နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့အမိန့်နဲ့ သာဓုပရိယတ္တိ စာသင်တိုက်ကနေ နှင်ထုတ်ခံရပြီး မှော်ဘီမှာ သီတင်းသုံးနေထိုင်တဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟဟာ နောက်လဆန်းကစပြီး နိုင်ငံရပ်ခြားကို ပြည်ပ သာသနာပြုခရီး ကြွမယ်လို့  သိရပါတယ်။
RFA
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓု ပရိယတ္တိ စာသင်တိုက်၏ ကျောင်းထိုင်နာယက ရွှေညဝါဆရာတော် အရှင်ပညာသီဟ။

ဆရာတော်ဟာ အမေရိကန်နိုင်ငံရောက် မြန်မာကွန်ယက်အဖွဲ့အစည်းရဲ့ စီစဉ်မှုနဲ့  အာရှနဲ့ ဥရောပက ဒိန်းမတ်၊ နယ်သာလင်၊ ဖင်လန်၊ နော်ဝေး၊ အင်္ဂလန်နဲ့ အမေရိကန်နိုင်ငံတွေကို ကြွမှာဖြစ်ပါတယ်။
ရှေ့လ ၁၀ ရက်နေ့မှာ ထိုင်းသာသနာပြုခရီး စတင်မှာဖြစ်ပြီး ခရီးစဉ်နဲ့ ပတ်သက်ပြီး ဆရာတော်က အခုလို မိန့်ပါတယ်။
"အမေရိကန်မှာ ရောက်နေတဲ့ ဒကာတွေက သာသနာပြုလုပ်ငန်းတွေအတွက် ကျောင်းဆောင်တွေ တည်ဆောက်နိုင်ဖို့အတွက် တရားပွဲတွေ ဥရောပနိုင်ငံ အသီးသီးမှာ ပြင်ဆင် ကျင်းပပေးမယ်၊ ဆရာတော် ကြွနိုင်မလားဆိုလို့ ကြွမယ်လို့ ပြောလိုက်တာလေ။ သူတို့လှူတဲ့ န၀ကမ္မတွေကို ဗမာပြည်မှာ ဘုန်းကြီးလိုအပ်နေတဲ့ ကျောင်းအဆောက်အဦတွေ ဆောက်ပြီးတော့ ဗုဒ္ဓတက္ကသိုလ်ကြီး ပြန်ဖွင့်ပြီး သံဃာတွေကို တစ်ထောင်လောက် ပြန်မွေးပြီးတော့ သာသနာပြုလုပ်ငန်းတွေကို ပြန်လည် ထူထောင်မယ်"
ရွှေည၀ါဆရာတော်ဟာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေရပ်က NLD ရုံးမှာ တရားဟောခဲ့တဲ့အတွက် ဆရာတော်သီတင်းသုံးတဲ့ သာဓုပရိယတ္တိ စာသင်တိုက်ကနေ ဖယ်ရှားဖို့  နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့က အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

RFA မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

One Response to this post

  1. Anonymous on March 26, 2012 at 1:26 AM

    တကယ်တော့ ပြည်ပ အလှူခံ ခရီးထွက်မယ် ဆို ပိုမှန်မလားပဲ

Leave a comment

Join Free