၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာတော် အရေး အခင်းအား လက်နက်ဖြင့် ပစ်ခတ်၍ နှိမ်နှင်း ဖြိုခွဲရန် အမိန့်ပေး စေခိုင်းခဲ့သည့် ထိုအချိန်က ဖြစ်ခဲ့သည့် ဒု-ဗိုလ်မှူးကြီး အောင်ကျော်အား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကြေငြာချက် အမှတ် ၂၃/၂၀၁၂ ဖြင့် ဧပြီလ ၂၂ ရက်နေ့ ရက်စွဲဖြင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်ပါသည်။
သူ့ကို ဗိုလ်မှူး စိုးသီဟကျော် နေရာ၌ အစားထိုးခြင်းဖြစ်ပါသည်။ သူသည် ၂၀၀၇ အရေးအခင်းကာလ၌ ပဲခူးမြို့ အခြေစိုက် တပ်မ (၇၇) မှ တပ်ရင်းမှူးတဦး ဖြစ်သည်။ ရွှေတိဂုံစေတီ အရှေ့ဘက်မုဒ်၌ ဆက်သွယ်ရေး စက်ငယ်ဖြင့် အေးဆေးစွာ အမိန့်ပေး စေခိုင်းခဲ့သည့် မှတ်တမ်း ဓါတ်ပုံများကြောင့် သံဃာသတ်သူ တရားခံအဖြစ် နာမည်ဆိုးဖြင့် လူသိများခဲ့သူ တစ်ဦး ဖြစ်ပါသည်။  ဗိုလ်မှူးကြီး အောင်ကျော်၏ ကိုယ်ပိုင်အမှတ်မှာ  ကြည်း - ၁၉၇၁၇ ဖြစ်သည်။ စစ်ဦးစီး (ပထမတန်း) မှ နတခ ဌာနမှူး လကခသို့  ၂၀၁၁ ခုနှစ်၌ ပြောင်းရွှေ့ တာဝန်ပေးခြင်း ခံခဲ့ရသည်။
561923_10150717770781374_582151373_9757092_1740369143_n
၂၀၀၇ အရေးအခင်း ကာလ ဓါတ်ပုံနှင့် လွှတ်တော်အမတ် ဓါတ်ပုံအား နှိုင်းယှဉ်တွေ့ရစဉ်
၂၀၀၇ ခုနှစ် ဆန္ဒပြပွဲသည် ၁၉၈၈ခုနှစ်နောက်ပိုင်း မြန်မာပြည်၏ ဆန္ဒပြမှုတွင် ဒုတိယအကြီးဆုံး လူထုဆန္ဒပြမှုကြီး ဖြစ် ပါ သည်။ ဂျပန်နိုင် ငံသားသတင်းထောက် ကန်ဂျိ နာဂအိကို ရက်စက်စွာ ပစ်သတ်ခဲ့ခြင်း ကြောင့်လည်း ကမ္ဘာ့မျက်နှာစာ၌ နာမည်ပျက်ခဲ့ရပါသည်။
ယခုကဲ့သို့ နာမည်ဆိုးရှိသည့် စစ်တပ်ထိပ်တန်း ခေါင်းဆောင်ငယ် တစ်ဦးအား လွှတ်တော် ကိုယ်စားလှယ်အဖြစ် သတ် မှတ်ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံရေး ခေါင်းဆောင်များ၊ တက်ကြွှ လှုပ်ရှားသူများနှင့် ပြည်သူများ မကြေမနပ်ဖြစ်နေပါသည်။
ဦးသိန်းစိန် အစိုးရ၏ ခေတ်သစ်ပေါ်လာစီမှာလည်း ဤကဲ့သို့သော လူမျိုးကို လူမြင်ကွင်းကနေ တဖြည်းဖြည်း ဖယ်ထုတ်နေ သည့် သာဓကများ ရှိလာနေသည့်အတွက် ဤတပ်မတော်ခေါင်းဆောင်ငယ်သည်လည်း မကြာသောကါလ၌ လူမြင်ကွင်း ကနေဖယ်ရှားခံရမည်သာ ဖြစ်ပါသည်။
536442_3745356480540_1475121874_3256131_457108343_n
ရွေးကောက်ပွဲ ကော်မရှင်မှ ဒု-ဗိုလ်မှူးကြီး အောင်ကျော်အား လွှတ်တော်အမတ်အဖြစ် သတ်မှတ်သည့် ကြေငြာချက်
(၈၈)အရေးအခင်းကိုပြန်ကြည့်လျှင် အရေးအခင်းကို ဖြိုခွဲခဲ့သည့် အမိန့်နာခံသော လက်မရွံ့တပ်မတော်သား ခေါင်းဆောင် ငယ်များ ယခုအချိန်တွင်လူမြင်ကွင်း၌ မရှိတော့ပေ။ သို့သော်သမိုင်းသည် ၄င်းတို့အားမေ့သွားမည်မှာ မဟုတ်ချေ။ ဤသို့ ကြောင့် တပ်မတော်သားများလည်း မှန်ကန်သောအမိန့်များနှင့် ပြည်သူကို ကာကွယ်ကြရန် လိုအပ်ပါသည်။

ရွှေဟင်္သာသတင်းဋ္ဌာနမှ ဖြစ်သည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

One Response to this post

  1. Unknown on April 30, 2012 at 3:22 AM

    မဂ်လာပါ ။
    ဘုံးကြီးတွေက ဘုရားတွေရဲ့အုတ်ချုပ်ရေးမူးတွေပါ လူတွေကကိုးကွယ်နေကြရ
    ပါတယ် ကိုးကွယ်နေကြပါတယ် ။
    ယုံကြည်စရာ ကိုးကွယ်စရာဘာသာရပ်တွေကိုဘယ်သူတွေကစတင်ခဲ့ကြပါ
    လိမ့် ။
    ပထမဦးဆုံး စစ်အင်ပါရာကို အာဆီးရီးယန်းတော့ကစတင်ခဲ့ကြသည်ဟု
    စစ်သမိုင်းတွင်ပါရှိပါတယ် ။
    ဒီနေ့ထိတိုင်တိုက်နေကြဆဲပါ ။ သေချာအောင် ...။

Leave a comment

Join Free