ရဲတိုက်ဖောင်ဒေးရှင်းကကချင်ပြည်နယ်စစ်ဘေးဒုက္ခသည်များအတွက် လိုအပ်မည့် အထောက်အပံ့များကိုသင်္ကြန် မတိုင်မီသွားရောက်လှူဒါန်းသွားမည်ဟု ယင်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဦးမျိုးဇော်ကပြောသည်။

“ဝေးလံခေါင်သီပြီး လှူတဲ့သူ အရောက်အပေါက်နည်းတဲ့ ဒုက္ခသည်စခန်းတွေကို သွားလှူမှာပါ။ ဒေသခံတွေနဲ့ ချိတ်ဆက်ပြီးသွားပြီ။” ဟုဦးမျိုးဇော်ကပြောသည်။

မတ်လ ၁၅-၁၇ ရက်နေ့မန္တလေးမြို့တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင်သရုပ်ဆောင် ရဲတိုက်ကိုယ်တိုင်အလှူခံခဲ့ရာ ၁၈၃ သိန်းကျော်ရရှိထားပြီဖြစ်ပြီး ရန်ကုန်မြို့တွင်လည်းဧပြီလ ၂ ရက်နေ့မှ စ၍ အလှူခံသွားမည်ဖြစ်သည်။

ကချင်စစ်ပြေးဒုက္ခသည် ၆ သောင်းခန့်ရှိပြီးလှူဒါန်းလိုပါကဖုန်းနံပတ် ၀၉-၅၁၈၆၂၉၁ သို့ ဆက်သွယ်နိုင်ကြောင်းသိရှိရသည်။
ရဲတိုက်ဖောင်ဒေးရှင်းကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင်တည်ထောင်ခဲ့ပြီးတာလေငလျင်၊ ဆိပ်ဖြူရေဘေး၊ စက်ဆန်းဂိုဒေါင်မီးဘေးခံရသူများကိုထောက်ပံ့ပေးမှုများပြုလုပ်ခဲ့သည်။      ။

YPI မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free