ချင်းမိုင်မြို့မှ ပေးပို့လာသော သတင်းအရ လာအိုနိုင်ငံမှ ရှမ်းလူမျိုး မြန်မာနိုင်ငံသား တစ်ဦးဖြစ်သူ ထိုင်းနိုင်ငံမှ ဘတ် (၂) သန်း ဆုတော်ငွေ ထုတ်ထားသည့် မူးယစ်ရာဇာနောခမ်း အား ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်း ပေးပို့လာပါသည်။ နော်ခမ်းမှာ ဘိန်းဘုရင် ခွန်ဆာ၏ တပည့်ဟောင်း တစ်ဦးလည်း ဖြစ်သည်။
နယ်မြေ (၅) မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဌာနချုပ်မှ နိုင်ဝိချိုင် ချိုင်ယမွန်ခွန် ထုတ်ဖော် ပြောကြားချက်အရ လာအိုနိုင်ငံမှ တရားဝင် သတင်းပေး ချက်အရ ဘိန်းဘုရင် ခွန်ဆာ၏ တပည့် နော်ခမ်းအား မိမိတို့ လာအိုနိုင်ငံမှ ဖမ်းဆီး နိုင်ခဲ့ပြီဖြစ်ကြောင်း  ပြောကြားခဲ့သည်။
လာအိုမှ ဖမ်းဆီးမိခဲ့သူမှာ နောခမ်းဟုတ် မဟုတ် မြန်မာနိုင်ငံမှ တရားဝင် သက်သေထွက်ချက် မရရှိသေးပေ။ အကယ်၍ နော်ခမ်း အမှန်ဖြစ်ပါက ထိုင်းနိုင်ငံမှ နော်ခမ်းအား မူးယစ်ဆေးဝါး ထိပ်တန်း တရားခံ တစ်ဦးအဖြစ် ရုံးတင် စစ်ဆေးနိုင်ရန် မြန်မာအစိုးရအား တောင်းခံရန် ရှိပါသည်။
interpoINTERPO အင်တာနက် စာမျက်နှာ၌ တွေ့ရသည့် နော်ခမ်း၏ ဖမ်းဝရမ်းပုံ (ဓါတ်ပုံ - အင်တာပို)
နော်ခမ်းမှာ မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံ စလုံး၌ မူးယစ်ရာဇာအဖြစ် သတ်မှတ်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ထားခြင်း ခံရသူ ဖြစ်သည်။ ထိုင်း နိုင်ငံမှ ဆုတော်ငွေ ဘတ် (၂) သန်းအထိ သတ်မှတ်ထားသည့် ထိုင်းနိုင်ငံ၏ ထိပ်တန်း မူးယစ်ရာဇာ တစ်ဦးလည်း ဖြစ်သည်။
နော်ခမ်းမှာ ယခင် MTA လက်နက်ကိုင် အဖွဲ့မှ တပ်သားဟောင်းတစ်ဦးလည်းဖြစ်သည်။ တာချီလိတ်မြို့၌ ဆက်ကြေးတောင်းခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ မိမိတို့ပိုင်နယ်မြေများတွင် ပစ္စည်းခွန်၊ ကုန်သွယ်ခွန်များ စသော တရားမဝင် နည်းလမ်းများဖြင့် စီးပွားရှာနေသူ တစ်ဦးဖြစ်သည်။
drug_wanted_personထိုင်းမှ ထုတ်ပြန်ထားသည့် မူးယစ်ရာဇာ (၂၅) ဦးပုံ (ဓါတ်ပုံ - အင်တာနက်)
ဧပြီလ (၂၀) ရက်နေ့တုန်း၌ ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနမှ မူးယစ်ရာဇာ (၂၅) ဦးကို ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပြီး ဘတ်ငွေ (၁၂) သန်း ဆုတော်ငွေ ချမှတ်ထားပေး ပါသည်။ ထိုမူးယစ်ရာဇာ (၂၅) ဦးထဲမှ (၃) ဦး မှာ မြန်မာ နိုင်ငံသားများ ဖြစ်ကြသည်။
၁။ စိုင်းနော်ခမ်း (ဆုတော်ငွေ ဘတ် (၂) သန်း)
၂။ ယိဆေး (ဆုတော်ငွေ ဘတ် (၁) သန်း)
၃။ ဗိုလ်နှုတ်ခမ်းမွေး (ခ) စောလဗွယ် (ဆုတော်ငွေ (၁) သန်း) တို့ အသီးသီး ဖြစ်ကြပါတယ်။
စိုင်းနော်ခမ်းမှာ ရွှေတြိဂံ နယ်မြေမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့ တစ်ခုရဲ့ ခေါင်းဆောင် ဖြစ်ပြီး အသက် (၄၂) နှစ် ရှိပါတယ်။ ယိဆေးမှာ အသက် (၆၆) နှစ် ဝန်းကျင်ရှိပြီး ရှမ်းပြည်နယ်ရှိ ပြည်သူ့စစ်အဖွဲ့ တစ်ခု၏ အဖွဲ့ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။ ဗိုလ်နှုတ်ခမ်းမွေးခေါ်  စောလဗွယ်မှာ ယခင် DKBA တပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဖြစ်ပါတယ်။

ရွှေဟင်္သာမှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free