မန္တလေး မဟာမုနိဘုရားကြီးတွင် ဆိုင်ခန်းအခွန်အခများ(၃)ဆ တိုးမြှင့်ကောက်ခံမည့်ကိစ္စကို လက်တလောအခြေအနေအရ ခေတ္တဆိုင်းငံ့ထားမည်ဟု မဟာမုနိဂေါပအဖွဲ့ထံမှ သတင်းရရှိသည်။ “အရင်နှုန်းထားနဲ့လည်း မကောက်သေးဘူး။ နှူန်းထားအသစ်နဲ့လည်း မကောက်သေးဘူး။အားလုံးငြိမ်းငြိမ
်းချမ်းချမ်းဖြစ်အောင် ညှိနှိုင်းပါမယ်။ ဘာကိုမှ ဇွတ်မလုပ်ပါဘူး။ ပြေလည်အောင် ညှိနှိုင်းမှာပါ။”ဟု မဟာမုနိဂေါပကအဖွဲ့မှ ဥက္ကဌဦးသိန်းတိုးက ပြောသည်။ ယခုကဲ့သို့ ဆိုင်ခန်းအခွန်အခများ (၃)ဆတိုးမြှင့်ရခြင်းရည်ရွယ်ချက်မှာ အဆိုပါဆိုင်ခန်းများကို အဆင့်မြှင့်တင် ပြုပြင်ပေးစေလိုသောကြောင့်ဖြစ်သည်ဟု ဂေါပကအဖွဲ့မှ ရှင်းလင်းပြောကြားသည်။ “ရရင်လည်း ပြင်ပေးနိုင်မှာပေါ့။ မရတော့လည်း မပြင်ပေးနိုင်သေးဘူးပေါ့။” ဟု ဥက္ကဌကဆိုသည်။ မဟာမုနိဘုရားကြီးတောင်ဘက်မုဒ်တိုက်တန်းမှ ဆိုင်ခန်းရှင်တစ်ဦးက ဆိုင်ခန်းခွန်ကို ဘုရားဘဏ္ဍာတော်ထဲသို့သာ ရောက်စေလိုကြောင်း၊ ဆိုင်ခန်းပြုပြင်ဖို့ကို ဆိုင်ခန်းရှင်များသာ သီးခြားအကုန်အကျခံစေလိုကြောင်း သူ၏ အမြင်ကို ပြောသည်။ ဈေးသူဈေးသားများအနေဖြင့် အခွန်တော် (၃)ဆတိုးမြှင့်ကောက်ခံမည့်အစား ဆိုင်ခွန်တော်အားလုံးအပေါ်တွင် ထပ်တိုးငွေ (၅၀၀)ကျပ် သို့မဟုတ်(၇၀၀)ကျပ်သာ တိုးမြှင့်ကောက်ခံပေးရန် ဂေါပကအဖွဲ့ထံ တင်ပြထားကြောင်း အရှေ့ဘက်မုဒ် တိုက်တန်းမှ ဆိုင်ခန်းရှင်တစ်ဦင်္းကပြောသည်။မဟာမုနိဘုရားကြီး ဈေးသူဈေးသားများက မိမိတို့ဘုရားကြီးကိုလည်း စေတနာသဒ္ဒါတရားရှိပါကြောင်း၊ သို့သော်လည်း သင့်လျော်သော နှုန်းထားတစ်ခုကိုဂေါပကအဖွဲ့နှင့် ဈေးသူဈေးသားများ အမြန်ဆုံးတွေ့ဆုံ ညှိနှိုင်းရွေ့ ကောက်ခံပေးစေလိုကြောင်း ပြောသည်။ မဟာမုနိဆိုင်ခန်းများရှိ ဆိုင်ခွန်တော်များမှာ ၂၀၀၀၊ ၂၅၀၀၊ ၃၀၀၀၊ ၃၅၀၀၊ ၅၀၀၀ နှူန်းထားများဖြစ်ပြီး ၂၀၁၂ခုနှစ် မေလမှ စတင်ကာ အခွန်အခများ ယခုကောက်ခံသည့်နှူန်းထားထက်(၃)ဆ တိုးမြှင့်ကောက်ခံမည်ဟု ကြေငြာလိုက်ရာမှ ဂေါပကအဖွဲ့နှင့် ဈေးသူဈေးသားများအကြား ပဋိပက္ခအသွင်ဆောင်လာခဲ့ခြင်းဖြစ်သည်။

7day news မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free