(ရခိုင်ပြည်နယ်အစိုးရအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP)

ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတ်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် တွေ့ဆုံကာ ငြိမ်းချမ်းရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။ ယင်းသို့ ဆွေးနွေးရာတွင် မည်သည့်ကိစ္စရပ်များ ပါဝင်သည်နှင့် ပတ်သက်ပြီး ALP တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) ခိုင်သုခနှင့် YPI သတင်းထောက်တို့ တွေ့ဆုံမေးမြန်းထားချက် အချို့ကိုဖေါ်ပြလိုက်ပါသည်။)



YPI ဆရာတို့ဒီဆွေးနွေးပွဲမှာ ဘယ်လိုအချက်တွေတောင်းဆိုခဲ့လဲ။





ဖြေ ။ ။ ကျွန်တော်တို့နိုင်ငံတော်သမတရဲ့ ငြိမ်းချမ်းရေးဖိတ်ကြားချက်အရ

အခုပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြည်နယ်အစိုးရဘက်ကို အချက် (၅)

တောင်းဆိုခဲ့ပါတယ် ဘာတွေလဲဆိုတော့

(၁) တပ်မတော်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့သည် ဧပြီ ၆

ရက်နေ့မှစ၍ အပြန်အလှန် ပစ်ခတ်တိုက်ခတ်မှုများကို ရပ်ဆိုင်းထားရန်။

(၂) နှစ်ဦးနှစ်ဘက် အပြန်အလှန်ပြောဆိုဆက်ဆံမှုများ ပြုလုပ်နိုင်ရန်အတွက်

၂ ဖက်သဘောတူညီသော အောက်ဖေါ်ပြပါနေရာများတွင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၏ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်။ ပလက်ဝနှင့် ကျောက်တော်ဒေသ

(၃) အပစ်အခတ်ရပ်ဆိုင်းထားစဉ်ကာလအတွင်း နှစ်ဦးနှစ်ဘက် သဘောတူညီ ထားသော နေရာများမှ အပ နယ်မြေကျော်လွန်၍ လက်နက် ကိုင်ဆောင် သွားလာမှုများကို ၂ ဦး၂ ဘက်ကြိုတင်ညှိနှိုင်းပြီးမှ ဆောင်ရွက်ရန်။



(၄) အပစ်အခတ်ရပ်စဲထားစဉ်ကာလအတွင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီဝင်များအား

လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ လွတ်လပ်စွာ ခရီးသွားလာခွင့်ပြုရန်။

(၅) ပြည်ထောင်စုအစိုးရကဖွဲ့စည်းသည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့များသည် ၂ ဦး၂ ဘက်သဘောတူညီထားသော နေရာ၊ သဘောတူညီထားသော အချိန်ကာလအတွင်း ရခိုင်ဒေသအတွင်း တည်ငြိမ်အေးချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကိစ္စရပ်များ ဖေါ်ဆောင်နိုင်ရေးအတွက် ဆက်လက်တင်ပြ ညှိနှိုင်းဆွေးနွေး ကြရန်တို့ ဖြစ်ပါတယ်။



YPI ဒီလိုတောင်းဆိုမှုတွေကို ပြည်နယ်အစိုးရအဖွဲ့က လက်ခံပါသလား။



ဖြေ။ ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး (၄) ရက်နေ့ကတည်းက ဆွေးနွေးတာ အဲဒီနေ့က

ညှိနှိုင်းလို့ အဆင်မပြေပေမယ့် (၅) ရက်နေ့ ၃ နာရီထိုးခါနီးမှာ သူတို့သဘောတူလက်မှတ်ကို အစိုးရဘက်ကရခိုင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီးထိန်လင်းရယ်

၊စစ်ဦးစီးမှူး ပထမတန်း အနောက်ပိုင်းတိုင်းစစ်ဌါနချူပ် ဒုတိယဗိုလ်မှူးကြီး မျိုးမင်းနောင်၊

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌါန ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးဦးစောဝင်း၊ ပြည်နယ်ဥပဒေချူပ် ဦးလှသိန်း တို့ဖြစ်ပြီးတော့ ဒီဘက်ကတော့ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒုအဖွဲ့ခေါင်းဆောင် နိုင်သုခ၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်အဖွဲ့ဝင်

ခိုင်ထွန်းလင်း၊ လက်ထောက်အတွင်းရေးမှူး ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲဝင်ဒုတိယဗိုလ်မှူးကြီး ခိုင်မိုးချမ်းနှင့် ဗဟိုစစ်ကော်မတီအဖွဲ့ဝင် ဗိုလ်မှူး ခိုင်မျိုးချစ် တို့ လက်မှတ်ရေးထိုးခဲ့ကြတယ်ခင်ဗျ။



YPI ငြိမ်းချမ်းရးဆွေးနွေးပွဲမှာ သဘောတူလက်မှတ်ထိုးလိုက်ပြီဆိုတော့ဒီဆွေးနွေးပွဲကိုအားရမှုရှိလား။

ဖြေ။ ။ အခုကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးပြီးပြီ ဒါပေမယ့် တကယ် အပစ်ခတ်တွေရပ်မှ ငြိမ်းချမ်းမှာပါ။



YPI ဆရာတို့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတွက် အစိုးရအဖွဲ့က ဘယ်အချိန်က ကမ်းလှမ်းခဲ့တာလဲ

ဖြေ။ ။ ဇန်န၀ါရီ (၂၃) ရက်နေ့ကတည်းကပါ။ ဒီကြားထဲ ကျွန်တော်တို့ ၂ လလောက်အချိန်ယူ စဉ်းစားခဲ့ရတယ်၊ ပြီးမှ သွားဖို့ဆုံးဖြတ်ခဲ့တာ။



YPI ။ ဆရာတို့ ဒီကိုဘယ်လိုလာတာလဲ လာတဲ့အခါ ပြည်သူတွေအခြေနေကဘယ်လိုလဲ



ဖြေ။ ။ ကျွန်တော်တို့ အိန္ဒိယ- ရခိုင်ပြည်နယ် (ALP ) ဗဟိုဌါနချူပ်က ကျွန်တော်အပါဝင် ၁၂ ယောက်အဖွဲ့ဟာ ဧပြီ ၂၇ ရက်နေ့က စပြီးတော့ထွက်လာခဲ့တယ်။ ၂၉ ရက်နေ့မှာ နယ်စပ်မှာစောင့်ကြည့်တယ်။ ၃၁ ရက်နေ့စစ်တပ်က ဗျူဟာမှူး ဗိုလ်မှူးကြီး စံလွင်ကဦးဆောင်ပြီး ကြိုနေတယ်။ ပြီးတော့ရခိုင်ယဉ်ကျေးမှုအဖွဲ့ကလည်း ကြိုနေခဲ့ကြတယ်။



တရွန်အိုင်မှာ (ပလက်ဝနယ်) တစ်ညအိပ်တယ် နောက်နေ့မနက်မှာ SP စိုးဝင်းကကြိုနေတယ်။ ၁ ရက်နေ့မှာ (ပလက်ဝ) မှာ ညအိပ်တယ်၊ အဲ့ဒီမှာလူတွေ ထောင်ချီကြိုဆိုကြတယ်။ ၂ ရက်နေ့ ကျောက်တော်ရောက်တယ်အဲမှာလည်း လူတွေ ၃ သောင်းလေက်ကြိုနေကြတယ်။



၃ ရက်နေ့ ၁၁နာရီလောက်မှာ စစ်တွေဟိုတယ်ကိုရောက်တယ်။ ကျွန်တော်တို့ရောက်ပြီး ၄ ရက်နေ့မနက်၈ နာရီမှာ

ခိုင်စိုးနိုင်အောင်ခေါင်းဆောင်တဲ့ ထိုင်းအခြေစိုက် လွတ်မြောက်ရေး အဖွဲ့ကိုသွားကြိုကြတယ်။ သူတို့ကတော့(၆) ယောက်အဖွဲ့ပါ။



ဒုဥက္ကဋ္ဌ (၁) ခိုင်စိုးနိုင်အောင် ၊ ဗဟိုကော်မတီဝင် ခိုင်စံထွန်းအောင် ၊ ရမ္မာဝတီ တပ်ရင်းမှူးဗိုလ်မှူး

ခိုင်ဘုန်းမြင့်ဇော်နှင့် ရုံးအဖွဲ့ဝင် ၃ ဦးပါတယ်ခင်ဗျ။

ဆွေးနွေးပွဲကို ၄ ရက်နေ့ ၁း၃၀ မှာစတယ် ။ ဒှီေဆွးနွေးပွဲဖြစ်မြောက်ဖို့ အတွက် အဖွဲ့ဝင်ဗိုလ်မှူးကြီး (အငြိမ်းစား) ဦးစောခင်စော ကတော့

ဟိုလဘက် ဒီဘက်ညှိနှိုင်းပေးဖို့ ၄ ရက်နေ့မနက် ထိုင်းကအဖွဲ့နဲ့အတူတူပဲ ရောက်တယ်ခင်ဗျ။



YPI အခုပြည်နယ်အဆင့်ဆွေးနွေးပြီးရင်း ဘာတွေဆက်လုပ်ဖို့အစီစဉ်ရှိလဲ



ဖြေ။ ။ ပြည်ထောင်စုအဆင့် ထပ်ဆွေးနွေးဖို့အစီစဉ်ရှိပါတယ်။

COPY FROM YPI
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free