ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံတကာသံရုံးများမှ ရောက်ရှိနိုင်မည့် ကြိုတင်မဲနှင့် လစ်လပ်မဲဆန္ဒနယ် ခြောက်နေရာအတွက် မြို့နယ်နှင့် ရပ်/ကျေး ကြိုတင်မဲစုစုပေါင်းမှာ ၈၀၀၀ ဝန်းကျင်သာရှိနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။ “အခုလောလောဆယ်မှာတော့ နိုင်ငံခြားရေးရာ ဝန်ကြီးဌာန အနေနဲ့ ကြိုတင်မဲက ၁၇၃ ဦးပဲရှိမယ်။ ဒါက ထပ်တိုးစရာ မရှိတော့ဘူး။ နောက်ပြီး ပုံစံ (၁၅) နဲ့ ကြိုတင်မဲလျှောက်ထားတဲ့ မြို့နယ် ကြိုတင်မဲကလဲ သိပ်မများပါဘူး။ လှည်းကူးမှာဆိုရင် တပ်တွေကများတော့ အခုထိတော့ တပ်ရင်းတစ်ရင်းက ကြိုတင်မဲ ၅၂၅ ဦးအတွက် စာရွက်တွေ ရောက်ထားတယ်။ အခြားတပ်ရင်းတွေတော့ ကျန်သေးတယ်။ ရပ်/ကျေး ကြိုတင်မဲအနေနဲ့ ဒီလ ၃၀ ရက်နဲ့ ၃၁ ရက်နေ့မှာဆိုတော့ အဲဒီနေ့တွေတွေမှာ လာမယ့်အရေအတွက်ပဲ ရှိပါမယ်။ မဲရုံဝန်ထမ်းတွေကတော့ ရပ်/ကျေး ကြိုတင်မဲအနေနဲ့ပဲ ရှိမှာဆိုတော့ မဲရုံဝန်ထမ်းကတင် ရန်ကုန်တိုင်းဒေသကြီးမှာ ၆၀၀၀ ကျော်ရှိတဲ့အတွက် အဲဒါနဲ့ ကြိုတင်မဲပေးပိုင်ခွင့် ခုနှစ်မျိုးထဲက အကျုံးဝင်မယ့် ရပ်/ကျေး ကြိုတင်မဲလောက်ပဲ ရှိနိုင်ပါတယ်။ ရန်ကုန်မှာဆိုရင် ခြောက်နေရာအတွက် စုစုပေါင်း ကြိုတင်မဲက ၈၀၀၀ ဝန်းကျင်ပဲ ရှိနိုင်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကိုကိုက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် ကြိုတင်မဲအဖြစ် ပုံစံ (၁၅) ဖြင့် လျှောက်ထားလာသူ မတ် ၁၆ ရက်အထိ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မရှိကြောင်း၊ မရမ်းကုန်းမြို့နယ်တွင် တစ်စောင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၁၂၄ စောင်၊ ကော့မှူးမြို့နယ်တွင် တစ်စောင်၊ လှည်းကူးမြို့နယ်တွင် နှစ်စောင်၊ သုံးခွမြို့နယ်တွင် ၁၂ စောင်ရှိကြောင်း စုစုပေါင်း ၁၄၁ စောင်ရှိကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်မှ ကူးယူထားသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free