၈၈ မျိုးဆက်ကျောင်းသား လူငယ်များပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ မြို့နယ် ဥက္ကဋ္ဌ မအေးအေးမာ ဦးဆောင်၍  ရွှေပြည်သာ သံတင်း ၄၅ ရှိမြေကွက် တစ်ချို့ကို ရွှေပြည်သာမြို့နယ် အင်ဂျင်နီယာတပ်ဝင်းမှ နေရာမှ ဖယ်ရှားခံရသည့် ကျူးကျော်ဒုက္ခသည်များထံ  ငွေငါးသောင်းဖြင့် ရောင်းချပေးလျှက်ရှိသည်။

ယင်းသို့ အခကြေးငွေယူရောင်းချပြီးမကြာမီ အိုးအိမ်ဦးစီးဋ္ဌာနမှ ၎င်းတို့ပိုင်မြေဖြစ်ကြောင်း ဆိုင်းဘုတ်လာရောက် စိုက်ထူထားသည်ဟု ကျူးကျော် ဒုက္ခသည်များကပြောသည်။

မြို့ရွာနှင့် အိုးအိမ်ဦးစီးဋ္ဌာနပိုင်မြေဟု ဆိုင်းဘုတ်လာရောက်စိုက်ထူ ထားသော်လည်း နေစရာမရှိသူ တို့အဖို့မှာ နေစရာ တဲအိမ်ကို ဆောက်လုပ်နေဆဲဖြစ်သည်။ (ဓါတ်ပုံ-သူရမျိုး)

“ဟိုမှာတုန်းကလည်း သူတို့ပဲ ဆောက်ဆောက်ဆို ကျွန်မတို့ဆောက်ခဲ့တာ ဆောက်လို့ အိမ်ပေါ်မတက်ရသေးဘူး အခုဒီဘက်ရောက်လာတယ်။ ဒါလည်သူတို့ပဲ ဆောက်ခိုင်းတာဘဲ ဒါလည်းအရစ်ကျနဲ့ ဆပ်ပေးရမယ်ဆိုလို့။ အခုအရစ်ကျနဲ့မဟုတ်ဘူး တလုံးထဲ (တကြိမ်ထဲ) ပေးဆိုတော့ ကျွန်မတို့မှာလည်း တစ်လကိုးသီတင်း အလုပ်ကမလုပ်ခဲ့ရဘူး။ မပေးနိုင်ဘူး ” ဟု ကျူးကျော်ဒုက္ခသည် မစန်းစန်းအေးက YPI သို့ပြောသည်။

ယင်းကျူးကျော် ဒုက္ခသည်များသည် ပြီးခဲ့သည့် ၎င်းတို့နေထိုင်ရာ ရွှေပြည်သာ ဒညင်းကုန်းလမ်းဆုံအနီး အင်ဂျင်နီယာ တပ်ဝင်းမှ ဧပြီလ  ၂၇ ရက်နေ့မှ စတင်ပိတ်ဆို့ပြီး  ဖယ်ရှားခံခဲ့ရသူများ ဖြစ်သည်။

ထိုသို့ပိတ်ဆို့ခံရသည့်အခြေအနေစဉ်အတွင်း ယခုလ ၃ ရက်နေ့က  ၈၈မျိုးဆက်ကျောင်းသားလူငယ်များပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) ရွှေပြည်သာမြို့နယ် ဥက္ကဋ္ဌ မအေးအေးမာက ဦးဆောင်၍ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက် ၊ သံတင်း ၄၅ အတွင်းရှိ လယ်မြေများပေါ်သို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။

အစောပိုင်းတွင် မအေးအေးမာမှ အဆိုပါမြေကွက်များကို ငါးသောင်းဖြင့်အရစ်ကျရောင်းချပေးမည် ဆိုသော်လည်း ၅ရက်နေ့ နေ့လည် မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနမှ မကျူးကျော်ရဆိုင်းဘုတ် လာစိုက်ထူပြီးနောက်ပိုင်း တစ်လုံးတစ်ခဲတည်းတောင်းဆိုလျှက်ရှိကြောင်း ကျူးကျော်ဒုက္ခသည် မစန်းစန်းအေးကဆိုသည်။

အဆိုပါမြေကွက်များသည် မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနပိုင် မြေကွက်များဖြစ်ပြီး ရွှေဝါကုမ္ပဏီသို့ ချပေးထားပြီးဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

ယခုလို ဒုက္ခသည်များ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ၎င်းတို့နှင့် ဒေသခံအုပ်ချုပ်ရေးအာဏာပိုင်များ အကြား အခြေအနေတင်းမာလျှက်ရှိသည်ဟု ကျူးကျော်ဒုက္ခသည်များက ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားလူငယ်များ ပါတီမှ ပြောဆိုသည်နှင့် ပတ်သက်၍ ဒုက္ခသည် မိန်းမကြီးတဦးက  “သူတို့က အဖွဲ့အစည်းတွေနဲ့ရောက်လာပြီး အိုးအိမ်လေးတစ်နေရာစာပေးမယ် နောက်ပိုင်းကျ အတည်အကျဖြစ်မယ် ပေါ့ အဘွားကြီးတို့လို မရှိဆင်းရဲသားတွေ ပေးမယ်ဆိုတော့ အဘွားကြီးလည်းပြောင်းတာပေါ့”ဟုဆိုသည်။

ထိုသို့အင်ဂျင်နီယာတပ်ဝင်း အတွင်းပြောင်းရွှေ့နေထိုင်ရန်အတွက် ယင်းပါတီဝင်ဖြစ်ဖို့ရာအတွက် လျှောက်လွှာ ကို ၂၀၀၀ကျပ်ဖြင့် ၀ယ်ယူဖြည့်သွင်းခဲ့ ရသည်ဟုလည်း  အမည်မဖော်လိုသူ ကျူးကျော်ဒုက္ခသည် တစ်ဦးက YPI သို့ပြောသည်။
ယင်းပါတီမှ ရွှေပြည်သာ မြို့နယ် ဥက္ကဋ္ဌ မအေးအေးမာအား မေးမြန်းဖို့ရာ ကြိုးစားဆက်သွယ်သော်လည်း ဆက်သွယ်၍မရခဲ့ပါ။          ။



ကိုသူရမျိုး၏ သတင်းဖြစ်ပြီး YPI မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free