ဘယ်သူ့ကိုမှတော့မရည်ရွယ် ပါဘူး။ ရေးလို့ရတဲ့အချိန်အခါမို့ ရင်ထဲမှာ သိမ်းထားသိုလှောင် ထားတဲ့ အကြောင်းလေးတွေရေး ဖြစ်တာပါ။
အခုလိုရေးရတာလည်းစာ ဖတ်သူလူထုသိစေချင်လို့ပါ။ကျွန် တော်တို့တိုင်းပြည်ဟာ ဒီမိုကရေ စီဆိုတဲ့ လွတ်လပ်ခွင့်အနည်းငယ် ရနေတဲ့ အချိန်မှာ ရသလောက် လေးကို အသုံးပြုရတာပါ။
တစ်ချိန်က..အဘ..အဘ အဘလို့ဆိုတဲ့ အချိန်မှာ အဘ နားမှာ ၀ိုင်းဝိုင်းလည်နေကြပါ တယ်။ အဲဒီလိုအဘလို့ခေါ်ပြီးအ ထက်ဖားအောက်ဖိလူတန်းစားအချို့ ဟာ ပါးစပ်ကနေပြီး ပါးစပ်ကြ မချဘဲ အဘထံမှအခွင့်အရေး များ ရသလောက်ယူကာကိုယ် ကျိုးရှာနေကြတာကို တွေ့ခဲ့ဖူး ပါတယ်။
အဲဒီအချိန်တုန်းကဆိုရင်ဒေါ် အောင်ဆန်းစုကြည်ကိုဒေါ်အောင် ဆန်းစုကြည်လို့တောင်မခေါ်ဘဲ ““ဒေါ်စုကြည်””လို့သုံးစွဲကြပါတယ်။ ဈေးထဲ၊ အရပ်ထဲ၊ ကျောင်း၊ ရုံး၊ လက်ဘက်ရည်ဆိုင်၊စားသောက် ဆိုင်တို့မှာ “““ဒေါ်အောင်ဆန်းစု ကြည်”” ဆိုတဲ့စကားကို ကျယ် လောင်စွာမပြောနဲ့တိုးတိုးတိတ်တိတ် တောင်မပြောရဲကြပါဘူး။
ဘာဖြစ်လို့လဲဆိုတော့အဖမ်း ခံရမှာကြောက်လို့ပါ။ ပြီးတော့ အဘနားကပုဆိန်ရိုးတွေကလည်း ရှိနေကြတယ်လေ။ မျက်နှာလို မျက်နှာရလူတွေပေါ့ဗျာ။ အဲဒီ တုန်းက ပိုက်ဆံရှိရင်ရွှေဝယ်လို့ ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကိုတော့ ပိုက်ဆံရှိတိုင်း ၀ယ်လို့မရဘူး။ ၀ယ်လို့မရဘူး။ ဘယ်သူကမှလဲ မရောင်းရဲကြဘူး။ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ကိုယ့်ဆီရှိရင်ပဲ အပြစ်ကြီးတစ်ခု ကိုကျူးလွန်မိသလိုမျိုး။
အဲဒီလိုဆိုတော့ ဘယ်သူက မှဒေါ်အောင်ဆန်းစုကြည်အကြောင်း မပြောနဲ့ဓာတ်ပုံလေးတစ်ပုံတောင် မှ လက်ဝယ်ထားလို့မရတဲ့ကာလ ပေါ့ဗျာ။ အဲဒီကာလအချိန်တုန်း က ကလေးသူငယ်တွေဆိုရင်ဒေါ် အောင်ဆန်းစုကြည်ကို သရဲသ ဘက်လို့တောင် ထင်ယောင်ထင် မှားဖြစ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် ရန်ကုန်တစ်ဖက် ကမ်းမှာစာရေုးဆရာတစ်ယောက် အဖမ်းခံရဖူးတယ်။ ဘာကြောင့် အဖမ်းခံရသလဲဆိုတော့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီ ရေးမိလို့တဲ့ဗျာ။
စာရေးဆရာဟာ သူလွန်စွာ မှလေးစားမြတ်နိုးတဲ့ မြန်မာ့လွတ် လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် (ဦး) အောင်ဆန်းရဲ့ သမီးမြန်မာပြည် သူလူထုရဲ့အားကိုးရမဲ့ဒေါ်အောင် ဆန်းစုကြည်ရဲ့ ပုံတူပန်းချီရေးဆွဲ မိတာ နိုင်ငံတောကို ပုန်ကန်တာ လည်းမဟုတ်ဘဲနဲ့ နိုင်ငံတော်ရဲ့ ပုဆိန်ရိုးတွေဟာ မျက်နှာလိုမျက် နှာရဖမ်းဆီးပြီး စာရေးဆရာကို ထောင်ထဲသွင်း အကျဉ်းချလိုက် တာပါပဲ။
ပြီးတော့ အဲဒီဆရာကိုအ တော်လေး အကျဉ်းကျခံပြီးတော့ လူမသိသူမသိ အကျဉ်းထောင်မှ လွှတ်လိုက်ပါတယ်။
အခုလိုမျိုး သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်မျိုးနဲ့လွှတ် ပေးလိုက်တာ မဟုတ်ပါဘူး။ဟို တုန်းကပါ။ လူမသိ၊သူမသိအဖမ်း ခံရပြီး လူမသိ၊ သူမသိလွတ် မြောက်ခဲ့တာမျိုးပါ။
““ထောင်ကျတယ်ဆိုတာအ ချိန်ဖြုန်းတာပဲ””
လို့ဆိုတဲ့ဗိုလ်ချုပ်စကားလိုပါ ပဲ။ အဲဒီစာရေးဆရာဘလိုင်းသက် သက်ထောင်ထဲမှာ အချိန်တွေ ကုန်ခဲ့ပါတယ်။
တကယ်တော့ စာရေးဆရာ ဟာ ဂုဏ်ပြုခံချင်လို့သမိုင်းတွင် ကျန်ရစ်ဖို့ စတန့်ထွင်ပြီးလုပ်ခဲ့တာ မဟုတ်ပါဘူး။
ချစ်လို့၊ မြတ်နိုးလို့၊လေးစား လို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကိုရေးဆွဲခဲ့တာပါ။တစ် စုံတရာ ဘာမျှော်လင့်ချက်မှသူမှာ မရှိပါဘူး။
အခုတော့ ဟိုတုန်းကလိုမ ဟုတ်တော့ပါဘူး။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အကြောင်းလဲ ပြောလို့ရပါပြီ။ ဒေါ်အောင်ဆန်း စုကြည်သတင်းဓာတ်ပုံဆောင်းပါး တွေလည်း ဘယ်သူမှမကန့်ကွက် ကြတော့ဘဲ ဂျာနယ်၊ မဂ္ဂဇင်းတို့ မှာဝေေ၀ဆာဆာ ဖော်ပြနေပါပြီ။
အဲဒီတော့ အဘကနေပြီး အမ..အမဖြစ်သွားကြပါပြီ။ အခုတော့ အဘနားမှာဘယ်သူ မှမရှိကြတော့ဘဲ အမနားမှာဝိုင်း နေကြပါပြီ။ ဒါကလည်းအဆန်း တော့မဟုတ်တော့ပါဘူး။ အဘ ကမစွမ်းတော့ စွမ်းဆောင်နိုင်မယ့် အမထံကပ်ကြတာ။ ဒါမှလည်း စားဝတ်နေရေးအဆင်ပြေမှာလေ။ ကလေးများလိုပေါ့။ လက်သာတဲ့ ဘက်ကိုအလေးသာတာ။
ကောင်းပါတယ်။ လွတ်လပ် တဲ့ဒီမိုကရေစီဆိုတော့ စည်းကမ်း ရှိရှိမျှမျှတတ ပြောဆိုကြရတာပဲ။ (စိတ်မဆိုးရဘူးနော်)။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီရေးဆွဲလို့ အဖမ်းခံရတဲ့ စာရေးဆရာကတော့ အခုလို လွတ်လပ်ခွင့်ရသွားတော့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီ မရေးဆွဲတော့ပါဘူး။
““ကျွန်တော်က လုပ်သင့် လုပ်ထိုက်သော အချိန်တုန်းက လုပ်ခဲ့ပြီးပါပြီ။”” လို့ဆိုပါတယ်။
အဲဒီစာရေးဆရာကဘယ်သူ လဲ…
စာရေးဆရာက..
““ကျွန်တော့်နာမည်တော့ ထုတ်ဖော်မပြောပါနဲ့”” တဲ့။
ဟုတ်ကဲ့ ကျွန်တော်နှုတ်လုံ ပါတယ်။ အဲဒီစာရေးဆရာနာ မည်ကို ကျွန်တော်မပြောပါဘူး။ အဲဒီစာရေးဆရာနာမည်က..
““ဆောင်းဝင်းလတ်”” တဲ့။
အောက်တိုဘာ အောင်ကြီး၏ ဆောင်းပါးကို HOT NEW WEEKLY မှ ကူးယူထားပါသည်။

Tags:
ဆောင်းပါး

Leave a comment