ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာတွင် သောက်သုံးရေရရှိရန် ဂျပန်အစိုးရမှ ထောက်ပံ့ပေးခဲ့သော သောက်သုံးရေကန်ဖွင့်ပွဲအခန်းအနားသို့ ယမန်နေ့မွန်းလွဲ ၁း၀၀ နာရီက ဂျပန်သံအမတ် HIDEO MATSOO လာရောက်ဖွင့်လှစ်ခဲ့သည်။

ဂျပန်သံအမတ်က "မိုးဗြဲဆည်မှာစီးဆင်းတဲ့ ဘီလူးချောင်းကရေကို ခက်ခက်ခဲခဲနဲ့ ခပ်ယူသုံးစွဲနေကြရပါတယ်။ ရွာသူရွာသားတွေ ဟာ အချိန်ကုန်လူပင်ပန်းခဲ့ရပါတယ်။ နေ့စဉ်ရုန်းကန်ရတဲ့ဘဝတွေမှာ ရေရရှိဖို့ အခက်အခဲများစွာ ရုန်းကန်ခဲ့ရတယ်ဆိုတာ အခုမှသိခဲ့ရပါတယ် " ဟု သောက်သုံးရေကန် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ဂျပန်အစိုးရဟာ မိုးဗြဲကျေးရွာ သောက်သုံးရေရရန် အမေရိကန်ဒေါ်လာ ၈၇,၀၀၀
လှူဒါန်းခဲ့ကြောင်းနှင့် ဂျပန်အစိုးရသည် နှောင်အချိန်များတွင် နယ်စပ်ဒေသများနှင့် ဝေးလံခေါင်ပါးသော ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အများပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့ကြေးများကို တတ်နိုင်သမျှဆောင်ရွက်သွားမည်ဟု ဆိုသည်။

ယခုကဲ့သို့ အကူအညီများပေးရခြင်းမှာ ဂျပန်အစိုးရနှင့် မြန်မာပြည် ပိုမိုရင်းနှီးလာစေရန် အဓိကရည်ရွယ်သည်ဟုလည်း ပြောသည်။

ဂျပန်အစိုးရကိုယ်စားလှယ်အနေဖြင့် ကယားပြည်နယ် လောပိတရေအားလျှပ်စစ်အမှတ်(၂) ပြန်လည်ပြုပြင်ရေးနှင့် ပတ်သက်ပြီး အဓိက လာရောက်ရခြင်းဖြစ်ပြီး အသေးစားစီမံကိန်းအနေဖြင့် မိုးဗြဲ
သောက်သုံးရေကန်ကို ယခုလို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်သံအမတ်
HIDEO MATSOO က ပြောသည်။

"ကျနော်တို့ ကယားကိုသွားခဲ့ပါတယ်။ အဲဒါက လောပိတကိုရောက်ခဲ့ပါတယ်။ အခု မိုးဗြဲမှာကတော့ ဒါက အသေးစားစီမံကိန်းတခုအနေနဲ့ပဲ လုပ်တာပါ။ နောက်ကျရင် အသေးစားတွေလည်း အများကြီးလုပ်အုံးမှာပါ " ဟု ပြောသည်။

သောက်သုံးရေကန်မှ မိုးဗြဲကျေးရွာအုပ်စု အိမ်ခြေပေါင်း ၈၇၄ အိမ်မှ ရယူသွယ်တန်းနိုင်ရန်အတွက် ၂၀၀၆ ခုနှစ်တွင် ဆရာတော်ဦးမောလေးက ဂျပန်အစိုးရကိုယ်စားလှယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။

ဖွင့်ပွဲအခန်းအနားတွင် မိုးဗြဲကျေးရွာအုပ်စုများမှ ရွာသူ/သားများ၊ သက်ဆိုင်ရာအာဏာပိုင်များ၊ နှစ်ခြင်းအသင်းတော်မှဆရာတော်နှင့်၊ ကယန်းတိုင်းရင်းသားဝန်ကြီးတို့က တက်ရောက်ခဲ့ကြသည်။ ။

YPI မှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free