နိုဝင်ဘာလ ၁၈ ရက်နေ့ နေ့လည်ပိုင်းက စစ်တပ်က စစ်ကြောင်းတစ်ကြောင်း နန့်ယားရွာအ၀င်ကို ရောက်ချိန်မှာ KIA တပ် ရင်း(၆)က အဖွဲ့တစ်ဖွဲ့က မိုင်း ၅ လုံးတစ်ပြိုင်တည်းခွဲပြီး သေနတ်တွေနဲ့ဝိုင်းပစ်ကြလို့ စစ်သားတစ်ချို့ဒဏ်ရာရသွားကြောင်း သိရပါတယ်။ KIA မိုင်းခွဲပြီး တိုက်ပွဲဖြစ်တာ ရွာအ၀င်ဖြစ်နေလို့ နန့်ယားရွာသား ဦးလဇိန်ဘောက်နော်၊ ၅၁ နှစ်၊ ဦးကျော်အေး၊ ၄၆ နှစ်နဲ့ မောင်ကျော်မင်းထွေး ၁၃ နှစ်တို့ဟာ ခန္ဓာကိုယ်အနှံ့အပြားမှာ မိုင်းစနဲ့ ကျည်ဆံတွေမှန် ဒဏ်ရာရပြီး ကျေးရွာဆေးပေးခန်း မှာ ဆေးကုသ နေတယ်လို့သိရပါတယ်။

          KIA အနေနဲ့ ဖားကန့်ဒေသကို စစ်တပ်များမ၀င်နိုင်အောင် အပြင်းအထန် ပစ်ခတ်နှောင်ယှက် ဟန့်တားမှုများပြုလုပ်နေရာ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရမှုအတွက် ဒေသခံပြည်သူများမှ KIA အပေါ် နာကျည်းစိတ်များဖြစ်ပေါ်နေပြီး ကျေးရွာ အတွင်းနဲ့ အနီးတစ်ဝိုက်မှာ မိုင်းခွဲတာတွေ ပစ်ခတ်တာတွေမပြုလုပ်ဖို့ KIA ဗဟိုကို မေတ္တာရပ်ခံထားပေမဲ့လည်း မကြာခဏ ဆိုသလို ပစ်ခတ်မိုင်းထောင် မိုင်းခွဲခြင်းများ ပြုလုပ် နေခြင်းကြောင်း KIA ခေါင်းဆောင်ပိုင်းများမှ တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ခိုင်းစေခြင်းဖြစ်နိုင်ကြောင်း ဖားကန့် ဒေသခံများမှ ပြောပြပါတယ်။

ကချင်နေ့စဉ်သတင်းမှ ကူးယူဖော်ပြသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free