ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ ဘရူနိုင်းဘုရင် ဆူလတန် ဟာဂျီဟာဆာနယ် ဘိုလ်ကီးယားမူအစ်ဇာဒင် ဝါဒိုလာ၏ ချစ်ကြည်ရေး ခရီးလာရောက်ရန် ဖိတ်ကြားချက်အရ မနေ့က နံနက် ၉နာရီခန့်က ၉ နာရီတွင် နေပြည်တော်လေဆိပ်မှ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။ 
   သမ္မတကြီးနှင့်အတူ  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးမောင်နှင့် ဦးတင်နိုင်သိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထင်အောင်၊ ဒေါက်တာ ဘရွှေ၊ ဒေါက်တာဝင်းမြင့်၊ ဦးဆက်အောင်နှင့် အခြားဌာနဆိုင်ရာ အကြီးအကဲအချို့ လိုက်ပါသွားခဲ့ကြောင်း သမ္မတရုံး Website ဖော်ပြထားသည်ကို တွေ့ရှိရသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free