စစ်ကိုင်းတိုင်းဒေသရှိ တံတားဖြတ်သန်းခ ကောက်ခံသော လေလံဂိတ်တစ်ခုအား စာချုပ်ပါ စည်းကမ်းချက်ကို လိုက်နာခြင်း မရှိသောကြောင့် လုပ်ငန်းလုပ်ပိုင်ခွင့် ပြန် လည် ရုပ်သိမ်းလိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဥရုတံတား အသုံးပြုခ ဆိုင်ကယ် တစ်စီးလျှင် ကျပ် ၅ဝ ကောက်ခံရန် စာချုပ်တွင် စည်းကမ်းသတ်မှတ် ထားသော်လည်း ကျပ် ၅ဝဝ ကောက်ခံမှုကြောင့် အဆိုပါ တံတားလေလံလုပ်ပိုင်ခွင့်အား ၂ဝ၁၂ ခုနှစ် ဧပြီလ ၃ ရက် နေ့မှစ၍ (၂ဝ၁၂-၂ဝ၁၃) ဘဏ္ဍာနှစ်အတွက် တံတားဖြတ်သန်းခ ကောက်ခံ မှု လေလံအား ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် မတ်လ ၂၁ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ တံတားအသုံးပြုခ ကောက်ခံရေးဂိတ်စခန်း ၁၃ ခုကို လေလံစနစ်ဖြင့် လေလံ တင်ခဲ့ရာ ဥရုတံတား အသုံးပြုခ ကောက်ခံရေးအတွက် ကျပ် ၁၂ သိန်းဖြင့် လေလံအောင်မြင် ခဲ့သည်။
စည်းကမ်းဖောက်ဖျက်မှုဖြင့် ဥရုတံတား ဖြတ်သန်းခ ကောက်ခံ ခွင့် ရုပ်သိမ်းခြင်းခံရသော  နေရာ တွင် ဒုတိယလေလံအောင်သူ အား ဧပြီလ ၄ ရက် နေ့မှစတင်၍ လုပ်ငန်းလုပ်ပိုင်ခွင့် လွှဲပြောင်း ပေး အပ်ခဲ့သည်။
တံတားဖြတ်သန်းခ ကောက်ခံသူများ အနေဖြင့် စာချုပ်ပါ စည်းကမ်းချက်များအား လိုက်နာမှုမရှိပါက ပထမအဆင့်အနေဖြင့် သတိပေးခြင်း၊ ဒုတိယအဆင့်အနေဖြင့် လုပ်ငန်းလုပ်ပိုင်ခွင့် တစ်လရုပ်သိမ်းခြင်း တတိယအဆင့်အနေဖြင့် လေလံလုပ်ပိုင်ခွင့်အား လုံးဝရုပ်သိမ်းခြင်းများ ပြုလုပ်ကြောင်းသိရသည်။

ပေါ်ပြူလာမြန်မာမှ ဖြစ်သည်။

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free