ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံအရှေ့ စက်မှုမြို့ပြင်ရှိ ရွှေခေတ်ရော်ဘာ စက်ရုံမှ စွန့်ပစ်ပစ္စည်းများနှင့် အနံ့ဆိုးများ ထွက်ရှိနေသောကြောင့် ယင်းစက်ရုံအနီးရှိ ရပ်ကွက်နေပြည်သူများမှ သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြား ထားသောကြောင့် သက်ဆိုင်ရာ မှစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး စက်ရုံ အနေဖြင့် နည်းပညာပိုင်းအရ အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
စက်ရုံ၏ တည်နေရာမှာ စက်မှုဇုန်ဧရိယာဖြစ်သော်လည်း လူနေရပ်ကွက်၏ အနီးတွင်ရှိသောကြောင့် စက်ရုံမှထွက်ရှိသည့် စွန့်ပစ်ရေများ၊ အနံ့များကို အနီးရပ်ကွက်များရှိ ပြည်သူများနှင့် သံဃာတော်များမှ အနံ့မခံနိုင်သဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း ဖြစ်ကြောင်း သိရသည်။
“လေသင့်ရင်တော့ အနံ့နံတယ်။ အဲဒီအနံ့ရှူရင် အသက်ရှုကျပ်လာတယ်။ မခံစားနိုင်ဘူး။ ပထမပိုင်းတော့ ပတ်ဝန်းကျင်ကလူကြီးတွေ က စက်ရုံကို အနံ့မနံအောင် လုပ်ပေးပါလို့ ပြောတယ်။ စက်ရုံဘက်ကလည်း လုပ်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် အနံ့ကမပျောက်တဲ့အတွက် အခုလိုသက်ဆိုင်ရာကို အသိပေးရတာပါ”ဟု စက်ရုံအနီးတွင် နေထိုင်သူ တစ်ဦးက ပြောပါသည်။
ယင်းစက်ရုံနှင့်ပတ်သက်၍  ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက် နေ့တွင် သက်ဆိုင်ရာသို့ အသိပေး ခဲ့ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး မှ လာရောက်စစ်ဆေးပြီး စက်ရုံအား ခေါင်းတိုင်မြှင့်ခြင်း စွန့်ပစ်ရေများ အား သန့်စင်၍ စွန့်ပစ်ခြင်းများပြုလုပ်ရန် ညွှန်ကြားထားကြောင်း အဆိုပါ စစ်ဆေးရေးအဖွဲ့ထံမှ သိရှိရသည်။
“ကျွန်တော်တို့က စစ်ဆေးတဲ့ အခါမှာ အဖွဲ့ပေါင်းစုံပါပါတယ်။ စက်ရုံက ထွက်တဲ့စွန့်ပစ်ရေကို သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနက စစ်ဆေးတဲ့အခါမှာ ရေဆိုးပါဝင်နှုန်းများတဲ့ အတွက် ရေကိုအဆင့်ဆင့် သန့်စင်စွန့်ပစ်ဖို့ ညွှန်ကြားထားပါတယ်။ အနံ့နဲ့ ပတ်သက်လို့ကတော့ ခေါင်းတိုင်ကိုမြှင့်ခိုင်းထားပါတယ်။  အဲဒါ ကြောင့် ကျွန်တော်တို့က ဒီအနံ့ပျောက်ဖို့ အတွက်ကို နည်းပညာပိုင်းအရ ဆောင်ရွက်ရန် လိုအပ်တယ်ဆိုတာ ကိုစက်ရုံကို အသိပေးထားပါတယ်။ စက်ရုံနဲ့ပတ်သက်ပြီး ထွက်လာတဲ့ တခြားအဖြေတွေက နည်းပညာပိုင်း ဆိုင်ရာတွေဖြစ်တဲ့အတွက် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနနဲ့ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနတို့က ဆက်လက် ဆောင်ရွက်နေပါတယ်”ဟု ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယင်းစက်ရုံအနီးရှိ ရပ်ကွက် များမှာ ၁၃ ရပ်ကွက်၊ ၁၀၈ ရပ်ကွက် တို့ဖြစ်ပြီး သက်ဆိုင်ရာမှစက်ရုံ၏ လက်ရှိအခြေအနေအပေါ် သဘောထား မှတ်ချက်များ ရယူရာတွင် သံဃာတော် ၁၃ ပါးနှင့် လူပုဂ္ဂိုလ် ၁၃၁ ယောက်၊ စုစုပေါင်း ၁၄၁ ဦးတို့မှ သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြား ထားသောကြောင့် သက်ဆိုင်ရာမှစက်ရုံသို့ လာရောက် စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

Eleven Media မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free