မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်အသီးသီးကျခံနေသော နိုင်ငံခြားသားအကျဉ်းသားများအပါအ၀င် အကျဉ်းသား ၄၅၂ ဦးကို ယနေ့ နိုဝင်ဘာ ၁၅ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ရာ မြစ်ကြီးနားထောင်မှ နိုင်ငံရေးအကျဉ်းသား လေးဦးလည်း ပါဝင်မည်ဟု သတင်းရရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ရုံးအဖွဲ့မှူး ဦးမြင့်ဝင်းမောင်က 7Day သို့ပြောသည်။

အလားတူ ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်မှလည်း ယနေ

့နံနက် ၁၀ နာရီအချိန်ထိ အကျဉ်းသား ၁၅ ဦး လွတ်ငြိမ်းသက်သာခွင့် ရရှိပြီဖြစ်ကြောင်း အင်းစိန်ထောင်တွင် သတင်းယူနေသည့် 7Day News သတင်းထောက်မှ သတင်းပေးပို့သည်။

လွတ်မြောက်သည့် အကျဉ်းသားများတွင် ပြည်တွင်းအကျဉ်းသား ကျား ၈ ဦး၊ မ ၇ ဦးဖြစ်ကြောင်း သိရသည်။ လွတ်မြောက်လာသည့်အကျဉ်းသားတစ်ဦး၏ ပြောပြချက်အရ လွတ်မြောက်မည့် သူဦးရေမှာယခုအချိန်အထိ ၃၂ ဦးဖြစ်သည်ဟု သိရပြီး၊ နိုင်ငံခြားသား အကျဉ်းသားတစ်ဦးပါဝင်ကြောင်း သိရသည်။

လွတ်မြောက်မည့်သူများ၏ စာရင်းတွင် ထောင်တွင်း၌သေဆုံးသွားသူ တစ်ဦးလည်းပါဝင်သည်ဟု 7Day သတင်းထောက်က သတင်းပေးပို့သည်။

Copy From 7Day News
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free