ကျွန်တော်၏ဖခင်သည် လက်သမား ဆရာဖြစ်ပါသည်။ ကျွန်တော် (၈)တန်း ရောက်သောနှစ်တွင် သံယောဇဉ်ရှိသော အလယ်တန်းပြဆရာမှ ““ကျွန်တော် (၈) တန်းအောင်သောအခါ (၉)တန်း၊ (၁၀) တန်း ဆက်မတက်ဘဲ၊ စစ်ကိုင်းရွာသစ် ကြီး တိုင်းရင်းသားဖွံ့ဖြိုးရေးသိပ်္ပံ (ယခု တက္ကသိုလ်)သို့ တက်ရောက်ရန်”” အကြံ ပြုပါသည်။ ဆရာ၏ ရည်ရွယ်ချက်မှာ ကျွန်တော် (၁၀) တန်းအောင်ပါကလည်း မိဘအခြေအနေအရ တက္ကသိုလ်သို့ ဆက်တက်ရန် အခက်အခဲရှိမည်ဖြစ်၍ (၁၀)တန်းအောင်ပြီးနောက် အလုပ်အကိုင် ရရန် သေချာသော တိုင်းရင်းသားဖွံ့ဖြိုး  ရေးသိပ္ပံသို့ တက်ရန်ဖြစ်ပါသည်။ ဧရာဝ တီတိုင်း၏ မြို့တစ်မြို့တွင် စည်ပင်သာ ယာရေးဈေးရုံဆောက်ရာတွင် ကျွန်တော် ၏ ဖခင်ကလက်သမားလုပ်ငန်းရရှိသဖြင့် လုပ်ငန်းကြီးကြပ်သူ အင်ဂျင်နီယာများကို  ကျွန်တော်ငယ်စဉ်က တွေ့မြင်ခဲ့ရာ ကျွန်တော်သည် အင်ဂျင်နီယာများကို အားကျနေသူဖြစ်ပါသည်။ သို့ဖြစ်၍ ၁၉၆၈ ခုနှစ်တွင် (၈) တန်းစာမေးပွဲ အောင်မြင်သောအခါတိုင်းရင်းသားဖွံ့ဖြိုး ရေးသိပ္ပံသို့ မလျှောက်ဘဲ စက်မှုလက်မှု အထက်တန်းကျောင်းဝင်ခွင့် လျှောက် ထားခဲ့ပါသည်။ ကျောင်းဝင်ခွင့်ရ၍ (၁၉၆၈ မှ ၁၉၇၀)ထိ ရန်ကုန်မြို့၊ နတ်မောက် လမ်း၊ စက်မှုလက်မှုအထက်တန်းကျောင်း  အမှတ် (၁)တွင် ပညာသင်ကြားခွင့်ရရှိ ခဲ့ပါသည်။
စက်မှုလက်မှု အထက်တန်းကျောင်း များမှ အောင်မြင်သော အထူးချွန်ဆုံး ကျောင်းသားအချို့ကို စက်မှုတက္ကသိုလ် သို့ တိုက်ရိုက်တက်ခွင့်ပေးပါသည်။ ကျွန်တော် သင်ကြားခဲ့သော ပညာသင် နှစ်တွင် ကျွန်တော်တို့ ကျောင်းမှ မော်တော်ယာဉ် ဘာသာရပ်ကျောင်းသား (၁) ဦးနှင့် လျှပ်စစ်ဘာသာရပ်ကျောင်း သား (၁) ဦး တက်ခွင့်ရသွားပါသည်။ ကျန်သော စာမေးပွဲအောင်ကျောင်းသား များအနက် သတ်မှတ်အမှတ်မီသော ကျောင်းသားများကို အစိုးရစက်မှုလက် မှုသိပ္ပံများသို့ ၀င်ခွင့်ပေးပါသည်။ ကျွန်တော်လည်း စက်မှုလက်မှုသိပ္ပံဝင်ခွင့် ရခဲ့ပါသည်။ အင်းစိန် စက်မှုလက်မှုသိပ္ပံ တွင် (၁၉၇၀-၇၃)ထိ တက်ရောက်ပြီး အေဂျီတီအိုင် ဒီပလိုမာရရှိခဲ့ပါသည်။ ကျောင်းဆင်းပြီးနောက် နေ့စား၊ ပုံသေ လစာ၊ အမြဲတမ်းဝန်ထမ်း အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ရာ ၂၀၀၇ ခုနှစ် တွင် အင်ဂျင်နီယာမှူးရာထူးဖြင့်လုပ်သက် ပြည့်ပင်စင်ယူခဲ့ပါသည်။
နတ်မောက်စက်မှုလက်မှု အထက် (၁)၏ အာစရိယပူဇော်ပွဲကို ၁၉၇၆ ခုနှစ် ၀န်းကျင်မှ စတင်ပြုလုပ်ခဲ့ပါသည်။ စက် မှုလက်မှုသိပ္ပံကျောင်းသားဟောင်းများ၏ အာစရိယပူဇော်ပွဲကို ၁၉၉၆ ခုနှစ်ဝန်း ကျင်မှ စတင်ပြုလုပ်ခဲ့ပါသည်။ ကျွန်တော်  သည် ငယ်စဉ်က ချို့ချို့တဲ့တဲ့ နေခဲ့ရသူ ဖြစ်ရာ၊ အဆင့်အတန်းမခွဲခြားဘဲ ပညာ သင်ကြားပေးခဲ့သော ငယ်စဉ်က ဆရာ များ၏ ကျေးဇူးကိုမမေ့ခဲ့ပါ။ ထို့ကြောင့် (၈)တန်းထိ ပညာသင်ကြားခဲ့ရသော State ကျောင်းဆရာကန်တော့ပွဲ၊ စက်မှု ပညာအခြေခံကစ၍သင်ခဲ့ရသော နတ် မောက်စက်မှုလက်မှု အထက ဆရာကန် တော့ပွဲနှင့် စက်မှုလက်မှုသိပ္ပံကျောင်းသား  ဟောင်းများ ဆရာကန်တော့ပွဲများကို အခြေအနေပေးပါက တက်ရောက်ကန် တော့ပါသည်။ အခြေအနေမပေးပါက အလှူငွေထည့်ဝင်လေ့ရှိပါသည်။
ယခုအခါ ကျွန်တော်သည် အငြိမ်း စားဝန်ထမ်းဖြစ်ရာ လွတ်လပ်မှုရနေသဖြင့်  ရန်ကုန်မြို့မြောက်ဘက် မိုင် (၁၈၀) ခန့် အကွာ ဧရာဝတီမြစ်ကမ်းဘေး မြို့တစ် မြို့တွင် နေထိုင်နေသော်လည်း၊ ရန်ကုန် မြို့တွင်ပြုလုပ်သည့်နတ်မောက်လမ်းစက် မှုလက်မှု အထက (၁) အာစရိယပူဇော် ပွဲနှင့် စက်မှုလက်မှုသိပ္ပံကျောင်းသားဟောင်း များ အာစရိယပူဇော်ပွဲကိုလည်းကောင်း၊ ရန်ကုန်မြို့နှင့် (၃၆) မိုင်ခန့်အကွာတွင် ရှိသော ဧရာဝတီတိုင်းမြို့တစ်မြို့၏ နှစ် နှစ်တစ်ကြိမ်ကျင်းပသော State ကျောင်း  အာစရိယပူဇော်ပွဲကိုလည်းကောင်း၊ မပျက်  မကွက် တက်ရောက်ပူဇော်လေ့ရှိပါသည်။ ကျွန်တော်သည် (၈)တန်းအောင်မြင်သော  အခါ စက်မှုလက်မှုအထက်တန်းကျောင်း သို့ ပြောင်းရွှေ့တက်ရာမှ ဘ၀အချို့အကွေ့ ဖြစ်ခဲ့ရာအာစရိယပူဇော်ပွဲများအနက် ကျွန်တော်အပျော်ဆုံးမှာ နတ်မောက်စက်  မှုလက်မှုအမှတ် (၁) အာစရိယပူဇော်ပွဲ ဖြစ်ပါသည်။
နတ်မောက်လမ်း၊ စက်မှုလက်မှု အထက (၁)၏ အာစရိယပူဇော်ပွဲကို ယခင်က နှစ်ရှည်ခြား၊ ထို့နောက်နှစ်နှစ် တစ်ကြိမ် ၂၀၀၉ ခုနှစ်မှစ၍ နှစ်စဉ်ကျင်း ပခဲ့ရာ နှစ်စဉ်ဖေဖော်ဝါရီလ နောက်ဆုံး ပတ် တနင်္ဂနွေနေ့မှာ ကျင်းပမည်ဟု သတ်မှတ်ထားပါသည်။ (၁၁) ကြိမ်မြောက်  အာစရိယပူဇော်ပွဲမှစ၍ ကျွန်တော်ပညာ သင်ကြားခဲ့ရသော စက်မှုလက်မှုအထက (၁)ရှေ့ ကန်တော်ကြီးပန်းခြံအတွင်းရှိ Royal Garden Restaurant မှာ ကျင်းပ ပါသည်။ ယခုနှစ်တွင် ကျင်းပသော (၁၄) ကြိမ်မြောက် ကျောင်းသားဟောင်းများ ၏ အာစရိတ်ယပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲ ကို (၂၆.၃.၂၀၁၂) ရက် (တနင်္ဂနွေနေ့) တွင် Royal Garden Restaurant ၌ပင် ကျင်းပခဲ့ပါသည်။
ရန်ကုန်မြို့၊ နတ်မောက်လမ်း၊ စက် မှုလက်မှု အထက်တန်းကျောင်းကြီးကို ပြည်ထောင်စုမြန်မာနိုင်ငံတော်ပညာရေး ၀န်ကြီးဌာန၊ ၀န်ကြီး ဦးသန်းအောင်က ၁၃၁၆ ခု၊ နယုန်လဆန်း (–)ရက်၊ (၈.၆.၁၉၅၄)နေ့တွင် စက်မှုလက်မှုပညာ  ရပ်များ အတတ်သင်ကျောင်းကြီးအဖြစ် အုတ်မြစ်ချခဲ့ပြီး။ ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် စတင်ဖွင့်လှစ်ပညာ သင်ကြားခဲ့ပါသည်။ ၁၉၅၆ ခုနှစ်မှ ၂၀၀၀  ခုနှစ်ထိ (၄၄)နှစ် ဖွင့်လှစ်ခဲ့ပြီး။ ဆရာကြီး (၁၂)ဦး ကျောင်းအုပ်ကြီးတာဝန်ထမ်း ဆောင်ခဲ့ပါသည်။ ပထမဆုံးကျောင်းအုပ် ဆရာကြီးမှာ ဆရာကြီး ဦးခင်မောင်ဖြစ် ပြီး။ နောက်ဆုံးဆရာကြီးမှာ ဆရာကြီး ဦးမြင့်လွင်ဖြစ်ပါသည်။ စာသင်နှစ် (၄၄) နှစ်အတွင်း ကျောင်းသားပေါင်း (၆၅၀၀) ကျော်သည် ရေဒီယို၊ လျှပ်စစ်၊ မော်တော် ယာဉ်၊ တွင်ခုံဖောက်ခုံ၊ ဂဟေဆက်၊ သတ္တု  ပြား၊ ဒီဇယ်အင်ဂျင်၊ အဆောက်အဦးစသော ဘာသာရပ်များကို သင်ကြားတတ်မြောက် ခဲ့ကြပါသည်။
ကျောင်းဆင်း ကျောင်းသားများ အနက်အချို့သောကျောင်းသားများသည် လုပ်ငန်းခွင်သင်တန်း၊ အချို့သောကျောင်း  သားများသည် စက်မှုလက်မှုသိပ္ပံ၊ ယင်းမှ တဆင့် စက်မှုတက္ကသိုလ်၊ အချို့ကျောင်း သားများသည် တိုက်ရိုက်စက်မှုတက္ကသိုလ်  စသည်ဖြင့် ဆက်လက်ပညာသင်ကြားကြ  ပါသည်။ အဆိုပါကျောင်းသားများအနေ ဖြင့် မြန်မာပြည်တနံတလျား အနှံ့အပြား သာမက နိုင်ငံရပ်ခြားတိုင်းပြည်များ၌ပင် မိမိတတ်ကျွမ်းသော ဘာသာရပ်များဖြင့် သက်မွေးဝမ်းကျောင်းပြုလျှက်ရှိနေကြပါ သည်။ ပြည်တွင်းပြည်ပတွင် ကုမ္ပဏီများ တည်ထောင်၍လည်းကောင်း၊ ကိုယ်ပိုင် စက်ရုံ အလုပ်ရုံများ တည်ထောင်၍ လည်းကောင်း၊ ဆောက်လုပ်ရေးကန်ထ ရိုက်တာ၊ လိုင်စင်ရအင်ဂျင်နီယာများလုပ် ၍လည်းကောင်း၊ ဌာနဆိုင်ရာများတွင် နိုင်ငံဝန်ထမ်းများအဖြစ်နယ်ဖက်၊ စစ်ဖက်  တာဝန်များကိုလည်းကောင်း၊ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ မျက်လှည့်စသော အနုပညာ  ရပ်ဝန်းတွင်လည်းကောင်း ဆောင်ရွက်နေ  ကြတာကို တွေ့ရှိရပါသည်။
နှစ်စဉ် အာစရိတ်ယပူဇော်ပွဲကို ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသားဟောင်း များကို အရသာ ထူးကဲစွာဖြင့် ဧည့်ခံကျွေး  မွေးသော Soe Elertrices Mashinery Co., Ltd \ Chairman ဖြစ်သူ ဦးစိုးတင့် မှာ (၁၉၇၃)ခုနှစ် ကျောင်းသားဟောင်း ဖြစ်ပြီး၊ ယခင် မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ယခု ပြည်ထောင်စုဒုဝန်ကြီးတာဝန်ထမ်းဆောင် နေသူ ဦးအောင်သန်းဦးမှာ (၁၉၇၄)ခုနှစ် ကျောင်းသားဟောင်းဖြစ်ပါသည်။ အနု ပညာနယ်ပယ်အနေဖြင့် နိုင်ငံကျော်အဆို  တော် သရုပ်ဆောင်ဖိုးသောကြာ၏ ဖခင် စာရေးဆရာဒါရိုက်တာ၊ သရုပ်ဆောင် အဆိုတော် အကယ်ဒမီ သုမောင်မှာ (၁၉၆၉)ခုနှစ် ကျောင်းသားဟောင်း၊ နိုင်ငံ ကျော်အဆိုတော် အနဂ္ဂ၏ ဖခင်စတူဒီယို အဆိုတော်မင်းမင်းလတ်မှာ (၁၉၇၀) ခုနှစ်  ကျောင်းသားဟောင်း၊ စက္ကောမ မျက်လှည့် ပညာရှင် ဦးစိုးနိုင်မှာ (၁၉၈၀) ခုနှစ် ကျောင်းသားဟောင်းဖြစ်ပါသည်။ အမိ ကျောင်းတော်ကြီးသာ အသက်ရှိခဲ့မည် ဆိုပါက သူမွေးထုတ်ပေးခဲ့သော သူ့သား များအနေဖြင့် နယ်ပယ်အရပ်ရပ်တွင် ထူးချွန်နေသည်ကို ကျေနပ်ဝမ်းမြောက် နေမည်ဖြစ်ပါသည်။
(၁၄) ကြိမ်မြောက် အာစရိယပူဇော်  ပွဲတွင် (၁၉၆၅)ခုနှစ် ကျောင်းသားဟောင်း  ဦးစိုးဟန်က ကျေးဇူးတင်စကားပြောကြား ပါသည်။ ဦးစိုးဟန်သည် စင်ကာပူနိုင်ငံ တွင် အခြေချနေထိုင်ပြီး၊ အာစရိယပူဇော်  ပွဲအတွက် တကူးတကလာရောက်ခဲ့သူဖြစ်  ပါသည်။ ဦးစိုဟန်ပြောကြားချက်တွင် မိမိ တို့ကျောင်းတော်ကြီးကို ယခင်က Poly Technic ဟုခေါ်ကြောင်း၊ Poly Technic ကျောင်းသားဖြစ်ခဲ့၍ ဂုဏ်ငယ်စရာ မလိုကြောင်း စင်ကာပူနိုင်ငံတွင်လည်း Poly Technic ကျောင်းရှိကြောင်း ကွာ ခြားချက်မှာ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခဲ့ သော Poly Technic ကျောင်းများမှာ (၇) တန်း၊ (၈)တန်း (အခြေခံပညာအလယ် တန်းအဆင့်) အောင်သူများ တက်ရ ကြောင်း၊ စင်ကာပူတွင်တက်ရသော Poly Technic မှာ အခြေခံပညာအထက် တန်း အောင်သူများတက်ရကြောင်း ထည့်  သွင်းပြောကြားသွားပါသည်။ ကျွန်တော် လည်း ၁၉၈၂ ခုနှစ်တွင် ကိုလံဘိုစီမံကိန်း ဖြင့် နိုင်ငံတော်မှ ပညာသင်စေလွှတ်သ ဖြင့် စင်ကာပူနိုင်ငံ  Sewerage ဌာနတွင်Trainning ဆင်းခဲ့ဘူးရာ Poly Technic ကျောင်းဆင်းဝန်ထမ်းများ တွေ့ခဲ့ဖူးပါ သည်။ ယင်းတို့ပြောကြားချက်အရ သူတို့ ရရှိသောအဆင့်မှာ ဒီပလိုမာအဆင့်ဖြစ် ပါသည်။
ကျွန်တော့်သမီးအငယ်ဆုံးမှာ ၂၀၀၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းကို (၄)ဘာသာ  ဂုဏ်ထူးမြင့် အောင်မြင်ပါသည်။ ကျွန်တော်  သမီး၏ သူငယ်ချင်းဖြစ်သူမှာလည်း (၄) ဘာသာဂုဏ်ထူးဖြင့်ပင် အောင်မြင်ပါ သည်။ သမီး သူငယ်ချင်း၏ ဖခင်ဖြစ်သူ မှာ စီးပွားရေးသမားဖြစ်ရာ၊ သူ၏သမီး ဖြစ်သူကို စင်ကာပူနိုင်ငံ Poly Technic တွင် ကျောင်းထားရန်စီစဉ်ပါသည်။ ကျွန်တော့်သမီးကိုလည်း သူ့သမီးနှင့် အတူ  ထားရန် ပြောကြားပါသည်။ ကျွန်တော့် သမီးကလည်း စင်ကာပူ Poly Technic ကျောင်းတွင်နေချင်ပါသည်။ ထိုအချိန် တွင် ကျွန်တော်သည် အင်ဂျင်နီယာမှူး တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပါသည်။ အသက်အရွယ်ကြီးမြင့်လာသည်နှင့်အမျှ ကုသိုလ်၊ အကုသိုလ်ကို ထိုက်သင့်သ လောက်နားလည်ပြီး၊ အမှားအယွင်း အနည်းဆုံးဖြင့် လုပ်ငန်းတာဝန်ထမ်းဆောင်  နေရာ၊ သမီးဖြစ်သူကို စင်ကာပူနိုင်ငံ Poly Technic ကျောင်းပို့ရန်အထိ ငွေ ကြေးလုံလောက်မှုမရှိခဲ့ပါ။ စင်ကာပူနိုင်ငံ တွင် ကျောင်းသွားထားရန်မှာ လေယာဉ်  ပျံစရိတ်၊ အခန်းစရိတ်၊ ကျောင်းလခစရိတ် စားစရိတ်၊ စင်ကာပူနိုင်ငံတွင် သွားလာ စရိတ်အထွေထွေအသုံးစရိတ်များ လိုအပ်  ရာကျွန်တော့်နည်းတူငွေကြေးကြွယ်ဝမှု မရှိသော ၀င်ငွေနည်းပါးသော မိဘများ ၏ သား၊ သမီးများအား ကျောင်းထားနိုင် မှု မရှိနိုင်ပါ။
(၁၁) ကြိမ်မြောက် အာစရိယပူဇော်   ပွဲမှစ၍ အမိကျောင်းတော်ကြီးရှေ့  Royal Graden Restaurant တွင် ကျင်းပခဲ့သည် မှာ (၄) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ၂၀၀၀ ခုနှစ်မှစ၍ ပညာသင်ကြားခြင်း ရပ်နားထားခဲ့သော အမိကျောင်းတော် ကြီးမှာ (၁၂)နှစ်ခန့် သားများမရှိဘဲ အေးဆေးငြိမ်သက်လျက်ရှိပါသည်။ စင်ကာပူနိုင်ငံတည်ထောင်ပြီးမြို့ကွက် တည်ဆောက်ရန်အတွက် ရန်ကုန်  Town Planning ကို လာရောက်လေ့လာ ကြသည်ဟု သိရပါသည်။ ထို့အတူ စင်ကာပူ Poly Technic တည်ထောင်ရန် အတွက် ကျွန်တော်တို့ကျောင်း (Rangoon Poly Technic) ကို လာရောက်လေ့ လာကြသည်ဟု ကြားသိရဖူးပါသည်။ ကောင်းမြတ်သောလုပ်ငန်းများကို အတု ယူလေ့လာခြင်းသည်လည်း မင်္ဂလာတစ် ပါးဖြစ်ပါသည်။
၂၀၀၀ ခုနှစ်က ရပ်ဆိုင်းခဲ့သော စက်မှုလက်မှုအထက်တန်းကျောင်းများ ကို ၂၀၀၉ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ သော်လည်း နတ်မောက်လမ်း၊ စက်မှု လက်မှု အထက (၁) နေရာ၌ ပြန်လည် ဖွင့်လှစ်ခြင်းမပြုတော့ပါ။ ယခု အချိန် တွင် အမိကျောင်းတော်ကြီးမှာ ကျောင်း သားများလစ်လပ်နေရာ၊ အမိကျောင်း တော်ကြီးများ စာသင်ခန်းများ၊ အလုပ်ရုံ ခန်းများ၊ ဓာတ်ခွဲခန်းများစသည့်အခြေခံ အဆောက်အအုံများ လုံလောက်စွာရှိနေ ပါ၍ စင်ကာပူ  Poly Technic ကဲ့သို့သင် ရိုးညွှန်းတန်းများကို နမူနာယူပြီး၊ ပြည် တွင်းဆရာများနှင့် ပြည်ပဆရာများ ပူး ပေါင်းကာ ကျောင်းပြန်ဖွင့်သင့်ပါသည်။ ပြည်ပဆရာများကို နိုင်ငံခြားငွေဖြင့် လစာပေးရန်အတွက် ကျောင်းသားများ ၏ ကျောင်းလခကို နိုင်ငံခြားငွေဖြင့် ပေး သွင်းရမည်ဖြစ်သော်လည်း၊ ကျောင်းသား  များ၏ နေစရိတ်၊ ခရီးစရိတ်၊ အထွေထွေ သုံးစွဲငွေများကို ပြည်တွင်းငွေများဖြင့် သုံး စွဲနိုင်ခြင်း၊ ကျောင်းသားနှင့်ကျောင်းသား မိဘများ၏ ပြည်ပခရီးစရိတ်များ သက် သာမည်ဖြစ်ရာအတော်အတန်ပစ္စည်းရှိ သည့် မိဘများ၏ ပညာထူးချွန်စာကြိုး စားသော ကျောင်းသားများမှာ နိုင်ငံတ ကာအဆင့်မီပညာသင်ကြားခွင့်ရရှိနိုင်မှာ ဖြစ်ပါသည်။ အခြေခံပညာအလယ်တန်း အဆင့်အောင်ပြီး  Poly Technic တွင် ပညာသင်ကြားခွင့်ရရှိခဲ့သော ကျောင်း သားဟောင်းများပင် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းများ၊ အနုပညာနယ်ပယ်  များတွင် ထူးချွန်သူများပေါ်ထွန်းခဲ့ရာ၊ အခြေခံပညာအထက်တန်းအဆင့်အောင် မြင်ပြီးသူများအတွက် ဖွင့်လှစ်ပေးမည့် နိုင်ငံတကာအဆင့်မီ  Poly Technic ကျောင်း ကြီးပေါ်ပေါက်လာပါက ကျောင်းဆင်း လာမည့်ကျောင်းသားများအနေဖြင့် ယခင်ကျောင်းသားဟောင်းများထက် ပိုမို ထူးချွန်သူများပေါ်ထွန်းလာမည်ဟု ယုံ ကြည်မိပါသည်။  Poly Technic ဘာသာ ရပ်အပြင် အခြားသော ဘာသာရပ်ဆိုင် ရာ ကျောင်းများကိုလည်း နိုင်ငံတကာ နှင့် ပူးတွဲ၍ ဖွင့်လှစ်နိုင်ခဲ့ပါက မြန်မာ ပြည်တွင် ကုန်ကျစရိတ်သက်သာစွာဖြင့် ပညာတတ်ကျောင်းသားအမြောက်အမြား ပေါ်ထွက်လာနိုင်သည်ဟုယူဆကြောင်း ပါခင်ဗျာ။


ရွှေဒုံးတင်ဦး၏ Hot News မှ ဆောင်းပါးပါ။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free