အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်ပွဲအတွက် ပြည်သူများ ပျော်ရွှင်နေ

20120401 NLD Office
၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အတည်မပြုရသေးတဲ့သတင်းများအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲဆန္ဒနယ် ၄၄ နေရာအနက် ၄၁ နေရာ အနိုင်ရရှိတဲ့အတွက် မြန်မာပြည်သူများ ပျော်ရွှင်လျက် ရှိကြောင်း သတင်းရရှိပါတယ်။ ၂၀၁၂ ဧပြီ ၁ ရက်နေ့ နေ့လည်သတင်းများအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ခက်ခက်ခဲခဲ ဖြတ်ကျော်ရနိုင်တယ်လို့ ခန့်မှန်းခဲ့ကြသော်လည်း မြန်မာပြည်သူများရဲ့ အသဲကြားက မဲတပြားချင်းစီရဲ့ တန်ဖိုးကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မဲဆန္ဒနယ်အများစုမှာ အနိုင်ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲတွင် မဲစာရင်း မှားယွင်းမှုများ၊ မဲလက်မှတ်များတွင် ဖယောင်း သုတ်လိမ်းမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ကာ အာဏာပိုင်နဲ့ အထက်အရာရှိကို ကြောက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွတ်ပါတီ) ကို မဲပေးရခဲ့တဲ့ သတင်းများ၊ မမှန်ကန်တဲ့နည်းလမ်းများ အသုံးပြုပြီး ကြံ့ဖွတ်ပါတီအတွက် မဲဆွယ်မှုများ ရှိခဲ့တယ်ဆိုတဲ့ သတင်းများကို ၂၀၁၂ ဧပြီ ၁ ရက်နေ့ တနေ့လုံးလိုလို ကြားသိခဲ့ရတဲ့အတွက် အစောပိုင်းကာလများတွင် စစ်တပ်မိသားစု အများစု နေထိုင်တဲ့ မဲဆန္ဒနယ်များနဲ့ ကြံ့ဖွတ် ထိပ်တန်းခေါင်းဆောင်များ သြဇာလွှမ်းမိုးတဲ့ မဲဆန္ဒနယ်များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှုံးနိမ့်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုများ ရှိခဲ့ပါတယ်။ သို့သော်လည်း နောက်ပိုင်း မဲရလဒ်များ ထွက်ပေါ်လာတဲ့အခါမှာတော့ မြန်မာပြည်သူများရဲ့ ရဲဝံ့တဲ့ မဲဆန္ဒပြုမှုများကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိကြောင်း သိရှိရပါတယ်။ ရန်ကုန်မြို့က ပြည်သူများဟာ ၂၀၁၂ ဧပြီ ၁ ရက်နေ့ နေ့လည်ပိုင်းက စတင်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံး တည်ရှိရာ ရန်ကုန်မြို့ အနောက် ရွှေဂုံတိုင်လမ်းကို တဖွဲဖွဲ ရောက်ရှိလာခဲ့ကြပြီး ရုံးချုပ်က မဲစာရင်းနောက်ဆုံး ကြေငြာချက်များကို လာရောက် ကြည့်ရှုကြရာ နောက်ပိုင်းမှာ လမ်းပိတ်လုနီးပါးအထိ များပြားလာခဲ့ကြပါတယ်။ ညပိုင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရမှုအတွက် ပျော်ရွှင်စွာ အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲရလဒ်အတွက် ပျော်ရွှင်နေကြတဲ့ မြန်မာပြည်သူလူထုကို ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံတဲ့ ပြည်သူများ ပျော်ရွှင်ခြင်းဟာ သဘာဝဖြစ်ကြောင်း၊ သို့သော်လည်း တဖက်အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်များ စိတ်ထိခိုက်၊ စိတ်မကောင်း ဖြစ်စေမယ့် အပြုအမူ၊ အမူအရာ၊ အလုပ်အကိုင်များကို ရှောင်ရှားရမှာ ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အောင်ပွဲဟာ သိက္ခာရှိတဲ့ အောင်နိုင်မှုဖြစ်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ အထူး သတိပြုစေလိုကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
20120401 NLD Office
20120401 NLD Office
20120401 NLD Office
20120401 NLD Office
20120401 NLD Office
20120401 NLD Office


ယနေ့မြန်မာသတင်းဋ္ဌာနမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free