20120402 Daw Phyu Phyu Thinn
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်ဖြူဖြူသင်းဟာ သူ့အား ထောက်ခံ ဆန္ဒပြုကြသူများ ဖြစ်ကြတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့မီးရထား ၀န်ထမ်းအိမ်ယာနေ ပြည်သူလူထုနဲ့ ၂၀၁၂ ဧပြီ ၂ ရက်နေ့ညနေပိုင်းက တွေ့ဆုံကာ အတူတကွ ညစာ စားသုံးခဲ့ပြီး ထောက်ခံ ဆန္ဒပြုကြတဲ့ ပြည်သူအပေါင်းအား ကျေးဇူးအထူးတင်ရှိကြောင်း၊ နိုင်ငံ့အရေးအတွက် စွမ်းစွမ်းတမန် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒေါ်ဖြူဖြူသင်းဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တဦးဖြစ်ကာ ကိုယ်ခံအားကျဆင်းတဲ့ ရောဂါသည်များအား ဆေးဝါးကုသပေးခြင်း လုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ ထိုသို့ လုပ်ကိုင်ဆောင်ရွက်နေစဉ် အာဏာပိုင်များရဲ့ ဖိအားပေးခြင်း၊ အကြပ်ကိုင်ခြင်းများ မကြာခဏ ကြုံတွေ့ရတဲ့အတွက် ရံဖန်ရံခါဆိုသလို လူနာများနဲ့အတူ နေအိမ် ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။ နောက်ပိုင်း ဒဂုံမြို့သစ်မြို့နယ်တွင် လူနာများအား ဆေးဝါးကုသအားပေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး မကြာမီ ဒေါ်ဖြူဖြူသင်း ဆေးဝါးကုသပေးနေတဲ့ လူနာများကို တွေ့ဆုံအားပေးခဲ့ပြီးနောက် လူနာများအား အလျင်အမြန် ရွှေ့ပြောင်းဖို့ အာဏာပိုင်များရဲ့ ဖိအားပေးမှုများကို ကြုံတွေ့ခံရပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်လည် တည်ဆောက်ရာတွင် ဒေါ်ဖြူဖြူသင်းအား ဗဟိုအဆင့် တာဝန်ရှိသူအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များက တာဝန်ပေးအပ်ခဲ့ပါတယ်။ ထို့နောက် ၂၀၁၂ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြုပြီး ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ကာ ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။
20120402 Daw Phyu Phyu Thinn
20120402 Daw Phyu Phyu Thinn
20120402 Daw Phyu Phyu Thinn
20120402 Daw Phyu Phyu Thinn
20120402 Daw Phyu Phyu Thinnယနေ့မြန်မာမှ ကူးယူသည်။
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

Leave a comment

Join Free