ခင်ပွန်းကောင်းမဟုတ်။
-စီမံကိန်းဝန်ထမ်းကောင်းတစ်ဦးဖြစ်၏။
-သူငယ်ချင်းကောင်းဖြစ်၏လို့မြင်ပါတယ်။
ကိုယ်ရေးကိုယ်တာ ကိစ္စတွေဒေါင်ဒေါ် မြည်ကောင်းသော်လည်းသူငယ်ချင်းကောင်း မဟုတ်သူ
နောက်ဝန်ထမ်းတစ်ဦးနာမည်ကတော့ မစ္စတာကက်နက်မိုက်ကယ် MR. KM ဖြစ်ပါတယ်။ MR. KM ဟာ မိန်းမကိစ္စ အရှုပ်အရှင်းလုံးဝ (လုံးဝ) မရှိပါဘူး။ ဘာ   အပုပ်နံ့မှ မထွက်ဘူး။ ဒါပေမဲ့ စီမံကိန်း ပြီးခါနီးမှာ အထက်အရာရှိနိုင်ငံခြားသား ထံသွားပြီးလုပ်ဖော်ကိုင်ဖက်တွေအလုပ်  ပြုတ်ကြပြီးသူ့ကို—–ကြပါတယ်။ သူ့ကို ခွဲခြမ်းစိတ်ဖြာသော်-
- လင်ကောင်းဖြစ်၏ ခင်ပွန်းကောင်းဖြစ် ၏။
- သူငယ်ချင်းကောင်းမဟုတ် ဟုအဓိပ္ပာယ်   ရပါတယ်။
ကိုယ်ရေးကိုယ်တာကိစ္စနဲ့ နိုင်ငံရေးကိစ္စ သပ်သပ်စီဖြစ်ကြောင်းခွဲခြမ်းစိတ်ဖြာခြင်း
စာရေးဆရာအတ္တကျော်ကရေးဖူး၊ မေးဖူးသည်မှာ ကိုယ်ရေးကိုယ်တာကိစ္စ သိပ်ရှင်းပြီး၊ ငွေကြေးအရှုပ်အရှင်း၊ မိန်းမ ကိစ္စအရှုပ်အရှင်းမရှိဘဲမျိုးချစ်စိတ်ရှိသူ တစ်ယောက်ကို ချီးကျူးလိုပါလားလို့မေး ဘူးတယ်။ အဲဒီလူဟာ ဂျူးလူမျိုး (၆) သန်းကို သတ်ခဲ့တဲ့နာဇီဟစ်တလာဖြစ်နေ ပါတယ်။
ရုပ်ရှင်မင်းသားအာနိုးကတော့ မိန်းမ  ရှုတ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ လာလီဖိုးနီယားပြည်နယ်အုပ်ချုပ်ရေးမှူး အရွေ့ခံပြီး (၈)နှစ် တာဝန်ထမ်းဆောင် တယ်။ သူ့ရဲ့ဇနီးအပေါ်သစ္စာဖောက်ပေ မယ့် အမေရိကန်နိုင်ငံကိုသစ္စာမဖောက် ပါဘူးအကျင့်မပျက်ခြမစားပါဘူး။ အုပ်ချုပ်  ရေးမှူးသက်တမ်းတစ်လျှောက်အကျင့်မ ပျက်၊ —မစားတဲ့အပြင်မိမိအိပ်ထဲက ငွေဒေါ်လာသန်း (၂၀၀) ကို နိုင်ငံအတွက်  စိုက်ထုတ်သုံးစွဲခဲ့တယ်။ အဲဒီငွေတွေကို နိုင်ငံအတွက်သုံးလိုက်လို့နောင်တမရဘူး လို့ဆိုပါတယ်။
အာနိုးကိုခွဲခြမ်းစိတ်ဖြာတော့ဒီလို တွေ့ရတယ်။
- အာနိုးသည် သူ့ဇနီးအပေါ်မှာ မကောင်း ဘူး။
- သို့သော်အမေရိကန်နိုင်ငံအပေါ်၌ ကောင်းပါ၏။
နိုင်ငံခြားသားကိုလက်ထပ်သူဟာမျိုးချစ် စိတ်ရှိနိုင်လား
တစ်ချိန်က ဖိလစ်ပိုင်နိုင်ငံမှာ အမျိုး သမီးသမ္မတအာရိုရိုဆိုတာရှိပါတယ်။ သူမ ဟာတစ်ချိန်က မဲဆွယ်စည်းရုံးပွဲတွေလုပ်  တယ်။ ပရိတ်သတ်က သူမကိုချစ်တယ်။ ပရိသတ်နဲ့လက်ဆွဲနှုတ်ဆက်တယ်။ တချို့ ယောက်ျားတွေက သူမကိုလက်ဆွဲနှုတ် ဆက်ပြီးလက်ကိုဂုဏ်ပြုအနမ်းပေးပါတယ်။ တဖန်အာရိုရိုရဲ့ပါးကိုနမ်းရန်ကြိုးစားတော့ အာရိုရိုကဒီလိုပြောတယ်။
““ပရိသတ်ကြီးရှင်၊ ကျွန်မကိုထောက်  ခံရင်လက်ဆွဲနှုတ်ဆက်နိုင်တယ်။ ကျွန်မ ရဲ့ပါးပြင်ကိုတော့မနမ်းပါနဲ့။ ဒါက ကျွန်မ  ယောကျာ်းတစ်ဦးထဲနမ်းခွင့်ရှိတယ်လို့ဆို တယ်။ သူမယောက်ျားကတစ်နိုင်ငံတည်း သားပါ။ သို့သော်သူမဟာ သမ္မတသက် တမ်းမှာ အကျင့်ပျက်ခြားလို့ယခုအရေး  ယူခံရနေပါပြီး ဒီတော့ အာရိုရိုကိုခွဲခြမ်း စိတ်ဖြာရင်ဒီလိုတွေ့ရတယ်။
- သူမဟာ တစ်နိုင်ငံတည်းသားကိုမေတ္တာ  ရှိတယ်။
- သူမဟာ အကျင့်ပျက်—လို့နိုင်ငံကို တော့ မချစ်ပါဘူးလို့ကောက်ချက်ချနိုင်ပါ တယ်။
လစ်ဗျားအုပ်ချုပ်သူကဒါဖီဟာသူရဲ့ ဇနီး သည်ကတစ်နိုင်တည်းသားပါ။ တိုင်းတစ် ပါးသူမဟုတ်ဘူး။ ကဒါဖီကျဆုံးတော့ ကဒါဖီရဲ့အလောင်းမှာတွေ့ရတဲ့လက်စွပ် မှာ သူ့ဇနီးရဲ့ နာမည်ထိုးထားတယ်။
ဒါပေမဲ့ ကဒါဖီဟာဒေါ်လာပေါင်း  (၂၀၀) ဘီလျံအကျင့်ပျက်——ထားတာ  ဖြစ်လို့နိုင်ငံကိုတော့မချစ်ဘူး။ ဒါကြောင့် ခွဲခြမ်းစိတ်ဖြာရင်ဒီလိုတွေ့ပါတယ်။
- ကဒါဖီဟာ တစ်နိုင်ငံတည်းနိုင်ငံသူကို ချစ်ပါတယ်။
- မိမိရဲ့ အမိနိုင်ငံကိုတော့မချစ်ပါဘူး
နိုင်ငံကို ဖိနှိပ်ခဲ့တယ်လို့ ယူဆနိုင် ပါတယ်။ တူနီးရှားသမ်္မတဟောင်းမစ္စတာ ဘင်အလီနဲ့ အီဂျစ်သမ္မတဟောင်းမစ္စတာ  မူဘာရက်တို့က တစ်နိုင်ငံတည်းသူတစ်နိုင်ငံ တည်းသားအမျိုးသမီးတို့ကို လက်ထပ်ခဲ့ ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ငွေကြေးကို အလွဲသုံးစားလုပ်ပြီး မိမိတိုရဲ့နိုင်ငံကို ဆင်းရဲတွင်းနက်စေခဲ့ပါတယ်။
တစ်ချိန်တုန့်ကမစ္စတာဖာဒိနန်မား ကိုစ့်ဆိုတာဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတကြီး ပါ။ သူ့ရဲ့ ဇနီးအီမယ်ဒါမားကိုစ့်ကတော့ တစ်နိုင်ငံတည်းသာဖိလစ်ပိုင်နိုင်ငံသူဖြစ် ပြီးငယ်ငယ်ကဖိလစ်ပိုင်မယ်ဘွဲ့ရပြီးမယ် စင်္ကြာဝဠာရွေးချယ်ပွဲမှာ ဖိလစ်ပိုင်နိုင်ငံ ကို ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ဘူးတယ်။ နိုင်ငံ ဂုဏ်ဆောင်ခဲ့ဘူးတယ်။ ဒါပေမဲ့ မစ္စတာ မားကိုစ့်တို့အနီးမောင်နှံအကျင့်ပျက်— လို့နာမည်ပျက်ခဲ့တယ်။
ယခု ဖိလစ်ပိုင်သမ္မတကြီးကတော့ တတိယအာကွီနိုဖြစ်ပြီးအသက် (၅၀)ကျော်  ပါပြီ။ လူပျိုကြီးပါ။ အကျင့်ပျက်—မူကင်း စင်ပြီး။ နာမည်ကောင်းရနေပါတယ်။ ဒါပေမဲ့ သမ္မတကြီးကလောလောဆယ် ရီးစားထားလိုက်တာရီးစားကဖိလစ်ပိုင်သူ မဟုတ်ပါဘူး။ တောင်ကိုရီးယားသူပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးဖိလစ်ပိုင်ပြည်သူတွေ  က ပူညံပူညံမလုပ်ပါဘူး။ အချစ်ရေးနဲ့ နိုင်ငံရေးဟာသတ်သတ်စီဖြစ်ကြောင်း ခွဲခြားရှုမြင်ကြတယ်လို့ထင်ပါတယ်။
တစ်ချိန်ကမြန်မာရာဇာဝင်မှာ ပုဂံ ပြည်နဲ့ ဥဿာပြည်ဟာတစ်နိုင်ငံစီပါ။ ပုဂံ ပြည်ရဲ့ စစ်သူကြီးကျန်စစ်သားဟာမျိုးချစ် စိတ်ရှိပါတယ်။ ဒါပေမဲ့ သူချစ်မိတဲ့ သူက  ဥဿာနိုင်ငံသူမဏိစန္ဒာမင်းသမီးဖြစ်ပါ တယ်။ မဏိစန္ဒာကို ချစ်မိလို့ကျန်စစ်သား ဟာမျိုးချစ်စိတ်မရှိဘူးလို့ဘယ်ရာဇာဝင် ဆရာကမှမရေးခဲ့ပါဘူး။
ဘုရင့်နောင်မင်းတရားကြိးကလည်း မျိုးချစ်စိတ်ရှိပါတယ်။ သူဟာ ထိုင်း မင်းသမီးတစ်ပါးကို မိဖုရားမြှောက်ခဲ့ဘူးပါ တယ်။ တစ်ပြည်သူမင်းသမီးကိုမိဖုရား မြှောက်လို့ဘုရင့်နောင်ကိုမျိုးချစ်စိတ်မရှိ ဘူးလို့ဘယ်ရာဇ၀င်စာရေးဆရာကမှ မရေးခဲ့ဘူးပါဘူး။
ဘာကြောင့်လဲဆိုတော့ အိမ်ထောင် ရေးနဲ့ နိုင်ငံရေးမျိုးချစ်စိတ်ဟာသတ်သက် စီဖြစ်ကြောင်း ရာဇ၀င်ဆရာတို့ခွဲခြမ်းစိတ် ဖြာနိုင်ကြပါတယ်။နိုင်ငံတစ်ခု တိုးတက်ဖို့နိုင်ငံသားတို့ ရဲ့ခွဲခြမ်းစိတ်ဖြာစဉ်းစားခြင်း (ANALYTICAL THINKING) ဟာ အရေးပါ ကြောင်းတင်ပြလိုပါကြောင်း။


ဒေါက်တာထွန်းဝင်း ပြည်မြန်မာတွင်ရေးသားသော ဆောင်းပါးပါ။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free