မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများဖြေလျော့သွားရန် ဧပြီ လ ၂၃ ရက်နေ့တွင် ဥရောပသမဂ္ဂမှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုတွင် ဆွေးနွေးသွားမည်ဟု ဥရောပကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွား ခဲ့ကြောင်း အမေရိကန် အခြေစိုက် Wall Street Journal  ၏ မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ဆောင်းပါးတွင် ဖော်ပြထားသည်။

ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား ပူးပေါင်းဆောင်ရွက်မှုရှိသော ဆက်ဆံရေးအသစ်တစ်ရပ်ကို ထူထောင်နိုင်ရန် အကြောင်းရင်းတစ်ရပ် ဖြစ်စေ ခဲ့ကြောင်း ဥရောပသမဂ္ဂ၏ ထိပ်တန်း သံတမန်တစ်ဦးဖြစ်သူ Ms. Ashton ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားခဲ့သည်။

သို့သော် ၎င်းတို့အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းတို့ ကဲ့သို့သော အခြားအချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားသွားမည်ဟု ၎င်းက ဆိုသည်။

ယခုအဆင့်တွင် ဥရောပသမဂ္ဂမှ စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ရာ၌ နိုင်ငံဖွံ့ဖြိုးမှုအတွက် အထောက်အပံ့များကို တိုးမြှင့်ပေးအပ်သွားပြီး အချို့သော လုပ်ငန်းများကိုမူ ပိတ်ဆို့မှု ဖြေလျော့သွားဖွယ်ရှိသည်ဟု ဥရောပသမဂ္ဂ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှုတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ ကျွန်းသစ် တင်ပို့သည့်လုပ်ငန်းများ၊ အစိုးရပိုင်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည်။

eleven media မှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free