၂၀၁၀ ခုနှစ် သင်္ကြန်အကြတ်  နေ့တွင် X2o မဏ္ဍာပ်၌ ပေါက်ကွဲ ခဲ့သော ဗုံးခွဲမှုနှင့် ဆက်စပ်ကာ မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရသူ တရားခံဖြိုးဝေအောင်ကို သေဒဏ် ချမှတ်လိုက်ခြင်းအပေါ် တစ်ပတ် အတွင်း အယူခံဝင်သွားမည်ဖြစ် ကြောင်းတရားခံ၏ရှေ့နေဦးကျော်ဟိုး မှ မေးမြန်းချက်ကိုဖြေကြားသည်။
ကိုဖြိုးဝေအောင်ကို မေ ၈ ရက်က အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင်အထူးတရားရုံး တွင် သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်  ကြောင်း သိရသည်။
““စဖမ်းတုန်းကတော့ အရေး ပေါ်၅ (ည)နဲ့ ဖမ်းတာပေါ့၊ ပေါက်  ကွဲမှုဖြစ်ပြီး တစ်ပတ်အကြာမှာပါ၊ ဗုံးပေါက်ခွဲမှုနဲ့ မစွဲပဲ မသင်္ကာမှုနဲ့ စွဲခဲ့တာပါ၊ ဖြိုးဝေအောင်ဘက်က လုပ်ငန်းခွင်မှာရှိနေကြောင်း အလီဘိုင်ပြပေးမဲ့ သက်သေတွေ ရှိပါတယ်။ ဒါပေမဲ့ တရားခံက မိသားစုနဲ့တွေတဲ့ အချိန်မှာပြော လိုက်တော့ သက်သေတွေရဲ့ နာမည်တွေကို ရဲကခေါ်မေးတယ်။ သက်သေခံတွေက ဦးမျိုးမြင့်အောင်  ဦးအောင်ကျော်စွာနဲ့ ကျော်စိုးမင်း တို့ပါ၊ ဒါပေမဲ့ ရဲက သက်သေ (၃) ယောက်ကို နာရီပေါင်းများစွာ ခေါ်ပေးစစ်ပြီးတဲ့အချိန်မှာ သက်သေတွေလည်း မခံနိုင်တော့ ပါဘူး။ အလီဘိုင်ပြဖို့ သက်သေ တွေဆုံးရှုံးခဲ့ပါတယ်။ တရားစွဲရင် နိုင်ငံတော်သမ္မတရဲ့ တရားစွဲဆိုခွင့် က ပုဒ်မရ အရ (ပေါက်ကွဲစေတတ်  သောဝတ္ထုပစ္စည်းများအက်ဥပဒေ) အမိန့်နဲ့ စွဲရမှာပါ၊ အခုက ခွင့်ပြု မိန့်မရှိပါဘူး။ ပြည်ထဲရေးက ဒုဝန် ကြီးအမိန်နဲ့ပဲ ဖောက်ခွဲမှုလို့စွဲထား ပါတယ်။ ကျွန်တော်တို့ အယူခံဝင်  ရင်တော့တင်ပြတဲ့ ဥပဒေအကြောင်း ပြချက်ကို တရားရုံးကလက်ခံမယ် ဆိုရင်တော့ အမှုက ကွင်းလုံးကျွတ် မှာပါ””ဟု ကိုဖြိုးဝေအောင်၏ ရှေ့နေဦးကျော်ဟိုးမှပြောသည်။
လက်ရှိတွင် ကိုဖြိုးဝေအောင် မှာ အသည်းရောဂါခံစားနေသည့်  အတွက် အင်းစိန်ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ကာ ဆေးကုသမှုခံယူ ထားကြောင်း သိရသည်။
ဦးကျော်ဟိုးမှ့ ဆက်လက် ပြောကြားရာတွင်တရားခံမှာရောဂါ ရှိနေသည့်အတွက် အမိန့်ချသည့် နေ့တွင် မတ်တပ်မရပ်နိုင်သဖြင့် တရားရုံးခွင့်တောင်း၍ ထိုင်ကာ နားထောင်ခဲ့ရကြောင်း သိရ သည်။
X2o  ဗုံးပေါက်ကွဲမှု တရားခံ မှာ (၅) ယောက်ဖြစ်ပြီး (၄) ယောက်မှာတရားခံပြေးဖြစ်ကာ လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း၊ ကိုဖြိုးဝေအောင် သာမသင်္ကာမှုနှင့် ဖမ်းပြီး တခြား ပုဒ်မနှင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း  သိရသည်။
ကိုဖြိုးဝေအောင်ကို ပုဒ်မ ၃၂၁ (ခ) ကြိုတင်ကြံစည်မှုနှင့် အစစအရာရာအားပေးကူညီမှု  အတွက် သေဒဏ် ပုဒ်မ ၃၂၆/၁၁၄ ပြင်းထန်နာကျင်စေအောင် အားပေး  ကူညီမှုအတွက် ထောင်ဒဏ် (၁၀)  နှစ်၊ ပုဒ်မ ၃၂၄/၁၁၄ သာမာန် နာကျင်စေမှုကို အားပေးကူညီမှု အတွက် ထောင်ဒဏ် ၃နှစ်၊ ဖောက်ခွဲပုဒ်မ ၃/၆ အရ ဖောက် ခွဲမှုကို အားပေးမှုညီမှုအတွက် ထောင်ဒဏ်တစ်သက်တကျွန်း၊ မတရားအသင်းဆက်သွယ်သည့် အတွက် ပုဒ်မအရ (၁၁)အရ ထောင်ဒဏ် (၃)နှစ်နှင့် နိုင်ငံတွင်း သို့တရားမ၀င် ၀င်ရောက်လာသည့် အတွက် လူဝင်မှုကြီးကြပ်ရေး အရေးပေါ်ဥပဒေပြဋ္ဌာန်းချက် ပုဒ်မ ၁၃(၁)အရ ထောင်ဒဏ် (၃) နှစ်တို့အတွက် တစ်ပေါင်းတည်း သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ကိုဖြိုးဝေအောင်မှာ အသက်  ၃၂ နှစ်ရှိကာ လျှပ်စစ်အင်ဂျင်နီ ယာတစ်ဦးဖြစ်သည်။ ၎င်းကို ဖမ်းဆီးမှုနှင့် ပတ်သက်ကာမှားယွင်း   မှုများရှိနေနိုင်ခြင်း အထောက် အထားများ မမှန်မကန်ရယူခြင်း၊ တရားမ၀င်ဖမ်းဆီးခြင်းစသည့် အချက်များအပေါ်တရားရုံးမှ ပြန်လည်စိစစ်၍စီရင်ချက်ချမှတ် ရန် အာရှလူ့အခွင့်အရေးကော်မ ရှင်မှ မေလ ၆ ရက်တွင် ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။

Hot News မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free