မိတ္ထီလာမြို့နယ်၏ ကြိုတင်မဲများအား ရေတွက်လျှက်ရှိရာ ပြည်ပကြိုတင်မဲ ၅၁ မဲ၊ မဲဆန္ဒနယ်ပြင်ပနှင့် ဋ္ဌာနဆိုင်ရာကြိုတင်မဲ ၁၇၉၁ မဲရှိသည်ဟု သိရပြီး မည်သည့်ကိုယ်စားလှယ် မည်မျှရရှိသည်ကိုမူ မဲရုံကိုယ်စားလှယ် ၄ ဦး ရပ်မိရပ်ဖ ၈ ဦးရှေ့မှောက်တွင်
ဆက်လက်ရေတွက်ဆဲ ဖြစ်သည်။

မော်လမြိုင်တွင် မုရောင်းနှင့် မောင်ငံရပ်ကွက်တို့တွင် ဒီချုပ် အားသာနေ...ကြောင်း မော်လမြိုင်မှ သတင်းထောက်က သတင်းပေးပို့သည်။

ကော့မှူးမြို့နယ်၌ ၉ ရုံတွင် ဒီချုပ်အနိုင်ရရှိမှုမှာ ၈၁. ၆၈ မှ ၉၉ ရာခိုင်နှုန်းထိ ခန့် နိုင်မည် ခန့်မှန်းထားကြောင်း ဒီချုပ် အောင်နိုင်ရေး ကိုယ်စားလှယ်များကပြောသည်။ နောက်ထပ် ၆ ရွာရေတွက်လျှက်ရှိရာ ပြည်တော်သာ ရပ်ကွက် (ဖယောင်းသုတ်ခံရသည့် ရပ်ကွက်) တွင် ၈၈.၇၈ ရာခိုင်နှုန်းဖြင့်နိုင်ပြီး အခြားမဲရုံ ၅ ရုံတွင်လည်း အနည်းဆုံး ၆၈ရာခိုင်နှုန်းရရှိမည်ဟု ခန့်မှန်းကြောင်း ၎င်းတို့ကပြောသည်။

ပခုက္ကူ အမှတ် ၅ ရပ်ကွက် မဲရုံ ၁ တွင် ဒီချုပ် ၄၈၇ မဲ၊ ကြံ့ခိုင်ရေး ၄၂ မဲ၊ရရှိထားသည်ဟု သိရှိရသည်။
ဒက္ခိဏသီရိမြို့နယ်၊ ဟိုတယ်ဇုန်မဲဆန္ဒနယ်မှ မဲရလဒ်မှာ
NLD ၁၈၄ မဲ
USDP ၆၁ မဲ
ပယ်မဲ ၇ ဖြစ်သည်။

့YPI မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free