မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ်နှစ်သိန်းဖြင့် ရောင်းချပေးမည့် GSM ဖုန်းများကို ရန်ကုန်တိုင်းဒေသကြီးတွင် ဧပြီလ ၉ ရက်နေ့မှ စတင်ကာ ABC ၃ ဖုန်းအရောင်းဆိုင်က ဘဏ်စာရင်းဖွင့်ထားခြင်း အပါအဝင် အာမခံပေးမည့်သူ ရှိရန်မလိုဘဲ အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဆိုင်ရှင်ဦးအဂ္ဂက ပြောကြားသည်။ နှစ်သိန်းတန်ဖုန်းနှင့် သုံးသောင်းတန် ဖုန်း Handset ပူးတွဲအတွက် ကျပ်နှစ်သိန်းသုံးသောင်း၊ ဝန်ဆောင်ခအဖြစ် လစဉ်ကျပ် တစ်သောင်း၊ စုစုပေါင်း ကျပ်နှစ်သိန်း ခုနစ်သောင်းကို လေးလအတွင်း အရစ်ကျပေးရမည်ဖြစ်ကြောင်း၊ စတင်ဝယ်ယူသည့်လတွင် ခြောက်သောင်းကျပ် ပေးသွင်းရန် လိုအပ်ပြီး လစဉ် ၅၂,၅၀၀ ကျပ် ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ အာမခံပေးသူမရှိဘဲ ဖုန်းရောင်းသည့် စနစ်မှာ မြန်မာပြည်တွင် ပထမဆုံးဖြစ်ပြီး ဝင်ငွေနည်းသည့် ဝန်ထမ်းများ၊ ကျောင်းသားလူငယ်များ ဝယ်ယူနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ ယင်းအတွက် ဖုန်းဝယ်သူများဘက်က Handset ကို တန်ဖိုးများများ ဝယ်ယူလိုခြင်း၊ ပေးချေလိုသည့် ကာလနှင့် အခြားအချက်အလက်များလည်း ညှိနှိုင်းနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ ယင်းစနစ်ဖြင့် ဖုန်းဝယ်ယူလိုသူများသည် မတ်လ ၁၂ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိ မြေနီကုန်း (ဓမ္မာရုံလမ်း)၊ အလုံ(ဆင်မင်းလမ်း)နှင့် ကျောက်တံတားမြို့နယ်ရှိ ဆိပ်ကမ်းသာလမ်း ABC ဆိုင်တို့တွင် လူကိုယ်တိုင် ကြိုတင်စာရင်း ပေးသွင်းရမည်ဖြစ်ပြီး မတ်လ ၁၂ ရက်နေ့ တစ်ရက်အတွင်း စာရင်းပေးသွင်းသူ ၈၅ ဦးရှိပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ အာမခံသူ၊ ထောက်ခံပေးသူမရှိဘဲ ရောင်းချရာတွင် ငွေများ ပုံမှန်မပေးသွင်းပါက ဖုန်းလိုင်းကို ပိတ်မည်ဖြစ်ကြောင်း အဆိုပါ ဖုန်းအရောင်းဆိုင်ထံမှ သိရသည်။ ကျပ်ငါးသိန်းတန်ဖုန်းများ ရောင်းချစဉ်ကပင် အရစ်ကျစနစ်ဖြင့် ဖုန်းရောင်းချခြင်းများကို ရန်ကုန်မြို့တော်တွင်းရှိ ဖုန်းအရောင်းဆိုင်ကြီးများနှင့် ဘဏ်များ ချိတ်ဆက်ကာ ရောင်းချပေးခဲ့ရာတွင် အာမခံမည့် ဘဏ်စာရင်းရှိသူတစ်ဦး လိုအပ်သည်။ ယခု ကျပ်နှစ်သိန်းတန် ဖုန်းကိုလည်း ၎င်းတို့က ယခင်အတိုင်း ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း Do Co Mo ၊ လူကြီးမင်း၊ ဖလားဝါမိုဘိုင်းလ် ၊ E-Lite စသည့် ဖုန်းအရောင်းဆိုင်များနှင့် ဘဏ်များထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ဆိုင်ကြီးများက ရောင်းချမည့် ယင်းစနစ်တွင်လည်း ဝယ်ယူမည့်ငွေ၏ ၃၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း စသည်ဖြင့် ဘဏ်ပေါ်မူတည်ကာ ကနဦး ပေးသွင်းရပြီး ကျန်ငွေကို ခြောက်လ အတွင်း ပေးချေရသည့် စနစ်ပင်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ် မှ ကူးယူသည်
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free