ပြည်မြို့တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်သူများကိုမေလ ၂၄ရက် နံနက် ၁၀နာရီခန့်တွင် လုံခြုံရေးအဖွဲ့များက ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားကာ ခြောက်ဦးအား အကျဉ်းထောင်သို့ ပို့လိုက်ကြောင်း ပြည်မြို့ခံများကပြောသည်။

ထို့နောက် ဖမ်းဆီးသွားသူများထဲမှ ကိုကျော်ဆွေ၊ ကိုဝင်းနိုင်နှင့် မဂျွန်အပါအ၀င် အမျိုးသားလေးဦးနှင့် အမျိုးသမီး နှစ်ဦးတို့အပါအ၀င် စုစုပေါင်းခြောက်ဦးအား ပြည်အကျဉ်းထောင်သို့ ပို့လိုက်ကြောင်းသတင်းရရှိသည်။
`ဆန္ဒပြတဲ့လူက ၃၀၀ လောက်ရှိတယ်။ တိုင်းရုံးရှေ့မှာ၊ ပြည်ရဲမှူးက စပြီး တားတယ်။ ဗိုလ်ချုပ်လမ်းပေါ်အတက်မှာ ရှေ့ကလူတွေကို ရိုက်ပြီးဖမ်းတာ၊ ကိုဝင်းနိုင်ကတော့ တော်တော်ခံရတယ်´ဟု ပြည်ဒေသခံတစ်ဦးကပြောသည်။

`ရုံးတင်မယ်လို့ပြောတယ်၊ အခုတော့ လူ့အခွင့်အရေးက ဦးမြင့်အေးနဲ့ ပြည်ခိုင်ဖြိုးက လွှတ်တော်ကိုယ်စားလှယ် တွေ ညိုနေကြတယ်။ လူတော်တော်များများကတော့ ထောင်နားမှာ ရောက်နေကြတယ်´ဟု ပြည်အကျဉ်းထောင်အနီးတွင် နေထိုင်သူတစ်ဦးကပြောသည်။

ပြည်မြို့တွင် လျှပ်စစ်မီးမှာ လွန်ခဲ့သောနှစ်ပတ်ကျော်မှစ၍ တစ်နေ့လျှင် ခြောက်နာရီသာရသဖြင့် မေလ ၂၂ရက် ညမှစ၍ ဒေသခံများသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
`လူနေရပ်ကွက်သာ မီးမလာတာ၊ အရက်ချက်စက်ရုံတို့၊ ရေခဲစက်တို့ကျတော့ တစ်ခါမှ မီးမပျက်ဘူး´ဟု ပြည် ဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင် နည်းဥပဒေမထွက်သေးသဖြင့် ဆန္ဒပြသူများအား ထောင်ဒဏ်တစ်နှစ်ချနိုင်ကြောင်း လွှတ်တော်ကိုစားလှယ်လည်းဖြစ် ရှေ့နေလည်းဖြစ်သည့် ဦးသိန်းညွန့် ကပြောသည်။

7day မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free