လက်ပံတောင်းတောင်သပိတ်စခန်းများ ဖြိုခွင်းမှုကြောင့် မန္တလေးမြို့သို့ လာရောက်ကုသနေသော သံဃာများအတွက် မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များစုပေါင်း၍ ငွေကျပ်သိန်း(၂၀)လှူဒါန်းခဲ့ ကြောင်း သိရသည်။
မန္တလေးမြို့သို့ လာရောက်ကုသနေသော သံဃာများ ဒုက္ခခံစားနေရသည်မှာ မိမိတို့လူမျိုးများဖြစ်နေ သကဲ့သို့ခံစားရကြောင်း အစ္စလာမ်ဘာ သာဝင်များ စုပေါင်း၍ သံဃာတော်များအား အလှူငွေ ပေးအပ်ပွဲတွင် ဦးသန်းညွန့်က ပြောကြားလိုက်သည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၊ ၈၁လမ်းပေါ်ရှိ ဂဠုန်နီဆရာတော် ဦးကာဝိယ၏ ငွေငါးကျောင်း တိုက်တွင် ပြုလုပ်သော အလှူငွေပေး အပ်ပွဲတွင် ယခုကဲသို့ပြောကြားလိုက်ခြင်းဖြစ်သည်။
“သံဃာတွေခုလိုမျိုးဒုက္ခတွေဖြစ်နေတော့ ၊ အစ္စလာမ်ဘာသာဝင်တွေက ကိုယ်ဖြစ်သလိုပဲခံစားရပါတယ် ´´ ဟု ဦးသန်းညွန့်က ပြော သည်။
ဆေးကုသမှုခံယူသေူသံဃာတော်များအား ဦးဆောင်ကူညီနေသူ ငွေငါးကျောင်းတိုက်မှ ဂဠုန်နီဆရာတော်ဦးကာဝိရက ယခုကဲ့သို့ဆိုသ ည်။
“ တကယ်လိုအပ်တဲ့လူကိုပဲ တကယ်ကူညီမယ် မလိုအပ်သေးဘူးဆိုရင်တော့ ဦးဇင်းတို့စောင့်ကြည့်မယ် ´´ ဟု ဆရာတော်က မိန့်ကြားခဲ့ သည်။
မန္တလေးပြည်သူ့ဆေးရုံကြီးတွင် သံဃာ (၉၈)ပါးနှင့် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၅)ဦးတက် ရောက်ကုသလျှက်ရှိသည်။
အဆိုပါငွေလှူဒါန်းမှုကို မန္တလေးမြို့ရှိ ဦးကာဝိရ၊ ဦးဝိသုတ၊ ဦးဇင်းဂျောင်းဂျောင်းနှင့် အခြား ဆရာတော် တစ်ပါး တက်ရောက်ခဲ့ပြီး မန္တလေး မြို့ရှိ အစ္စလာမ်ဘာသာဝင်များ၊ လူမှုကူညီရေးအဖွဲ့များ တက်ရောက်ခဲ့သည်။

Copy From MyitMaKha Media Web Page
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free