ဝိုင်းမော်မြို့ သာဂရကျောင်းအတွင်းမှ ဒုက္ခသည်စခန်းများအား တွေ့ရစဉ်
ကချင်ပြည်နယ် အထက်ပိုင်း ဆဒုံးဒေသနှင့် ချီဖွေဒေသ ၀န်းကျင်တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်စစ်ကြောင်းများကြား ဧပြီလ နောက်ဆုံးအပတ်မှစ၍ အပစ်အခတ်များ ဆက်တိုက်ဖြစ်ပွားခဲ့ရာ တိုက်ပွဲများနှင့်နီးရာ ဒေသကျေးရွာများမှ ဒေသခံပြည်သူများသည် ကြုံရာလမ်းကြောင်းနှင့် ၀ိုင်းမော်မြို့နယ်ရှိ ဒုက္ခသည်စခန်းများသို့ အစုလိုက် အပြုံလိုက် ရောက်ရှိလာကြကြောင်း သတင်းရရှိသည်။
''ကျွန်တော်တို့ စခန်းမှာက ရှိပြီးသားလူဦးရေကိုတောင် မနည်းထိန်းပြီး ကျွေးမွေးစောင့်ရှောက်နေရတာ။ အခုလို လတ်တလောကြီး ဖြစ်လာတော့ နေစရာမရှိလို့ ဘုရားကျောင်းထဲက သံမံတလင်းပေါ်မှာပဲ ယာယီ အိပ်ခိုင်း ရတယ်။ နောက်ထပ်စခန်းတွေ တိုးဆောက်ဖို့တော့ ကြိုးစား နေကြတာပဲ။ ပူတဲ့ရာသီဆိုတော့ သောက်ရေ သုံးရေ ခက်ခဲလာတယ်။ အခု ဒီအပတ်ထဲမှာတင်ပဲ လူ ၃၀၀ ကျော်လောက် စခန်းထဲကို ၀င်လာကြတယ်။ ဒီနေ့လည်း လာနေတုန်းပဲ''ဟု ၀ိုင်းမော်မြို့ပေါ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှ တာဝန်ခံတစ်ဦးက ပြောကြားခဲ့သည်။ ''အရင်ဆုံးတော့ မိုင်းတွေ ခွဲတယ်။ တစ်ခါတစ်ရံ ပစ်ကြတယ်။ တပ်ရင်းတွေက ရွာနဲ့နီးလာတော့ ရှိသမျှအကုန်ထားခဲ့ပြီး ဆိုင်ကယ်နဲ့ ပြေးလာခဲ့တာ''ဟု ဆဒုံးဒေသမှ ရွာခံတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ လတ်တလော ပစ်ခတ်မှုများကြောင့် ဒုက္ခသည်စခန်းများတွင် လူဦးရေများလာပြီး အဆောက်အဦများ မလုံလောက်ခြင်း၊ ထောက်ပံ့ရေးပစ္စည်းများ ဝေငှရာတွင် တိုက်ရိုက်စနစ်မဟုတ်ဘဲ တစ်ဆင့်ခံ ထုတ်ယူ ရခြင်းကြောင့် ကြန့်ကြာနေခြင်း၊ မိလ္လာစနစ်များ အ ခက်အခဲ ဖြစ်လာခြင်းနှင့် ကူးစက်ရောဂါများ စိုးရိမ်နေရကြောင်း စခန်းတာ ၀န်ခံတစ်ဦးမှ ပြောကြားခဲ့သည်။ ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အေ တပ်ဖွဲ့များနှင့် တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ပြည့်ရန် ရက်အနည်းငယ်သာ လိုတော့ပြီး စစ်ပွဲများကြောင့် ဒုက္ခရောက်ပြီး တိမ်းရှောင်လာသော ဒုက္ခသည်များ တစ်သိန်းဝန်းကျင် ရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။  

Eleven Media မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free