ယမန်နေ့ညနေပိုင်းက မဲရေတွက်မှု မပြီးစီးသဖြင့် ယနေ့နံနက်ပိုင်းသို့ ချိန်းဆိုလိုက်သည့် ရှမ်းပြည်မြောက်ပိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) မှ ဒုတိယအများဆုံးလိုက်နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲ ၁၅၀၀ ကျော် အသာဖြင့် အနိုင်ရသွားပြီဟု သတင်းမီဒီယာအချို့၏ ဖေါ်ပြချက် အရသိရှိရသည်။

ယခုမဲရလဒ် ကြေညာချက်ကြောင့် အဖွဲ့ချုပ် အနေဖြင့် အများဆုံး ၄၃ နေရာသာ အနိုင်ရရှိနိုင်တော့မည်ဖြစ်သည်။
ပြည်ထောင်စု ကော်မရှင်မှ နေရာ ၄၀ တွင် အဖွဲ့ချုပ် အနိုင်ရကြောင်း ယမန်နေ့ညနေပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး ၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ မြို့နယ်များ ပါဝင်သည့် အမျိုးသား လွှတ်တော် ဆန္ဒမဲရလဒ်ကို လားရှိုးခရိုင် ရွေးကောက်ပွဲ ကော်မရှင်မှ ယနေ့နံနက် ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ကျားဖြူပါတီဟု အများသိရှိထားသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲ ၁၇၀၀ နီးပါး အသာဖြင့် အနိုင်ရရှိသွားသည်ကို တွေ့ရသည်။

ယင်း ပါတီ ၂ ပါတီအပြိုင်အဆိုင်ဖြစ်ခဲ့သလို ကြံ့ခိုင်ရေးပါတီသည်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နောက်မှ ၁၁ မဲလျော့နည်းကာ တတိယလိုက်ခဲ့သည်ကိုတွေ့သည်။

ထုတ်ပြန်လိုက်သည့် မဲစာရင်းမှာ
ကျားဖြူ ၄၇၄၂၀ မဲ
ဒီချုပ် ၄၅၇၂၂ မဲ
ကြံ့ခိုင်ရေး ၄၅၇၁၁ မဲ
ကိုးကန့် ၆၄၉၀ မဲ
လားဟူ ၁၁၆၅ မဲ

တို့ဖြစ်သည်။
 
 YPIမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free