ဒဂုံဆိပ်ကမ်းတွင် ရေတွက်ပြီးမဲရုံများ၌ NLD မှ အနိုင်ရရှိဟုဆို သည်။ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် ယုဇနဥယျာဉ်မြို့တော်တွင် စုစုပေါင်း မဲရုံ ၁၈ ရုံရှိရာ မဲရေတွက်ပြီးစီးသွားသော မဲရုံ ၁၀ ရုံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးအောင် က အနိုင်ရရှိထားကြောင်း NLD မဲရုံကိုယ်စားလှယ်များ၏ အတည်ပြုချက်အရ ဒဂုံဆိပ်ကမ်းမြို့နယ် NLD ရုံးအဖွဲ့ မှူး ဦးထွန်းဝက The Voice ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက် သော်ကမြိုင် ၄ လမ်း၊ အမှတ် ၁ အထက်တန်းကျောင်း မဲရုံ ၁၊ ၂၊ ၃ ၊ ၄ တွင် မဲစာရင်းမပါသူ၊ နာမည်မှားသူ ၊ မှတ်ပုံတင်နံပါတ်မှားသူ များဖြင့် မဲပေးခွင့်မရှိသူများ များပြားလျက်ရှိပြီး အဆိုပါမဲပေးခွင့်မရှိသူများက တိုင်းကော်မရှင်ရုံးသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း အဆိုပါ မဲဆန္ဒနယ်သို့ ရောက်ရှိနေသည့် The Voice သတင်းထောက် က သတင်းပေးပို့သည်။

These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free