ပထမအကြိမ်ပြည်သူ့လွှတ် တော်တတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့အစီအစဉ် မျာကို (၂၃-၄-၂၀၁၂) တနင်္လာ နေ့တွင် ကျင်းပခဲ့ရာအခမ်းအနား အစီအစဉ်အရ
၁။ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ နေရာယူခြင်း၊
၂။ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ၄၀ ဦးကတိသစ္စာပြုခြင်း နှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးခြင်း၊
၃။ ပြည်သူ့လွှတ်တော်အစည်း အဝေးအထမြောက် ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ခြင်း၊
၎။ ပထမအကြိမ် ပြည်သူ့လွှတ် တော်တတိယပုံမှန် အစည်းအ ဝေး၁၉ရက်မြောက်နေ့အစီအစဉ် ကြေညာခြင်း၊
၅။ အစည်းအဝေး မတက်ရောက် နိုင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကခွင့်ပန်ကြား ခြင်းနှင့် ပြည်သူ့လွှတ်တော်၏ အဆုံး အဖြတ်ရယူခြင်း၊
၆။ ကြယ်ပွင့်ပြ ထားသည့် အောက်ပါမေးခွန်းများကို လွှတ် တော်ကိုယ်စားလှယ် များက မေး မြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည် ထောင်စု အဆင့်အဖွဲ့အစည်းဝင် များကဖြေကြားခြင်း-
(က) ဦးစိုင်းဘိုးအောင်၊ မူဆယ် မဲဆန္ဒနယ်၏ ယာဉ်ကြီး/ယာဉ် ငယ် ထိခိုက်မှု ပြဿနာများနှင့် စပ်လျဉ်းသည့် မေးခွန်း။
(ခ) ဦးတင်မောင်၊ ချမ်းမြသာစည် မဲဆန္ဒနယ်၏ အိမ်ပွဲစား၊ မြေပွဲ စား၊ အိမ်အရောင်းအ၀ယ်သမား နာမည်ခံ အတုအယောင်တို့အား တားမြစ်သည့် ဥပဒေရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။
(ဂ) ဦးသိန်းထွန်း၊ ကျောင်းကုန်း မဲဆန္ဒနယ်၏ ကုမ္ပဏီများသို့ ဆောက်လုပ်ခွင့် ပြုထားသော ကျောင်းများကဲ့သို့ ခွင့်ပြုငွေကိုချ ထားပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း။
၇။ သူရဦးအောင်ကို၊ ကန်ပက် လက်မဲဆန္ဒနယ်က ““တရားစီရင် ရေးမဏ္ဍိုင်ဖြောင့်မတ်ကြံ့ခိုင်စေ ရန်အတွက်ဝိုင်းဝန်းကူညီထောက် ပံ့မပေးရေး””အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်၊မသင့် အ ဆုံးအဖြတ်ရယူခြင်း၊
၈။ အဆိုကို ပြည်သူ့လွှတ်တော် ကလက်ခံဆွေးနွေးရန် မသင့် ကြောင်း ဆုံးဖြတ်ပါက ယင်းအ ဆိုကို လက်ခံဆွေးနွေးရန် မရှိေ ကြောင်း ဥက္ကဋ္ဌက ကြောညာ ခြင်း။ (သို့မဟုတ်) လက်ခံဆွေး နွေးရန် ဆုံးဖြတ်သော အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိ လျှင် အမည်စာရင်းတင်သွင်းနိုင် ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း၊
၉။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင် ချက်ဖြင့် ပြန်လည်ပေးပို့သော ““အရေးကြီးကုန်စည်နှင့်ဝန်ဆောင် မှု ဥပဒေကြမ်း””ကို လက်ခံရရှိ ကြောင်း လွှတ်တော်သို့ အသိ ပေးတင်ပြခြင်း စသည်တို့ကို အခမ်းအနားအစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ကြပြီးနောက်တတိယ ပုံမှန် အစည်းအဝေးတက်ရောက် လာကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများအားအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် လွှတ် တော်သို့ တက်ရောက်ခြင်းမရှိ ခြင်း၊ အကြောင်းအရာနှင့်ပတ် သက်၍မေးမြန်းဆွေးနွေးခဲ့ရာ-
ဦးစိုးဝင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) အမျိုးသားဒီမိုက ရေစီ အင်အားစုပါတီ
အဆင်ပြေသွားမယ်လို့ထင် ပါတယ်။ အန်ကယ်တို့ လွှတ် တော်ထဲရောက်လာကတည်းက ပြင်သင့် ပြင်ထိုက်တာတွေကို ပြင် မယ်ဆိုပြီး ၀င်ခဲ့တာပါ။လွှတ်တော် ပြင်ပနိုင်ငံရေး အနှစ်(၂၀)ကျော် ရဲ့ အတွေ့အကြုံတွေနဲ့ လွှတ် တော်တွင်း နိုင်ငံရေးကို ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ ရွေး ကောက်ပွဲဝင်တယ် ဆိုကတည်း က ပြင်သင့်ပြင်ထိုက်တာတွေကို ပြင်ဆင်ဖို့ ဆုံးဖြတ်ပြီး ၀င်ခဲ့တာ ပါ။ ဒါကြောင့် ဒီကိစ္စက လွှတ် တော်အတွင်းမှာ ညှိနှိုင်းလိုက်ရင် ရမယ့် ကိစ္စလို့ ထင်ပါတယ်။ အတွင်းမှာနေပါ၊ အပြင်မှာနေပါ လို့ အတင်းမတိုက်တွန်းလိုပါဘူး။ သူတို့နိုင်ငံရေး လုပ်လာတာ လည်း ကြာပါပြီ။ အခြေအနေကို ကြည့်ပြီး ဆုံးဖြတ်ပါလို့ ပြောချင် ပါတယ်။ ၂၀၁၀ ကိုဖြတ်သန်းလာ ခဲ့ပြီးပြီပဲ။ ဘာလုပ်သင့်တယ်ဆို တာကို ဆုံးဖြတ်တတ်မယ်လို့ ထင်ပါတယ်။ သူတို့ဘက်က အဆိုတင်သွင်းလာခဲ့ရင် ထောက် ခံမယ်၊ မထောက်ခံဘူးဆိုတာ ထက် ပြင်သင့် ပြင်ထိုက်တယ်ဆို ရင် ပြင်ရမှာပါ။ ဒါပေမယ့် မြန် တာနဲ့ နှေးတာတော့ကွာမှာပေါ့။  အန်ကယ်တို့ကတော့ အတွင်းပိုင်း ကိုဝင်လာပြီးမှ ပြောင်းလဲတာ ကောင်းမယ်ထင်လို့ ၂၀၁၀ ကို ရွေးကောက်ပွဲဝင်ခဲ့ပြီး အတွင်း ပိုင်းဝင်လာခဲ့တာလို့ ပြောချင်ပါ တယ်။
ဦးမြင့်သန်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ရခိုင်တိုင်း ရင်း သားတိုးတက်ရေးပါတီ
တိုင်းရင်းသားလွှတ်တော် အမတ်တွေအနေနဲ့ NLD လွှတ် တော်ထဲရောက်လာတာကို ကြို ဆိုကြမယ်လို့ ကျွန်တော်ထင်ပါ တယ်။ သူတို့ဖြစ်ချင်တာတွေကို လည်း ကူညီဖို့ အဆင်သင့်ဖြစ်နေ မယ်လို့ ထင်ပါတယ်။ ကျမ်းသစ္စာ ကျိန်ဆိုတာကို လက်ခံပြီး လွှတ် တော်ထဲကို အရင်ဝင်လာခဲ့ပါလို့ ပြောချင်ပါတယ်။ တစ်ဖက်က အများကြီးအလျှော့ပေးခဲ့ပြီဖြစ်လို့  ဒေါ်စုတို့ အနေနဲ့ ဒီကိစ္စကို နည်း နည်းအလျှော့ပေးပြီး လွှတ်တော် ထဲ ၀င်လာစေချင်ပါတယ်။ လွှတ် တော်ထဲရောက်ပြီးမှ လွှတ်တော် တွင်းပြုပြင်ပြောင်းလဲရေးတွေကို  တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်ဆိုရင် ပိုသင့် တော်ပြီး ပိုမိုအောင်မြင်နိုင်မှာပါ။ ဒီစကားလုံးလေးတစ်ခုအကြောင်း ပြပြီး လွှတ်တော်ပြင်ပကနေ အငြင်းအခုန်လုပ်နေမယ်ဆိုရင်တော့ ပြည်သူတွေအတွက် အကျိုးမရှိ ဘူးလို့ ပြောချင်ပါတယ်။
ဦးဌေးဦး (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲကို ဖိတ်ထားလိမ့် မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် လာတာမလာတာကတော့ သူ့သ ဘောထားပါ။ ဒီစာသားကို ဒီမှာ ရှိတဲ့ လူတွေအားလုံး ဒီအတိုင်း ဆိုနေရတာပါ။ ဒီနေ့အသစ် ရောက်လာတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့လည်း ဒီစာသားကို ဒီအတိုင်းရွတ်ဆိုရမှာ ဖြစ်ပါတယ်။ သူတို့ဒီနေ့ ဒီကိုလာ မယ်ဆိုရင်လည်း ဒီအတိုင်းပဲ ရွတ်ဆိုရမှာပါ။ စာသားလေးက ထိခိုက်နစ်နာမှုမရှိရင် ဒီတိုင်းထား ပြီး၊ ထိခိုက်နစ်နာမှုရှိမယ်ဆိုရင် တော့ ပြင်ပေါ့။ ဒါပေမယ့် အခြား ဒီ့ထက်အရေးကြီးတဲ့ လုပ်စရာ တွေ လွှတ်တော်ထဲမှာ ရှိပါသေး တယ်။ လွှတ်တော်တွင်းရောက်မှ ပြင်မယ်ဆိုရင်လည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်တာ  လွှတ် တော်ထဲရောက်ဖို့လား၊ ဒီစာသား ပြင်ဖို့လား ဆိုတာ သိစေချင်ပါ တယ်။ ဒါပေမယ့် သူတို့ဘာစိတ် ကူးလဲဆိုတာ သူတို့ပဲသိမှာပါ။ ဒီလွှတ်တော်မှာ လွှတ်တော်တက် နေတဲ့ လူတွေအားလုံးကတော့ ဒီအတိုင်းပဲ ကတိသစ္စာပြုနေပါ တယ်။ ပြင်လို့ရလို့သာ ပြင်မယ် ဆိုရင် ကျွန်တော်တို့ကိုတောင် ပြန်ပြင်ဦးမလား မသိပါဘူး။ဒါပေ မယ့် ဒီကိစ္စက အများလက်မှတ် ထိုးပြီး ဥပဒေပြုထားတာမို့ အား လုံးသဘောတူ တက်ရောက်နေ တာမို့ ပြင်မယ်ဆိုရင် ထူးမယ်၊ မထူးဘူး၊ ထိခိုက်မယ် မထိခိုက် ဘူး စဉ်းစားပါလို့ ပြောချင်ပါ တယ်။
ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) အမျိုးသားဒီမိုက ရေစီ ပါတီသစ်
ဒီကိစ္စက ဥပဒေပြုရေး ကိစ္စ ဖြစ်လို့ လွှတ်တော်တွင်းမှာ ဆုံး ဖြတ်တာကပိုပြီး တရားဥပဒေနဲ့ ညီညွတ်ရာ ရောက်ပါတယ်။ အခြေခံ ဥပဒေကိုပြင်ချင်ရင် အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်ရပါတယ်။ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးတင်ဖို့အတွက် လွှတ် တော်တွင်းမှာပဲ ဆုံးဖြတ်လို့ရပါ တယ်။ ပြည်သူက ရွေးချယ်ပြီးပေ မယ့် လွှတ်တော်ထဲမှာကတိသစ္စာ ပြုပြီးမှ စိစစ်ရေးကဒ်ပြား ထုတ် ပေးပြီးမှ လွှတ်တော်ကိုယ်စား လှယ်အစစ်ဖြစ်မှာပါ။ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီးမှ ဥပဒေ အသစ်ဆိုရင်တော့ တစ်ဦးက အဆိုတင်သွင်း အခြားသူများက ထောက်ခံရမှာဖြစ်ပါတယ်။ အခု ကိစ္စက ဥပဒေအဟောင်းကို ပြင် ဆင်ရမှာဖြစ်လို့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ၂၀ ရာခိုင် နှုန်းက အဆိုတင်သွင်းပြီး ၇၅ ရာခိုင်နှုန်းနှင့် အထက် ထောက်ခံ မယ်ဆိုရင် အောင်မြင်မှာဖြစ်ပါ တယ်။ ဒါကြောင့် လွှတ်တော်ထဲ ကို ပြည်သူ့မျက်နှာထောက်ထား ပြီး ရောက်အောင်လာခဲ့ပါလို့ ပြောချင်ပါတယ်။

Hot News weekly rS ul;,lonf/
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free