အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးကို
ပါတီဝင်အဖြစ်လက်ခံပြီး ဖြစ်သည်ဟု ၂၀ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် CM
ဦးဥာဏ်ဝင်းက ပြောတယ်။ ဒေါက်တာ မြတ်ဥာဏစိုးသည် NLD ၏ ပထမဆုံးလွှတ်တော်
ကိုယ်စားလှယ်အဖြစ် လွှတ်တော်တွင် နေရာရထားသူအဖြစ် မှတ်တမ်းဝင်သွားပြီ
ဖြစ်သည်။  “ အခု လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရသွားပါပြီ။
ဒေါက်တာမြတ်ဥာဏစိုးပါ။ ဒေါက်တာ မြတ်ဥာဏစိုးဟာ လက်ရှိ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်ပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပါဝင်ခွင့်
လျှောက်ထားတာကို ကျွန်တော်တို့ လက်ခံလိုက်ပါပြီ” ဟု ပြောကြားခဲ့သည်။
 “ဒီအချိန်မှာ ကျွန်တော့်ကို သားကူးလို့ ပြောတဲ့ လူရှိသလို၊
မှန်ပြောင်းလို့ ပြောတဲ့လူလဲရှိမှာပဲ။ ကျွန်တော်တို့ဟာ စားကားလုံးတွေ
နောက်ကိုလိုက်ရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကျွန်တော် မှန်တယ်ထင်လို့
လုပ်ခဲ့တာပါ” ဟု ဖြေကြားခဲ့သည်။ သူသည် NDF မှ ရွေးကောက်ပွဲ ဝင်ခဲ့သူ
ဖြစ်သော်လည်း “ ကျွန်တော် ပြည်သူတွေကို မလိမ်ချင်လို့ပါ။ ကျွန်တော်တို့က
ခမောက်တံဆိပ်နဲ့ ရွေးကောက်ပွဲ ဝင်ခဲ့တာပါ။ NDF အနေနဲ့ပေါ့။  အဲ့တုန်းက
NLD အစိတ်အပိုင်း တစ်ခုအနေနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ပြီး နိုင်ခဲ့တာပါ။
မိခင်ပါတီ ပြန်လည် ရှင်သန်လာတဲ့အတွက် မိခင်ပါတီနဲ့ ပူးပေါင်းခြင်သာ
ဖြစ်သည်ဟု ရှင်းလင်း ပြောကြားခဲ့သည်။ လက်ရှိ ကြားဖြတ်ရွေး ကောက်ပွဲတွင်
ဒေါက်တာမြတ်ဥာဏစိုး၏ ဇနီးဖြစ်သူမှာ NLD၏ အဓိက ပြိုင်ဖက် USDP မှ လွှတ်တော်
ကိုယ်စားလှယ် အနေဖြင့် ဝင်ပြိုင်မည်ဟုလဲ သိရသည်။  NDL မှခွဲထွက်ခဲ့သော
NDF ကိုယ်စားလှယ် အနေနဲ့ ဝင်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူ
နောက်တစ်ဦးဖြစ်သော ဦးသိန်းညွှန့်သည် ယခု NNDP ပါတီကို ထောင်ပြီး
နိုင်ငံရေး သီးခြားလုပ်နေပြီ ဖြစ်သည်။

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free